ဂျက်စတင်ဘီဘာက ကမ္ဘာလှည့်ဖျော်ဖြေပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် ကွာလာလမ်ပူနဲ့ ဂျာကာတာအတွက် ဖျော်ဖြေမယ့်ရက်များ ကြေညာ

851

ရောင်နီ (NP News) မတ် ၂၄
ကမ္ဘာကျော်ပေါ့ပ်စတား ဂျက်စတင်ဘီဘာဟာ ၎င်းရဲ့ Justice World Tour ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အရှေ့တောင်အာရှမှာ ဖျော်ဖြေမယ့်ရက်စွဲနှစ်ခုကို ကြေညာခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ(KL) မှာ အောက်တိုဘာ ၂၂ ရက် နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖျော်ဖြေသွားမှာ ဖြစ်တ ယ်လို့ သိရပါတယ်။
ဂျာကာတာမြို့မှာ ဖျော်ဖြေပွဲပြီးတာနဲ့တပြိုင်နက် ဂျပန်နိုင်ငံကို သွားရောက်ဖျော်ဖြေမှာဖြစ်ပြီး ဒေသအလိုက် ရက်စွဲတွေကတော့ Nagoya (နိုဝင်ဘာ ၉ ရက်)၊ Osaka (နိုဝင်ဘာ ၁၂ ရက်) နဲ့ တိုကျို (နိုဝင်ဘာ ၁၆) ဖြစ်တယ်လို့ သိရပါတယ်။
ဖျော်ဖြေပွဲ ပရိုမိုးရှင်း AEG နဲ့ PR Worldwide တို့ရဲ့ မီဒီယာထုတ်ပြန်ချက်အရ အာရှရက်စွဲများကို မကြာမီ ကြေညာမယ်လို့ သိရပါတယ်။ KL ရှိုးပွဲကို National Stadium Bukit Jalil နဲ့ Jakarta ရှိ Stadion Madya Gelora Bung Karno မှာ ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းရဲ့ KL ရှိုးအတွက် လက်မှတ်များကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီမှာ www.golive-asia.com မှာ ဈေးနှုန်း RM288 (US$68) မှ RM 1,088 အထိ အသီးသီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့လုပ်ဖူးသမျှထဲက အကောင်းဆုံးရှိုးကိုဖန်တီးဖို့ ကြိုးစားနေပြီး အဲဒါကို ကမ္ဘာတဝန်းက ပရိသတ် တွေနဲ့မျှဝေဖို့ မစောင့်နိုင်တော့ပါဘူး၊ မကြာခင် အတူဆုံကြမယ်" လို့ ဂျက်စတင်ဘီဘာက အသိပေးလာပါတယ်။
Justice World Tour တစ်ခုလုံးဟာ မြောက်အမေရိက၊ တောင်အမေရိက၊ ယူကေ၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းမှာ ၂ဝ၂၂ နဲ့ ၂ဝ၂၃ ခုနှစ်အတွင်း ကျင်းပသွားမှာဖြစ်ပြီး ရက်ပေါင်း ၁ဝဝ ကျော်အထိ ပါဝင်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဂျက်စတင်ဟာ မြောက်အမေရိကမှာ ဖျော်ဖြေ နေပြီး ဇူလိုင်လကုန်မှာ ဥရောပသို့သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၂၁ ခုနှစ် ဧပြီလမှာ ထွက်ရှိခဲ့တဲ့ Justice ဟာ ဂျက်စတင်ရဲ့ဆဋ္ဌမမြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး Any, Lonely, Holy နဲ့ Peaches ကဲ့သို့ သော သီချင်းတွေ ပါဝင်ပါတယ်။
“PR Worldwide နဲ့ AEG တို့ဟာ ပွဲဝန်ထမ်းများ၊ အနုပညာရှင်နဲ့ အမှုထမ်းများအတွက်သာမက ပရိသတ်များ အတွက်လည်း လုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ အစီအမံအားလုံး လုပ်ဆောင်နေပါတယ်။ မိုဘိုင်း အက်ပလီ ကေးရှင်းနည်းပညာကိုအသုံးပြုပြီး ဒစ်ဂျစ်တယ်လက်မှတ်ရောင်းချခြင်း၊ ကာကွယ်ဆေးထိုးခြင်းနဲ့ စမ်းသပ်ခြင်း ပရိုတိုကောများ ပေါင်းစပ်ခြင်းနဲ့ အခုပွဲကို အဆင်ပြေချောမွေ့စွာပြုလုပ်နိုင်ပြီ” လို့ PR Worldwide Sdn Bhd ရဲ့ မန်နေးဂျင်းဒါရိုက်တာ Para R က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဂ်က္စတင္ဘီဘာက ကမာၻလွည့္ေဖ်ာ္ေျဖပြဲ တစ္စိတ္တစ္ပိုင္းအျဖစ္ ကြာလာလမ္ပူနဲ႔ ဂ်ာကာတာအတြက္ ေဖ်ာ္ေျဖမယ့္ရက္မ်ား ေၾကညာ
ေရာင္နီ (NP News) မတ္ ၂၄
ကမာၻေက်ာ္ေပါ့ပ္စတား ဂ်က္စတင္ဘီဘာဟာ ၎ရဲ႕ Justice World Tour ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ အေရွ႕ေတာင္အာရွမွာ ေဖ်ာ္ေျဖမယ့္ရက္စြဲႏွစ္ခုကို ေၾကညာခဲ့ပါတယ္။ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ(KL) မွာ ေအာက္တိုဘာ ၂၂ ရက္ နဲ႔ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာ ႏိုဝင္ဘာ ၃ ရက္ေန႔မွာ ေဖ်ာ္ေျဖသြားမွာ ျဖစ္တ ယ္လို႔ သိရပါတယ္။
ဂ်ာကာတာၿမိဳ႕မွာ ေဖ်ာ္ေျဖပြဲၿပီးတာနဲ႔တၿပိဳင္နက္ ဂ်ပန္ႏိုင္ငံကို သြားေရာက္ေဖ်ာ္ေျဖမွာျဖစ္ၿပီး ေဒသအလိုက္ ရက္စြဲေတြကေတာ့ Nagoya (ႏိုဝင္ဘာ ၉ ရက္)၊ Osaka (ႏိုဝင္ဘာ ၁၂ ရက္) နဲ႔ တိုက်ိဳ (ႏိုဝင္ဘာ ၁၆) ျဖစ္တယ္လို႔ သိရပါတယ္။
ေဖ်ာ္ေျဖပြဲ ပ႐ိုမိုးရွင္း AEG နဲ႔ PR Worldwide တို႔ရဲ႕ မီဒီယာထုတ္ျပန္ခ်က္အရ အာရွရက္စြဲမ်ားကို မၾကာမီ ေၾကညာမယ္လို႔ သိရပါတယ္။ KL ရႈိးပြဲကို National Stadium Bukit Jalil နဲ႔ Jakarta ရွိ Stadion Madya Gelora Bung Karno မွာ က်င္းပမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ၎ရဲ႕ KL ရႈိးအတြက္ လက္မွတ္မ်ားကို မတ္လ ၃၁ ရက္ေန႔ နံနက္ ၁၁ နာရီမွာ www.golive-asia.com မွာ ေဈးႏႈန္း RM288 (US$68) မွ RM 1,088 အထိ အသီးသီး ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။
“ကြၽန္ေတာ္တို႔လုပ္ဖူးသမွ်ထဲက အေကာင္းဆုံးရႈိးကိုဖန္တီးဖို႔ ႀကိဳးစားေနၿပီး အဲဒါကို ကမာၻတဝန္းက ပရိသတ္ ေတြနဲ႔မွ်ေဝဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး၊ မၾကာခင္ အတူဆုံၾကမယ္" လို႔ ဂ်က္စတင္ဘီဘာက အသိေပးလာပါတယ္။
Justice World Tour တစ္ခုလုံးဟာ ေျမာက္အေမရိက၊ ေတာင္အေမရိက၊ ယူေက၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ ေတာင္အာဖရိက၊ အာရွနဲ႔ အေရွ႕အလယ္ပိုင္းမွာ ၂ဝ၂၂ နဲ႔ ၂ဝ၂၃ ခုႏွစ္အတြင္း က်င္းပသြားမွာျဖစ္ၿပီး ရက္ေပါင္း ၁ဝဝ ေက်ာ္အထိ ပါဝင္သြားမယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ဂ်က္စတင္ဟာ ေျမာက္အေမရိကမွာ ေဖ်ာ္ေျဖ ေနၿပီး ဇူလိုင္လကုန္မွာ ဥေရာပသို႔သြားေရာက္မွာျဖစ္တယ္လို႔ သိရပါတယ္။ ၂ဝ၂၁ ခုႏွစ္ ဧၿပီလမွာ ထြက္ရွိခဲ့တဲ့ Justice ဟာ ဂ်က္စတင္ရဲ႕ဆ႒မေျမာက္စတူဒီယိုအယ္လ္ဘမ္ျဖစ္ၿပီး Any, Lonely, Holy နဲ႔ Peaches ကဲ့သို႔ ေသာ သီခ်င္းေတြ ပါဝင္ပါတယ္။
“PR Worldwide နဲ႔ AEG တို႔ဟာ ပြဲဝန္ထမ္းမ်ား၊ အႏုပညာရွင္နဲ႔ အမႈထမ္းမ်ားအတြက္သာမက ပရိသတ္မ်ား အတြက္လည္း လုံၿခဳံတဲ့ပတ္ဝန္းက်င္ကိုဖန္တီးဖို႔ အစီအမံအားလုံး လုပ္ေဆာင္ေနပါတယ္။ မိုဘိုင္း အက္ပလီ ေကးရွင္းနည္းပညာကိုအသုံးျပဳၿပီး ဒစ္ဂ်စ္တယ္လက္မွတ္ေရာင္းခ်ျခင္း၊ ကာကြယ္ေဆးထိုးျခင္းနဲ႔ စမ္းသပ္ျခင္း ပ႐ိုတိုေကာမ်ား ေပါင္းစပ္ျခင္းနဲ႔ အခုပြဲကို အဆင္ေျပေခ်ာေမြ႕စြာျပဳလုပ္ႏိုင္ၿပီ” လို႔ PR Worldwide Sdn Bhd ရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ Para R က ေျပာၾကားခဲ့ပါတယ္။