မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်မှုနှင့် တရားမဝင်လှုပ်ရှားမှုများကို တိုက်ဖျက်ရန် တရုတ်အစိုးရပြော

1090

မျိုးကြီး(NP News) - မတ် ၉
မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်မှုနှင့် တရားမဝင် လှုပ်ရှားမှု များကိုတိုက်ဖျက်ရန် တရုတ်နိုင်ငံဘက်က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ မတ်လ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်-မြန်မာ နယ်စပ် ကပ်ရောဂါကာကွယ်ရေးနှင့် ကုန်သွယ်မှုချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၈ ရက်တွင် ဗီဒီယိုစနစ်ဖြင့် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအင်အားကို တိုးမြှင့်ရန်၊ ဂိတ်ပေါက်ရှေ့သို့ ရွှေ့ခြင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးအကာအကွယ်တည်ဆောက်ရေး စသည့် ဘက်ပေါင်းစုံအစီအမံများကို မြှင့် တင်ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါနယ်စပ်ဖြတ်ကျော်ပျံ့နှံမှုကို ဖြတ်တောက်ပြီး နယ်စပ်ဒေသ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ဆောင်မှုပေးရန် သဘောတူညီခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဆိုသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြတ်သန်းရေးတို့ကို ဆက်လက်၍ အလုံးစုံစီမံခန့်ခွဲကာ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်း ချုပ်ပြီးမှသာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါဆွေးနွေးမှုတွင် တရုတ်နိုင်ငံဘက်က နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းမှုကို ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ် ကျော် မှောင်ခိုရောင်းဝယ်မှု၊ လောင်းကစားမှု၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် တရားမဝင်လှုပ်ရှားမှုများကို တိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ ရပ်တည်ချက်နှင့်ဂရုပြုမှုများကိုပြောကြားခဲ့ကြောင်း သံရုံး၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ မြန်မာနိုင်ငံဘက်ကလည်း သက်ဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားပြီး တရုတ်နိုင်ငံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်၍ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်လုံခြုံမှု ကို ထိန်းသိမ်းမည်ဟု ပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်-မြန်မာ နယ်စပ်ကပ်ရောဂါကာကွယ်ရေးနှင့် ကုန်သွယ်မှုချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးသို့ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများအပါအဝင် တခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ-တ႐ုတ္နယ္စပ္ေဒသ တည္ၿငိမ္းေရး၊ နယ္စပ္ျဖတ္ေက်ာ္ ေမွာင္ခိုေရာင္းဝယ္မႈႏွင့္ တရားမဝင္လႈပ္ရွားမႈ မ်ားကို တိုက္ဖ်က္ရန္ တ႐ုတ္အစိုးရ ေျပာ
မ်ိဳးႀကီး(NP News) - မတ္ ၉
ျမန္မာ-တ႐ုတ္နယ္စပ္ေဒသ တည္ၿငိမ္းေရး၊ နယ္စပ္ျဖတ္ေက်ာ္ ေမွာင္ခိုေရာင္းဝယ္မႈႏွင့္ တရားမဝင္ လႈပ္ရွားမႈ မ်ားကိုတိုက္ဖ်က္ရန္ တ႐ုတ္ႏိုင္ငံဘက္က ေျပာၾကားခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ မတ္လ ၉ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
တ႐ုတ္-ျမန္မာ နယ္စပ္ ကပ္ေရာဂါကာကြယ္ေရးႏွင့္ ကုန္သြယ္မႈေခ်ာေမြ႕ေစေရး ညႇိႏႈိင္းအစည္းအေဝးကို မတ္လ ၈ ရက္တြင္ ဗီဒီယိုစနစ္ျဖင့္ ျပဳလုပ္ခဲ့ၿပီး ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံအၾကား ကိုဗစ္ကပ္ေရာဂါတိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္မႈအင္အားကို တိုးျမႇင့္ရန္၊ ဂိတ္ေပါက္ေရွ႕သို႔ ေ႐ႊ႕ျခင္း၊ ကပ္ေရာဂါတိုက္ဖ်က္ေရးအကာအကြယ္တည္ေဆာက္ေရး စသည့္ ဘက္ေပါင္းစုံအစီအမံမ်ားကို ျမႇင့္ တင္ေဆာင္႐ြက္ျခင္းျဖင့္ ကပ္ေရာဂါနယ္စပ္ျဖတ္ေက်ာ္ပ်ံ႕ႏွံမႈကို ျဖတ္ေတာက္ၿပီး နယ္စပ္ေဒသ ကပ္ေရာဂါ ကာကြယ္ေရးႏွင့္ ျပည္သူလူထုဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဝန္ေဆာင္မႈေပးရန္ သေဘာတူညီခဲ့ၾကေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးက ဆိုသည္။
ထို႔ျပင္ နယ္စပ္ကုန္သြယ္ေရးႏွင့္ပတ္သက္၍ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ နယ္စပ္ကုန္သြယ္ေရး ဂိတ္ေပါက္ျဖတ္သန္းေရးတို႔ကို ဆက္လက္၍ အလုံးစုံစီမံခန႔္ခြဲကာ ကပ္ေရာဂါကို ထိေရာက္စြာ ကာကြယ္ထိန္း ခ်ဳပ္ၿပီးမွသာ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးတည္ၿငိမ္စြာ ဖြံ႕ၿဖိဳးတိုးတက္ေစမည္ျဖစ္ေၾကာင္း သံ႐ုံးက ထုတ္ျပန္ထားသည္။
အဆိုပါေဆြးေႏြးမႈတြင္ တ႐ုတ္ႏိုင္ငံဘက္က နယ္စပ္ေဒသတည္ၿငိမ္းေအးခ်မ္းမႈကို ထိန္းသိမ္းေရး၊ နယ္စပ္ျဖတ္ ေက်ာ္ ေမွာင္ခိုေရာင္းဝယ္မႈ၊ ေလာင္းကစားမႈ၊ ဆက္သြယ္ေရးလိမ္လည္မႈ စသည့္ တရားမဝင္လႈပ္ရွားမႈမ်ားကို တိုက္ဖ်က္ေရးတို႔ႏွင့္ပတ္သက္၍ ရပ္တည္ခ်က္ႏွင့္ဂ႐ုျပဳမႈမ်ားကိုေျပာၾကားခဲ့ေၾကာင္း သံ႐ုံး၏ အသိေပး ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အတူ ျမန္မာႏိုင္ငံဘက္ကလည္း သက္ဆိုင္ရာကိစၥရပ္မ်ားကို အထူးအေလးထားၿပီး တ႐ုတ္ႏိုင္ငံႏွင့္အတူ ဆက္လက္ပူးေပါင္းေဆာင္႐ြက္၍ နယ္စပ္ေဒသတည္ၿငိမ္ေရးႏွင့္ ျပည္သူလူထု အသက္အိုးအိမ္ စည္းစိမ္လုံၿခဳံမႈ ကို ထိန္းသိမ္းမည္ဟု ေျပာၾကားခဲ့ေၾကာင္း တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တ႐ုတ္-ျမန္မာ နယ္စပ္ကပ္ေရာဂါကာကြယ္ေရးႏွင့္ ကုန္သြယ္မႈေခ်ာေမြ႕ေစေရး ညႇိႏႈိင္းအစည္းအေဝးသို႔ ျမန္မာ ႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး သံမႉးႀကီး Ms. Li Xiaoyan အပါအဝင္ တာဝန္ရွိသူမ်ားႏွင့္ ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနမွ အရာရွိမ်ားအပါအဝင္ တျခားတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။