အဆိုတော်ဆောင်းဦးလှိုင်က ၎င်းအား နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာသည့်အပေါ် ပြန်လည်တုံ့ပြန်

7463

NP News - မတ် ၈
အဆိုတော်ဆောင်းဦးလှိုင်သည် ၎င်းအား နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်းကြေညာသည့်အပေါ် ၎င်းအနေဖြင့် ထွက်ပြေး၊ ခိုလှုံ၊ ဒုက္ခသည် မဟုတ်ဘဲ အမေရိကန်နိုင်ငံတွင် Green Card ဖြင့် နေထိုင်နေသူဖြစ်ကြောင်း၊ အထူးသဖြင့် လူမှုရေး၊ နိုင်ငံရေးများတွင် လုပ်စား၊ အခွင့်အရေးယူခြင်းများ လုံးဝ မရှိခဲ့ကြောင်း ပြန်လည်တုံ့ပြန် လိုက်သည်။
နစကဘက်မှ NUG မှ ဒေါ်ခင်မမမျိုးအပါအဝင် ပြည်ပတွင်နေထိုင်သော အဆိုတော် ဆောင်းဦးလှိုင်၊ တင်ဆက်သူ မောင်မောင်အေး၊ ပြည်သစ်ညွန့်ဝေ (ခ) မောင်မောင်နှင့် ဒေါ်ဖြူဖြူသင်းတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲလိုက်ကြောင်း မတ်လ ၇ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက အမေရိကန်နိုင်ငံတွင် Green Card ဖြင့်နေထိုင်နေသည့် ဆောင်းဦး လှိုင်ကို နစကဘက်မှ မြန်မာနိုင်ငံသားအဖြစ် ရပ်စဲကြောင်းကြေညာခဲ့ရာ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆောင်းဦးလှိုင်က ယခုကဲ့သို့ပြောသည်။
“ကျွန်တော်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့တရားဝင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ထွက်ပြေး သူ/ ခိုလှုံသူ/ ဒုက္ခသည် မဟုတ်ပါ။ အရေးအကြောင်းမှာ ထွက်ပြေးတတ်သူတစ်ဦးလည်း မဟုတ်ပါ။ ငယ်ပေါင်း ကြီးဖော် အကြောင်းသိများကို မေးကြည့်နိုင်ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံကို Family Visa နဲ့ ၂ဝ၁၉ မှာ တရားဝင် ရောက်ခဲ့ပြီး ရောက်ပြီးပြီးချင်း တစ်ပါတ်ခန့်အကြာ မှာဘဲ Green card ချက်ချင်းရပါတယ်။ အကူအညီ ပေးခဲ့သော လူမှုရေး၊ နိုင်ငံရေးကိစ္စများစွာအတွက် လုပ်မစား၊ အခွင့်အရေးမယူခဲ့ပါ” ဟု ဆောင်းဦးလှိုင်က ၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စ်အကောင့်တွင် မတ်လ ၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ဆောင်းဦးလှိုင်းသည် ၎င်း၏ဘဝတစ်လျှောက် ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင် သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းတစ်ခုတည်းတွင်သာ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး မည်သည့် အသင်းအဖွဲ့ကိုမျှ ဝင်ရောက်ခဲ့ခြင်းမရှိခဲ့ကြောင်း ဆိုသည်။
နစက သည် မတ်လ (၄) ရက်တွင်လည်း ဒေါက်တာဇော်ဝေစိုး၊ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လို (ခ) အိမ့်ပိုးဥ၊ ဦးရည်မွန်အပါအဝင် ပြည်ပရောက်လူပုဂ္ဂိုလ် (၁၁) ဦးအား နိုင်ငံသားအဖြစ်မှရပ်စဲလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
အဆိုေတာ္ေဆာင္းဦးလႈိင္က ၄င္းအား ႏိုင္ငံသားအျဖစ္မွ ရပ္စဲေၾကာင္း ေၾကညာသည့္အေပၚ ျပန္လည္တံု႔ျပန္
NP News - မတ္ ၈
အဆိုေတာ္ေဆာင္းဦးလႈိင္သည္ ၄င္းအား ႏိုင္ငံသားအျဖစ္မွ ရပ္စဲေၾကာင္းေၾကညာသည့္အေပၚ ၄င္းအေနျဖင့္ ထြက္ေျပး၊ ခိုလႈံ၊ ဒုကၡသည္ မဟုတ္ဘဲ အေမရိကန္ႏို္င္ငံတြင္ Green Card ျဖင့္ ေနထိုင္ေနသူျဖစ္ေၾကာင္း၊ အထူးသျဖင့္ လူမႈေရး၊ ႏိုင္ငံေရးမ်ားတြင္ လုပ္စား၊ အခြင့္အေရးယူျခင္းမ်ား လံုးဝ မရွိခဲ့ေၾကာင္း ျပန္လည္တံု႔ျပန္ လိုက္သည္။
နစကဘက္မွ NUG မွ ေဒၚခင္မမမ်ိဳးအပါအဝင္ ျပည္ပတြင္ေနထိုင္ေသာ အဆိုေတာ္ ေဆာင္းဦးလႈိင္၊ တင္ဆက္သူ ေမာင္ေမာင္ေအး၊ ျပည္သစ္ၫြန႔္ေဝ (ခ) ေမာင္ေမာင္ႏွင့္ ေဒၚျဖဴျဖဴသင္းတို႔ကို ႏိုင္ငံသားအျဖစ္မွ ရပ္စဲလိုက္ေၾကာင္း မတ္လ ၇ ရက္က ေၾကညာခဲ့ျခင္းျဖစ္သည္။
စစ္တပ္အာဏာသိမ္းမႈမျဖစ္ခင္ကတည္းက အေမရိကန္ႏိုင္ငံတြင္ Green Card ျဖင့္ေနထိုင္ေနသည့္ ေဆာင္းဦး လႈိင္ကို နစကဘက္မွ ျမန္မာႏိုင္ငံသားအျဖစ္ ရပ္စဲေၾကာင္းေၾကညာခဲ့ရာ အဆိုပါကိစၥရပ္ႏွင့္ပတ္သက္၍ ေဆာင္းဦးလႈိင္က ယခုကဲ့သို႔ေျပာသည္။
“ကြၽန္ေတာ္ဟာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ျပည္ပသို႔တရားဝင္ထြက္ခြာခဲ့တာျဖစ္ပါတယ္။ ထြက္ေျပး သူ/ ခိုလႈံသူ/ ဒုကၡသည္ မဟုတ္ပါ။ အေရးအေၾကာင္းမွာ ထြက္ေျပးတတ္သူတစ္ဦးလည္း မဟုတ္ပါ။ ငယ္ေပါင္း ႀကီးေဖာ္ အေၾကာင္းသိမ်ားကို ေမးၾကည့္ႏိုင္ပါတယ္။ ၿပီးေတာ့ အေမရိကန္ႏိုင္ငံကို Family Visa နဲ႔ ၂ဝ၁၉ မွာ တရားဝင္ ေရာက္ခဲ့ၿပီး ေရာက္ၿပီးၿပီးခ်င္း တစ္ပါတ္ခန္႔အၾကာ မွာဘဲ Green card ခ်က္ခ်င္းရပါတယ္။ အကူအညီ ေပးခဲ့ေသာ လူမႈေရး၊ ႏိုင္ငံေရးကိစၥမ်ားစြာအတြက္ လုပ္မစား၊ အခြင့္အေရးမယူခဲ့ပါ” ဟု ေဆာင္းဦးလႈိင္က ၄င္းကိုယ္တိုင္အသံုးျပဳသည့္ ေဖ့ဘြတ္စ္အေကာင့္တြင္ မတ္လ ၇ ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ ေဆာင္းဦးလႈိင္းသည္ ၄င္း၏ဘဝတစ္ေလွ်ာက္ ရန္ကုန္နာေရးကူညီမႈအသင္းဥကၠ႒ ဦးေက်ာ္သူ ဦးေဆာင္ သည့္ နာေရးကူညီမႈအသင္း(ရန္ကုန္) အသင္းတစ္ခုတည္းတြင္သာ ဝင္ေရာက္လုပ္ကိုင္ခဲ့ျခင္းျဖစ္ၿပီး မည္သည့္ အသင္းအဖြဲ႕ကိုမွ် ဝင္ေရာက္ခဲ့ျခင္းမရွိခဲ့ေၾကာင္း ဆိုသည္။
နစက သည္ မတ္လ (၄) ရက္တြင္လည္း ေဒါက္တာေဇာ္ေဝစိုး၊ ဦးမင္းကိုႏိုင္၊ ဦးမ်ိဳးရန္ေနာင္သိမ္း၊ ပန္ဆယ္လို (ခ) အိမ့္ပိုးဥ၊ ဦးရည္မြန္အပါအဝင္ ျပည္ပေရာက္လူပုဂၢိဳလ္ (၁၁) ဦးအား ႏိုင္ငံသားအျဖစ္မွရပ္စဲလိုက္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။