ကမ္ဘာပေါ်ရှိ လေယာဉ်မပျံသန်းရဇုန်များ

1095

ဝတီ (NP News) - မတ် ၅
ကမ္ဘာပေါ်မှာ လေယာဉ်ဖြတ်ပျံသန်းခွင့်မရတဲ့နေရာတွေရှိပြီး အဲဒီနေရာတွေကို No-fly zone လို့ခေါ်ပါတယ်။ No-fly zone အဖြစ် သတ်မှတ်ထားရတဲ့ အ ကြောင်းရင်းတွေ အမျိုးမျိုးရှိပါတယ်။ စစ်ပွဲထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကာကွယ်ဖို့ မပျံသန်းရဇုန်သတ်မှတ်တာရှိသလို နိုင်ငံထဲက အင်မတန်ကိုမှ အရေးကြီးတဲ့နေရာကို လုံခြုံရေးပေးဖို့အတွက် ဒီလိုသတ်မှတ်လိုက်တာမျိုးလည်းရှိပါတယ်။ အင်မတန် အရေးကြီးတဲ့ ပွဲတွေကျင်းပနေတုန်းမှာ အဲဒီနေရာကို ခဏတာအဖြစ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်လိုက်တာမျိုးလည်းရှိပါသေးတယ်။ တချို့နေရာတွေကျတော့လည်း လေယာဉ်ပျံသန်းဖို့ အန္တရာယ်များလွန်းတဲ့အတွက် သူ့အလိုလို လေယာဉ်မပျံသန်းရဇုန် ဖြစ်သွားတော့တာပါ။ ပါရှန်းပင်လယ်ကွေ့စစ်ပွဲအပြီးမှာ လေယာဉ်မပျံသန်းရဇုန်တွေ စပြီးခေတ်စားလာတာပါ။ အထူးသဖြင့် အကြမ်းဖက်သမားတွေက အမေရိကန်ပိုင်နက်ထဲ လေယာဉ်နဲ့ဝင်လာပြီး အကြမ်း ဖက်တိုက်ခိုက်မှုကြီး လုပ်လိုက်ပြီးနောက်မှာတော့ ကမ္ဘာအရပ်ရပ်က အစိုးရတွေက အင်မတန် အရေး ကြီးတဲ့နေရာတွေကို လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်လိုက်ကြပါတော့တယ်။ မပျံသန်းရဇုန်မှာ လာပြီး ပျံသန်းတဲ့လေယာဉ်တွေကို ထိထိရောက်ရောက် အရေးယူတဲ့နည်းလမ်းတွေ အများကြီးရှိပြီး အဲဒီနည်းလမ်းတွေထဲမှာ ဒီလိုစည်းကမ်းချိုးဖောက်တဲ့ လေယာဉ်တွေကို ပစ်ချလိုက်တာမျိုးလည်း ပါဝင်ပါတယ်။ ကဲ.. ကမ္ဘာပေါ်က လေယာဉ်မပျံသန်းရနေရာတွေက ဘယ်နေရာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ကမာၻေပၚရွိ ေလယာဥ္မပ်ံသန္းရဇုန္မ်ား
ဝတီ (NP News) - မတ္ ၅
ကမာၻေပၚမွာ ေလယာဥ္ျဖတ္ပ်ံသန္းခြင့္မရတဲ့ေနရာေတြရွိၿပီး အဲဒီေနရာေတြကို No-fly zone လို႔ေခၚပါတယ္။ No-fly zone အျဖစ္ သတ္မွတ္ထားရတဲ့ အ ေၾကာင္းရင္းေတြ အမ်ိဳးမ်ိဳးရွိပါတယ္။ စစ္ပြဲထဲမွာ ပိတ္မိေနတဲ့ အရပ္သားေတြကို ကာကြယ္ဖို႔ မပ်ံသန္းရဇုန္သတ္မွတ္တာရွိသလို ႏိုင္ငံထဲက အင္မတန္ကိုမွ အေရးႀကီးတဲ့ေနရာကို လုံၿခဳံေရးေပးဖို႔အတြက္ ဒီလိုသတ္မွတ္လိုက္တာမ်ိဳးလည္းရွိပါတယ္။ အင္မတန္ အေရးႀကီးတဲ့ ပြဲေတြက်င္းပေနတုန္းမွာ အဲဒီေနရာကို ခဏတာအျဖစ္ ေလယာဥ္မပ်ံသန္းရဇုန္သတ္မွတ္လိုက္တာမ်ိဳးလည္းရွိပါေသးတယ္။ တခ်ိဳ႕ေနရာေတြက်ေတာ့လည္း ေလယာဥ္ပ်ံသန္းဖို႔ အႏၲရာယ္မ်ားလြန္းတဲ့အတြက္ သူ႔အလိုလို ေလယာဥ္မပ်ံသန္းရဇုန္ ျဖစ္သြားေတာ့တာပါ။ ပါရွန္းပင္လယ္ေကြ႕စစ္ပြဲအၿပီးမွာ ေလယာဥ္မပ်ံသန္းရဇုန္ေတြ စၿပီးေခတ္စားလာတာပါ။ အထူးသျဖင့္ အၾကမ္းဖက္သမားေတြက အေမရိကန္ပိုင္နက္ထဲ ေလယာဥ္နဲ႔ဝင္လာၿပီး အၾကမ္း ဖက္တိုက္ခိုက္မႈႀကီး လုပ္လိုက္ၿပီးေနာက္မွာေတာ့ ကမာၻအရပ္ရပ္က အစိုးရေတြက အင္မတန္ အေရး ႀကီးတဲ့ေနရာေတြကို ေလယာဥ္မပ်ံသန္းရဇုန္အျဖစ္ သတ္မွတ္လိုက္ၾကပါေတာ့တယ္။ မပ်ံသန္းရဇုန္မွာ လာၿပီး ပ်ံသန္းတဲ့ေလယာဥ္ေတြကို ထိထိေရာက္ေရာက္ အေရးယူတဲ့နည္းလမ္းေတြ အမ်ားႀကီးရွိၿပီး အဲဒီနည္းလမ္းေတြထဲမွာ ဒီလိုစည္းကမ္းခ်ိဳးေဖာက္တဲ့ ေလယာဥ္ေတြကို ပစ္ခ်လိုက္တာမ်ိဳးလည္း ပါဝင္ပါတယ္။ ကဲ.. ကမာၻေပၚက ေလယာဥ္မပ်ံသန္းရေနရာေတြက ဘယ္ေနရာေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ဒစ္စနေးဥယျာဉ်ကြီးတွေ
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဝေါ့ဒ်ဒစ္စနေးဥယျာဉ်ကြီးနဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ဒစ္စနေးလန်း ဥယျာဉ်ကြီးဟာ မပျံသန်းရဇုန်တွေထဲမှာ ပါပါတယ်။ အဲဒီဥယျာဉ်ကြီးနှစ်ခု ပတ်ပတ် လည် သုံးမိုင်လောက်အထိကို လေယာဉ်တွေ မပျံသန်းရတာဖြစ်ပါတယ်။ အဲဒီသတ်မှတ်နေရာတွေရဲ့ အပေါ်ဘက် ပေ ၃ဝဝဝ အမြင့်အထိလောက်ကို လေယာဉ်တွေ ပျံသန်းခွင့်မရတာဖြစ်ပေမယ့် အဲဒီထက်မြင့်တဲ့နေရာကနေတော့ ပျံသန်းလို့ရပါတယ်။ ဒစ္စနေးဥယျာဉ်ကြီးနှစ်ခုရဲ့လေယာဉ်မပျံသန်းရ တောင်းဆိုချက်ကို အစိုးရက ခွင့်ပြုလိုက်တဲ့အတွက် ဒီဆုံးဖြတ်ချက်ဟာ အင်မတန်ကို ဝေဖန်ခံခဲ့ရပါတယ်။ အကြမ်းဖက်သမားတွေက ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှာအမေရိကန်ကို လေယာဉ်နဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး နောက်မှာမှ ဒစ္စနေးက ဒီခွင့်ပြုချက်ကို ရသွားတာဖြစ်ပါတယ်။ သူတို့ဥယျာဉ်ကြီးတွေဟာ အမြဲလိုလို ကြက်ပျံမကျ စည်ကားနေတာဖြစ်တဲ့အတွက် ဧည့်သည်တွေရဲ့အသက်ကို ကာကွယ်ပေးနိုင်ဖို့ မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဒစ္စနေးဘက်က ဆိုပါတယ်။ ဒါပေမဲ့ ဒစ္စနေးဟာ အဲဒီဒေသမှာ ပြိုင် ဘက်တွေက လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဥ ယျာဉ်ကစားကွင်းကြော်ငြာတာမျိုး မလုပ်နိုင်အောင် အခုလို တောင်းဆိုခဲ့တာဖြစ်မယ်လို့ တချို့ကစွပ်စွဲကြပါတယ်။ ဒစ္စနေးဥယျာဉ်ကြီးတွေနီးပါး ဝက်ဝက်ကွဲနာ မည်ကြီးတဲ့ တခြားဥယျာဉ် ကြီးတွေကတော့လေယာဉ် မပျံသန်းရဇုန်အဖြစ် သတ်မှတ်မခံထားရဘူးလေ။
zawgyi version
ဒစၥေနးဥယ်ာဥ္ႀကီးေတြ
အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ ေဝါ့ဒ္ဒစၥေနးဥယ်ာဥ္ႀကီးနဲ႔ ကယ္လီဖိုးနီးယားျပည္နယ္မွာရွိတဲ့ ဒစၥေနးလန္း ဥယ်ာဥ္ႀကီးဟာ မပ်ံသန္းရဇုန္ေတြထဲမွာ ပါပါတယ္။ အဲဒီဥယ်ာဥ္ႀကီးႏွစ္ခု ပတ္ပတ္ လည္ သုံးမိုင္ေလာက္အထိကို ေလယာဥ္ေတြ မပ်ံသန္းရတာျဖစ္ပါတယ္။ အဲဒီသတ္မွတ္ေနရာေတြရဲ႕ အေပၚဘက္ ေပ ၃ဝဝဝ အျမင့္အထိေလာက္ကို ေလယာဥ္ေတြ ပ်ံသန္းခြင့္မရတာျဖစ္ေပမယ့္ အဲဒီထက္ျမင့္တဲ့ေနရာကေနေတာ့ ပ်ံသန္းလို႔ရပါတယ္။ ဒစၥေနးဥယ်ာဥ္ႀကီးႏွစ္ခုရဲ႕ေလယာဥ္မပ်ံသန္းရ ေတာင္းဆိုခ်က္ကို အစိုးရက ခြင့္ျပဳလိုက္တဲ့အတြက္ ဒီဆုံးျဖတ္ခ်က္ဟာ အင္မတန္ကို ေဝဖန္ခံခဲ့ရပါတယ္။ အၾကမ္းဖက္သမားေတြက ၂ဝဝ၁ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္မွာအေမရိကန္ကို ေလယာဥ္နဲ႔အၾကမ္းဖက္တိုက္ခိုက္ခဲ့ၿပီး ေနာက္မွာမွ ဒစၥေနးက ဒီခြင့္ျပဳခ်က္ကို ရသြားတာျဖစ္ပါတယ္။ သူတို႔ဥယ်ာဥ္ႀကီးေတြဟာ အၿမဲလိုလို ၾကက္ပ်ံမက် စည္ကားေနတာျဖစ္တဲ့အတြက္ ဧည့္သည္ေတြရဲ႕အသက္ကို ကာကြယ္ေပးႏိုင္ဖို႔ မပ်ံသန္းရဇုန္အျဖစ္ သတ္မွတ္ေပးဖို႔ ေတာင္းဆိုခဲ့တာလို႔ ဒစၥေနးဘက္က ဆိုပါတယ္။ ဒါေပမဲ့ ဒစၥေနးဟာ အဲဒီေဒသမွာ ၿပိဳင္ ဘက္ေတြက ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ဥ ယ်ာဥ္ကစားကြင္းေၾကာ္ျငာတာမ်ိဳး မလုပ္ႏိုင္ေအာင္ အခုလို ေတာင္းဆိုခဲ့တာျဖစ္မယ္လို႔ တခ်ိဳ႕ကစြပ္စြဲၾကပါတယ္။ ဒစၥေနးဥယ်ာဥ္ႀကီးေတြနီးပါး ဝက္ဝက္ကြဲနာ မည္ႀကီးတဲ့ တျခားဥယ်ာဥ္ ႀကီးေတြကေတာ့ေလယာဥ္ မပ်ံသန္းရဇုန္အျဖစ္ သတ္မွတ္မခံထားရဘူးေလ။
တိဘက်
အာရှမှာရှိတဲ့ တိဘက်ဒေသဟာ အင်မတန်ကို မြင့်မားတဲ့နေရာပါ။ အဲဒီဒေသတဲ့ ပျမ်းမျှအမြင့်ဟာ ပေပေါင်း ၁၆ဝဝဝ လောက်ရှိပါတယ်။ တိဘက်နယ်စပ်တစ် လျှောက်ဟာ တောင်ကြီးတွေဟာ မြင့်မားလွန်းတဲ့အ တွက် အဲဒီနေရာဟာ အလိုလိုနေရင်းကို လေယာဉ်မပျံ သန်းရဇုန်ဖြစ်သွားတော့တာပါပဲ။ တကယ့်အဆင့်မြင့်လေယာဉ်ကြီးတွေက အဲဒီအမြင့်ကိုကျော်အောင် ပျံ သန်းနိုင်စွမ်းရှိပေမယ့် လေကြောင်းလိုင်းတွေက ခရီး သည်တွေ ဘေးကင်းလုံခြုံမှုကို ဦးစားပေးတဲ့အနေနဲ့ အဲဒီအမြင့်ကို ရှောင်ကြတာများပါတယ်။
zawgyi version
တိဘက္
အာရွမွာရွိတဲ့ တိဘက္ေဒသဟာ အင္မတန္ကို ျမင့္မားတဲ့ေနရာပါ။ အဲဒီေဒသတဲ့ ပ်မ္းမွ်အျမင့္ဟာ ေပေပါင္း ၁၆ဝဝဝ ေလာက္ရွိပါတယ္။ တိဘက္နယ္စပ္တစ္ ေလွ်ာက္ဟာ ေတာင္ႀကီးေတြဟာ ျမင့္မားလြန္းတဲ့အ တြက္ အဲဒီေနရာဟာ အလိုလိုေနရင္းကို ေလယာဥ္မပ်ံ သန္းရဇုန္ျဖစ္သြားေတာ့တာပါပဲ။ တကယ့္အဆင့္ျမင့္ေလယာဥ္ႀကီးေတြက အဲဒီအျမင့္ကိုေက်ာ္ေအာင္ ပ်ံ သန္းႏိုင္စြမ္းရွိေပမယ့္ ေလေၾကာင္းလိုင္းေတြက ခရီး သည္ေတြ ေဘးကင္းလုံၿခဳံမႈကို ဦးစားေပးတဲ့အေနနဲ႔ အဲဒီအျမင့္ကို ေရွာင္ၾကတာမ်ားပါတယ္။

ဘာကင်ဟမ်နန်းတော်
ယူကေမှာတော့ ဘာကင်ဟမ်နန်းတော်က အင်မတန် အရေးကြီးတဲ့ နေရာစာရင်းထဲ ပါပါတယ်။ အင်မတန် အရေးကြီးဆို အဲဒီမှာ ဘုရင်မကြီးစံမြန်းတာလေ။ ဒါကြောင့် ဘုရင်မကြီးရဲ့ဘေးကင်းလုံခြုံရေးအတွက်ဆိုပြီး အဲဒီနေရာကို လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ် မှတ်ထားတာပါ။ ဒါ့အပြင် ဝင်ဆာရဲတိုက်ကြီး (Windsor Castle)မှာလည်း ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုဝင်တွေ နေထိုင်လေ့ရှိတဲ့အတွက် အဲဒီနေရာဟာလည်း မပျံသန်းရဇုန်ထဲ ပါပါတယ်။ ဒါတင်မက ယူကေဝန်ကြီးချုပ် နေထိုင်တဲ့နေရာနဲ့ ပါလီမန်ဟာလည်း မပျံသန်းရဇုန်တွေထဲမှာ ပါပါသေးတယ်။ တိုင်းပြည် ထိပ်တန်း အရာရှိကြီးတွေကို ကာကွယ်ဖို့အတွက် အဲဒီလိုသတ်မှတ်ထားတာဖြစ်ပါတယ်။
zawgyi version
ဘာကင္ဟမ္နန္းေတာ္
ယူေကမွာေတာ့ ဘာကင္ဟမ္နန္းေတာ္က အင္မတန္ အေရးႀကီးတဲ့ ေနရာစာရင္းထဲ ပါပါတယ္။ အင္မတန္ အေရးႀကီးဆို အဲဒီမွာ ဘုရင္မႀကီးစံျမန္းတာေလ။ ဒါေၾကာင့္ ဘုရင္မႀကီးရဲ႕ေဘးကင္းလုံၿခဳံေရးအတြက္ဆိုၿပီး အဲဒီေနရာကို ေလယာဥ္မပ်ံသန္းရဇုန္အျဖစ္ သတ္ မွတ္ထားတာပါ။ ဒါ့အျပင္ ဝင္ဆာရဲတိုက္ႀကီး (Windsor Castle)မွာလည္း ဘုရင္မႀကီးနဲ႔ ေတာ္ဝင္မိသားစုဝင္ေတြ ေနထိုင္ေလ့ရွိတဲ့အတြက္ အဲဒီေနရာဟာလည္း မပ်ံသန္းရဇုန္ထဲ ပါပါတယ္။ ဒါတင္မက ယူေကဝန္ႀကီးခ်ဳပ္ ေနထိုင္တဲ့ေနရာနဲ႔ ပါလီမန္ဟာလည္း မပ်ံသန္းရဇုန္ေတြထဲမွာ ပါပါေသးတယ္။ တိုင္းျပည္ ထိပ္တန္း အရာရွိႀကီးေတြကို ကာကြယ္ဖို႔အတြက္ အဲဒီလိုသတ္မွတ္ထားတာျဖစ္ပါတယ္။

မက်ချူပီချူ Machu Picchu
နောက်ထပ် လေယာဉ်မပျံသန်းရဇုန်ကတော့ ကမ္ဘာကျော် မက်ချူပီချူ ပါပဲ။ ပီရူးအစိုးရက အဲဒီနေရာကို လေယာဉ်မပျံသန်းရဇုန်အဖြစ် ၂ဝဝ၆ ခုနှစ်မှာ စတင်သတ်မှတ်လိုက်တာပါ။ ကမ္ဘာပေါ်မှာ လူသိအများဆုံး သမိုင်းဝင်နေရာတွေထဲမှာ ဒီနေရာလည်း ပါတာပေါ့။ အဲဒီနေရာဟာ ဧကရာဇ် ပီချာကူတီ ပိုင်တဲ့နေရာလို့ သမိုင်းပညာရှင်တွေက ယူဆကြပါတယ်။ ဒီနေရာဟာ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လည်း ဖြစ်ပါသေးတယ်။ ဒီနေရာကို ကမ္ဘာလှည့်ခရီးသွားတွေ အ များကြီးလာလို့ ဝင်ငွေတွေ အများကြီးရတဲ့အတွက် ပီရူးအစိုးရက ဒီနေရာကို အင်မတန် အလေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီနေရာမှာ ကျက်စားတဲ့ ရှားပါးတောရိုင်းတိရစ္ဆာန် လေးတွေကို ကာကွယ်ဖို့အတွက်ဆိုပြီး လေယာဉ်မပျံသန်းရဇုန်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
zawgyi version
မက္ခ်ဴပီခ်ဴ Machu Picchu
ေနာက္ထပ္ ေလယာဥ္မပ်ံသန္းရဇုန္ကေတာ့ ကမာၻေက်ာ္ မက္ခ်ဴပီခ်ဴ ပါပဲ။ ပီ႐ူးအစိုးရက အဲဒီေနရာကို ေလယာဥ္မပ်ံသန္းရဇုန္အျဖစ္ ၂ဝဝ၆ ခုႏွစ္မွာ စတင္သတ္မွတ္လိုက္တာပါ။ ကမာၻေပၚမွာ လူသိအမ်ားဆုံး သမိုင္းဝင္ေနရာေတြထဲမွာ ဒီေနရာလည္း ပါတာေပါ့။ အဲဒီေနရာဟာ ဧကရာဇ္ ပီခ်ာကူတီ ပိုင္တဲ့ေနရာလို႔ သမိုင္းပညာရွင္ေတြက ယူဆၾကပါတယ္။ ဒီေနရာဟာ ယူနက္စ္ကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္လည္း ျဖစ္ပါေသးတယ္။ ဒီေနရာကို ကမာၻလွည့္ခရီးသြားေတြ အ မ်ားႀကီးလာလို႔ ဝင္ေငြေတြ အမ်ားႀကီးရတဲ့အတြက္ ပီ႐ူးအစိုးရက ဒီေနရာကို အင္မတန္ အေလးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဲဒီေနရာမွာ က်က္စားတဲ့ ရွားပါးေတာ႐ိုင္းတိရစာၦန္ ေလးေတြကို ကာကြယ္ဖို႔အတြက္ဆိုၿပီး ေလယာဥ္မပ်ံသန္းရဇုန္လို႔ သတ္မွတ္လိုက္တာျဖစ္ပါတယ္။

တာ့ဂျ်မဟာ
အပြောင်မြောက်ဆုံး အိန္ဒိယဗိသုကာလက်ရာတွေထဲမှာပါတဲ့ တာ့ဂျ်မဟာကိုတော့ လူတိုင်းကြားဖူးကြမှာပါ။ ဒီအဆောက်အအုံ ကြီးကို ၁၆၃၂ ခုနှစ်ကနေ ၁၆၅၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့တာပါ။ ဒီနေရာဟာလည်း ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၁၉၈၃ ခုနှစ်မှာ သတ်မှတ်ခံခဲ့ရပါတယ်။ အိန္ဒိယအစိုးရက ဒီနေရာကို လေယာဉ်မပျံသန်းရဇုန်အဖြစ် ၂ဝဝ၆ ခုနှစ်မှာ စတင်သတ်မှတ်လိုက်ပါတယ်။ အစားပြန်ထိုးလို့ မရနိုင်တဲ့ သမိုင်းအမွေအနှစ်အဆောက်အ အုံကို ကာကွယ်နိုင်ဖို့နဲ့ ဒီနေရာကိုလာလည်တဲ့ ခရီး သွားဧည့်သည်တွေကို ကာကွယ်နိုင်ဖို့အတွက်ဆိုပြီး အိန္ဒိယအစိုးရက အဲဒီလို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
zawgyi version
တာ့ဂ်္မဟာ
အေျပာင္ေျမာက္ဆုံး အိႏၵိယဗိသုကာလက္ရာေတြထဲမွာပါတဲ့ တာ့ဂ်္မဟာကိုေတာ့ လူတိုင္းၾကားဖူးၾကမွာပါ။ ဒီအေဆာက္အအုံ ႀကီးကို ၁၆၃၂ ခုႏွစ္ကေန ၁၆၅၃ ခုႏွစ္အတြင္း တည္ေဆာက္ခဲ့တာပါ။ ဒီေနရာဟာလည္း ယူနက္စ္ကို ကမာၻ႔အေမြအႏွစ္ စာရင္းဝင္အျဖစ္ ၁၉၈၃ ခုႏွစ္မွာ သတ္မွတ္ခံခဲ့ရပါတယ္။ အိႏၵိယအစိုးရက ဒီေနရာကို ေလယာဥ္မပ်ံသန္းရဇုန္အျဖစ္ ၂ဝဝ၆ ခုႏွစ္မွာ စတင္သတ္မွတ္လိုက္ပါတယ္။ အစားျပန္ထိုးလို႔ မရႏိုင္တဲ့ သမိုင္းအေမြအႏွစ္အေဆာက္အ အုံကို ကာကြယ္ႏိုင္ဖို႔နဲ႔ ဒီေနရာကိုလာလည္တဲ့ ခရီး သြားဧည့္သည္ေတြကို ကာကြယ္ႏိုင္ဖို႔အတြက္ဆိုၿပီး အိႏၵိယအစိုးရက အဲဒီလို သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။