ဘင်္ဂလားပင်လယ်အော်အတွင်းမှ လေဖိအားနည်းရပ်ဝန်းမှာ (၁၂) နာရီအတွင်း အားကောင်းသည့်မုန်တိုင်းငယ်အဖြစ် ရောက်နိုင်

 777

သက်ပိုင် (NP News) - ဩဂုတ် ၁၈
ဘင်္ဂလားပင်လယ်အော်အတွင်းမှလေဖိအားနည်းရပ်ဝန်းမှာ (၁၂) နာရီအတွင်းအားကောင်းသည့်မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ပိုမို အားကောင်းလာနေပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မိုးဇလ၏ ယနေ့ (ဩဂုတ်လ ၁၈ ရက်) (၁၀)နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ နောက် (၁၂) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ဩဂုတ်လ (၁၉)ရက်တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေပြီး ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တို့တွင်(၂၄) နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကာ လှိုင်းအမြင့်(၉) ပေမှ (၁၁) ပေခန့်ရှိနိုင်သဖြင့် လှိုင်းကြီးနိုင်ကြောင်း သတိပေးထားသည်။

Zawgyi Version:
ဘဂၤလားပင္လယ္ေအာ္အတြင္းမွ ေလဖိအားနည္းရပ္ဝန္းမွာ (၁၂) နာရီအတြင္း အားေကာင္းသည့္မုန္တိုင္းငယ္အျဖစ္ ေရာက္ႏိုင္
သက္ပိုင္ (NP News) - ဩဂုတ္ ၁၈
ဘဂၤလားပင္လယ္ေအာ္အတြင္းမွေလဖိအားနည္းရပ္ဝန္းမွာ (၁၂) နာရီအတြင္းအားေကာင္းသည့္မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလား ပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းမွာ ပိုမို အားေကာင္းလာေနၿပီး အားေကာင္းေသာ ေလဖိအားနည္းရပ္ဝန္းအျဖစ္သို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း မိုးဇလ၏ ယေန႔ (ဩဂုတ္လ ၁၈ ရက္) (၁၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္းသည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ေ႐ြ႕လ်ားႏိုင္ၿပီး၊ ေနာက္ (၁၂) နာရီအတြင္း ပိုမိုအားေကာင္းလာႏိုင္ကာ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး၊ ဩဂုတ္လ (၁၉)ရက္တြင္ အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေတာင္ပိုင္း- အင္ဒရာပရာေဒ့ရွ္ေျမာက္ပိုင္းကမ္းေျခတို႔ကို ျဖတ္ေက်ာ္ႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလအား အသင့္အတင့္မွ အားေကာင္းေနၿပီး ရန္ကုန္မွ တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ရန္ကုန္မွ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ပင္လယ္ျပင္တို႔တြင္(၂၄) နာရီအတြင္း ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ကာ လႈိင္းအျမင့္(၉) ေပမွ (၁၁) ေပခန္႔ရွိႏိုင္သျဖင့္ လႈိင္းႀကီးႏိုင္ေၾကာင္း သတိေပးထားသည္။

Related news

© 2021. All rights reserved.