အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအပါအဝင် ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၃ဝ ကို မြန်မာဘာသာသို့ပြန်ဆို

 1346

မျိုးကြီး (NP News) - မတ် ၁၄
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေအပါအဝင် အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၃ဝ ကို မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ပြန်ဆိုပြီးသည့်ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန် စာအုပ်အမှတ် (၁) မှ (၁ဝ) အထိ စာအုပ်များကို ထုတ်ဝေပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်သည့်သတင်းအချက်အလက်များအရ သိရသည်။

ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေအရ ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ကို ၂ဝ၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်ကဒေါက်တာသီတာဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဥပဒေပေါင်း ၃ဝ ကို ဘာသာပြန်ဆိုပြီးဖြစ် ကြောင်းနှင့် ထိုသို့ မြန်မာဘာသာသို့ပြန်ဆိုထားသည့် ဥပဒေများသည် မူလစာမှုနှင့်အလားတူအာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ကြေညာထားသည်။

မြန်မာဘာသာသို့ ပြန်ဆိုထားသည့် ဥပဒေများသည် တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေ (The Bar Council Act)၊ ကာလစည်းကမ်းသတ် အက်ဥပဒေ (The Limitation Act)၊ ကုန်စည်ရောင်းချခြင်း အက်ဥပဒေ (The Sale of Gods Act)၊ မြစ်ကျဉ်းသွားလာရေး အက်ဥပဒေ (The Defile Traffic Act)၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ (The Christian Marriage Act)၊ အထူးထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (The Special Marriage Act)၊ ကိတ္တိမမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ (The Registration of Kittima Adoptions Act)၊ အရွယ်ရောက်ခြင်းအက်ဥပဒေ (The Majority Act)၊ ပစ္စည်းခွဲဝေခြင်းဆိုင်ရာ အက်ဥပဒေ (The Partition Act) တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ (The Myanmar Official Secrets Act), မြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအက်ဥပဒေ (The Myanmar |Carriage by Air Act)၊ ကိုယ်စားလှယ်လွှဲအပ်ရေး အက်ဥပဒေ(The Power of Attorney Act)၊ လွှဲအပ်ပစ္စည်းစီမံရေးဝန် အက်ဥပဒေ (The Official Trustees Act)၊ အမိန့်ဆင့်စာခအက်ဥပဒေ (The Process Fees Act)၊ ပစ္စည်းလွှဲပြောင်းရေးအက်ဥပ ဒေ (The Transfer of Property Act)၊ မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေ (The Myanmar Divorce Act)ı ရာဇသတ်ကြီး (The Penal Code) စသည့်တို့ကို မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ် ကြောင်း သိရသည်။

zawgyi version
အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒအပါအဝင္ ကိုလိုနီေခတ္က အဂၤလိပ္ဘာသာျဖင့္ျပ႒ာန္းထားသည့္ တည္ဆဲဥပေဒ ၃ဝ ကို ျမန္မာဘာသာသို႔ျပန္ဆို
မ်ိဳးႀကီး (NP News) - မတ္ ၁၄

ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒအပါအဝင္ အဂၤလိပ္ကိုလိုနီေခတ္က အဂၤလိပ္ဘာသာျဖင့္ ျပ႒ာန္းထားသည့္ တည္ဆဲဥပေဒ ၃ဝ ကို ျမန္မာဘာသာသို႔ ျပန္ဆိုထားၿပီးျဖစ္ေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ဥပေဒေရးရာဝန္ႀကီးဌာန၏ ဥပေဒဘာသာျပန္ေကာ္မရွင္က ျမန္မာဘာသာသို႔ျပန္ဆိုၿပီးသည့္ဥပေဒမ်ားကို စာအုပ္ထုတ္ေဝလ်က္ရွိရာ ဘာသာျပန္ စာအုပ္အမွတ္ (၁) မွ (၁ဝ) အထိ စာအုပ္မ်ားကို ထုတ္ေဝၿပီးျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ထုတ္ျပန္သည့္သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ဥပေဒဘာသာျပန္ေကာ္မရွင္ဥပေဒအရ ဥပေဒဘာသာျပန္ေကာ္မရွင္အဖြဲ႕ကို ၂ဝ၁၅ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး လက္ရွိတြင္ ဥပေဒေရးရာဝန္ႀကီးဌာန ဝန္ႀကီးႏွင့္ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ကေဒါက္တာသီတာဦးက ဥကၠ႒အျဖစ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အဂၤလိပ္ကိုလိုနီေခတ္က အဂၤလိပ္ဘာသာျဖင့္ ျပ႒ာန္းထားေသာ တည္ဆဲဥပေဒမ်ားကို ျမန္မာဘာသာသို႔ ျပန္ဆိုထုတ္ေဝခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ဥပေဒေပါင္း ၃ဝ ကို ဘာသာျပန္ဆိုၿပီးျဖစ္ ေၾကာင္းႏွင့္ ထိုသို႔ ျမန္မာဘာသာသို႔ျပန္ဆိုထားသည့္ ဥပေဒမ်ားသည္ မူလစာမႈႏွင့္အလားတူအာဏာတည္ေၾကာင္း အမိန႔္ထုတ္ျပန္ေၾကညာထားသည္။

ျမန္မာဘာသာသို႔ ျပန္ဆိုထားသည့္ ဥပေဒမ်ားသည္ တရားလႊတ္ေတာ္ေရွ႕ေနမ်ား ေကာင္စီအက္ဥပေဒ (The Bar Council Act)၊ ကာလစည္းကမ္းသတ္ အက္ဥပေဒ (The Limitation Act)၊ ကုန္စည္ေရာင္းခ်ျခင္း အက္ဥပေဒ (The Sale of Gods Act)၊ ျမစ္က်ဥ္းသြားလာေရး အက္ဥပေဒ (The Defile Traffic Act)၊ ခရစ္ယာန္ထိမ္းျမားျခင္းဆိုင္ရာ အက္ဥပေဒ (The Christian Marriage Act)၊ အထူးထိမ္းျမားျခင္းဆိုင္ရာအက္ဥပေဒ (The Special Marriage Act)၊ ကိတၱိမေမြးစားျခင္း မွတ္ပုံတင္အက္ဥပေဒ (The Registration of Kittima Adoptions Act)၊ အ႐ြယ္ေရာက္ျခင္းအက္ဥပေဒ (The Majority Act)၊ ပစၥည္းခြဲေဝျခင္းဆိုင္ရာ အက္ဥပေဒ (The Partition Act) တို႔ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ (The Myanmar Official Secrets Act), ျမန္မာႏိုင္ငံ ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးအက္ဥပေဒ (The Myanmar |Carriage by Air Act)၊ ကိုယ္စားလွယ္လႊဲအပ္ေရး အက္ဥပေဒ(The Power of Attorney Act)၊ လႊဲအပ္ပစၥည္းစီမံေရးဝန္ အက္ဥပေဒ (The Official Trustees Act)၊ အမိန႔္ဆင့္စာခအက္ဥပေဒ (The Process Fees Act)၊ ပစၥည္းလႊဲေျပာင္းေရးအက္ဥပ ေဒ (The Transfer of Property Act)၊ ျမန္မာႏိုင္ငံ လင္မယားကြာရွင္းေရး အက္ဥပေဒ (The Myanmar Divorce Act)ı ရာဇသတ္ႀကီး (The Penal Code) စသည့္တို႔ကို ျမန္မာဘာသာသို႔ ျပန္ဆိုထားၿပီးျဖစ္ ေၾကာင္း သိရသည္။

Picture

L Mone

14/03/2022 21:46

ဒါတွေက ဘာ့ကြောင့် ဆက်ရှိနေရတာလဲ မသိဘူးနော်။နိုင်ငံတော်လစတွေစားပြီး ဥပဒေတွေကို ကိုယ်ပိုင်မပြဌါန်းပဲ ဒီအတိုင်းထားနေတာကိုက အင်မတန် အံ့ဩစရာ

Related news

© 2021. All rights reserved.