လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် ပုဂ္ဂလိကဆေးရုံ ၂၅၉ ရုံရှိပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူသွားမည်ဟုဆို

 1082

ရဲပြည့် (NP News) - မတ် ၄
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီစိစစ်ပြီး ကိုက်ညီမှုရှိသည့် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများအား လိုင်စင်ထုတ်ပေးလျက်ရှိရာတွင် ပုဂ္ဂလိကဆေးရုံ (၂၅၉) ရုံအားလုပ်ငန်းလိုင်စင်များ ခွင့်ပြုထားရှိပြီးဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြော သည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မတ်လ ၃ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ် လည်အစည်းအဝေးတွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ ပုဂ္ဂလိက ကျန်း မာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရန်၊ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် စနစ်တကျပါဝင်ဆောင်ရွက်နိုင်စေရန်၊ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်စေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရရှိစေရန်၊ ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန် ဆောင်မှုပေးနိုင်စေရန် နှင့် တာဝန်ခံမှုရှိစေရန်တို့အတွက် ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ယင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိက ကျန်းမာရေးလုပ် ငန်းများသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အရည်အ သွေးပြည့်ပြီး ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပုဂ္ဂလိက ကျန်းမာရေးလုပ် ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် အခါအား လျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှထည့်သွင်းပြောသည်။

zawgyi version
လုပ္ငန္းလိုင္စင္ထုတ္ေပးထားသည့္ ပုဂၢလိကေဆး႐ုံ ၂၅၉ ႐ုံရွိၿပီး ျပ႒ာန္းဥပေဒမ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အေရးယူသြားမည္ဟုဆို
ရဲျပည့္ (NP News) - မတ္ ၄

ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဗဟိုအဖြဲ႕အေနျဖင့္ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီစိစစ္ၿပီး ကိုက္ညီမႈရွိသည့္ ပုဂၢလိကက်န္းမာ ေရးလုပ္ငန္းမ်ားအား လိုင္စင္ထုတ္ေပးလ်က္ရွိရာတြင္ ပုဂၢလိကေဆး႐ုံ (၂၅၉) ႐ုံအားလုပ္ငန္းလိုင္စင္မ်ား ခြင့္ျပဳထားရွိၿပီးျဖစ္ေၾကာင္း က်န္းမာ ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေျပာ သည္။

ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္းက မတ္လ ၃ ရက္က က်င္းပသည့္ ျမန္မာႏိုင္ငံ ပုဂၢလိကေဆး႐ုံမ်ားအသင္း ႏွစ္ပတ္ လည္အစည္းအေဝးတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာဥပေဒႏွင့္အညီ ပုဂၢလိက က်န္း မာေရးလုပ္ငန္းမ်ား တိုးတက္ျဖစ္ထြန္းေစရန္၊ အမ်ိဳးသားက်န္းမာေရးေစာင့္ေရွာက္မႈစနစ္တြင္ အစိတ္အပိုင္းတစ္ရပ္အျဖစ္ စနစ္တက်ပါဝင္ေဆာင္႐ြက္ႏိုင္ေစရန္၊ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈေပးရာတြင္ ပုဂၢလိကက႑၏ စြမ္းအားအရင္းအျမစ္မ်ားကို ထိေရာက္စြာ အသုံးျပဳႏိုင္ေစရန္၊ ပုဂၢလိက က်န္းမာေရးလုပ္ငန္းမ်ား တည္ေထာင္ဖြင့္လွစ္ျခင္းအားျဖင့္ ျပည္သူမ်ားက မိမိတို႔၏ က်န္းမာေရးလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းႏိုင္ေရးအတြက္ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ရရွိေစရန္၊ ျပည္သူမ်ားအတြက္ မွ်တေသာစရိတ္ျဖင့္ အရည္အေသြးျမင့္မားသည့္ ဝန္ ေဆာင္မႈေပးႏိုင္ေစရန္ ႏွင့္ တာဝန္ခံမႈရွိေစရန္တို႔အတြက္ ထိန္းေက်ာင္းၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ယင္းအျပင္ က်န္းမာေရးဝန္ႀကီးဌာနသည္ ပုဂၢလိက က်န္းမာေရးလုပ္ ငန္းမ်ားသတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ အရည္အ ေသြးျပည့္ၿပီး ျပည္သူမ်ားအတြက္ မွ်တေသာစရိတ္ျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးႏိုင္ေရး စစ္ေဆးျခင္းႏွင့္ ႀကီးၾကပ္ကြပ္ကဲရန္ တာဝန္ရွိသျဖင့္ တိုင္းေဒသႀကီး/ျပည္နယ္ ပုဂၢလိက က်န္းမာေရးလုပ္ ငန္းဆိုင္ရာ ႀကီးၾကပ္ေရးေကာ္မတီ အဆင့္ဆင့္အေနျဖင့္ အခါအား ေလ်ာ္စြာ ကြင္းဆင္းစစ္ေဆးျခင္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပ႒ာန္းထားေသာဥပေဒ၊ နည္းဥပေဒ၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက ဥပေဒႏွင့္အညီ စီမံခန႔္ခြဲေရး နည္းလမ္းအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎မွထည့္သြင္းေျပာသည္။

Related news

© 2021. All rights reserved.