လှိုင်သာယာမြို့နယ်ရှိ ရွှေဆိုင်တစ်ခု နေ့ခင်းကြောင်တောင်ဓါးပြတိုက်ခံရ

 1478

မျိုးကြီး (NP News) - ဇန်နဝါရီ ၃၁
ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)နေ့လည်ပိုင်းတွင် ရန် ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေရင် အေးရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ ရွှေရင်အေးရွှေဆိုင်သည် လှိုင်သာယာမြို့ နယ်၊ ၁၅ ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်တွင် တည်ရှိပြီး ဓါးပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့အများအပြားရောက်ရှိလာခဲ့ကြောင်း သိရသည်။

"ရွှေဆိုင်ဓါးပြတိုက်ခံရတာတော့ ဟုတ်တယ်။ ဒီနေ့လည်ဘက်လောက်ကဖြစ်သွားတာ။ ဘာတွေပါသွားလဲဆိုတာတော့ သေချာမသိဘူး။ အဲဒီနောက်မှာ စစ် သားတွေ၊ ရဲတွေရောက်လာပြီး စစ်ဆေးတာတွေ လုပ်နေတယ်"ဟု လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောကြား သည်။

အဆိုပါ ရွှေဆိုင်ဓါးပြတိုက်ခံရမှုနှင့်ပတ်သက်၍ လှိုင်သာယာရဲစခန်းအား NP News က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိရသေးပေ။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလအတွင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်ရှိ “ မောသစ် ”ရွှေဆိုင်နှင့် ချမ်းအေးသာစံမြို့ နယ်ရှိ “ ဝိန့်လီ ” ရွှေဆိုင်တို့အား သေနတ်ဖြင့်ပစ် ခတ်ခြိမ်းခြောက်ကာ ဓါးပြတိုက်ခံခဲ့ရကြောင်းသိရသည်။ အဆိုပါရွှေဆိုင်များကို သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့သူများကိုလည်း ဖမ်းဆီးရမိပြီဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုထားသည်။

zawgyi version
လႈိင္သာယာၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ခု ေန႔ခင္းေၾကာင္ေတာင္ဓါးျပတိုက္ခံရ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၃၁

ယေန႔ (ဇန္နဝါရီလ ၃၁ ရက္)ေန႔လည္ပိုင္းတြင္ ရန္ ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ရွိ ေ႐ႊရင္ ေအးေ႐ႊဆိုင္ ဓါးျပတိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

အဆိုပါ ေ႐ႊရင္ေအးေ႐ႊဆိုင္သည္ လႈိင္သာယာၿမိဳ႕ နယ္၊ ၁၅ ရပ္ကြက္၊ က်န္စစ္သားလမ္းမေပၚတြင္ တည္ရွိၿပီး ဓါးျပတိုက္မႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕အမ်ားအျပားေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

"ေ႐ႊဆိုင္ဓါးျပတိုက္ခံရတာေတာ့ ဟုတ္တယ္။ ဒီေန႔လည္ဘက္ေလာက္ကျဖစ္သြားတာ။ ဘာေတြပါသြားလဲဆိုတာေတာ့ ေသခ်ာမသိဘူး။ အဲဒီေနာက္မွာ စစ္ သားေတြ၊ ရဲေတြေရာက္လာၿပီး စစ္ေဆးတာေတြ လုပ္ေနတယ္"ဟု လႈိင္သာယာၿမိဳ႕နယ္၊ ၁၅ ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက NP News ကို ေျပာၾကား သည္။

အဆိုပါ ေ႐ႊဆိုင္ဓါးျပတိုက္ခံရမႈႏွင့္ပတ္သက္၍ လႈိင္သာယာရဲစခန္းအား NP News က ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍မရရွိရေသးေပ။

ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလအတြင္းတြင္လည္း မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕ နယ္ရွိ “ ေမာသစ္ ”ေ႐ႊဆိုင္ႏွင့္ ခ်မ္းေအးသာစံၿမိဳ႕ နယ္ရွိ “ ဝိန႔္လီ ” ေ႐ႊဆိုင္တို႔အား ေသနတ္ျဖင့္ပစ္ ခတ္ၿခိမ္းေျခာက္ကာ ဓါးျပတိုက္ခံခဲ့ရေၾကာင္းသိရသည္။ အဆိုပါေ႐ႊဆိုင္မ်ားကို ေသနတ္ျဖင့္ပစ္ခတ္ၿခိမ္းေျခာက္ကာ ဓါးျပတိုက္ခဲ့သူမ်ားကိုလည္း ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.