ပနားမား Geisha ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ(၃၀၂၀၄)ဒေါ်လာဖြင့် စံချိန်တင်ရောင်းချ

 200

Pika (NP News) - ဩဂုတ် ၁၈
ပနားမား Geisha ကော်ဖီသည် မကြာသေးမီက ပြုလုပ်ခဲ့သော (၂၀၂၅)ခုနှစ် ပနားမားနိုင်ငံတကာအွန်လိုင်း လေလံပွဲတွင် သမိုင်းမှတ်တိုင်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပနားမား Geisha ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ(၃၀၂၀၄)ဒေါ်လာဖြင့် စံချိန်တင် ရောင်းချခဲ့ပြီးနောက် ယခုလိုစံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပနားမား Geisha ကော်ဖီကို ဒူဘိုင်းမြို့မှ ဝယ်ယူသူတစ်ဦးက ဝယ်ယူခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကော်ဖီလုပ်ငန်းတွင် အမြင့်ဆုံးအဆင့်အဖြစ် အမှတ်အသားပြုနိုင်ခဲ့ကြောင်း ပနားမားသတင်းစာ La Prensa က ရေးသားဖော်ပြခဲ့သည်။
သဘာဝ Geisha အမျိုးအစားကော်ဖီကို တရုတ်နိုင်ငံမှ ဝယ်ယူသူတစ်ဦးက တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၂၃၆၀၈)ဒေါ်လာဖြင့် ဝယ်ယူခဲ့ပြီး Laurina အမျိုးအစားကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ(၈၀၄၀) ဒေါ်လာဖြင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် အခြားဝယ်ယူသူတစ်ဦးက ဝယ်ယူသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဒူဘိုင်း၊ အမေရိကန်၊ ကနေဒါနှင့်ယူအေအီးနိုင်ငံတို့အပြင် အခြားနိုင်ငံများမှ လေလံဈေးပေးမှုများနှင့်အတူ နိုင်ငံတကာဝယ်ယူသူများသည် အဆိုပါလေလံပွဲတွင် ခိုင်မာသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေလံပွဲတွင် ပါဝင်သော ကော်ဖီ အမျိုးအစား(၅၀)ခန့်အနက် (၃၀)ကျော်သည် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ(၁၀ဝဝ)ကျော်ဖြင့်ရောင်းချနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၈)သန်းကျော် စံချိန်တင်ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ပနားမား Geisha ေကာ္ဖီကို တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ(၃၀၂၀၄)ေဒၚလာျဖင့္ စံခ်ိန္တင္ေရာင္းခ်
Pika (NP News) - ဩဂုတ္ ၁၈
ပနားမား Geisha ေကာ္ဖီသည္ မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ (၂၀၂၅)ခုႏွစ္ ပနားမားႏိုင္ငံတကာအြန္လိုင္း ေလလံပြဲတြင္ သမိုင္းမွတ္တိုင္သစ္တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ပနားမား Geisha ေကာ္ဖီကို တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ(၃၀၂၀၄)ေဒၚလာျဖင့္ စံခ်ိန္တင္ ေရာင္းခ်ခဲ့ၿပီးေနာက္ ယခုလိုစံခ်ိန္သစ္တင္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ပနားမား Geisha ေကာ္ဖီကို ဒူဘိုင္းၿမိဳ႕မွ ဝယ္ယူသူတစ္ဦးက ဝယ္ယူခဲ့ၿပီး ကမာၻလုံးဆိုင္ရာေကာ္ဖီလုပ္ငန္းတြင္ အျမင့္ဆုံးအဆင့္အျဖစ္ အမွတ္အသားျပဳႏိုင္ခဲ့ေၾကာင္း ပနားမားသတင္းစာ La Prensa က ေရးသားေဖာ္ျပခဲ့သည္။
သဘာဝ Geisha အမ်ိဳးအစားေကာ္ဖီကို တ႐ုတ္ႏိုင္ငံမွ ဝယ္ယူသူတစ္ဦးက တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ (၂၃၆၀၈)ေဒၚလာျဖင့္ ဝယ္ယူခဲ့ၿပီး Laurina အမ်ိဳးအစားေကာ္ဖီကို တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ(၈၀၄၀) ေဒၚလာျဖင့္ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕တြင္ အျခားဝယ္ယူသူတစ္ဦးက ဝယ္ယူသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ဒူဘိုင္း၊ အေမရိကန္၊ ကေနဒါႏွင့္ယူေအအီးႏိုင္ငံတို႔အျပင္ အျခားႏိုင္ငံမ်ားမွ ေလလံေဈးေပးမႈမ်ားႏွင့္အတူ ႏိုင္ငံတကာဝယ္ယူသူမ်ားသည္ အဆိုပါေလလံပြဲတြင္ ခိုင္မာေသာအခန္းက႑တစ္ခုမွ ပါဝင္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ေလလံပြဲတြင္ ပါဝင္ေသာ ေကာ္ဖီ အမ်ိဳးအစား(၅၀)ခန႔္အနက္ (၃၀)ေက်ာ္သည္ တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ(၁၀ဝဝ)ေက်ာ္ျဖင့္ေရာင္းခ်ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ (၂ ဒသမ ၈)သန္းေက်ာ္ စံခ်ိန္တင္ေရာင္းခ် ႏိုင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.