ဂါဇာပြည်သူတွေကို ဘေးကင်းတဲ့တောင်ပိုင်းကိုရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ် ပြင်ဆင်နေ

 190

Pika (NP News) - သြဂုတ် ၁၈
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေကို တိုက်ခိုက်ရေးဇုန်တွေကနေ ဘေးကင်းတဲ့နေရာကို မရွှေ့ပြောင်းခင် ယာယီတဲတွေနဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးသွားမယ်လို့ အစ္စရေးစစ်တပ်ပြောရေး ဆိုခွင့်ရှိသူ Avichay Adraee က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ ထိုးစစ်ဆင်မှုအသစ်တစ်ခုကိုလုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။
ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုအသစ်အတွက် မူဘောင်တစ်ခုကို အစ္စရေးအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီထောက်ပံ့မှုတွေဟာ ထိုးစစ်ဆင်မှုအစီအစဉ်အသစ်ရဲ့တစ်စိတ် တစ်ပိုင်း ဟုတ်/မဟုတ် ဆိုတာကို မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို အစ္စရေးစစ်တပ်က ချက်ချင်းပြန်လည် တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ သိမ်းယူမှုတွေလုပ်ဆောင်ဖို့ ခွင့်ပြုခဲ့တဲ့ အစ္စရေးအစိုးရရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံအများအပြားက ပြစ်တင်ဝေဖန်ခဲ့ပြီး ဂါဇာကိုသိမ်းယူမှုတွေ မလုပ်ဆောင်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာျပည္သူေတြကို ေဘးကင္းတဲ့ေတာင္ပိုင္းကိုေ႐ႊ႕ေျပာင္းဖို႔ အစၥေရးစစ္တပ္ ျပင္ဆင္ေန
Pika (NP News) - ၾသဂုတ္ ၁၈
အစၥေရးစစ္တပ္ဟာ ဂါဇာကမ္းေျမာင္ေဒသက ျပည္သူေတြကို တိုက္ခိုက္ေရးဇုန္ေတြကေန ေဘးကင္းတဲ့ေနရာကို မေ႐ႊ႕ေျပာင္းခင္ ယာယီတဲေတြနဲ႔အျခားလိုအပ္တဲ့ပစၥည္းေတြ ေထာက္ပံ့ေပးသြားမယ္လို႔ အစၥေရးစစ္တပ္ေျပာေရး ဆိုခြင့္ရွိသူ Avichay Adraee က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသေျမာက္ပိုင္းမွာ ထိုးစစ္ဆင္မႈအသစ္တစ္ခုကိုလုပ္ေဆာင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ အစၥေရး စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။
ဂါဇာကမ္းေျမာင္ေဒသကို ထိုးစစ္ဆင္မႈအသစ္အတြက္ မူေဘာင္တစ္ခုကို အစၥေရးအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီေထာက္ပံ့မႈေတြဟာ ထိုးစစ္ဆင္မႈအစီအစဥ္အသစ္ရဲ႕တစ္စိတ္ တစ္ပိုင္း ဟုတ္/မဟုတ္ ဆိုတာကို မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို အစၥေရးစစ္တပ္က ခ်က္ခ်င္းျပန္လည္ တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရ သိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ ခြင့္ျပဳခဲ့တဲ့ အစၥေရးအစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ေဝဖန္ခဲ့ၿပီး ဂါဇာကိုသိမ္းယူမႈေတြ မလုပ္ေဆာင္ဖို႔ အစၥေရးကို တိုက္တြန္းခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.