ပြင်သစ် သမ္မတကတော်က ၎င်းအားလိင်ပြောင်းထားသူအဖြစ် စွပ်စွဲဝေဖန်ခဲ့သူ အမျိုးသမီးနှစ်ဦးကို တရားစွဲ

 739

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၉
ပြင်သစ် သမ္မတကတော်ဖြစ်တဲ့ ဘရီဂစ်တီ မက်ခရွန်ဟာ ၎င်းအားလိင်ပြောင်းထားသူတစ်ဦးအဖြစ် စွပ်စွဲဝေဖန်ခဲ့သူ အမျိုးသမီးနှစ်ဦးကို တရားစွဲလိုက်တယ်လို့သိရပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ဦးက ပြင်သစ်သမ္မတ ကတော်ဖြစ်သူ ဘရီဂစ်တီဟာ လိင်ပြောင်းထားသူတစ်ဦးဖြစ်တယ်လို့ မကြာသေးမီက လူမူကွန်ရက်မှာရေးသားဖော်ပြခဲ့ပြီး စွပ်စွဲဝေဖန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါအမှုကို ပဲရစ်မြို့ရှိ တရားရုံးမှာ ဇွန်လ ၁၅ ရက်အတွင်း စတင်ကြားနာစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

ပြင်သစ် သမ္မတကတော်ဟာ အရင်အိမ်ထောင်နဲ့သား သမီး သုံးဦးရရှိထားသူဖြစ်တယ်လို့သိရပါတယ်။ ပြင်သစ်ဂျာနယ်လစ်အမျိုးသမီးနှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်ဒီ ဇင်ဘာလ ၁၇ ရက်က သမ္မတကတော် ဘရီဂစ်တီမက်ခရွန်ဟာ လိင်ပြောင်းသူတစ်ဦးဖြစ်ကြောင်း YouTube မှာ ပို့တင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါဂျာနယ်လစ်အမျိုးသမီးနှစ်ဦးက သမ္မတကတော်ဟာ အမျိုးသားဘဝကနေ အမျိုးသမီးအဖြစ်လိင်ပြောင်းခဲ့သူဖြစ်ပြီး အမျိုးသားဘဝကအမည်က Jean Michel Trogneux ဖြစ်တယ်လို့ လူမူကွန်ရက်မှာရေးသားခဲ့တယ်လို့သိရပါတယ်။

ပြင်သစ်သမ္မတကတော်ဟာ လိင်ပြောင်းထားသူဖြစ်တဲ့သက်သေကို ရှေ့နေတစ်ဦးထံအပ်နှံထားကြောင်း၊ အဆိုပါသက်သေကို အလုံပိတ်စာအိတ်ထဲထည့်ထားခြင်းဖြစ်ကြောင်း ဂျာနယ်လစ်အမျိုးသမီးနှစ်ဦးက ပြောဆိုထားကြောင်းသိရပါတယ်။ ပြင်သစ် သမ္မတမက်ခရွန်ဟာလည်း ဇနီးသည်နဲ့ပတ်သက်တဲ့ဆက် ဆံရေးအပေါ် မေးခွန်းထုတ်ခံနေရတယ်လို့သိရပါတယ်။ ပြင်သစ် သမ္မတကတော်ဟာ လက်ရှိအချိန်မှာအသက် ၆၈ နှစ်အရွယ်ရှိနေပြီး သမ္မတမက်ခရွန်ထက် အသက် ၂၄ နှစ်ကြီးတယ်လို့သိရပါတယ်။

zawgyi version
ျပင္သစ္ သမၼတကေတာ္က ၎အားလိင္ေျပာင္းထားသူအျဖစ္ စြပ္စြဲေဝဖန္ခဲ့သူ အမ်ိဳးသမီးႏွစ္ဦးကို တရားစြဲ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၉

ျပင္သစ္ သမၼတကေတာ္ျဖစ္တဲ့ ဘရီဂစ္တီ မက္ခ႐ြန္ဟာ ၎အားလိင္ေျပာင္းထားသူတစ္ဦးအျဖစ္ စြပ္စြဲေဝဖန္ခဲ့သူ အမ်ိဳးသမီးႏွစ္ဦးကို တရားစြဲလိုက္တယ္လို႔သိရပါတယ္။

အဆိုပါ အမ်ိဳးသမီးႏွစ္ဦးက ျပင္သစ္သမၼတ ကေတာ္ျဖစ္သူ ဘရီဂစ္တီဟာ လိင္ေျပာင္းထားသူတစ္ဦးျဖစ္တယ္လို႔ မၾကာေသးမီက လူမူကြန္ရက္မွာေရးသားေဖာ္ျပခဲ့ၿပီး စြပ္စြဲေဝဖန္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါအမႈကို ပဲရစ္ၿမိဳ႕ရွိ တရား႐ုံးမွာ ဇြန္လ ၁၅ ရက္အတြင္း စတင္ၾကားနာစစ္ေဆးမွာျဖစ္တယ္လို႔သိရပါတယ္။

ျပင္သစ္ သမၼတကေတာ္ဟာ အရင္အိမ္ေထာင္နဲ႔သား သမီး သုံးဦးရရွိထားသူျဖစ္တယ္လို႔သိရပါတယ္။ ျပင္သစ္ဂ်ာနယ္လစ္အမ်ိဳးသမီးႏွစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ဒီ ဇင္ဘာလ ၁၇ ရက္က သမၼတကေတာ္ ဘရီဂစ္တီမက္ခ႐ြန္ဟာ လိင္ေျပာင္းသူတစ္ဦးျဖစ္ေၾကာင္း YouTube မွာ ပို႔တင္ခဲ့တယ္လို႔သိရပါတယ္။ အဆိုပါဂ်ာနယ္လစ္အမ်ိဳးသမီးႏွစ္ဦးက သမၼတကေတာ္ဟာ အမ်ိဳးသားဘဝကေန အမ်ိဳးသမီးအျဖစ္လိင္ေျပာင္းခဲ့သူျဖစ္ၿပီး အမ်ိဳးသားဘဝကအမည္က Jean Michel Trogneux ျဖစ္တယ္လို႔ လူမူကြန္ရက္မွာေရးသားခဲ့တယ္လို႔သိရပါတယ္။

ျပင္သစ္သမၼတကေတာ္ဟာ လိင္ေျပာင္းထားသူျဖစ္တဲ့သက္ေသကို ေရွ႕ေနတစ္ဦးထံအပ္ႏွံထားေၾကာင္း၊ အဆိုပါသက္ေသကို အလုံပိတ္စာအိတ္ထဲထည့္ထားျခင္းျဖစ္ေၾကာင္း ဂ်ာနယ္လစ္အမ်ိဳးသမီးႏွစ္ဦးက ေျပာဆိုထားေၾကာင္းသိရပါတယ္။ ျပင္သစ္ သမၼတမက္ခ႐ြန္ဟာလည္း ဇနီးသည္နဲ႔ပတ္သက္တဲ့ဆက္ ဆံေရးအေပၚ ေမးခြန္းထုတ္ခံေနရတယ္လို႔သိရပါတယ္။ ျပင္သစ္ သမၼတကေတာ္ဟာ လက္ရွိအခ်ိန္မွာအသက္ ၆၈ ႏွစ္အ႐ြယ္ရွိေနၿပီး သမၼတမက္ခ႐ြန္ထက္ အသက္ ၂၄ ႏွစ္ႀကီးတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.