MMQR ကို အသုံးပြု၍ ဘဏ်၊မိုဘိုင်းငွေရေးကြေးရေးအဖွဲ့ကြားချိတ်ဆက်ပေးနိုင်မည့် လက်လီငွေပေးချေမှုကွန်ရက်ကို မကြာမီအကောင်အထည်ဖော်မည်

 1546

ဖူးပြည့် (NP News) - မတ် ၅
MMQR (မြန်မာ QR)ကို အသုံးပြု၍ ဘဏ်များ၊ မိုဘိုင်း ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မည့် အချိန်နှင့်တပြေးညီလက်လီငွေပေးချေမှုကွန်ရက် (Real Time Retail Payment Network)ကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေက ပြောသည်။

လက်ရှိအချိန်တွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမီသည့် နေရာ၊ ကဏ္ဍများအထိ ရယူအသုံးပြုနိုင်ရန်နှင့် ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်အတွက် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း (Merchant Acquiring) လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီ (၄) ခုအား ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း သိရသည်။

ခွင့်ပြုထားသည့် ကုမ္ပဏီ ၄ ခုတွင် Nature Link Travel and Tours Co.,Ltd (Brand Name-Trusty) ၊ Internet Wallet Myanmar Co.,Ltd (Brand Name-OK$) ၊ Zego Pay Co.,Ltd (Brand Name-Zego) နှင့် Unipay Co.,Ltd (Brand Name - Unipay) တို့ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက “နိုင်ငံ တော်မှဖော်ဆောင်လျက်ရှိတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူး ပြောင်းရေးအတွက် အထောက်အကူဖြစ်စေဖို့ အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။

တစ်ဖက်တွင်လည်း Payment Instrument များ၊ Payment Channel များ ပိုမိုတိုးတက်များပြားလာစေရန် ဖော်ဆောင်လျက်ရှိပြီး ဘဏ်များအား မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းပေးလုပ်ငန်းတို့ကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်းသိရသည်။ ရောင်းချသူကိုယ် စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ငွေပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် MMQR Standard နှင့်အညီ QR ဖြင့် ငွေပေးချေနိုင်ရန် ဆောင် ရွက်ထားကြောင်းသိရသည်။

zawgyi version
MMQR ကို အသုံးျပဳ၍ ဘဏ္၊မိုဘိုင္းေငြေရးေၾကးေရးအဖြဲ႕ၾကားခ်ိတ္ဆက္ေပးႏိုင္မည့္ လက္လီေငြေပးေခ်မႈကြန္ရက္ကို မၾကာမီအေကာင္အထည္ေဖာ္မည္
ဖူးျပည့္ (NP News) - မတ္ ၅

MMQR (ျမန္မာ QR)ကို အသုံးျပဳ၍ ဘဏ္မ်ား၊ မိုဘိုင္း ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားအၾကား အျပန္အလွန္ခ်ိတ္ဆက္ေပးေခ်ႏိုင္မည့္ အခ်ိန္ႏွင့္တေျပးညီလက္လီေငြေပးေခ်မႈကြန္ရက္ (Real Time Retail Payment Network)ကို မၾကာမီ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ဒုတိယဥကၠ႒ ေဒၚ သန္းသန္းေဆြက ေျပာသည္။

လက္ရွိအခ်ိန္တြင္ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈကို ဘဏ္ဝန္ေဆာင္မႈႏွင့္ လက္လွမ္းမမီသည့္ ေနရာ၊ က႑မ်ားအထိ ရယူအသုံးျပဳႏိုင္ရန္ႏွင့္ ဘဏ္မ်ားႏွင့္ပူးေပါင္း၍ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားအထိ ဘဏ္မ်ား ၏ Network ကို ျဖန႔္က်က္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေရာင္းခ်သူကိုယ္စားေငြေကာက္ခံရွင္းလင္းသည့္ ဝန္ေဆာင္မႈလုပ္ငန္း (Merchant Acquiring) လုပ္ငန္းေဆာင္႐ြက္မည့္ ကုမၸဏီ (၄) ခုအား ခြင့္ျပဳေပးထားၿပီးျဖစ္ ေၾကာင္း သိရသည္။

ခြင့္ျပဳထားသည့္ ကုမၸဏီ ၄ ခုတြင္ Nature Link Travel and Tours Co.,Ltd (Brand Name-Trusty) ၊ Internet Wallet Myanmar Co.,Ltd (Brand Name-OK$) ၊ Zego Pay Co.,Ltd (Brand Name-Zego) ႏွင့္ Unipay Co.,Ltd (Brand Name - Unipay) တို႔ပါဝင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြက “ႏိုင္ငံ ေတာ္မွေဖာ္ေဆာင္လ်က္ရွိတဲ့ ဒစ္ဂ်စ္တယ္စီးပြားေရးသို႔ အသြင္ကူး ေျပာင္းေရးအတြက္ အေထာက္အကူျဖစ္ေစဖို႔ အစဥ္တစိုက္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု ေျပာသည္။

တစ္ဖက္တြင္လည္း Payment Instrument မ်ား၊ Payment Channel မ်ား ပိုမိုတိုးတက္မ်ားျပားလာေစရန္ ေဖာ္ေဆာင္လ်က္ရွိၿပီး ဘဏ္မ်ားအား မိုဘိုင္းဘဏ္လုပ္ငန္း၊ အင္တာနက္ဘဏ္လုပ္ငန္းႏွင့္ မိုဘိုင္းေပးလုပ္ငန္းတို႔ကို ေဆာင္႐ြက္ခြင့္ျပဳခဲ့ေၾကာင္းသိရသည္။ ေရာင္းခ်သူကိုယ္ စားေငြေကာက္ခံရွင္းလင္းသည့္ ဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္သူမ်ားအေနျဖင့္ ေငြေပးေခ်မႈကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ခ်မွတ္ထားသည့္ MMQR Standard ႏွင့္အညီ QR ျဖင့္ ေငြေပးေခ်ႏိုင္ရန္ ေဆာင္ ႐ြက္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.