မြန်မာနိုင်ငံသားတစ်ဦး ထိုင်းရဲအချုပ်ခန်းမှာ သေကြောင်းကြံစည်သတ်သေခဲ့ဟု ဆို

1138

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၇
ထိုင်းနိုင်ငံ Phra Pradaeng ဒေသရှိ South Samrong ရဲစခန်းရဲ့အချုပ်ခန်းမှာ မြန်မာနိုင်ငံသားကြိုးဆွဲချပြီး ကိုယ်ကိုယ်ကို သေကြောင်းကြံစည်သတ်သေသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
South Samrong ရဲစခန်းရဲ့တာဝန်ရှိသူ ရဲမှူးကြီး ချာကရာပေါင် က အချုပ်ခန်းအတွင်း သေကြောင်းကြံစည်ခဲ့ သူဟာ အသက်(၃၅) နှစ်အရွယ်ရှိ Samking Ratana ဆိုသူဖြစ်ကြောင်း၊ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
အဆိုပါမြန်မာနိုင်ငံသားဟာ ထိုင်းနိုင်ငံအတွင်းသို့ စိတ်ကြွဆေးပြားများသယ်ဆောင်ပြီး တရားမဝင်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူဖြစ်ကာ တရားရုံးကအပြစ်ရှိကြောင်းတွေ့ရှိရတဲ့အတွက် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်ပေမယ့် အကျဉ်းထောင်ကိုပို့ဖို့ စောင့်ဆိုင်းနေတဲ့အချိန်ဖြစ်တာကြောင့် ရဲအချုပ်ခန်း အတွင်း ဆက်လက်ထိန်းသိမ်းထားတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
ထိုင်းရဲမှူးကြီးချာကရာပေါင်က အချုပ်ခန်းမှာဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားကို ခန္ဒာကိုယ်ကို အချုပ်ခန်း အတွင်းရှိ မျက်နှာကျက် ကြိုးဆွဲချသေဆုံးနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ဖိစီးမှုများတဲ့အတွက် အဆိုပါမြန်မာနိုင်ငံသားဟာ သေကြောင်းကြံစည်သတ်သေခဲ့တာဖြစ်ဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်နေပြီး လက်ရှိအချိန်မှာ အသေးစိတ်စစ်ဆေးလျက်ရှိနေတယ်လို့ ဘန်ကောက်ပိုစ့်သတင်း က ဆိုပါတယ်။
Zawgyi Version;
ျမန္မာႏိုင္ငံသားတစ္ဦး ထိုင္းရဲအခ်ဳပ္ခန္းမွာ ေသေၾကာင္းႀကံစည္သတ္ေသခဲ့ဟု ဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၇
ထိုင္းႏိုင္ငံ Phra Pradaeng ေဒသရွိ South Samrong ရဲစခန္းရဲ႕အခ်ဳပ္ခန္းမွာ ျမန္မာႏိုင္ငံသားႀကိဳးဆြဲခ်ၿပီး ကိုယ္ကိုယ္ကို ေသေၾကာင္းႀကံစည္သတ္ေသသြားခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ဆိုပါတယ္။
South Samrong ရဲစခန္းရဲ႕တာဝန္ရွိသူ ရဲမႉးႀကီး ခ်ာကရာေပါင္ က အခ်ဳပ္ခန္းအတြင္း ေသေၾကာင္းႀကံစည္ခဲ့ သူဟာ အသက္(၃၅) ႏွစ္အ႐ြယ္ရွိ Samking Ratana ဆိုသူျဖစ္ေၾကာင္း၊ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ဖမ္းဆီးထိန္းသိမ္းခံထားရသူျဖစ္ေၾကာင္း အတည္ျပဳေျပာဆိုခဲ့ပါတယ္။
အဆိုပါျမန္မာႏိုင္ငံသားဟာ ထိုင္းႏိုင္ငံအတြင္းသို႔ စိတ္ႂကြေဆးျပားမ်ားသယ္ေဆာင္ၿပီး တရားမဝင္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့အတြက္ ဖမ္းဆီးခံထားရသူျဖစ္ကာ တရား႐ုံးကအျပစ္ရွိေၾကာင္းေတြ႕ရွိရတဲ့အတြက္ ေထာင္ဒဏ္ ျပစ္ဒဏ္ခ်မွတ္ထားၿပီးျဖစ္ေပမယ့္ အက်ဥ္းေထာင္ကိုပို႔ဖို႔ ေစာင့္ဆိုင္းေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ရဲအခ်ဳပ္ခန္း အတြင္း ဆက္လက္ထိန္းသိမ္းထားတာျဖစ္တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။
ထိုင္းရဲမႉးႀကီးခ်ာကရာေပါင္က အခ်ဳပ္ခန္းမွာဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသားကို ခႏၵာကိုယ္ကို အခ်ဳပ္ခန္း အတြင္းရွိ မ်က္ႏွာက်က္ ႀကိဳးဆြဲခ်ေသဆုံးေနခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
စိတ္ဖိစီးမႈမ်ားတဲ့အတြက္ အဆိုပါျမန္မာႏိုင္ငံသားဟာ ေသေၾကာင္းႀကံစည္သတ္ေသခဲ့တာျဖစ္ဖြယ္ရွိတယ္လို႔ သတင္းမ်ားထြက္ေပၚေနၿပီး လက္ရွိအခ်ိန္မွာ အေသးစိတ္စစ္ေဆးလ်က္ရွိေနတယ္လို႔ ဘန္ေကာက္ပိုစ့္သတင္း က ဆိုပါတယ္။