ဈေးကွက်အတွင်း ဆေးဝါးများစနစ်တကျတင်သွင်းပေးနေ

252

NP News ဩဂုတ် (၁၈)ရက်
ဆေးဝါးနှင့် ဆေးပစ္စည်းများ၏ သွင်းကုန်လိုင်စင်များကို သတ်မှတ်ပမာဏတစ်ခုဖြင့် လစဉ်ပုံမှန် စီစစ်ခွင့်ပြုချထားပေးနေကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။
အသင်းဝင်ကုမ္ပဏီတွေအနေဖြင့် သွင်းကုန်လိုင်စင်ရရှိသည်နှင့် တစ်ပြိုင်တည်း ဆေးဝါးနှင့် ဆေးပစ္စည်းများကို မှာယူတင်သွင်းခြင်း ပြုလုပ်နေကြကြောင်းသိရသည်။
ထို့ကြောင့် ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းများ ကာလကြာရှည်စွာ ပြတ်လပ်မှုမျိုးတွေ ဖြစ်ပေါ်ခြင်းမရှိဘဲ အနယ်နယ်အရပ်ရပ်သို့ ပုံမှန်ရောင်းဝယ်ဖြန့်ဖြူးနေခြင်းကြောင့် ဈေးကွက်အတွင်း တည်ငြိမ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသင်းဝင် ကုမ္ပဏီများမှ တင်ပြလာသော သွင်းကုန်လိုင်စင်များကို လစဉ်သတ်မှတ်ခွင့်ပြုပေးသည့်ပမာဏပေါ်မူတည်ကာ တင်သွင်းသူများ တန်းတူညီမျှသည့် ပမာဏရရှိရန်အတွက် အချိုးကျခွဲဝေမှုဖြင့် စီစစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနသို့ ပြန်လည်စုစည်း ပေးပို့တင်ပြရကြောင်းသိရသည်။
ဈေးကွက်အတွင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပုံမှန်ဝယ်ယူရရှိနိုင်စေရန် တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသော အရောင်းဆိုင်တများအား လိုအပ်သလို ပုံမှန်တွေ့ဆုံခြင်း၊ တိုက်တွန်းနှိုးဆော်စာများအပတ်စဉ်ပေးပို့ခြင်းတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသနေသည့် ရောဂါဝေဒနာရှင်များအတွက် သုံးစွဲရန် လိုအပ်သည့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန် ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စသည့် ရောဂါများအတွက် လိုအပ်သော ကုသမှုဆိုင်ရာ ဆေးဝါးများ၊ ကျောက်ကပ်ဆေးရန် လိုအပ်သော ဆေးဝါး၊ ဆေးပစ္စည်းများ အစရှိသည့် အရေးကြီးဆေးဝါးနှင့် ဆေးပစ္စည်းများကို ပုံမှန်တင်သွင်း ဆောင်ရွက်နိုင်ရန် လိုအပ်ချက်အရ သက်ဆိုင်ရာဌာနများထံ ထောက်ခံတင်ပြပေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ေဈးကြက္အတြင္း ေဆးဝါးမ်ားစနစ္တက်တင္သြင္းေပးေန
NP News ဩဂုတ္ (၁၈)ရက္
ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား၏ သြင္းကုန္လိုင္စင္မ်ားကို သတ္မွတ္ပမာဏတစ္ခုျဖင့္ လစဥ္ပုံမွန္ စီစစ္ခြင့္ျပဳခ်ထားေပးေနေၾကာင္း ျမန္မာႏိုင္ငံ ေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းက ထုတ္ျပန္ပါတယ္။
အသင္းဝင္ကုမၸဏီေတြအေနျဖင့္ သြင္းကုန္လိုင္စင္ရရွိသည္ႏွင့္ တစ္ၿပိဳင္တည္း ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ားကို မွာယူတင္သြင္းျခင္း ျပဳလုပ္ေနၾကေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ေဈးကြက္အတြင္း၌ ကုန္ပစၥည္းမ်ား ကာလၾကာရွည္စြာ ျပတ္လပ္မႈမ်ိဳးေတြ ျဖစ္ေပၚျခင္းမရွိဘဲ အနယ္နယ္အရပ္ရပ္သို႔ ပုံမွန္ေရာင္းဝယ္ျဖန႔္ျဖဴးေနျခင္းေၾကာင့္ ေဈးကြက္အတြင္း တည္ၿငိမ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အသင္းဝင္ ကုမၸဏီမ်ားမွ တင္ျပလာေသာ သြင္းကုန္လိုင္စင္မ်ားကို လစဥ္သတ္မွတ္ခြင့္ျပဳေပးသည့္ပမာဏေပၚမူတည္ကာ တင္သြင္းသူမ်ား တန္းတူညီမွ်သည့္ ပမာဏရရွိရန္အတြက္ အခ်ိဳးက်ခြဲေဝမႈျဖင့္ စီစစ္ၿပီး ကုန္သြယ္ေရးဦးစီးဌာနသို႔ ျပန္လည္စုစည္း ေပးပို႔တင္ျပရေၾကာင္းသိရသည္။
ေဈးကြက္အတြင္း၌ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား ပုံမွန္ဝယ္ယူရရွိႏိုင္ေစရန္ တင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီမ်ား၊ လက္လီ/လက္ကား ျဖန႔္ျဖဴးေရာင္းခ်ေနေသာ အေရာင္းဆိုင္တမ်ားအား လိုအပ္သလို ပုံမွန္ေတြ႕ဆုံျခင္း၊ တိုက္တြန္းႏႈိးေဆာ္စာမ်ားအပတ္စဥ္ေပးပို႔ျခင္းတို႔ျဖင့္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ကုသေနသည့္ ေရာဂါေဝဒနာရွင္မ်ားအတြက္ သုံးစြဲရန္ လိုအပ္သည့္ ေဆးဝါးမ်ား ျပတ္လပ္မႈမရွိေစရန္ ၊ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ ကင္ဆာ စသည့္ ေရာဂါမ်ားအတြက္ လိုအပ္ေသာ ကုသမႈဆိုင္ရာ ေဆးဝါးမ်ား၊ ေက်ာက္ကပ္ေဆးရန္ လိုအပ္ေသာ ေဆးဝါး၊ ေဆးပစၥည္းမ်ား အစရွိသည့္ အေရးႀကီးေဆးဝါးႏွင့္ ေဆးပစၥည္းမ်ားကို ပုံမွန္တင္သြင္း ေဆာင္႐ြက္ႏိုင္ရန္ လိုအပ္ခ်က္အရ သက္ဆိုင္ရာဌာနမ်ားထံ ေထာက္ခံတင္ျပေပးျခင္း၊ ဆက္သြယ္ေဆာင္႐ြက္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။