မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုများအပေါ် စိုးရိမ်မှုဖြစ်ရတယ်လို့ အိန္ဒိယဝန်ကြီးချုပ်နဲ့ သြစတြေးလျဝန်ကြီးချုပ်ဆို

900

ဂျန်ဇက် (NP News) - မတ် ၂၁
အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်တို့က မြန်မာနိုငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုအခြေနေများနဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရှာရင်ဂ်လာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သြစတြေးလျဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ဟာဒီနေ့နံနက်ပိုင်းမှာ အွန်လိုင်းကတဆင့်ဆွေးနွေးခဲ့ပြီး မြန်မာ့နိုင်ငံရေးနဲ့ပတ် သက်လို့ အခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်မိုဒီနဲ့ ဝန်ကြီးချုပ်စကော့မော်ရစ်ဆန်တို့ဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို စိုးရိမ်နေသလို အရပ်သားများကို ကာကွယ်ပေးဖို့ နဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီများလက်ခံဖို့ တောင်းဆိုတိုက်တွန်းခဲ့တယ်လို့ ရှာရင်ဂ်လာ ကပြောပါတယ်။ ဒါ့ပြင် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ကြိုးပမ်းမှုများအပေါ် ထောက်ခံတယ်လို့ အိန္ဒိယဝန်ကြီးချုပ်နဲ့ သြစတြေးလျဝန်ကြီးချုပ်တို့ နှစ်ဦးက ဆိုခဲ့ကြောင်းသိရပါတယ်။
ရှာရင်ဂ်လာက "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ သမိုင်းဝင်ဆက်ဆံရေးအစဉ်လာရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ပြည်သူအချင်းချင်းလည်း အပြန်အ လှန်ဆက်ဆံမှုရှိနေပါတယ်။ ဝန်ကြီးချုပ်မိုဒီနဲ့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်တို့နှစ်ဦးစလုံးဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအ ကူညီများပေးရေးအတွက် နိုင်ငံတကာကို အတူတကွ ပူးပေါင်းဆောင် ရွက်ပေးဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါသေးတယ်"လို့ပြောပါတယ်။ အာဆီယံနဲ့ မြန်မာစစ်တပ်တို့ ရရှိထားတဲ့သဘောတူညီချက် ၅ ရပ်ထဲမှာ အ ကြမ်းဖက်မှုများရပ်တန်ဖို့ ၊ လူသားချင်းဆိုင်ရာ အကူညီပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ စတဲ့အချက်တွေပါဝင်နေကြောင်းသိရပါတယ်။

zawgyi version
ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့အၾကမ္းဖက္မႈမ်ားအေပၚ စိုးရိမ္မႈျဖစ္ရတယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္နဲ႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၁
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆန္တို႔က ျမန္မာႏိုငံမွာျဖစ္ေနတဲ့ အၾကမ္းဖက္မႈအေျခေနမ်ားနဲ႔ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ရွာရင္ဂ္လာက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္တို႔ဟာဒီေန႔နံနက္ပိုင္းမွာ အြန္လိုင္းကတဆင့္ေဆြးေႏြးခဲ့ၿပီး ျမန္မာ့ႏိုင္ငံေရးနဲ႔ပတ္ သက္လို႔ အခုလိုမ်ိဳးေျပာဆိုခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ ဝန္ႀကီးခ်ဳပ္စေကာ့ေမာ္ရစ္ဆန္တို႔ဟာ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့အၾကမ္းဖက္မႈေတြကို စိုးရိမ္ေနသလို အရပ္သားမ်ားကို ကာကြယ္ေပးဖို႔ နဲ႔ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီမ်ားလက္ခံဖို႔ ေတာင္းဆိုတိုက္တြန္းခဲ့တယ္လို႔ ရွာရင္ဂ္လာ ကေျပာပါတယ္။ ဒါ့ျပင္ ျမန္မာ့ႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ အာဆီယံရဲ႕ႀကိဳးပမ္းမႈမ်ားအေပၚ ေထာက္ခံတယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္နဲ႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္တို႔ ႏွစ္ဦးက ဆိုခဲ့ေၾကာင္းသိရပါတယ္။
ရွာရင္ဂ္လာက "ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံနဲ႔ သမိုင္းဝင္ဆက္ဆံေရးအစဥ္လာရွိေနတဲ့ႏိုင္ငံျဖစ္ပါတယ္။ ျပည္သူအခ်င္းခ်င္းလည္း အျပန္အ လွန္ဆက္ဆံမႈရွိေနပါတယ္။ ဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆန္တို႔ႏွစ္ဦးစလုံးဟာ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအ ကူညီမ်ားေပးေရးအတြက္ ႏိုင္ငံတကာကို အတူတကြ ပူးေပါင္းေဆာင္ ႐ြက္ေပးဖို႔ ေတာင္းဆိုတိုက္တြန္းခဲ့ပါေသးတယ္"လို႔ေျပာပါတယ္။ အာဆီယံနဲ႔ ျမန္မာစစ္တပ္တို႔ ရရွိထားတဲ့သေဘာတူညီခ်က္ ၅ ရပ္ထဲမွာ အ ၾကမ္းဖက္မႈမ်ားရပ္တန္ဖို႔ ၊ လူသားခ်င္းဆိုင္ရာ အကူညီေပးဖို႔၊ ေတြ႕ဆုံေဆြးေႏြးဖို႔ စတဲ့အခ်က္ေတြပါဝင္ေနေၾကာင္းသိရပါတယ္။