ဧပြီ(၁)ရက်မှစ၍ ဘတ်စ်ကားမှတ်တိုင်များတွင် တက္ကစီ နှင့် Light Truck ယာဉ်များ ရပ်ထားပါက အရေးယူမည်

1528

(ဟိန်း) NP News - မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘတ်စ်ကားမှတ်တိုင်များတွင် တက္ကစီ နှင့် Light Truck ယာဉ်များ ရပ်နားထားပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ဧပြီလ (၁) ရက်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘတ်စ်ကားမှတ်တိုင်းများတွင် တက္ကစီများ ရပ်နားထားခြင်းကြောင့် ဘတ်စ်ကားများ ရပ်နားရန် နေရာမရှိခြင်း၊ ယာဉ်များအား နှစ်ထပ်ရပ်ခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်စေကြောင်း၊ ထို့ကြောင့် ဘတ်စ်ကားမှတ်တိုင်များတွင် ရပ်သည့် တက္ကစီ နှင့် Light Truck ယာဉ်များအား အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင်လည် ပညာပေးအနေဖြင့် ဆောင်ရွက်နေခြင်းများရှိကြောင်း၊ ခရီးသွားပြည်သူများ လုံခြုံမှုရှိရန်နှင့် ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရေးအတွက် YPS စနစ်အား ဆောင်ရွက်နေကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းတွင်လည်း ပုံမှန်ထွက်ရှိသည့်ယာဉ်လိုင်း နှင့် ယာဉ်စီးရေအတိုင်း ပြေးဆွဲရန်နှင့် အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အား၏ (၃) ပုံ (၁) ပုံထက်လျော့နည်းမှုမရှိစေဘဲ ပြေးဆွဲသွား ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာဖြင့် ပြေးဆွဲရန်နှင့် ယာဉ်စီးခများအား သတ်မှတ်ယာဉ်စီးခ ထက်ပို၍ မကောက်ခံရန် ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ညမထွက်ရ အမိန့်အား ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်သည့်အတွက် YBS ယာဉ်လိုင်းများမှာ ည (၁ဝ) နာရီအချိန်အထိ တိုးချဲ့ပြေးဆွဲသွားရန် YBS ယာဉ်လိုင်းကုမ္ပဏီများအား အသိပေး အကြောင်းကြားထားကြောင်းလည်း သိရသည်။

Zawgyi Version;
ဧၿပီ(၁)ရက္မွစ၍ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ တကၠစီ ႏွင့္ Light Truck ယာဥ္မ်ား ရပ္ထားပါက အေရးယူေတာ့မည္
(ဟိန္း) NP News - မတ္ ၂၈
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ တကၠစီ ႏွင့္ Light Truck ယာဥ္မ်ား ရပ္နားထားပါက ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး၊ ဧၿပီလ (၁) ရက္မွစ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဘတ္စ္ကားမွတ္တိုင္းမ်ားတြင္ တကၠစီမ်ား ရပ္နားထားျခင္းေၾကာင့္ ဘတ္စ္ကားမ်ား ရပ္နားရန္ ေနရာမရွိျခင္း၊ ယာဥ္မ်ားအား ႏွစ္ထပ္ရပ္ျခင္းမ်ား ျဖစ္ေပၚေနသည့္အတြက္ ယာဥ္ေၾကာၾကပ္တည္းမႈမ်ား ျဖစ္ေစေၾကာင္း၊ ထို႔ေၾကာင့္ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ရပ္သည့္ တကၠစီ ႏွင့္ Light Truck ယာဥ္မ်ားအား အေရးယူသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္လည္ ပညာေပးအေနျဖင့္ ေဆာင္႐ြက္ေနျခင္းမ်ားရွိေၾကာင္း၊ ခရီးသြားျပည္သူမ်ား လုံၿခဳံမႈရွိရန္ႏွင့္ ဝန္ေဆာင္မႈေကာင္းေကာင္းေပးႏိုင္ေရးအတြက္ YPS စနစ္အား ေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ထည့္သြင္း ေျပာၾကားသည္။
သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္းတြင္လည္း ပုံမွန္ထြက္ရွိသည့္ယာဥ္လိုင္း ႏွင့္ ယာဥ္စီးေရအတိုင္း ေျပးဆြဲရန္ႏွင့္ အခက္အခဲရွိပါက ယာဥ္လိုင္းတစ္လိုင္းရွိ ယာဥ္အင္အား၏ (၃) ပုံ (၁) ပုံထက္ေလ်ာ့နည္းမႈမရွိေစဘဲ ေျပးဆြဲသြား ရန္၊ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းစြာျဖင့္ ေျပးဆြဲရန္ႏွင့္ ယာဥ္စီးခမ်ားအား သတ္မွတ္ယာဥ္စီးခ ထက္ပို၍ မေကာက္ခံရန္ ယာဥ္လိုင္းကုမၸဏီမ်ားအား အသိေပးအေၾကာင္းၾကားထားေၾကာင္း ရန္ကုန္တိုင္းေဒသ ႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) က ထုတ္ျပန္ထားသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအပါအဝင္ အျခားေသာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ ညမထြက္ရ အမိန႔္အား ည (၁၂) နာရီမွ နံနက္ (၄) နာရီအထိ ေျပာင္းလဲျပင္ဆင္သတ္မွတ္လိုက္သည့္အတြက္ YBS ယာဥ္လိုင္းမ်ားမွာ ည (၁ဝ) နာရီအခ်ိန္အထိ တိုးခ်ဲ႕ေျပးဆြဲသြားရန္ YBS ယာဥ္လိုင္းကုမၸဏီမ်ားအား အသိေပး အေၾကာင္းၾကားထားေၾကာင္းလည္း သိရသည္။