ဒုံးကျည်ပစ်လွှတ်ပွဲတက်လာတဲ့ ခေါင်းဆောင်ကင်မ်ဂျုံအမ်ကို "Top Gun" ဟောလိဝုဒ်ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ နိုင်ငံမီဒီယာများကချီးမွမ်း

 1397

ရောင်နီ (NP News) - မတ် ၂၆
မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမှာပြုလုပ်တဲ့ နောက်ဆုံးပေါ် ဒုံးကျည်ပစ်လွှတ်မှု အခမ်းအနားမှာ ခေါင်းဆောင်ကင်မ်ဂျုံအမ်ဟာ တောက်ပြောင်တဲ့ သားရေဂျာကင်အင်္ကျီနဲ့ အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မှူးတစ်ယောက်လို ဝတ်ဆင်ကာ ဟောလိဝုဒ်ဇာတ်ကားထဲက မင်းသားအတိုင်း ပွဲတက်လာခဲ့ပါတယ်။

ကင်မ်လက်ထက်မှာ မြောက်ကိုရီးယားဟာ ၎င်းရဲ့နိုင်ငံပိုင်မီဒီယာကို ဒစ်ဂျစ်တယ်နည်းအသွင်ပြုပြင်ပြောင်းလဲဖို့ကြိုးပမ်းခဲ့ပြီး ၎င်းရဲ့ဇာတ်လမ်းများကို ဖော်ပြဖို့အတွက် ပိုမိုခေတ်မီသော နည်းလမ်းများကို ရှာဖွေလာခဲ့ပါတယ်။ ကြာသပတေးနေ့ (မတ်လ ၂၄ ရက်)မှာ မြောက်ကိုရီးယားဟာ ကြီးမားတဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုမှာ ၎င်းရဲ့ နျူကလီးယား စွမ်းအားကို ပြသဖို့နဲ့ အမေရိကန်စစ်တပ်ရဲ့လှုပ်ရှားမှုမှန်သမျှကို ဟန့် တားဖို့ ဒီဇိုင်းထုတ်ထားကြောင်း ကင်မ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားဟာ တောက်ပသော အကျိုးသက်ရောက်မှုများနဲ့ တည်းဖြတ်မှုများပါရှိသော ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို နိုင်ငံတကာအွန်လိုင်းဝေဖန်သုံးသပ်သူများက "Top Gun" ရုပ် ရှင် သို့မဟုတ် တောင်ကိုရီးယား K-pop သီချင်း "Gangnam Style" နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သားရေဂျာကင်အင်္ကျီနဲ့ နေကာမျက်မှန်တို့ကို ဝတ်ဆင်ထားပြီး ယူနီဖောင်းဝတ် စစ်အရာရှိများ နံဘေးမှာ ရှိနေတဲ့ ကင်မ်ရဲ့လမ်းလျှောက်ပုံကို အနှေးပြကွက်နဲ့ ပြသကာ ကြီးမားသော ဒုံးပျံကြီးလွှတ်တင်ပုံကို ဖော်ပြထားပါတယ်။

ယင်းနောက် ကင်မ်ရဲ့ လက်ထောက်တစ်ဦးက ဒုံးကျည်လွတ်တင်ရန် "မီး!" အချက်ပြအလံကို ဝှေ့ယမ်းပြခဲ့ပြီး အခြားစစ်သားတစ်ဦးက ပစ်လွှတ်တဲ့ ခလုတ်ကို တွန်းလိုက်ပြီးနောက် အနီရောင်မီးတောက်များ သွန်းလောင်းပြီး ဒုံးကျည်ကောင်းကင်သို့ ပျံတက်သွားစေခဲ့ပါတယ်။ ဒုံး ကျည်မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ကင်မ်ဟာ ၎င်းရဲ့ထိပ် တန်း လက်ထောက်နှစ်ဦးနဲ့အတူ မာန်ပါပါ ကြွေးကြော်ကာ လက်ကို မြှောက်လျက် ဂုဏ်ပြုခဲ့ပါတယ်။ နောက်ဗီဒီယိုမှာတော့ ပြုံးရွှင်နေတဲ့ ကင်မ်ဟာ တိုက်ခိုက်ရေးဝတ်စုံများဝတ်ဆင်ထားတဲ့ စစ်သည်များနဲ့အတူ လေယာဉ်ပြေးလမ်းမှာ ယှဉ်တွဲလမ်းလျှောက်ခဲ့တာ တွေ့ရပါတယ်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှု ရုပ်သံမှ ကင်မ်ဂျုံအမ်ကို နိုင်ငံမီဒီယာများက "ထိပ်တန်းကင်ဂျုံအွန်း" သို့မဟုတ် "ပြုံယမ်းစတိုင်" လို့ ရည်ညွှန်းတဲ့ စာသားများနဲ့ အွမ်လိုင်းပေါ်မှာ လှုံ့ဆော်ခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်းကလည်း မြောက်ကိုရီးယားရဲ့ အမြင့်မြတ်ဆုံး တောင်ကုန်းပေါ်ရှိ နှင်းထူထပ်သော တောင်စောင်းများပေါ် မြင်းဖြူစီးလျက် ရိုက်ကူးထားတဲ့ ကင်မ်ဂျုံအမ်ရဲ့ ရုပ်ပုံများ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ကျော်ကြားခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
ဒုံးက်ည္ပစ္လႊတ္ပြဲတက္လာတဲ့ ေခါင္းေဆာင္ကင္မ္ဂ်ဳံအမ္ကို "Top Gun" ေဟာလိဝုဒ္႐ုပ္ရွင္ကားထဲက ဇာတ္ဝင္ခန္းတစ္ခုကဲ့သို႔ ႏိုင္ငံမီဒီယာမ်ားကခ်ီးမြမ္း
ေရာင္နီ (NP News) - မတ္ ၂၆

ေျမာက္ကိုရီးယားႏိုင္ငံ၊ ၿပဳံယမ္းမွာျပဳလုပ္တဲ့ ေနာက္ဆုံးေပၚ ဒုံးက်ည္ပစ္လႊတ္မႈ အခမ္းအနားမွာ ေခါင္းေဆာင္ကင္မ္ဂ်ဳံအမ္ဟာ ေတာက္ေျပာင္တဲ့ သားေရဂ်ာကင္အက်ႌနဲ႔ အရည္အခ်င္းျပည့္ဝတဲ့ ေလယာဥ္မႉးတစ္ေယာက္လို ဝတ္ဆင္ကာ ေဟာလိဝုဒ္ဇာတ္ကားထဲက မင္းသားအတိုင္း ပြဲတက္လာခဲ့ပါတယ္။

ကင္မ္လက္ထက္မွာ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ႏိုင္ငံပိုင္မီဒီယာကို ဒစ္ဂ်စ္တယ္နည္းအသြင္ျပဳျပင္ေျပာင္းလဲဖို႔ႀကိဳးပမ္းခဲ့ၿပီး ၎ရဲ႕ဇာတ္လမ္းမ်ားကို ေဖာ္ျပဖို႔အတြက္ ပိုမိုေခတ္မီေသာ နည္းလမ္းမ်ားကို ရွာေဖြလာခဲ့ပါတယ္။ ၾကာသပေတးေန႔ (မတ္လ ၂၄ ရက္)မွာ ေျမာက္ကိုရီးယားဟာ ႀကီးမားတဲ့ တိုက္ခ်င္းပစ္ ဒုံးက်ည္စမ္းသပ္မႈမွာ ၎ရဲ႕ န်ဴကလီးယား စြမ္းအားကို ျပသဖို႔နဲ႔ အေမရိကန္စစ္တပ္ရဲ႕လႈပ္ရွားမႈမွန္သမွ်ကို ဟန႔္ တားဖို႔ ဒီဇိုင္းထုတ္ထားေၾကာင္း ကင္မ္က ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားဟာ ေတာက္ပေသာ အက်ိဳးသက္ေရာက္မႈမ်ားနဲ႔ တည္းျဖတ္မႈမ်ားပါရွိေသာ ဗီဒီယိုတစ္ခု ထုတ္လႊင့္ခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုကို ႏိုင္ငံတကာအြန္လိုင္းေဝဖန္သုံးသပ္သူမ်ားက "Top Gun" ႐ုပ္ ရွင္ သို႔မဟုတ္ ေတာင္ကိုရီးယား K-pop သီခ်င္း "Gangnam Style" နဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။ ဗီဒီယိုထဲမွာ သားေရဂ်ာကင္အက်ႌနဲ႔ ေနကာမ်က္မွန္တို႔ကို ဝတ္ဆင္ထားၿပီး ယူနီေဖာင္းဝတ္ စစ္အရာရွိမ်ား နံေဘးမွာ ရွိေနတဲ့ ကင္မ္ရဲ႕လမ္းေလွ်ာက္ပုံကို အေႏွးျပကြက္နဲ႔ ျပသကာ ႀကီးမားေသာ ဒုံးပ်ံႀကီးလႊတ္တင္ပုံကို ေဖာ္ျပထားပါတယ္။

ယင္းေနာက္ ကင္မ္ရဲ႕ လက္ေထာက္တစ္ဦးက ဒုံးက်ည္လြတ္တင္ရန္ "မီး!" အခ်က္ျပအလံကို ေဝွ႔ယမ္းျပခဲ့ၿပီး အျခားစစ္သားတစ္ဦးက ပစ္လႊတ္တဲ့ ခလုတ္ကို တြန္းလိုက္ၿပီးေနာက္ အနီေရာင္မီးေတာက္မ်ား သြန္းေလာင္းၿပီး ဒုံးက်ည္ေကာင္းကင္သို႔ ပ်ံတက္သြားေစခဲ့ပါတယ္။ ဒုံး က်ည္ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားၿပီးေနာက္ ကင္မ္ဟာ ၎ရဲ႕ထိပ္ တန္း လက္ေထာက္ႏွစ္ဦးနဲ႔အတူ မာန္ပါပါ ေႂကြးေၾကာ္ကာ လက္ကို ေျမႇာက္လ်က္ ဂုဏ္ျပဳခဲ့ပါတယ္။ ေနာက္ဗီဒီယိုမွာေတာ့ ၿပဳံး႐ႊင္ေနတဲ့ ကင္မ္ဟာ တိုက္ခိုက္ေရးဝတ္စုံမ်ားဝတ္ဆင္ထားတဲ့ စစ္သည္မ်ားနဲ႔အတူ ေလယာဥ္ေျပးလမ္းမွာ ယွဥ္တြဲလမ္းေလွ်ာက္ခဲ့တာ ေတြ႕ရပါတယ္။

အဆိုပါ ဒုံးက်ည္ပစ္လႊတ္မႈ ႐ုပ္သံမွ ကင္မ္ဂ်ဳံအမ္ကို ႏိုင္ငံမီဒီယာမ်ားက "ထိပ္တန္းကင္ဂ်ဳံအြန္း" သို႔မဟုတ္ "ၿပဳံယမ္းစတိုင္" လို႔ ရည္ၫႊန္းတဲ့ စာသားမ်ားနဲ႔ အြမ္လိုင္းေပၚမွာ လႈံ႕ေဆာ္ခဲ့ပါတယ္။

မၾကာေသးမီႏွစ္မ်ားအတြင္းကလည္း ေျမာက္ကိုရီးယားရဲ႕ အျမင့္ျမတ္ဆုံး ေတာင္ကုန္းေပၚရွိ ႏွင္းထူထပ္ေသာ ေတာင္ေစာင္းမ်ားေပၚ ျမင္းျဖဴစီးလ်က္ ႐ိုက္ကူးထားတဲ့ ကင္မ္ဂ်ဳံအမ္ရဲ႕ ႐ုပ္ပုံမ်ား ကမာၻတစ္ဝန္း ပ်ံ႕ႏွံ႔ေက်ာ္ၾကားခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.