BTS အဖွဲ့ဝင် ဂျောင်ကုရဲ့နေအိမ်ထဲ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီးကို ဖမ်းဆီးခံရ

422
ရောင်နီ (NP News) - ဇွန် ၁၃
ဇွန်လ ၁၂ ရက်က KST မီဒီယာရဲ့ဖော်ပြချက်အရ အသက်သုံးဆယ်ကျော်ရှိ တရုတ်အမျိုးသမီးတစ်ဦးဟာ မကြာသေးခင်ကမှ စစ်မှုထမ်းတာဝန်ပြီးဆုံးလာတဲ့ BTS အဖွဲ့ဝင် ဂျောင်ကုရဲ့နေအိမ်ကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးဟာ အိမ်ရှေ့တံခါးသော့ကိုဖျက်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် မနက် ၁၁ နာရီ ၂၀ မိနစ်လောက်မှာ နေအိမ်ထဲ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးကို ပိုင်နက်ကျူးလွန်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ သူမကတော့ စစ်မှုထမ်းပြီး ပြန်လာတဲ့ ဂျောင်ကုနဲ့တွေ့ချင်တာကြောင့် အိမ်ထဲခိုးဝှက် ဝင်ရောက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ BTS ရဲ့အငယ်ဆုံး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဂျီမင်နဲ့ ဂျောင်ကု ဟာ ဇွန်လ ၁၁ ရက်မှာ အသီးသီး စစ်မှုထမ်း တာဝန်တွေပြီးဆုံးခဲ့ပြီး အိမ်ပြန်ရောက်နေကြပြီပဲဖြစ်ပါတယ်။
BTS အဖြဲ႕ဝင္ ေဂ်ာင္ကုရဲ႕ေနအိမ္ထဲ က်ဴးေက်ာ္ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့ တ႐ုတ္အမ်ိဳးသမီးကို ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဇြန္ ၁၃
ဇြန္လ ၁၂ ရက္က KST မီဒီယာရဲ႕ေဖာ္ျပခ်က္အရ အသက္သုံးဆယ္ေက်ာ္ရွိ တ႐ုတ္အမ်ိဳးသမီးတစ္ဦးဟာ မၾကာေသးခင္ကမွ စစ္မႈထမ္းတာဝန္ၿပီးဆုံးလာတဲ့ BTS အဖြဲ႕ဝင္ ေဂ်ာင္ကုရဲ႕ေနအိမ္ကို က်ဴးေက်ာ္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးခံလိုက္ရတယ္လို႔ သိရပါတယ္။
အဆိုပါအမ်ိဳးသမီးဟာ အိမ္ေရွ႕တံခါးေသာ့ကိုဖ်က္ဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားၿပီးေနာက္ မနက္ ၁၁ နာရီ ၂၀ မိနစ္ေလာက္မွာ ေနအိမ္ထဲ ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါအမ်ိဳးသမီးကို ပိုင္နက္က်ဴးလြန္မႈနဲ႔ စုံစမ္းစစ္ေဆးေနပါတယ္။ သူမကေတာ့ စစ္မႈထမ္းၿပီး ျပန္လာတဲ့ ေဂ်ာင္ကုနဲ႔ေတြ႕ခ်င္တာေၾကာင့္ အိမ္ထဲခိုးဝွက္ ဝင္ေရာက္ခဲ့တယ္လို႔ ထြက္ဆိုခဲ့ပါတယ္။
ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ BTS ရဲ႕အငယ္ဆုံး အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ဂ်ီမင္နဲ႔ ေဂ်ာင္ကု ဟာ ဇြန္လ ၁၁ ရက္မွာ အသီးသီး စစ္မႈထမ္း တာဝန္ေတြၿပီးဆုံးခဲ့ၿပီး အိမ္ျပန္ေရာက္ေနၾကၿပီပဲျဖစ္ပါတယ္။