ထိုင်းနိုင်ငံရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်ဟောင်း Bhichai Rattakul ကွယ်လွန်

797

ရောင်နီ (NP News) - မတ် ၁
ပါလီမန် ဥက္ကဋ္ဌဟောင်းနဲ့ဒီမိုကရက်တစ်ခေါင်းဆောင် ဟောင်း Bhichai Rattakul ဟာ ဖေဖော်ဝါရီလ ၂၈ ရက်က Siriraj ဆေးရုံမှာ ဆေးကုသမှုခံယူရင်းကွယ် လွန်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းကွယ်လွန်ချိန်မှာ အ သက် ၉၆ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
Bhichai ဟာ အဆုတ်ကင်ဆာနဲ့ ဆေးရုံမှာ ၂ ကြိမ် ကုသမှုခံယူခဲ့ပြီးနောက် ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့ကြောင်း ၎င်းရဲ့သားဖြစ်သူ Bhichit Rattakul က ပြောကြားခဲ့ပါတယ်။ ၁၉၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က မွေးဖွားခဲ့တဲ့ Bhichai ဟာ ဘန်ကောက် ခရစ်ယာန်ကောလိပ်မှာ ပညာသင်ကြားပြီးနောက် ဟောင်ကောင်ရှိ St Stephen's College မှာကူး သန်းရောင်းဝယ်ရေးဘွဲ့ဆည်းပူးခဲ့ကာဘွဲ့ရပြီးနောက် မိသားစုစီးပွားရေးကို ကူညီလုပ်ကိုင်ဖို့ နိုင်ငံကို ပြန် လာခဲ့ပါတယ်။
Bhichit ဟာ ၁၉၈၂ ခုနှစ်မှာတော့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ် Thanat Khorman နေရာကို ဆက်ခံခဲ့ပြီး ၁၉၉၁ ခုနှစ်အထိ ပါတီကို ဦးဆောင်ခဲ့ကာ ယင်းကာလအတွင်း ဒီမိုကရက်တစ်ပါတီမှ အ စိုးရသို့ဝင်ရောက်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးချုပ်အ ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ၎င်းရဲ့ ဦး ဆောင်မှုအောက်မှာ ပါတီတွင်းပဋိပက္ခကြောင့် အ ထိတ်တလန့်ဖြစ်ခဲ့ပြီး ဗီရာမူစီဂါပွန် ဦးဆောင်တဲ့ the Jan 10 faction ခေါ် ခွဲထွက်အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။
Chuan Leekpai ဟာ ၁၉၉၇ ခုနှစ် နှောင်းပိုင်းမှာ Chavalit Yongchaiyudh အုပ်ချုပ်ရေး ပြိုကွဲပြီးနောက် ဒုတိယသက်တမ်းအတွက် ဝန်ကြီးချုပ် ဖြစ် လာတဲ့အခါ Bhichai ဟာ နိုင်ငံခြားရေးတာဝန်ယူရမယ့် ဒုတိယဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ပါလီမန်ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံရဲ႕ ဒီမိုကရက္တစ္ေခါင္းေဆာင္ေဟာင္း Bhichai Rattakul ကြယ္လြန္
ေရာင္နီ (NP News) - မတ္ ၁
ပါလီမန္ ဥကၠ႒ေဟာင္းနဲ႔ဒီမိုကရက္တစ္ေခါင္းေဆာင္ ေဟာင္း Bhichai Rattakul ဟာ ေဖေဖာ္ဝါရီလ ၂၈ ရက္က Siriraj ေဆး႐ုံမွာ ေဆးကုသမႈခံယူရင္းကြယ္ လြန္ခဲ့တယ္လို႔ သိရပါတယ္။ ၎ကြယ္လြန္ခ်ိန္မွာ အ သက္ ၉၆ ႏွစ္ရွိၿပီျဖစ္တယ္လို႔သိရပါတယ္။
Bhichai ဟာ အဆုတ္ကင္ဆာနဲ႔ ေဆး႐ုံမွာ ၂ ႀကိမ္ ကုသမႈခံယူခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းစြာ ေသဆုံးသြားခဲ့ေၾကာင္း ၎ရဲ႕သားျဖစ္သူ Bhichit Rattakul က ေျပာၾကားခဲ့ပါတယ္။ ၁၉၂၆ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္က ေမြးဖြားခဲ့တဲ့ Bhichai ဟာ ဘန္ေကာက္ ခရစ္ယာန္ေကာလိပ္မွာ ပညာသင္ၾကားၿပီးေနာက္ ေဟာင္ေကာင္ရွိ St Stephen's College မွာကူး သန္းေရာင္းဝယ္ေရးဘြဲ႕ဆည္းပူးခဲ့ကာဘြဲ႕ရၿပီးေနာက္ မိသားစုစီးပြားေရးကို ကူညီလုပ္ကိုင္ဖို႔ ႏိုင္ငံကို ျပန္ လာခဲ့ပါတယ္။
Bhichit ဟာ ၁၉၈၂ ခုႏွစ္မွာေတာ့ ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္အျဖစ္ Thanat Khorman ေနရာကို ဆက္ခံခဲ့ၿပီး ၁၉၉၁ ခုႏွစ္အထိ ပါတီကို ဦးေဆာင္ခဲ့ကာ ယင္းကာလအတြင္း ဒီမိုကရက္တစ္ပါတီမွ အ စိုးရသို႔ဝင္ေရာက္ခဲ့ၿပီးေနာက္ ဒုတိယဝန္ႀကီးခ်ဳပ္အ ျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။ သို႔ေသာ္လည္း ၎ရဲ႕ ဦး ေဆာင္မႈေအာက္မွာ ပါတီတြင္းပဋိပကၡေၾကာင့္ အ ထိတ္တလန႔္ျဖစ္ခဲ့ၿပီး ဗီရာမူစီဂါပြန္ ဦးေဆာင္တဲ့ the Jan 10 faction ေခၚ ခြဲထြက္အဖြဲ႕ကိုဖြဲ႕စည္းခဲ့ပါတယ္။
Chuan Leekpai ဟာ ၁၉၉၇ ခုႏွစ္ ေႏွာင္းပိုင္းမွာ Chavalit Yongchaiyudh အုပ္ခ်ဳပ္ေရး ၿပိဳကြဲၿပီးေနာက္ ဒုတိယသက္တမ္းအတြက္ ဝန္ႀကီးခ်ဳပ္ ျဖစ္ လာတဲ့အခါ Bhichai ဟာ ႏိုင္ငံျခားေရးတာဝန္ယူရမယ့္ ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီး ပါလီမန္ဥကၠ႒ အျဖစ္လည္း ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။