မွန်ပြည်နယ်၌ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့်ဆိပ်ကမ်းများကို စီမံကိန်းချအကောင်အထည်ဖော်နေဟုဆို

 1355

မျိုးကြီး (NP News) - မတ် ၁၉
မွန်ပြည်နယ်၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့်ဆိပ်ကမ်းများကို စီမံကိန်းချအကောင်အထည်ဖော်နေကြောင်း မွန် ပြည်နယ်နေ့အခမ်းအနားတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အသိပေးခဲ့သည်။

နစကဥက္ကဋ္ဌက ယနေ့ (မတ်လ ၁၉ ရက်)တွင် ကျရောက်သည့် (၄၈)နှစ် မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အ ထက်ပါကဲ့သို့ထည့်သွင်း အသိပေးထားခြင်းဖြစ်သည်။

မွန်ပြည်နယ်၏ အခြေခံကောင်းများဖြစ်သည့် သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက်သယံဇာတများကြွယ်ဝခြင်း၊ မြတ်ဗုဒ္ဓ၏ သာသ နာထွန်းလင်းတောက်ပရာဒေသဖြစ်ခြင်း၊ သမိုင်းစဉ်နှင့် အဆင့်မြင့်သည့် ယဉ်ကျေးမှု အမွေအနှစ်များစွာရှိခြင်း၊ ပင်လယ်ပြင်နှင့်ပင်လယ်ကမ်းရိုး တန်းဧရိယာများနှင့်ထိစပ်နေခြင်းတို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိခြင်းဖြင့် ဆယ်စုနှစ်အတွင်းအရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်သည့် အလားအလာကောင်းများတွေ့မြင်နေရပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံတော်၏အစီအမံဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်နေပြီး ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ ပါဝင်မှုစွမ်းအားဖြင့် တည်ဆောက်ခြင်းဖြင့် မွန်ပြည် နယ်၏ ဖွံ့ဖြိုးတိုးတက်မှုမျှော်လင့်ချက်ကို ရယူခံစားနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

အဆိုပါ တည်ဆောက်ရေးစီမံကိန်းအတွက် အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်၏ ငြိမ်းချမ်းရေးသမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

zawgyi version
မြန္ျပည္နယ္၌ အျပည္ျပည္ဆိုင္ရာ ေလယာဥ္ကြင္းႏွင့္ဆိပ္ကမ္းမ်ားကို စီမံကိန္းခ်အေကာင္အထည္ေဖာ္ေနဟုဆို
မ်ိဳးႀကီး (NP News) - မတ္ ၁၉

မြန္ျပည္နယ္၌ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာ ေလယာဥ္ကြင္းႏွင့္ဆိပ္ကမ္းမ်ားကို စီမံကိန္းခ်အေကာင္အထည္ေဖာ္ေနေၾကာင္း မြန္ ျပည္နယ္ေန႔အခမ္းအနားတြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က အသိေပးခဲ့သည္။

နစကဥကၠ႒က ယေန႔ (မတ္လ ၁၉ ရက္)တြင္ က်ေရာက္သည့္ (၄၈)ႏွစ္ ေျမာက္ မြန္ျပည္နယ္ေန႔အခမ္းအနားသို႔ေပးပို႔သည့္ သဝဏ္လႊာတြင္ အ ထက္ပါကဲ့သို႔ထည့္သြင္း အသိေပးထားျခင္းျဖစ္သည္။

မြန္ျပည္နယ္၏ အေျခခံေကာင္းမ်ားျဖစ္သည့္ သဘာဝအရင္းအျမစ္မ်ားႏွင့္ ေျမေပၚေျမေအာက္သယံဇာတမ်ားႂကြယ္ဝျခင္း၊ ျမတ္ဗုဒၶ၏ သာသ နာထြန္းလင္းေတာက္ပရာေဒသျဖစ္ျခင္း၊ သမိုင္းစဥ္ႏွင့္ အဆင့္ျမင့္သည့္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားစြာရွိျခင္း၊ ပင္လယ္ျပင္ႏွင့္ပင္လယ္ကမ္း႐ိုး တန္းဧရိယာမ်ားႏွင့္ထိစပ္ေနျခင္းတို႔ေၾကာင့္ ထာဝရၿငိမ္းခ်မ္းေရးရရွိျခင္းျဖင့္ ဆယ္စုႏွစ္အတြင္းအရွိန္အဟုန္ျဖင့္ တိုးတက္လာႏိုင္သည့္ အလားအလာေကာင္းမ်ားေတြ႕ျမင္ေနရၿပီျဖစ္ေၾကာင္း ၎က ဆိုသည္။

မြန္ျပည္နယ္အတြင္း ႏိုင္ငံေတာ္၏အစီအမံျဖင့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာေလယာဥ္ကြင္းႏွင့္ အျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္းမ်ားကို စီမံကိန္းမ်ားခ်မွတ္၍ အေကာင္အထည္ေဖာ္ေနၿပီး ျပည္နယ္သူ၊ ျပည္နယ္သားတို႔၏ ပါဝင္မႈစြမ္းအားျဖင့္ တည္ေဆာက္ျခင္းျဖင့္ မြန္ျပည္ နယ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈေမွ်ာ္လင့္ခ်က္ကို ရယူခံစားႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

အဆိုပါ တည္ေဆာက္ေရးစီမံကိန္းအတြက္ အဖြဲ႕ဝင္ ၁၂ ဦးပါဝင္သည့္ တည္ေဆာက္ေရးစီမံကိန္း အေကာင္အထည္ေဖာ္ေရး ႀကီးၾကပ္မႈဗဟိုေကာ္မတီကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ဥကၠ႒အျဖစ္ တာဝန္ယူမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္အတြင္း မြန္ျပည္သစ္ပါတီသည္ တစ္ႏိုင္ငံလုံးပစ္ ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ကို လက္မွတ္ေရးထိုးခဲ့ၿပီး မြန္ျပည္နယ္၏ ၿငိမ္းခ်မ္းေရးသမိုင္းမွတ္တိုင္သစ္ စိုက္ထူႏိုင္ခဲ့သည့္အတြက္ ဝမ္းေျမာက္မိေၾကာင္း နစကဥကၠ႒က ေျပာသည္။

Related news

© 2021. All rights reserved.