ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှုပိုမိုရရှိအောင် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း

174

Pearl (NP News) - သြဂုတ် ၉
ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိရေး ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က တိုက်တွန်းပြောကြားထားသည်။
ယမန်နေ့ (သြဂုတ်လ ၈ ရက်)၊ နေ့လည်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် ၊ နေ့လယ်ပိုင်းတွင် ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသစရိတ်ကို ထောက်ပံ့ပေးနိုင်ရေးအတွက် ရန်ပုံငွေများ ခွဲဝေထားကာ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ဆေးရုံတက်ရောက်သည့်အခါ ကုန်ကျမှုမရှိစေရန် စီစဉ်ဆောင်ရွက်ထားပြီး ပြည်သူ့ဆေးရုံများတွင် ပြင်ပလူနာများအတွက်ပါ အခမဲ့ ဓာတ်ခွဲ၊ ဓာတ်မှန် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
နိုင်ငံတော်က တိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေး ရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ အထူးသဖြင့် တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ ဝယ်ယူ ပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူရရှိနိုင်ပြီး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့ပြင် ခေတ်မီစက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် လူနာများ၏ စိုက်ထုတ် ကုန်ကျငွေ လျော့နည်းပြီး ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိရန်၊ လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး(Public Relation) တို့ကိုလည်း ဆောင်ရွက်ရန် နှင့် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ပူးပေါင်းပါဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း ကုသရေးဆိုင်ရာ ထင်ရှားသောအောင်မြင်မှုများအနေဖြင့် ကျောက်ကပ် အစားထိုး ကုသမှုများကို လစဉ်ပုံမှန်ဆောင်ရွက်နိုင်ခဲ့ပြီး အထူးကုဆေးရုံကြီး(ခုတင် ၅၀၀) ရန်ကုန်၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတို့အပြင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌ပါ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကာ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အထူးကုဆေးရုံကြီး(ခုတင် ၅၀၀) ရန်ကုန်၌ (၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သွေးကင်ဆာရောဂါလူနာများအတွက် ခက်ခဲသော ကုသမှုဖြစ်သည့် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုများ၊ ပြတ်တောက်သွားသည့် လက်/လက်ချောင်းများအား ပြန်ဆက်ပေးရန်ခက်ခဲသည့် ခွဲစိတ်ကုသမှုများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဆောင်ရွက်နိုင်ခဲ့သည့် ဆေးပညာရှင်များကို နိုင်ငံတော်က ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်များ ချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။
(၄)နှစ်ခွဲကာလအတွင်း ဆေးရုံအဆောက်အဦသစ် (၂၁)ခုကို အသစ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များခန့်ထားနိုင်ခြင်း၊ သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွား နှင့် ခံတွင်းဆရာဝန်များ ထပ်မံခန့်နိုင်နိုင်ခဲ့ပြီး ပြည်တွင်း ဘွဲ့လွန်သင်ကြားရေး သာမက ပြည်ပ ပညာသင်စေလွှတ်ခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပည္သူ႔ေဆး႐ုံမ်ားကို ျပည္သူလူထု အားကိုးယုံၾကည္မႈပိုမိုရရွိေအာင္ ေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီး တိုက္တြန္း
Pearl (NP News) - ၾသဂုတ္ ၉
ျပည္သူ႔ေဆး႐ုံမ်ားကို ျပည္သူလူထု အားကိုးယုံၾကည္မႈ ပိုမိုရရွိေရး ေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္း က တိုက္တြန္းေျပာၾကားထားသည္။
ယမန္ေန႔ (ၾသဂုတ္လ ၈ ရက္)၊ ေန႔လည္ပိုင္းက က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္းသည္ ၂၀၂၅ ခုႏွစ္၊ ဩဂုတ္လ ၈ ရက္ ၊ ေန႔လယ္ပိုင္းတြင္ ခုတင္(၁၀၀)ႏွင့္အထက္ ျပည္သူ႔ ေဆး႐ုံႀကီးမ်ားမွ ေဆး႐ုံအုပ္ႀကီးမ်ား၊ အထူးကုဆရာဝန္ႀကီးမ်ားႏွင့္ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေတြ႕ဆုံပြဲ၌ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ျပည္တြင္းေဆးကုသစရိတ္ကို ေထာက္ပံ့ေပးႏိုင္ေရးအတြက္ ရန္ပုံေငြမ်ား ခြဲေဝထားကာ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းမ်ား ေဆး႐ုံတက္ေရာက္သည့္အခါ ကုန္က်မႈမရွိေစရန္ စီစဥ္ေဆာင္႐ြက္ထားၿပီး ျပည္သူ႔ေဆး႐ုံမ်ားတြင္ ျပင္ပလူနာမ်ားအတြက္ပါ အခမဲ့ ဓာတ္ခြဲ၊ ဓာတ္မွန္ စမ္းသပ္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ႏိုင္ေရး စီစဥ္ထားေၾကာင္း ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ေျပာသည္။
ႏိုင္ငံေတာ္က တိုးျမႇင့္ပံ့ပိုးေပးသည့္ က်န္းမာေရး ရန္ပုံေငြျဖင့္ လိုအပ္သည့္ ေဆးႏွင့္ေဆးပစၥည္း၊ အထူးသျဖင့္ တီဘီ၊ HIV ေရာဂါကုသေဆးမ်ားကို ႏိုင္ငံေတာ္မွ ႏွစ္စဥ္ခြင့္ျပဳရန္ပုံေငြျဖင့္ စိုက္ထုတ္အကုန္အက်ခံ ဝယ္ယူ ေပးလ်က္ရွိရာ လူနာမ်ားအေနျဖင့္ ေဆးျပတ္လပ္မႈမရွိေစဘဲ ကုသမႈခံယူရရွိႏိုင္ၿပီး တာဝန္ရွိသူအဆင့္ဆင့္က ႀကီးၾကပ္ေဆာင္႐ြက္ရန္ ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေခတ္မီစက္ကိရိယာပစၥည္းမ်ား ျဖည့္ဆည္းေပးႏိုင္ျခင္းေၾကာင့္ လူနာမ်ား၏ စိုက္ထုတ္ ကုန္က်ေငြ ေလ်ာ့နည္းၿပီး ျပည္သူ႔ေဆး႐ုံမ်ားကို ျပည္သူလူထု အားကိုးယုံၾကည္မႈ ပိုမိုရရွိရန္၊ လူနာမ်ား၊ လူနာမိသားစုမ်ားႏွင့္ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေစေရး(Public Relation) တို႔ကိုလည္း ေဆာင္႐ြက္ရန္ ႏွင့္ မၾကာမီက်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေစေရးအတြက္ က်ရာက႑မွ တာဝန္ ေက်ပြန္စြာ ပူးေပါင္းပါဝင္ရန္ တိုက္တြန္းေျပာၾကားခဲ့သည္။
၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္ အတြင္း ကုသေရးဆိုင္ရာ ထင္ရွားေသာေအာင္ျမင္မႈမ်ားအေနျဖင့္ ေက်ာက္ကပ္ အစားထိုး ကုသမႈမ်ားကို လစဥ္ပုံမွန္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး အထူးကုေဆး႐ုံႀကီး(ခုတင္ ၅၀၀) ရန္ကုန္၊ မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးတို႔အျပင္ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီး(ခုတင္-၁၀၀၀) ၌ပါ တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္ခဲ့ကာ အသည္းအစားထိုး ခြဲစိတ္ကုသမႈအျဖစ္ အထူးကုေဆး႐ုံႀကီး(ခုတင္ ၅၀၀) ရန္ကုန္၌ (၃)ႀကိမ္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေသြးကင္ဆာေရာဂါလူနာမ်ားအတြက္ ခက္ခဲေသာ ကုသမႈျဖစ္သည့္ ႐ိုးတြင္းျခင္ဆီ အစားထိုးကုသမႈမ်ား၊ ျပတ္ေတာက္သြားသည့္ လက္/လက္ေခ်ာင္းမ်ားအား ျပန္ဆက္ေပးရန္ခက္ခဲသည့္ ခြဲစိတ္ကုသမႈမ်ားကိုလည္း ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းေၾကာင့္ ေဆာင္႐ြက္ႏိုင္ခဲ့သည့္ ေဆးပညာရွင္မ်ားကို ႏိုင္ငံေတာ္က ဂုဏ္ထူးေဆာင္ ဘြဲ႕/တံဆိပ္မ်ား ခ်ီးျမႇင့္ေပးခဲ့ေၾကာင္းလည္း သိရသည္။
(၄)ႏွစ္ခြဲကာလအတြင္း ေဆး႐ုံအေဆာက္အဦသစ္ (၂၁)ခုကို အသစ္ဖြင့္လွစ္ေပးႏိုင္ခဲ့ၿပီး ျပည္သူ႔ေဆး႐ုံမ်ားတြင္ ခုတင္(၅၀)အဆင့္အထိ အထူးကုဆရာဝန္မ်ားခန႔္ထားႏိုင္ျခင္း၊ သစ္လြင္လက္ေထာက္ဆရာဝန္မ်ားႏွင့္ သစ္လြင္သြား ႏွင့္ ခံတြင္းဆရာဝန္မ်ား ထပ္မံခန႔္ႏိုင္ႏိုင္ခဲ့ၿပီး ျပည္တြင္း ဘြဲ႕လြန္သင္ၾကားေရး သာမက ျပည္ပ ပညာသင္ေစလႊတ္ျခင္းမ်ားကိုလည္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။