အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့မွေးထားတဲ့ တိရစ္ဆာန်လေးတွေက ဘာကောင်လေးတွေဖြစ်မလဲ

1106

ဝတီ (NP News) - ဖေဖော်ဝါရီ ၈
ဂျိုးဘိုင်ဒန်နဲ့ဇနီး အိမ်ဖြူတော်ကို ပြောင်းလာစတုန်းက ချန့်ပ်နဲ့မေဂျာ (Champ and Major)ဆိုတဲ့ ခွေးကြီးနှစ်ကောင်ပဲ သူတို့နဲ့အတူပါလာပါတယ်။ ဘိုင်ဒန်တို့ဇနီးမောင်နှံက မေဂျာဆိုတဲ့ခွေးကြီးကို ၂ဝ၁၈ ခုနှစ်မှာ ခွေးဂေဟာတစ်ခုကနေ ခေါ်မွေးထားတာဖြစ်ပါတယ်။ အသက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ ချန့်ပ်ဆိုတဲ့ ခွေးကြီး ၂ဝ၂၁ ခုနှစ်ဇွန်လမှာဆုံးသွားလို့ ဂျိုးဘိုင်ဒန်တို့ဇနီးမောင်နှံ အတော်လေး စိတ်ထိခိုက်သွားခဲ့ရပါသေးတယ်။ ဒါ့အပြင် အသက် ၂ နှစ်အရွယ် မေဂျာဆိုတဲ့ ခွေးကြီးကလည်း အိမ်ဖြူတော်မှာ ဝင်ထွက်သွား လာနေတဲ့လူတွေကို ကိုက်လိုက်တာမျိုးလည်း ခဏခ ဏဖြစ်လာပါတယ်။ ဒါကြောင့် မလွှဲသာတဲ့အဆုံး မေဂျာကို တခြားအိမ်တစ်အိမ်ကို ပေးလိုက်ဖို့ သူတို့ဇနီး မောင်နှံက ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှာပဲဆုံးဖြတ်လိုက်ပါတယ်။ ခွေးတွေကို လေ့ကျင့်သင်ကြားပေးတဲ့သူတွေ၊ တိရစ္ဆာန်တွေရဲ့ အမူအကျင့်အကြောင်း ကျွမ်းကျင်သူတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ တိုင်ပင်အပြီးမှာမှ အဲဒီလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ရန်လိုတတ်တဲ့ မေဂျာကို လူဝင်လူထွက်နည်းတဲ့မိတ်ဆွေတစ်ယောက် ရဲ့အိမ်ကိုပဲပို့လိုက်ဖို့ သူတို့ဇနီးမောင်နှံက စိတ်ပိုင်း ဖြတ်လိုက်ပါတယ်။ အဲဒီအချိန်လောက်မှာပဲ အသက် ၇၉ နှစ်အရွယ်သမ္မတကြီးက ကွန်မန်ဒါ (Commander) ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ထပ်မွေးလိုက်ပါတော့တယ်။ သူလေးက ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်မှာ အိမ်ဖြူတော်ကို ရောက်လာတယ်လေ။ သိပ်ချစ်ဖို့ကောင်းတဲ့ ဒီခွေးပေါက်လေးဟာ သခင်အသစ်ဖြစ်လာမယ့် သမ္မတကြီးကိုလည်း တွေ့ရောပြေးပြီး နှုတ်ဆက်တော့တာပါပဲ။
zawgyi version
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္တို႔ ေမြးထားတဲ့ တိရစာၦန္ေလးေတြက ဘာေကာင္ေလးေတြျဖစ္မလဲ
ဝတီ (NP News) - ေဖေဖာ္ဝါရီ ၈
ဂ်ိဳးဘိုင္ဒန္နဲ႔ဇနီး အိမ္ျဖဴေတာ္ကို ေျပာင္းလာစတုန္းက ခ်န႔္ပ္နဲ႔ေမဂ်ာ (Champ and Major)ဆိုတဲ့ ေခြးႀကီးႏွစ္ေကာင္ပဲ သူတို႔နဲ႔အတူပါလာပါတယ္။ ဘိုင္ဒန္တို႔ဇနီးေမာင္ႏွံက ေမဂ်ာဆိုတဲ့ေခြးႀကီးကို ၂ဝ၁၈ ခုႏွစ္မွာ ေခြးေဂဟာတစ္ခုကေန ေခၚေမြးထားတာျဖစ္ပါတယ္။ အသက္ ၁၃ ႏွစ္ရွိၿပီျဖစ္တဲ့ ခ်န႔္ပ္ဆိုတဲ့ ေခြးႀကီး ၂ဝ၂၁ ခုႏွစ္ဇြန္လမွာဆုံးသြားလို႔ ဂ်ိဳးဘိုင္ဒန္တို႔ဇနီးေမာင္ႏွံ အေတာ္ေလး စိတ္ထိခိုက္သြားခဲ့ရပါေသးတယ္။ ဒါ့အျပင္ အသက္ ၂ ႏွစ္အ႐ြယ္ ေမဂ်ာဆိုတဲ့ ေခြးႀကီးကလည္း အိမ္ျဖဴေတာ္မွာ ဝင္ထြက္သြား လာေနတဲ့လူေတြကို ကိုက္လိုက္တာမ်ိဳးလည္း ခဏခ ဏျဖစ္လာပါတယ္။ ဒါေၾကာင့္ မလႊဲသာတဲ့အဆုံး ေမဂ်ာကို တျခားအိမ္တစ္အိမ္ကို ေပးလိုက္ဖို႔ သူတို႔ဇနီး ေမာင္ႏွံက ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလမွာပဲဆုံးျဖတ္လိုက္ပါတယ္။ ေခြးေတြကို ေလ့က်င့္သင္ၾကားေပးတဲ့သူေတြ၊ တိရစာၦန္ေတြရဲ႕ အမူအက်င့္အေၾကာင္း ကြၽမ္းက်င္သူေတြ၊ တိရစာၦန္ေဆးကုဆရာဝန္ေတြနဲ႔ တိုင္ပင္အၿပီးမွာမွ အဲဒီလို ဆုံးျဖတ္လိုက္ရတာျဖစ္တယ္လို႔ အိမ္ျဖဴေတာ္က ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။ ရန္လိုတတ္တဲ့ ေမဂ်ာကို လူဝင္လူထြက္နည္းတဲ့မိတ္ေဆြတစ္ေယာက္ ရဲ႕အိမ္ကိုပဲပို႔လိုက္ဖို႔ သူတို႔ဇနီးေမာင္ႏွံက စိတ္ပိုင္း ျဖတ္လိုက္ပါတယ္။ အဲဒီအခ်ိန္ေလာက္မွာပဲ အသက္ ၇၉ ႏွစ္အ႐ြယ္သမၼတႀကီးက ကြန္မန္ဒါ (Commander) ဆိုတဲ့ ေခြးေလးတစ္ေကာင္ကို ထပ္ေမြးလိုက္ပါေတာ့တယ္။ သူေလးက ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂ဝ ရက္မွာ အိမ္ျဖဴေတာ္ကို ေရာက္လာတယ္ေလ။ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ဒီေခြးေပါက္ေလးဟာ သခင္အသစ္ျဖစ္လာမယ့္ သမၼတႀကီးကိုလည္း ေတြ႕ေရာေျပးၿပီး ႏႈတ္ဆက္ေတာ့တာပါပဲ။

ဝီလို ( Willow ) လို့နာမည်ရတဲ့ ကြောင်ချောလေးက တော့ အိမ်ဖြူတော်ကို ရောက်လာတာသိပ်မကြာသေး ပါဘူး။ သူလေးက ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်ကမှ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ မိသားစု နေထိုင်နေတဲ့ အိမ်ဖြူတော်ကို ရောက်လာတာလေ။ ဝီလိုလေးက အသက် နှစ်နှစ် ရှိပါပြီ။ အသက် ၇ဝ အရွယ်အမေရိကန်သမ္မတကတော်က သူ့မွေးရပ်ဇာတိမြေ ဝီလိုဂရို့ဗ် (Willow Grove)ကိုအစွဲပြုပြီး ဒီကြောင်လေးကို ဝီလိုလို့ နာမည်ပေးလိုက်တာဖြစ်ပါသတဲ့။ ဝီလိုလေးရဲ့ အမွှေးက မီးခိုးရောင်နဲ့အဖြူရောင်ပါ။ အရှင်ကမွေးတော့ နေ့ချင်းကြီးဆိုသလိုပဲ သူဟာ အမေရိကန်သမ္မတအိမ်တော်ကို ရောက်သွားပြီဆိုတော့ သူ့မှာအကောင်းစားစားစရာတွေ၊ ကစား စရာတွေ အပြည့်၊ လျှောက်သွားစရာနေရာတွေလည်း အပြည့်ပေါ့။ သူလေးက အိမ်ဖြူတော်ကို စရောက်တာနဲ့ချက်ချင်းကို နေသားကျသွားတော့တာပါပဲ။ ဝီလိုလေးဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ လယ်တောလေးတစ်ခုက ကြောင်ပါ။ ၂ဝ၂ဝခုနှစ်မှာ သမ္မတကတော်လောင်း မဲဆွယ်ခရီးထွက်ရင်း ပင်ဆယ်လ်ဗေးနီးယားကိုရောက်လာပါတယ်။ အဲဒီမှာ သူမိန့်ခွန်းပြောတော့ ဒီကြောင်လေးက စင်ပေါ်ခုန်တက်လာပြီး မိန့်ခွန်းပြောနေတဲ့ သမ္မတက တော်လောင်းကို နှောင့်ယှက်ပါတော့တယ်။ ဒါနဲ့ပဲ သမ္မတကတော်လောင်းကလည်း ကြောင်လေးကို ချက်ချင်းပဲ ချစ်သွားပါတော့တယ်။ လယ်တောပိုင်ရှင်ကလည်း ကြောင်လေးကို လက် ဆောင်အဖြစ် ပေးလိုက်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့ဇနီးဖြစ်တဲ့ သမ္မကတော်လောင်းကို ပြောလိုက်ပါသတဲ့။ ၂ဝ၂ဝ ခုနှစ်နိုဝင်ဘာ လမှာတော့ ဂျိုးဘိုင်ဒန်နဲ့ဇနီးက ၂ဝ၂၁ ခုနှစ် ဇန်နဝါ ရီလမှာ ကြောင်လေးတစ်ကောင်ကို အိမ်ဖြူတော်ကို ခေါ်လာမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အ ကြောင်းအမျိုးမျိုးကြောင့် ကြောင်လေးက တော် တော်နဲ့ အိမ်ဖြူတော်ကို ရောက်မလာခဲ့ဘဲ ကြေညာထားတဲ့ အချိန်ထက်တစ်နှစ်လောက် နောက် ကျပြီးမှပဲအိမ်ဖြူတော်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။
ကြောင်လေးရောက်လာတော့မယ်လို့ ဒီဇင်ဘာလထဲမှာပဲ သမ္မတကတော်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကဆိုလာပါတယ်။ ကြောင်လေးဟာ အိမ်ဖြူတော်ကို ရောက်မလာခင်စပ်ကြား အိမ်တစ်အိမ်မှာ နေနေတာပါ။ အိမ်ဖြူတော်ကို ရောက်လာတဲ့ အမေရိကန် သမ္မ တတွေထဲမှာ ခွေးမွေးတဲ့သမ္မတက ပိုများပေမယ့် ကြောင်မွေးတာတွေလည်း ရှိတာပါပဲ။ ဝီလိုလေးမတိုင်ခင် အိမ်ဖြူတော်မှာနောက်ဆုံးနေသွားတဲ့ ကြောင်လေးကတော့ အိန္ဒိယလို့ နာမည်တွင်တဲ့ ကြောင်မည်းလေးတစ်ကောင်ပါ။ အဲဒီကြောင်လေးကတော့ ဂျော့ဂျ်ဒဗလျူဘွတ်ရှ်နဲ့ မိသားစုအိမ်ဖြူတော်မှာ နေတုန်းက မွေးထားတဲ့ကြောင်လေး ဖြစ်ပါတယ်။ ကြောင်ကို အိန္ဒိယလို့နာမည်ပေးတာဟာ သူတို့ကိုစော်ကားတာပဲဆိုပြီး ၂ဝဝ၄ ခုနှစ်မှာ အိန္ဒိယမှာဆန္ဒပြပွဲတွေတောင် ဖြစ်လိုက်ပါသေးသတဲ့။ သမ္မတလင်ကွန်းတုန်းကလည်း ကြောင်တွေမွေးတယ်လို့ သိရပါတယ်။
ဘေလ်ကလင်တန် သမ္မတဖြစ်တုန်းကလည်း အိမ်ဖြူတော်မှာ ဆော့ခ်စ် (Socks)လို့ နာမည်ပေးထားတဲ့ ကြောင်တစ်ကောင် မွေးခဲ့ပါသေးတယ်။ အဲဒီကြောင်လေးဟာ အတော်လေးလူချစ်လူခင်များပါတယ်။ ဒါ ပေမဲ့ ကလင်တန်တို့မွေးထားတဲ့ ခွေးလေးနဲ့ မတည့်လို့ သူ့ကို တခြားအိမ်ပို့လိုက်ရပါတော့သတဲ့။ အခုဘိုင်ဒန်တို့မွေးထားတဲ့ ဝီလိုဆိုတဲ့ကြောင်လေးနဲ့ ကွန်မန်ဒါဆိုတဲ့ ခွေးလေးတည့်၊ မတည့်ကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။ အိမ်ဖြူတော်ကို ရောက်လာတဲ့ သမ္မတအ ဆက်ဆက် အများစုဟာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးကြတာချည်းပဲဖြစ်ပြီး မမွေးတဲ့ သမ္မတဆိုလို့အ တော်နည်းပါတယ်။ အိမ်မွေးတိရစ္ဆာန်မမွေးတဲ့ အမေရိကန်သမ္မတ အနည်းစုထဲမှာ ဒေါ်နယ်ထရန့်ပ်လည်း ပါပါတယ်။ အိုဘားမား သမ္မတဖြစ်တုန်းကဆိုရင်လည်း ဘိုနဲ့ဆန်နီ (Bo and Sunny)ဆိုတဲ့ ချစ်စရာအနက်ရောင်ခွေးကြီးနှစ်ကောင် မွေးခဲ့တာပါပဲ။ အဲဒီနှစ်ကောင်မှာ တစ်ကောင်က အထီး၊ တစ်ကောင်က အမ ဖြစ်ပါတယ်။ အိုဘားမားတို့မိသားစု သိပ်ချစ်ရတဲ့ အဲဒီခွေးကြီးနှစ်ကောင်ထဲမှာ ဘိုက အသက် ၁၂ နှစ်အရွယ်၊ ၂ဝ၂၁ ခုနှစ် မေလထဲမှာ ကင်ဆာဖြစ်ပြီး သေသွားပါတယ်။ ဘို ဆုံးသွားတော့ အိုဘားမားတို့မိသားစုလည်း အတော်လေး စိတ်ထိခိုက်ခဲ့ရပါသတဲ့။
zawgyi version
ဝီလို ( Willow ) လို႔နာမည္ရတဲ့ ေၾကာင္ေခ်ာေလးက ေတာ့ အိမ္ျဖဴေတာ္ကို ေရာက္လာတာသိပ္မၾကာေသး ပါဘူး။ သူေလးက ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၈ ရက္ကမွ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္တို႔ မိသားစု ေနထိုင္ေနတဲ့ အိမ္ျဖဴေတာ္ကို ေရာက္လာတာေလ။ ဝီလိုေလးက အသက္ ႏွစ္ႏွစ္ ရွိပါၿပီ။ အသက္ ၇ဝ အ႐ြယ္အေမရိကန္သမၼတကေတာ္က သူ႔ေမြးရပ္ဇာတိေျမ ဝီလိုဂ႐ို႕ဗ္ (Willow Grove)ကိုအစြဲျပဳၿပီး ဒီေၾကာင္ေလးကို ဝီလိုလို႔ နာမည္ေပးလိုက္တာျဖစ္ပါသတဲ့။ ဝီလိုေလးရဲ႕ အေမႊးက မီးခိုးေရာင္နဲ႔အျဖဴေရာင္ပါ။ အရွင္ကေမြးေတာ့ ေန႔ခ်င္းႀကီးဆိုသလိုပဲ သူဟာ အေမရိကန္သမၼတအိမ္ေတာ္ကို ေရာက္သြားၿပီဆိုေတာ့ သူ႔မွာအေကာင္းစားစားစရာေတြ၊ ကစား စရာေတြ အျပည့္၊ ေလွ်ာက္သြားစရာေနရာေတြလည္း အျပည့္ေပါ့။ သူေလးက အိမ္ျဖဴေတာ္ကို စေရာက္တာနဲ႔ခ်က္ခ်င္းကို ေနသားက်သြားေတာ့တာပါပဲ။ ဝီလိုေလးဟာ ပင္ဆယ္လ္ေဗးနီးယားျပည္နယ္မွာရွိတဲ့ လယ္ေတာေလးတစ္ခုက ေၾကာင္ပါ။ ၂ဝ၂ဝခုႏွစ္မွာ သမၼတကေတာ္ေလာင္း မဲဆြယ္ခရီးထြက္ရင္း ပင္ဆယ္လ္ေဗးနီးယားကိုေရာက္လာပါတယ္။ အဲဒီမွာ သူမိန႔္ခြန္းေျပာေတာ့ ဒီေၾကာင္ေလးက စင္ေပၚခုန္တက္လာၿပီး မိန႔္ခြန္းေျပာေနတဲ့ သမၼတက ေတာ္ေလာင္းကို ေႏွာင့္ယွက္ပါေတာ့တယ္။ ဒါနဲ႔ပဲ သမၼတကေတာ္ေလာင္းကလည္း ေၾကာင္ေလးကို ခ်က္ခ်င္းပဲ ခ်စ္သြားပါေတာ့တယ္။ လယ္ေတာပိုင္ရွင္ကလည္း ေၾကာင္ေလးကို လက္ ေဆာင္အျဖစ္ ေပးလိုက္မယ္လို႔ ဂ်ိဳးဘိုင္ဒန္ရဲ႕ဇနီးျဖစ္တဲ့ သမၼကေတာ္ေလာင္းကို ေျပာလိုက္ပါသတဲ့။ ၂ဝ၂ဝ ခုႏွစ္ႏိုဝင္ဘာ လမွာေတာ့ ဂ်ိဳးဘိုင္ဒန္နဲ႔ဇနီးက ၂ဝ၂၁ ခုႏွစ္ ဇန္နဝါ ရီလမွာ ေၾကာင္ေလးတစ္ေကာင္ကို အိမ္ျဖဴေတာ္ကို ေခၚလာမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါေပမဲ့ အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေၾကာင္ေလးက ေတာ္ ေတာ္နဲ႔ အိမ္ျဖဴေတာ္ကို ေရာက္မလာခဲ့ဘဲ ေၾကညာထားတဲ့ အခ်ိန္ထက္တစ္ႏွစ္ေလာက္ ေနာက္ က်ၿပီးမွပဲအိမ္ျဖဴေတာ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာပါေတာ့တယ္။
ေၾကာင္ေလးေရာက္လာေတာ့မယ္လို႔ ဒီဇင္ဘာလထဲမွာပဲ သမၼတကေတာ္ရဲ႕ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ကဆိုလာပါတယ္။ ေၾကာင္ေလးဟာ အိမ္ျဖဴေတာ္ကို ေရာက္မလာခင္စပ္ၾကား အိမ္တစ္အိမ္မွာ ေနေနတာပါ။ အိမ္ျဖဴေတာ္ကို ေရာက္လာတဲ့ အေမရိကန္ သမၼ တေတြထဲမွာ ေခြးေမြးတဲ့သမၼတက ပိုမ်ားေပမယ့္ ေၾကာင္ေမြးတာေတြလည္း ရွိတာပါပဲ။ ဝီလိုေလးမတိုင္ခင္ အိမ္ျဖဴေတာ္မွာေနာက္ဆုံးေနသြားတဲ့ ေၾကာင္ေလးကေတာ့ အိႏၵိယလို႔ နာမည္တြင္တဲ့ ေၾကာင္မည္းေလးတစ္ေကာင္ပါ။ အဲဒီေၾကာင္ေလးကေတာ့ ေဂ်ာ့ဂ်္ဒဗလ်ဴဘြတ္ရွ္နဲ႔ မိသားစုအိမ္ျဖဴေတာ္မွာ ေနတုန္းက ေမြးထားတဲ့ေၾကာင္ေလး ျဖစ္ပါတယ္။ ေၾကာင္ကို အိႏၵိယလို႔နာမည္ေပးတာဟာ သူတို႔ကိုေစာ္ကားတာပဲဆိုၿပီး ၂ဝဝ၄ ခုႏွစ္မွာ အိႏၵိယမွာဆႏၵျပပြဲေတြေတာင္ ျဖစ္လိုက္ပါေသးသတဲ့။ သမၼတလင္ကြန္းတုန္းကလည္း ေၾကာင္ေတြေမြးတယ္လို႔ သိရပါတယ္။
ေဘလ္ကလင္တန္ သမၼတျဖစ္တုန္းကလည္း အိမ္ျဖဴေတာ္မွာ ေဆာ့ခ္စ္ (Socks)လို႔ နာမည္ေပးထားတဲ့ ေၾကာင္တစ္ေကာင္ ေမြးခဲ့ပါေသးတယ္။ အဲဒီေၾကာင္ေလးဟာ အေတာ္ေလးလူခ်စ္လူခင္မ်ားပါတယ္။ ဒါ ေပမဲ့ ကလင္တန္တို႔ေမြးထားတဲ့ ေခြးေလးနဲ႔ မတည့္လို႔ သူ႔ကို တျခားအိမ္ပို႔လိုက္ရပါေတာ့သတဲ့။ အခုဘိုင္ဒန္တို႔ေမြးထားတဲ့ ဝီလိုဆိုတဲ့ေၾကာင္ေလးနဲ႔ ကြန္မန္ဒါဆိုတဲ့ ေခြးေလးတည့္၊ မတည့္ကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါပဲ။ အိမ္ျဖဴေတာ္ကို ေရာက္လာတဲ့ သမၼတအ ဆက္ဆက္ အမ်ားစုဟာ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးၾကတာခ်ည္းပဲျဖစ္ၿပီး မေမြးတဲ့ သမၼတဆိုလို႔အ ေတာ္နည္းပါတယ္။ အိမ္ေမြးတိရစာၦန္မေမြးတဲ့ အေမရိကန္သမၼတ အနည္းစုထဲမွာ ေဒၚနယ္ထရန႔္ပ္လည္း ပါပါတယ္။ အိုဘားမား သမၼတျဖစ္တုန္းကဆိုရင္လည္း ဘိုနဲ႔ဆန္နီ (Bo and Sunny)ဆိုတဲ့ ခ်စ္စရာအနက္ေရာင္ေခြးႀကီးႏွစ္ေကာင္ ေမြးခဲ့တာပါပဲ။ အဲဒီႏွစ္ေကာင္မွာ တစ္ေကာင္က အထီး၊ တစ္ေကာင္က အမ ျဖစ္ပါတယ္။ အိုဘားမားတို႔မိသားစု သိပ္ခ်စ္ရတဲ့ အဲဒီေခြးႀကီးႏွစ္ေကာင္ထဲမွာ ဘိုက အသက္ ၁၂ ႏွစ္အ႐ြယ္၊ ၂ဝ၂၁ ခုႏွစ္ ေမလထဲမွာ ကင္ဆာျဖစ္ၿပီး ေသသြားပါတယ္။ ဘို ဆုံးသြားေတာ့ အိုဘားမားတို႔မိသားစုလည္း အေတာ္ေလး စိတ္ထိခိုက္ခဲ့ရပါသတဲ့။