တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရ

 1163

NP News - ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနိုင်လင်းထူး ဆိုသူကို ဖေဖော်ဝါရီ လ (၄) ရက်၊ မွန်းလွဲ (၂) နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် လက်နက်ကိုင်နှစ်ဦးမှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တံတားဦးမြို့နယ်၊ ထန်းလုံးပင်တပ်ကျေးရွာနေ ဦးနိုင်လင်းထူးသည် တံတာဦးမြို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ရုံးမှ ကျေးရွာသူ၊ ကျေးရွာသားများ၏ မှတ်ပုံတင်များထုတ်ယူပြီး ရွာသို့အပြန် ကျောက်ဆည်မြို့နယ်၊ ကျီးအိပ် ကျေးရွာအနီးသို့ရောက်ရှိစဉ် လက်နက်ကိုင်နှစ်ဦးသည် ဆိုင်ကယ်စီးနင်းမောင်းနှင်လာပြီး ပစ္စတိုသေနတ်ဖြင့် (၃) ချက်တိတိ ပစ်ခတ်ထွက်ပြေးခဲ့ကြောင်း သိရသည်။ ထို့သို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် ဦးနိုင်လင်း ထူးသည် လက်နက်ငယ်ဒဏ်ရာများဖြင့် အခင်းဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့မှ ဖေဖော်ဝါရီလ (၅) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ ဒီဇင်ဘာ (၉) ရက် ညနေပိုင်းကလည်း တံတားဦးမြို့နယ်၊ ချောင်းခွကျေးရွာအုပ်စု၊ ဒေါင်းဦးကျေးရွာ တွင်နေထိုင်သော ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
တံတားဦးၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ အတြင္းေရးမွဴး ေသနတ္ျဖင့္ လုပ္ႀကံပစ္သတ္ခံရ
NP News - ေဖေဖာ္ဝါရီ ၆
မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ အတြင္းေရးမွဴး ဦးႏိုင္လင္းထူး ဆိုသူကို ေဖေဖာ္ဝါရီ လ (၄) ရက္၊ မြန္းလြဲ (၂) နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ လက္နက္ကိုင္ႏွစ္ဦးမွ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

တံတားဦးၿမိဳ႕နယ္၊ ထန္းလုံးပင္တပ္ေက်း႐ြာေန ဦးႏိုင္လင္းထူးသည္ တံတာဦးၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာန ႐ုံးမွ ေက်း႐ြာသူ၊ ေက်း႐ြာသားမ်ား၏ မွတ္ပုံတင္မ်ားထုတ္ယူၿပီး ႐ြာသို႔အျပန္ ေက်ာက္ဆည္ၿမိဳ႕နယ္၊ က်ီးအိပ္ ေက်း႐ြာအနီးသို႔ေရာက္ရွိစဥ္ လက္နက္ကိုင္ႏွစ္ဦးသည္ ဆိုင္ကယ္စီးနင္းေမာင္းႏွင္လာၿပီး ပစၥတိုေသနတ္ျဖင့္ (၃) ခ်က္တိတိ ပစ္ခတ္ထြက္ေျပးခဲ့ေၾကာင္း သိရသည္။ ထို႔သို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသည့္အတြက္ ဦးႏိုင္လင္း ထူးသည္ လက္နက္ငယ္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္စဥ္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရး အဖြဲ႕မွ ေဖေဖာ္ဝါရီလ (၅) ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

အလားတူ ဒီဇင္ဘာ (၉) ရက္ ညေနပိုင္းကလည္း တံတားဦးၿမိဳ႕နယ္၊ ေခ်ာင္းခြေက်း႐ြာအုပ္စု၊ ေဒါင္းဦးေက်း႐ြာ တြင္ေနထိုင္ေသာ ျပည္ခိုင္ၿဖိဳးပါတီဝင္ျဖစ္သူ အသက္ (၅၅) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးအား လက္နက္ကိုင္ အမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့မႈျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.