လွတ်မြောက်နယ်မြေရောက် အနုပညာရှင်အချို့၏ နေအိမ်များ ချိတ်ပိတ်ခံနေရ

2506

NP News - ဖေဖော်ဝါရီ ၂ဝ
လွတ်မြောက်နယ်မြေနှင့် ပြည်ပနိုင်ငံများမှနေ၍ စစ်တပ်အားဆန့်ကျင်တော်လှန်နေကြသည့် အဆိုတော် လင်းလင်းနှင့် ချစ်သုဝေ အပါအဝင် ပန်ဆယ်လို၊ အဆိုတော်ချမ်းချမ်း၊ တင်ဆက်သူ မောင်မောင်အေးတို့၏ နေအိမ်များကို စစ်တပ်မှ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ချိတ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
နစကဘက်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG- PDF အဖွဲ့အား ကူညီထောက်ပံ့ ပေးနေ သည့် အနုပညာရှင်အချို့၏ နေအိမ်များအား ချိတ်ပိတ်ခြင်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆောင်ရွက် လာသည်ကို တွေ့ရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ(၁၆) ရက်၊ နေ့လည်ပိုင်းက အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့ဇနီးမောင်နှံ သည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခြင်းခံထားရသော အဖွဲ့အစည်းနှင့် ဆက်စပ်ပတ်သက်သည့်ဟုဆိုကာ ၎င်းတို့ပိုင်ဆိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြိုနယ်၊ အောင်ဆုပန်ရပ်ကွက်ရှိ ကွန်ဒိုတိုက်ခန်းကို ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက်(၉) နာရီဝန်းကျင်ခန့်က NLD ပါတီထောက်ခံသူတစ်ဦးဖြစ်သူ၊ ဖေ့ဘွတ်စ်တွင် လူသိများထင်ရှားသူ ပန်ဆယ်လို၏နေအိမ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြောက်ပိုင်း ၊ (၄၁) ရပ်ကွက်ရှိ ခြံနှင့်တိုက်ကို နစက၏လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ပူးပေါင်းကာ သွားရောက်စစ်ဆေး ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် သောက်တော်တွင်းရပ်ကွက်ရှိ အဆိုတော် ချမ်းချမ်း၏နေအိမ်ကိုလည်း ဖေဖော်ဝါရီလ (၁၉) ရက်၊ နေ့လည်ပိုင်းက ချိတ်ပိတ်ခဲ့ပြီး၊ အဆိုပါနေ့ တစ်ရက်တည်းမှာပင် တာမွေမြို့နယ်ရှိ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး ပိုင်ဆိုင်သည့် နေအိမ်တိုက်ခန်း ကိုပါ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ နေအိမ်တိုက်ခန်းများအား နိုင်ငံပိုင်အဖြစ်ချိတ်ပိတ်သိမ်းဆည်းရာတွင် အဝါရောင်ကြိုးတန်းများ၊ အနီ ရောင်ဗီနိုင်းများတွင် "ဤအဆောက်အဦး ဥပစာပိုင်ရှင်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆို ဆောင်ရွက်ထားပြီးဖြစ်သဖြင့် ဤအဆောက်အဦးဥပစာအားလွှဲပြောင်းခြင်း၊ ဌားရမ်းခြင်း၊ ရောင်းချခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်းမပြုရ" ဟု ရေးသားထားသည်များကို တွေ့ရသည်။
ထို့ပြင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားသူများနှင့် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေညာခြင်းခံထား ရသည့် အဖွဲ့အစည်းများအား ကူညီခြင်း၊ ထောက်ပံ့ခြင်းများ ပြုလုပ်နေသူအချို့၏ နေအိမ်များ၊ ပိုင်ဆိုင်သောပစ္စည်းများ လည်း နိုင်ငံပိုင်ပစ္စည်းအဖြစ် ချိတ်ပိတ်သိမ်းဆည်းခံရခြင်း၊ အမှုဖွင့်အရေးယူခံရခြင်းများရှိကြောင်း သိရသည်။

Zawgyi Version;
လြတ္ေျမာက္နယ္ေျမေရာက္ အႏုပညာရွင္အခ်ိဳ႕၏ ေနအိမ္မ်ား ခ်ိတ္ပိတ္ခံေနရ
NP News - ေဖေဖာ္ဝါရီ ၂ဝ
လြတ္ေျမာက္နယ္ေျမႏွင့္ ျပည္ပႏိုင္ငံမ်ားမွေန၍ စစ္တပ္အားဆန႔္က်င္ေတာ္လွန္ေနၾကသည့္ အဆိုေတာ္ လင္းလင္းႏွင့္ ခ်စ္သုေဝ အပါအဝင္ ပန္ဆယ္လို၊ အဆိုေတာ္ခ်မ္းခ်မ္း၊ တင္ဆက္သူ ေမာင္ေမာင္ေအးတို႔၏ ေနအိမ္မ်ားကို စစ္တပ္မွ လြန္ခဲ့သည့္ရက္ပိုင္းအတြင္းက ခ်ိတ္ပိတ္လိုက္ေၾကာင္း သတင္းရရွိသည္။
နစကဘက္မွ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာထားေသာ NUG- PDF အဖြဲ႕အား ကူညီေထာက္ပံ့ ေပးေန သည့္ အႏုပညာရွင္အခ်ိဳ႕၏ ေနအိမ္မ်ားအား ခ်ိတ္ပိတ္ျခင္းမ်ားကို ယခုရက္ပိုင္းအတြင္း ဆက္တိုက္ေဆာင္႐ြက္ လာသည္ကို ေတြ႕ရသည္။
လြန္ခဲ့သည့္ ေဖေဖာ္ဝါရီလ(၁၆) ရက္၊ ေန႔လည္ပိုင္းက အဆိုေတာ္လင္းလင္းႏွင့္ ခ်စ္သုေဝတို႔ဇနီးေမာင္ႏွံ သည္ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာျခင္းခံထားရေသာ အဖြဲ႕အစည္းႏွင့္ ဆက္စပ္ပတ္သက္သည့္ဟုဆိုကာ ၎တို႔ပိုင္ဆိုင္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳနယ္၊ ေအာင္ဆုပန္ရပ္ကြက္ရွိ ကြန္ဒိုတိုက္ခန္းကို ခ်ိတ္ပိတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေဖေဖာ္ဝါရီလ (၁၇) ရက္၊ နံနက္(၉) နာရီဝန္းက်င္ခန႔္က NLD ပါတီေထာက္ခံသူတစ္ဦးျဖစ္သူ၊ ေဖ့ဘြတ္စ္တြင္ လူသိမ်ားထင္ရွားသူ ပန္ဆယ္လို၏ေနအိမ္ျဖစ္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံေျမာက္ပိုင္း ၊ (၄၁) ရပ္ကြက္ရွိ ၿခံႏွင့္တိုက္ကို နစက၏လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႏွင့္ပူးေပါင္းကာ သြားေရာက္စစ္ေဆး ခ်ိတ္ပိတ္ခဲ့ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္ ေသာက္ေတာ္တြင္းရပ္ကြက္ရွိ အဆိုေတာ္ ခ်မ္းခ်မ္း၏ေနအိမ္ကိုလည္း ေဖေဖာ္ဝါရီလ (၁၉) ရက္၊ ေန႔လည္ပိုင္းက ခ်ိတ္ပိတ္ခဲ့ၿပီး၊ အဆိုပါေန႔ တစ္ရက္တည္းမွာပင္ တာေမြၿမိဳ႕နယ္ရွိ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအး ပိုင္ဆိုင္သည့္ ေနအိမ္တိုက္ခန္း ကိုပါ ခ်ိတ္ပိတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေနအိမ္တိုက္ခန္းမ်ားအား ႏိုင္ငံပိုင္အျဖစ္ခ်ိတ္ပိတ္သိမ္းဆည္းရာတြင္ အဝါေရာင္ႀကိဳးတန္းမ်ား၊ အနီ ေရာင္ဗီႏိုင္းမ်ားတြင္ "ဤအေဆာက္အဦး ဥပစာပိုင္ရွင္သည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ တရားစြဲဆို ေဆာင္႐ြက္ထားၿပီးျဖစ္သျဖင့္ ဤအေဆာက္အဦးဥပစာအားလႊဲေျပာင္းျခင္း၊ ဌားရမ္းျခင္း၊ ေရာင္းခ်ျခင္း၊ က်ဴးေက်ာ္ ဝင္ေရာက္ျခင္းမျပဳရ" ဟု ေရးသားထားသည္မ်ားကို ေတြ႕ရသည္။
ထို႔ျပင္ လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္သြားသူမ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕ အစည္းအျဖစ္ေၾကညာျခင္းခံထား ရသည့္ အဖြဲ႕အစည္းမ်ားအား ကူညီျခင္း၊ ေထာက္ပံ့ျခင္းမ်ား ျပဳလုပ္ေနသူအခ်ိဳ႕၏ ေနအိမ္မ်ား၊ ပိုင္ဆိုင္ေသာပစၥည္းမ်ား လည္း ႏိုင္ငံပိုင္ပစၥည္းအျဖစ္ ခ်ိတ္ပိတ္သိမ္းဆည္းခံရျခင္း၊ အမႈဖြင့္အေရးယူခံရျခင္းမ်ားရွိေၾကာင္း သိရသည္။