အစ္စရေးနိုင်ငံ Tel Aviv မြို့မှာ ကြီးမားတဲ့ဆန္ဒပြပွဲတွေဖြစ်ပွား

444

Pika (NP News) - သြဂုတ် ၁၉
ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ အစ္စရေးနိုင်ငံ Tel Aviv မြို့မှာ စုဝေးခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေ တဲ့စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ဓါးစာခံတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြ တယ်လို့ သိရပါတယ်။
အဲဒီဆန္ဒပြပွဲဟာ (၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အကြီးဆုံးဆန္ဒပြပွဲတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆန္ဒပြပွဲအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့ လူထောင်ပေါင်းများစွာက အစ္စရေးအစိုးရကို ဖိအားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဆန္ဒပြသူတွေဟာ “စစ်ပွဲကိုအဆုံးသတ်ပါ။ဓါးစာခံတွေအားလုံးကို အိမ်ပြန်ခေါ်လာပေးပါ” ဆိုတဲ့ စကားလုံးတွေကို အော်ဟစ်ကြွေးကြော်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် Tel Aviv မြို့မှာ လုပ်ဆောင်ခဲ့တဲ့ဆန္ဒပြပွဲမှာ လူ(၅)သိန်းနီးပါး ပါဝင်ခဲ့တယ်လို့ ဓါးစာခံနဲ့ပျောက်ဆုံးနေတဲ့မိသားစုတွေဖိုရမ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတစ်ဦးက “ကျယ်ကျယ်ပြန့်ပြန်ရရှိနိုင်တဲ့သဘောတူညီချက်တစ်ခုနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ပြီးတော့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ကျွန်တော် တို့တောင်းဆိုပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕မွာ ႀကီးမားတဲ့ဆႏၵျပပြဲေတြျဖစ္ပြား
Pika (NP News) - ၾသဂုတ္ ၁၉
ေထာင္နဲ႔ခ်ီတဲ့ဆႏၵျပသူေတြဟာ အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕မွာ စုေဝးခဲ့ၾကၿပီး ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေန တဲ့စစ္ပြဲကို အဆုံးသတ္ဖို႔နဲ႔ ဖမ္းဆီးခံထားရတဲ့ဓါးစာခံေတြအားလုံးကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾက တယ္လို႔ သိရပါတယ္။
အဲဒီဆႏၵျပပြဲဟာ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္း အႀကီးဆုံးဆႏၵျပပြဲေတြထဲက တစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဆႏၵျပပြဲအတြင္း စစ္ေရးလႈပ္ရွားမႈေတြကို ရပ္ဆိုင္းဖို႔ လူေထာင္ေပါင္းမ်ားစြာက အစၥေရးအစိုးရကို ဖိအားေပးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဆႏၵျပသူေတြဟာ “စစ္ပြဲကိုအဆုံးသတ္ပါ။ဓါးစာခံေတြအားလုံးကို အိမ္ျပန္ေခၚလာေပးပါ” ဆိုတဲ့ စကားလုံးေတြကို ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ Tel Aviv ၿမိဳ႕မွာ လုပ္ေဆာင္ခဲ့တဲ့ဆႏၵျပပြဲမွာ လူ(၅)သိန္းနီးပါး ပါဝင္ခဲ့တယ္လို႔ ဓါးစာခံနဲ႔ေပ်ာက္ဆုံးေနတဲ့မိသားစုေတြဖိုရမ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆႏၵျပသူတစ္ဦးက “က်ယ္က်ယ္ျပန႔္ျပန္ရရွိႏိုင္တဲ့သေဘာတူညီခ်က္တစ္ခုနဲ႔ စစ္ပြဲကို အဆုံးသတ္ဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္။ ၿပီးေတာ့ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြအားလုံးကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔လည္း ကြၽန္ေတာ္ တို႔ေတာင္းဆိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။