Air China လေယာဉ်ပျံသန်းနေစဉ် ခရီးဆောင်အိတ်ထဲက ဘတ္ထရီမီးလောင်မှုကြောင့် ရှန်ဟိုင်းကို အရေးပေါ် ဆင်းသက်ရ

398

ရောင်နီ (NP News) - အောက်တိုဘာ ၁၉
Air China လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းဟာ ပျံသန်းနေစဉ် ခရီးသည်တစ်ဦး သယ်လာတဲ့ ခရီးဆောင်အိတ်ထဲက ဘတ္ထရီတစ်လုံး မီးလောင်မှုကြောင့် အောက်တိုဘာ ၁၈ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ကို အစီအစဉ်မရှိပဲ အရေးပေါ်ဆင်းသက်လိုက်ရတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့မှ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီး အင်ချွန်းအပြည် ပြည်ဆိုင်ရာလေဆိပ်ကို ပျံသန်းလာတဲ့ Air China အမျိုးသားလေကြောင်းလိုင်းရဲ့ CA139 လေယာဉ်မှာဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ ခရီးသည်ထိုင်ခုံ အထက်ပိုင်းက ပစ္စည်းထည့်တဲ့အကန့်ထဲမှ ခရီးသည်တစ်ဦးရဲ့ခရီးဆောင် အိတ်ထဲမှာ ပါလာတဲ့ လစ်သီယမ်ဘက်ထရီဟာ သူ့အလိုလို မီးလောင်သွားခဲ့ခြင်းဖြစ်တယ်လို့လေကြောင်းလိုင်းက တရုတ်လူမှုမီဒီယာ Weibo မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ဝန်ထမ်းတွေက အခြေအနေကို လုပ်ထုံးလုပ်နည်းအတိုင်း ချက်ချင်းကိုင်တွယ်နိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ လေယာဉ်က ဆိုပါတယ်။ ဒါပေမယ့် ပျံသန်းမှုဘေးကင်းရေးအတွက် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ Shanghai Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီစဉ်ထားခြင်း မရှိဘဲ လေယာဉ်ဆင်းသက်ခဲ့တယ်လို့ သိရပ်တယ်။
ခြေရာခံဝဘ်ဆိုဒ် Flightradar24 ရဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၇ မိနစ်မှာ ဟန်ကျိုး မှ ထွက်ခွာခဲ့ပြီး ရှန်ဟိုင်းမြို့ကို နံနက် ၁၁ နာရီမှာ ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
Air China ေလယာဥ္ပ်ံသန္းေနစဥ္ ခရီးေဆာင္အိတ္ထဲက ဘတၳရီမီးေလာင္မႈေၾကာင့္ ရွန္ဟိုင္းကို အေရးေပၚ ဆင္းသက္ရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၉
Air China ေလေၾကာင္းလိုင္းမွ ခရီးသည္တင္ ေလယာဥ္တစ္စင္းဟာ ပ်ံသန္းေနစဥ္ ခရီးသည္တစ္ဦး သယ္လာတဲ့ ခရီးေဆာင္အိတ္ထဲက ဘတၳရီတစ္လုံး မီးေလာင္မႈေၾကာင့္ ေအာက္တိုဘာ ၁၈ ရက္က တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕ကို အစီအစဥ္မရွိပဲ အေရးေပၚဆင္းသက္လိုက္ရတယ္လို႔ သိရပါတယ္။
ဒီျဖစ္ရပ္ဟာ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း ဟန္က်ိဳးၿမိဳ႕မွ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕အနီး အင္ခြၽန္းအျပည္ ျပည္ဆိုင္ရာေလဆိပ္ကို ပ်ံသန္းလာတဲ့ Air China အမ်ိဳးသားေလေၾကာင္းလိုင္းရဲ႕ CA139 ေလယာဥ္မွာျဖစ္ပြားခဲ့ တာျဖစ္ပါတယ္။ ခရီးသည္ထိုင္ခုံ အထက္ပိုင္းက ပစၥည္းထည့္တဲ့အကန႔္ထဲမွ ခရီးသည္တစ္ဦးရဲ႕ခရီးေဆာင္ အိတ္ထဲမွာ ပါလာတဲ့ လစ္သီယမ္ဘက္ထရီဟာ သူ႔အလိုလို မီးေလာင္သြားခဲ့ျခင္းျဖစ္တယ္လို႔ေလေၾကာင္းလိုင္းက တ႐ုတ္လူမႈမီဒီယာ Weibo မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေလယာဥ္ဝန္ထမ္းေတြက အေျခအေနကို လုပ္ထုံးလုပ္နည္းအတိုင္း ခ်က္ခ်င္းကိုင္တြယ္ႏိုင္ခဲ့တာေၾကာင့္ ထိခိုက္ဒဏ္ရာရသူမရွိခဲ့ဘူးလို႔ ေလယာဥ္က ဆိုပါတယ္။ ဒါေပမယ့္ ပ်ံသန္းမႈေဘးကင္းေရးအတြက္ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕ရွိ Shanghai Pudong အျပည္ျပည္ဆိုင္ရာေလဆိပ္ကို စီစဥ္ထားျခင္း မရွိဘဲ ေလယာဥ္ဆင္းသက္ခဲ့တယ္လို႔ သိရပ္တယ္။
ေျခရာခံဝဘ္ဆိုဒ္ Flightradar24 ရဲ႕ အခ်က္အလက္ေတြအရ ေလယာဥ္ဟာ ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီ ၄၇ မိနစ္မွာ ဟန္က်ိဳး မွ ထြက္ခြာခဲ့ၿပီး ရွန္ဟိုင္းၿမိဳ႕ကို နံနက္ ၁၁ နာရီမွာ ဆင္းသက္ခဲ့တယ္လို႔ သိရပါတယ္။