မန္တလေး၌ ဆိုင်ကယ်တစ်စီးလျှင် Octane 92 တစ်လီတာနှုန်းအခမဲ့ဖြန့်ဝေပေးမည်ဟု သတင်းထွက်ပေါ်

 1584

NP News - ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်အ ချို့က ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုင်ကယ်တစ်စီးလျှင် Octane 92 တစ်လီတာနှုန်းဖြင့် စက်သုံးဆီအခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ပူးပေါင်းကာ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။

စက်သုံးဆီအခမဲ့ဖြန့်ဖြူးပေးမည့် ဆိုင်များတွင် မန္တ လေးရှိ Denko ဆီဆိုင် ၅ ဆိုင် ၊ BOC ဆီဆိုင် ၃ ဆိုင် ၊ Asia Energy Co.,ltd ဆီဆိုင် ၃ ဆိုင်၊ ရွှေဗျိုင်းဖြူ ဆီဆိုင် ၁ ဆိုင်၊ 360’ Perto ဆီဆိုင် ၂ ဆိုင်၊ မြပါဝါစက်သုံးဆီဆိုင် ၁ ဆိုင် စုစုပေါင်း ၁၅ ဆိုင်ပါဝင်ကြောင်း သတင်းများထွက်ပေါ်နေပြီး ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီအချိန်ထိသာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်သည်လည်း စစ်အာဏာရှင်ကိုဆန့်ကျင်သည့်အသံတိတ်သပိတ် (silence strike) လုပ်ဆောင်မည့်နေရက်လည်းဖြစ်သည်။

ဇန်နဝါရီလ ၃၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးသည် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၆၃ဝ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၁၆၄ဝ ကျပ်၊ 92 တစ်လီတာလျှင် ၁၅၉၅ ကျပ် နှင့် 95 တစ်လီတာလျှင် ၁၆၆၅ ကျပ်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီ ၂၆ ခုက ဗဟိုဘဏ်မှရောင်းချပေးသည့် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် ဒီဇယ်ဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကိုဝယ်ယူခဲ့ပြီး ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှစတင် ၍ ကုမ္ပဏီ ၁၁ ခုမှ တိုင်းဒေသကြီး / ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၁ဝ၅ ဆိုင်တွင် အထူးဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။

zawgyi version
မႏၲေလး၌ ဆိုင္ကယ္တစ္စီးလွ်င္ Octane 92 တစ္လီတာႏႈန္းအခမဲ့ျဖန႔္ေဝေပးမည္ဟု သတင္းထြက္ေပၚ
NP News - ဇန္နဝါရီ ၃၁

မႏၲေလးတိုင္းေဒသႀကီးရွိ စက္သုံးဆီအေရာင္းဆိုင္အ ခ်ိဳ႕က ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဆိုင္ကယ္တစ္စီးလွ်င္ Octane 92 တစ္လီတာႏႈန္းျဖင့္ စက္သုံးဆီအခမဲ့ ျဖန႔္ေဝေပးမည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

လက္ရွိအခ်ိန္တြင္ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမ်ား ျမင့္တက္ေနသည့္အတြက္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းတို႔ပူးေပါင္းကာ အထူးေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။

စက္သုံးဆီအခမဲ့ျဖန႔္ျဖဴးေပးမည့္ ဆိုင္မ်ားတြင္ မႏၲ ေလးရွိ Denko ဆီဆိုင္ ၅ ဆိုင္ ၊ BOC ဆီဆိုင္ ၃ ဆိုင္ ၊ Asia Energy Co.,ltd ဆီဆိုင္ ၃ ဆိုင္၊ ေ႐ႊဗ်ိဳင္းျဖဴ ဆီဆိုင္ ၁ ဆိုင္၊ 360’ Perto ဆီဆိုင္ ၂ ဆိုင္၊ ျမပါဝါစက္သုံးဆီဆိုင္ ၁ ဆိုင္ စုစုေပါင္း ၁၅ ဆိုင္ပါဝင္ေၾကာင္း သတင္းမ်ားထြက္ေပၚေနၿပီး ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔လယ္ ၁၁ နာရီမွ ညေန ၃ နာရီအခ်ိန္ထိသာ ျဖန႔္ေဝေပးမည္ျဖစ္ေၾကာင္းသိရသည္။

ေဖေဖာ္ဝါရီ ၁ ရက္သည္လည္း စစ္အာဏာရွင္ကိုဆန႔္က်င္သည့္အသံတိတ္သပိတ္ (silence strike) လုပ္ေဆာင္မည့္ေနရက္လည္းျဖစ္သည္။

ဇန္နဝါရီလ ၃၁ ရက္တြင္ ျဖစ္ေပၚခဲ့သည့္ ျပည္တြင္းစက္သုံးဆီေဈးသည္ ႐ိုး႐ိုးဒီဇယ္ တစ္လီတာလွ်င္ ၁၆၃ဝ က်ပ္၊ အဆင့္ျမင့္ ဒီဇယ္တစ္လီတာလွ်င္ ၁၆၄ဝ က်ပ္၊ 92 တစ္လီတာလွ်င္ ၁၅၉၅ က်ပ္ ႏွင့္ 95 တစ္လီတာလွ်င္ ၁၆၆၅ က်ပ္ရွိေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ျပည္တြင္းကုမၸဏီ ၂၆ ခုက ဗဟိုဘဏ္မွေရာင္းခ်ေပးသည့္ အေမရိကန္ေဒၚလာ ၃၄ သန္းျဖင့္ ဒီဇယ္ဂါလန္ ၁၂ ဒသမ ၅၄ သန္းခန႔္ကိုဝယ္ယူခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္မွစတင္ ၍ ကုမၸဏီ ၁၁ ခုမွ တိုင္းေဒသႀကီး / ျပည္နယ္မ်ားရွိ စက္သုံးဆီအေရာင္းဆိုင္ စုစုေပါင္း ၁ဝ၅ ဆိုင္တြင္ အထူးေဈးႏႈန္းမ်ားျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.