မြင်းမူတွင် ခရီးသည်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံး

623

Pearl (NP News) - အောက်တိုဘာ ၆
မြင်းမူတွင် ခရီးသည်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်နေ ဦးညွန့်လှိုင်ဝင်း(၅၈)နှစ် မောင်းနှင်ပြီး ခရီးသည်သုံးဦးတို့ လိုက်ပါလာသည့် “လင်းသစ်” ခရီးသည်တင်မော်တော်ယာဉ်အား မြင်းမူမြို့နယ်၊ ကန်ပြားကျေးရွာလမ်းဆုံအနီးအရောက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ဦးညွန့်လှိုင်ဝင်းတွင် ဝဲဘက်နားထင် မိုင်းပေါက်ကွဲစ ဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိကြောင်းသိရသည်။
အဆိုပါ နေရာအနီးမှ လက်လုပ်မိုင်းခြောက်လုံး၊ ဆိုင်ကယ်ဘက်ထရီအိုးသုံးလုံး၊ ဆော့ကတ်တစ်ခု၊ ဓာတ်ခဲနှစ်လုံး၊ အရှည် ၅၀ မီတာခန့်ရှိ ဝိုင်ယာကြိုးတစ်ချောင်းနှင့် နိုင်လွန်ကြိုးတစ်ချောင်းတို့အား ထပ်မံတွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမင္းမူတြင္ ခရီးသည္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ တစ္ဦးေသဆုံး
Pearl (NP News) - ေအာက္တိုဘာ ၆
ျမင္းမူတြင္ ခရီးသည္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၄ ရက္ ညေန ၄ နာရီ ၂၀ မိနစ္က စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္၊ နႏၵဝန္ရပ္ကြက္ေန ဦးၫြန႔္လႈိင္ဝင္း(၅၈)ႏွစ္ ေမာင္းႏွင္ၿပီး ခရီးသည္သုံးဦးတို႔ လိုက္ပါလာသည့္ “လင္းသစ္” ခရီးသည္တင္ေမာ္ေတာ္ယာဥ္အား ျမင္းမူၿမိဳ႕နယ္၊ ကန္ျပားေက်း႐ြာလမ္းဆုံအနီးအေရာက္ PDF အဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းဆြဲတိုက္ခိုက္ခဲ့မႈေၾကာင့္ ဦးၫြန႔္လႈိင္ဝင္းတြင္ ဝဲဘက္နားထင္ မိုင္းေပါက္ကြဲစ ေဖာက္ဝင္ဒဏ္ရာရရွိကာ ေသဆုံးသြားၿပီး ယာဥ္ေပၚပါ ခရီးသည္သုံးဦးတို႔တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့မႈမရွိေၾကာင္းသိရသည္။
အဆိုပါ ေနရာအနီးမွ လက္လုပ္မိုင္းေျခာက္လုံး၊ ဆိုင္ကယ္ဘက္ထရီအိုးသုံးလုံး၊ ေဆာ့ကတ္တစ္ခု၊ ဓာတ္ခဲႏွစ္လုံး၊ အရွည္ ၅၀ မီတာခန႔္ရွိ ဝိုင္ယာႀကိဳးတစ္ေခ်ာင္းႏွင့္ ႏိုင္လြန္ႀကိဳးတစ္ေခ်ာင္းတို႔အား ထပ္မံေတြ႕ရွိသျဖင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဖ်က္ဆီးရွင္းလင္းခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ အၾကမ္းဖက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။