လက်ပြတ် ကို ပြန်ဆက်သော ခွဲစိတ်ကုသမှုကို ရန်ကုန်ဆေးရုံကြီးတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

86

မေဥဩ (NP News) - ဇွန်၂၁
လက်ပြတ်သွားသော လူငယ်အမျိုးသားတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြန်ဆက်သည့် ခွဲစိတ်ကုမှု ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသောအချက်အလက်များ အရ သိရသည်။
လူနာ အမျိုးသားမှာ ဘားအံမြို့နေ အသက်(၂၇)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မေ (၂၄) ရက် နံနက် ၁၁ နာရီ ခန့်က ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်ဖဝါး ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလူနာအား ပြည်သူ့ဆေးရုံကြီး-ဘားအံမြို့၌ အရေးပေါ်ကုသမှုပေးကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စနစ်တ ကျလွှဲပြောင်းပေးပြီး အရေးပေါ်လူနာဌာန၌ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်သည့်ခွဲစိတ်ကုသမှု (Replantation Surgery) ကို ယင်းနေ့ ည(၁၀)နာရီခွဲမှ စတင်၍ ဆောင်ရွက်ခဲ့ရာ မေလ (၂၅) ရက် နံနက် (၅) နာရီခွဲတွင် အောင်မြင်စွာဆောင်ရွက် ပြီးစီးခဲ့ကြောင်းသိရသည်။
ထိုလူနာသည် ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် ဇွန် ၁၁ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး ဇွန် ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာ၌လည်း လက်အခြေအနေ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့ (ဒုတိယနှစ်) သင်တန်းသား အထူးကုဆရာ ဝန်များဖြစ်သော ဒေါက်တာရဲနိုင်ဦး နှင့် ဒေါက်တာအောင်လှိုင်ဖုန်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ပါရဂူဘွဲ့ (တတိယနှစ်) သင်တန်းသူ ဒေါက်တာခိုင်မေဦး၊ လက်ထောက် ဆရာဝန်(အရိုး) ဒေါက်တာရာဇာအောင်စောဝင်း၊ ဆေးပညာ မဟာ သိပ္ပံ(ဒုတိယနှစ်) ဘွဲ့လွန်သင်တန်းသား ဒေါက်တာ စိုင်းသီဟတို့ပါဝင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဆရာဝန်များအဖွဲ့၊ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာဒေလီယာစိုးဝင်းနှင့် မေ့ဆေးဆရာ ဝန်များအဖွဲ့၊ သူနာပြုဆရာမကြီး ဒေါ်မို့မို့အောင် ဦးဆောင်သည့် သူနာပြုများအဖွဲ့နှင့်ဆက်စပ်ဌာနများဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လက်ဖျံပြန်ဆက်သည့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦး၊လက်မောင်းပြန်ဆက်သည့်ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦး၊ လက်မ ပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦးနှင့်လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက် ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုလက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွား သောလက်ကို ခွဲစိတ်ကုသမှုဆောင် ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်ကို ရေသန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့်ဆေးပြီး အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze)ဖြင့်ပတ်၍ အကြောဆေးရည်ထည့်ထားသည့် သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်းပေးပို့နိုင်ကြောင်း သိရသည်။

Zawgyi Version:
လက္ျပတ္ ကို ျပန္ဆက္ေသာ ခြဲစိတ္ကုသမႈကို ရန္ကုန္ေဆး႐ုံႀကီးတြင္ ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့
ေမဥဩ (NP News) - ဇြန္ ၂၁
လက္ျပတ္သြားေသာ လူငယ္အမ်ိဳးသားတစ္ဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ျပန္ဆက္သည့္ ခြဲစိတ္ကုမႈ ျပဳလုပ္ခဲ့ရာ ေအာင္ျမင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားေသာအခ်က္အလက္မ်ား အရ သိရသည္။
လူနာ အမ်ိဳးသားမွာ ဘားအံၿမိဳ႕ေန အသက္(၂၇)ႏွစ္အ႐ြယ္ လူငယ္တစ္ဦးျဖစ္ၿပီး ေမ (၂၄) ရက္ နံနက္ ၁၁ နာရီ ခန႔္က ဓားျဖင့္ခုတ္ခံရျခင္းေၾကာင့္ ဘယ္ဘက္လက္ဖဝါး ျပတ္ေတာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါလူနာအား ျပည္သူ႔ေဆး႐ုံႀကီး-ဘားအံၿမိဳ႕၌ အေရးေပၚကုသမႈေပးကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ စနစ္တ က်လႊဲေျပာင္းေပးၿပီး အေရးေပၚလူနာဌာန၌ လိုအပ္ေသာ စမ္းသပ္စစ္ေဆးမႈမ်ားျပဳလုပ္၍ ျပတ္ေတာက္သြားေသာ လက္ဖဝါးအား ျပန္ဆက္သည့္ခြဲစိတ္ကုသမႈ (Replantation Surgery) ကို ယင္းေန႔ ည(၁၀)နာရီခြဲမွ စတင္၍ ေဆာင္႐ြက္ခဲ့ရာ ေမလ (၂၅) ရက္ နံနက္ (၅) နာရီခြဲတြင္ ေအာင္ျမင္စြာေဆာင္႐ြက္ ၿပီးစီးခဲ့ေၾကာင္းသိရသည္။
ထိုလူနာသည္ က်န္းမာေရးေကာင္းမြန္ၿပီး ခြဲစိတ္ကုသထားသည့္ လက္၏ေသြးလည္ပတ္မႈေကာင္းမြန္သျဖင့္ ဇြန္ ၁၁ ရက္တြင္ ေဆး႐ုံဆင္းခြင့္ရရွိၿပီး ဇြန္ ၁၆ ရက္ ရက္ခ်ိန္းျပန္လည္ျပသရာ၌လည္း လက္အေျခအေန ေကာင္းမြန္ လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါခြဲစိတ္ကုသမႈကို လက္ပိုင္းဆိုင္ရာခြဲစိတ္ကုသမႈပါရဂူဘြဲ႕ (ဒုတိယႏွစ္) သင္တန္းသား အထူးကုဆရာ ဝန္မ်ားျဖစ္ေသာ ေဒါက္တာရဲႏိုင္ဦး ႏွင့္ ေဒါက္တာေအာင္လႈိင္ဖုန္း၊ လက္ပိုင္းဆိုင္ရာ ခြဲစိတ္ကုသမႈ ပါရဂူဘြဲ႕ (တတိယႏွစ္) သင္တန္းသူ ေဒါက္တာခိုင္ေမဦး၊ လက္ေထာက္ ဆရာဝန္(အ႐ိုး) ေဒါက္တာရာဇာေအာင္ေစာဝင္း၊ ေဆးပညာ မဟာ သိပၸံ(ဒုတိယႏွစ္) ဘြဲ႕လြန္သင္တန္းသား ေဒါက္တာ စိုင္းသီဟတို႔ပါဝင္ေသာ လက္ပိုင္းဆိုင္ရာ ခြဲစိတ္မႈဆရာဝန္မ်ားအဖြဲ႕၊ လက္ေထာက္ဆရာဝန္ (ေမ့ေဆး) ေဒါက္တာေဒလီယာစိုးဝင္းႏွင့္ ေမ့ေဆးဆရာ ဝန္မ်ားအဖြဲ႕၊ သူနာျပဳဆရာမႀကီး ေဒၚမို႔မို႔ေအာင္ ဦးေဆာင္သည့္ သူနာျပဳမ်ားအဖြဲ႕ႏွင့္ဆက္စပ္ဌာနမ်ားျဖစ္သည့္ ဓာတ္ခြဲ၊ ဓာတ္မွန္ ကြၽမ္းက်င္ဝန္ထမ္းမ်ား ပူးေပါင္း၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ ၂၀၂၂ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္ ယခုအခ်ိန္အထိ လက္ဖ်ံျပန္ဆက္သည့္ ခြဲစိတ္ကုသမႈ ေဆာင္႐ြက္ေပးႏိုင္ခဲ့သူတစ္ဦး၊လက္ေမာင္းျပန္ဆက္သည့္ခြဲစိတ္ကုသမႈေဆာင္႐ြက္ေပးႏိုင္ခဲ့သူတစ္ဦး၊ လက္မ ျပန္ဆက္သည့္ ခြဲစိတ္ကုသမႈေဆာင္႐ြက္ေပးႏိုင္ခဲ့သူ တစ္ဦးႏွင့္လက္ဖဝါးျပန္ဆက္သည့္ ခြဲစိတ္ကုသမႈေဆာင္႐ြက္ ေပးႏိုင္ခဲ့သူတစ္ဦးတို႔ကို ေအာင္ျမင္စြာ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထိုလက္ျပတ္ေတာက္သြားသည့္ လူနာကဲ့သို႔ ျပတ္ေတာက္သြား ေသာလက္ကို ခြဲစိတ္ကုသမႈေဆာင္ ႐ြက္ရန္အတြက္ ျပည္သူ႔ေဆး႐ုံႀကီးမ်ားသို႔ လႊဲေျပာင္းေပးပို႔မည္ဆိုပါက ျပတ္ေတာက္သြားေသာလက္ကို ေရသန႔္ သို႔မဟုတ္ အေၾကာေဆးရည္ (Normal Saline or Ringer Lactate) ျဖင့္ေဆးၿပီး အေၾကာေဆးရည္ျဖင့္ စိုစြတ္ေအာင္စိမ္ထားေသာ ခြဲစိတ္ခန္းသုံး အဝတ္စ (Gauze)ျဖင့္ပတ္၍ အေၾကာေဆးရည္ထည့္ထားသည့္ သန႔္ရွင္းေသာ ပလတ္စတစ္အိတ္ သို႔မဟုတ္ ဘူးထဲသို႔ထည့္၍လည္းေကာင္း လုံၿခဳံစြာပိတ္ၿပီး ေရခဲထည့္ထားေသာ ေရခဲပုံးအတြင္းထည့္၍ အျမန္ဆုံးလႊဲေျပာင္းေပးပို႔ႏိုင္ေၾကာင္း သိရသည္။