ဦးကျော်ဇေယျ ပြည့်သူ့ရှေ့ဆောင်ပါတီ(PPP)မှ နုတ်ထွက်

 1917

ရဲပြည့် (NP News) - မတ် ၁၂
လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင် တည်ထောင်ထားသည့် ပြည့်သူ့ရှေဆောင်ပါတီ(PPP)မှ ဒုဥက္ကဋ္ဌ ဦးကျော်ဇေ ယျက မတ်လ ၁၂ ရက်မှစတင်၍ ပါတီမှနုတ်ထွက်လိုက်ကြောင်း ၎င်း၏လူမှုကွန်ရက်တွင်အသိပေးထုတ်ပြန်လာသည်။

ပြည့်သူ့ရှေဆောင်ပါတီမှ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျသည် ၎င်းနှင့် PPP ပါတီဝင်များအကြား ဖေဖော်ဝါရီ လနောက်ဆုံးပတ်အတွင်း ပါတီတွင်းပြဿနာတခုဖြစ်ပွားပြီးနောက် ၎င်းအား PPP ပါတီအလုပ်မှုဆောင်အဖွဲ့က မတ်လ ၁၁ ရက်ပါရက်စွဲဖြင့် ပါတီ ဝင်အဖြစ်မှဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း သိရသည်။ ပါတီဝင်အဖြစ်မှဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် ယခုကဲ့သို့ ဒုဥက္ကဋ္ဌတာဝန်မှအနားယူလိုက်ပြီဟု ၎င်းကအသိပေးကြေငြာခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ဦးကျော်ဇေယျသည် အသက်ကြီးပြီဖြစ်၍ နစကကပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ် ပြိုင်လိုခြင်းမရှိပါဟု ယခုနှစ်အတွင်းမှာပင်ပြောဆိုထားမှုလည်းရှိသည်။

ဦးကျော်ဇေယျသည် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် PPP ပါတီကိုယ်စားပြု၍ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ ကဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

စစ်တပ် ဒုဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးကျော်ဇေယျသည် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသော်လည်း ပါတီတွင်းပြဿနာများကြောင့်ပင် ၂ဝ၁၉ ခုနှစ်အတွင်း NLDပါတီက ပါတီဝင်အဖြစ်မှရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ၂ဝ၂ဝ ပါတီစုံရွေးကောက်ပွဲအ တွက် ဝန်ကြီးဒေါ်သက်သက်ခိုင်က ပြည်သူ့ရှေ့ ဆောင်(PPP)ပါတီဥက္ကဋ္ဌနှင့် ဦးကျော်ဇေယျက ဒုတိ ယဥက္ကဋ္ဌဟူ၍ အသီးသီးတာဝန်ယူခဲ့ကြရာ ရွေး ကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော်လည်း၂ဝ၂၁ ခုနှစ် ဖေဖောဝါရီလ ၁ ရက် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်တွင် PPP ဥက္ကဋ္ဌဖြစ်သည့် ဒေါ်သက်သက်ခိုင်သည် လူကယ်ပြန်ဝန်ကြီးရာထူးနေရာကို လက်ခံရယူခဲ့သည်။

ဦးေက်ာ္ေဇယ် ျပည့္သူ႔ေရွ႕ေဆာင္ပါတီ(PPP)မွ ႏုတ္ထြက္
ရဲျပည့္(NP News) - မတ္ ၁၂

လူမႈကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒၚသက္သက္ခိုင္ တည္ေထာင္ထားသည့္ ျပည့္သူ႔ေရွေဆာင္ပါတီ(PPP)မွ ဒုဥကၠ႒ ဦးေက်ာ္ေဇ ယ်က မတ္လ ၁၂ ရက္မွစတင္၍ ပါတီမွႏုတ္ထြက္လိုက္ေၾကာင္း ၎၏လူမႈကြန္ရက္တြင္အသိေပးထုတ္ျပန္လာသည္။

ျပည့္သူ႔ေရွေဆာင္ပါတီမွ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်သည္ ၎ႏွင့္ PPP ပါတီဝင္မ်ားအၾကား ေဖေဖာ္ဝါရီ လေနာက္ဆုံးပတ္အတြင္း ပါတီတြင္းျပႆနာတခုျဖစ္ပြားၿပီးေနာက္ ၎အား PPP ပါတီအလုပ္မႈေဆာင္အဖြဲ႕က မတ္လ ၁၁ ရက္ပါရက္စြဲျဖင့္ ပါတီ ဝင္အျဖစ္မွဆိုင္းငံ့ျပစ္ဒဏ္ခ်မွတ္ျခင္းခံရေၾကာင္း သိရသည္။ ပါတီဝင္အျဖစ္မွဆိုင္းငံ့ျပစ္ဒဏ္ခ်မွတ္ခံရျခင္းေၾကာင့္ ယခုကဲ့သို႔ ဒုဥကၠ႒တာဝန္မွအနားယူလိုက္ၿပီဟု ၎ကအသိေပးေၾကျငာခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚေနသည္။

ဦးေက်ာ္ေဇယ်သည္ အသက္ႀကီးၿပီျဖစ္၍ နစကကျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲကိုလည္း ဝင္ေရာက္ယွဥ္ ၿပိဳင္လိုျခင္းမရွိပါဟု ယခုႏွစ္အတြင္းမွာပင္ေျပာဆိုထားမႈလည္းရွိသည္။

ဦးေက်ာ္ေဇယ်သည္ ၂ဝ၂ဝ အေထြေထြေ႐ြးေကာက္ပြဲတြင္ PPP ပါတီကိုယ္စားျပဳ၍ အမ်ိဳးသားလႊတ္ေတာ္အတြက္ ရန္ကုန္တိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ ၇ ကဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရႈံးနိမ့္ခဲ့သည္။

စစ္တပ္ ဒုဗိုလ္မႉးႀကီးတာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ ဦးေက်ာ္ေဇယ်သည္ ၂ဝ၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ NLD ပါတီမွဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ေ႐ြးခ်ယ္ခံခဲ့ရေသာ္လည္း ပါတီတြင္းျပႆနာမ်ားေၾကာင့္ပင္ ၂ဝ၁၉ ခုႏွစ္အတြင္း NLDပါတီက ပါတီဝင္အျဖစ္မွရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္တြင္ ၂ဝ၂ဝ ပါတီစုံေ႐ြးေကာက္ပြဲအ တြက္ ဝန္ႀကီးေဒၚသက္သက္ခိုင္က ျပည္သူ႔ေရွ႕ ေဆာင္(PPP)ပါတီဥကၠ႒ႏွင့္ ဦးေက်ာ္ေဇယ်က ဒုတိ ယဥကၠ႒ဟူ၍ အသီးသီးတာဝန္ယူခဲ့ၾကရာ ေ႐ြး ေကာက္ပြဲ၌ ရႈံးနိမ့္ခဲ့ေသာ္လည္း၂ဝ၂၁ ခုႏွစ္ ေဖေဖာဝါရီလ ၁ ရက္ စစ္တပ္ကအာဏာသိမ္းလိုက္ၿပီးေနာက္တြင္ PPP ဥကၠ႒ျဖစ္သည့္ ေဒၚသက္သက္ခိုင္သည္ လူကယ္ျပန္ဝန္ႀကီးရာထူးေနရာကို လက္ခံရယူခဲ့သည္။

Related news

© 2021. All rights reserved.