“မိုးလင်းမှာတောင် ကြောက်ခဲ့ရပြီး နောက်တစ်နေ့မနက်မှာ အိပ်ရာမနိုးချင်တော့တဲ့ အခြေအနေမျိုးထိ ဖြစ်ခဲ့ရတယ်” (အင်တာဗျူး)

 2694

မေးမြန်း - ကျော်မျိုးမင်း၊ ရေသား- စည်သူဟိန်း

ဒေါ်တင့်တင့်လွင်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းများနှင့် ကမ္ဘောဒီးယားကို ရွှေ့မယ့် Water Taxi အပါအဝင် အကြပ် အတည်းများကြားမှ ရုန်းထွက်ခြင်းအကြောင်းများကို NP News သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းမှ တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

မေး ။ ။ အစ်မရေ… မင်္ဂလာပါခင်ဗျာ။ မတွေ့ဖြစ်ကြတာလဲ နှစ်နှစ်လောက်တော့ ရှိပြီနော်။
ဖြေ ။ ။ ဟုတ်တယ်။ မင်္ဂလာပါ မောင်လေး။

မေး ။ ။ ကျွန်တော် ပထမဆုံးသိချင်တာက ခရီးသွားလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ သင့်/ မသင့်ပေါ့။ ဘာလို့လဲ တော့ အိမ်နီးချင်းနိုင်ငံအချို့မှာ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်နေကြတာကို တွေ့နေရပြီလေ။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာရော ခရီးသွားလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ သင့်ပြီလား၊ မသင့်သေးဘူးလား ဆိုတာ အစ်မရဲ့ သုံးသပ်ချက်လေး အရင်ဆုံးသိပါရစေ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။ အစ်မတို့ အခုလောလောဆယ်မှာတော့ အစ်မတို့ခရီးသွားလုပ်ငန်းအပေါ်မှာ မှီခိုနေကြတဲ့ သူတွေ အများကြီးရှိတယ်လေ။ ပြီးတော့ မငြိမ်မသက်တဲ့ ဧရိယာဆိုတာကလည်း သူတို့ရဲ့ဖြစ်တဲ့ဧရိယာအချို့မှာ သာ ဖြစ်နေတာဆိုတော့ တကယ်တမ်း ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့နေရာတွေမှာ ဆိုလို့ရှိရင် အခုလို မျိုး မငြိမ်မသက်ဖြစ်နေတာမျိုးတွေက သိပ်ပြီးတော့ မရှိဘူး။ အဲဒီအတွက်ကြောင့် အစ်မအနေနဲ့က ခရီးသွား လုပ်ငန်းမှာ မှီခိုနေတဲ့လုပ်ငန်းရှင်တွေ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာဆိုရင် ဒီကာလမျိုးမှာ အခြား စီးပွားရေးလုပ်ငန်းတစ်ခုကိုပြောင်းဖို့ဆိုတာ သူတို့မှာ ရင်းနှီးမြှုပ်နှံဖို့ အင်အားလည်း မရှိဘူး။ ပြီးတော့ သူတို့အနေ နဲ့ပြင်ဆင်ခဲ့တာက ဒီလုပ်ငန်းတစ်ခုတည်းအတွက်ပဲ ပြင်ဆင်ခဲ့ကြတယ်။ ဟိုတယ်လုပ်ငန်းရှင်သာမကပဲ စားသောက်ဆိုင်၊ မြင်းလှည်း၊ နွားလှည်း စသဖြင့် သူ့နေရာနဲ့သူက အခက်အခဲလေးတွေ အများကြီးရှိကြတာကို တွေ့ရတယ်။ သူတို့အနေနဲ့ကလည်း ချက်ချင်း တောင်သူတွေဘဝကို ပြောင်းလဲဖို့ဆိုတာကလည်း တောင်သူ တွေဆီက ထွက်တဲ့ထုတ်ကုန်တွေကို ပြန်ရောင်းဖို့ကိစ္စတွေ၊ ဈေးကောင်းရဖို့ကိစ္စတွေ၊ ကုန်ဈေးနှုန်း မတည်ငြိမ်တာတွေ စသဖြင့် သူတို့မှာလည်း နောက်ထပ်လုပ်ငန်းတစ်ခုကို ထိုးဖောက်ဖို့ဆိုတာက အခက်အခဲဖြစ် နေကြတယ်။ အဲဒီကျတော့ အခုလိုမျိုး အဓိက Highlight ဖြစ်တဲ့နေရာတွေမှာဆိုလို့ရှိရင် စတင်ပြီးတော့ ဖြည်း ဖြည်းချင်း ပြန်ဖွင့်သင့်တယ်။ ရှမ်းပြည်တောင်ပိုင်း၊ ကလောဘက်ဆိုလို့ရှိရင် ပြီးခဲ့တဲ့လတွေတုန်းကဆိုရင် နှစ်သစ်ကူးတို့၊ ခရစ္စမတ်နေ့တို့မှာ အစ်မတို့ဆီကို လူတွေ ပြည့်လျှံနေတဲ့အထိကို လာခဲ့တယ်။ ကိုဗစ်ကာလ အတွင်းမှာ လူတွေဟာ အိမ်မှာပဲ နေရတဲ့အခိုက်အတန့်ကာလ အကြာကြီးဖြစ်တဲ့အခါကျတော့ သူတို့အနေနဲ့က လေကို ဝဝရှုချင်တယ်။ တောင်ပေါ်ဒေသလေးကို ခရီးထွက်ချင်ကြတယ်။ ပြီးတော့ ဒီလိုအချိန်မျိုးမှာ ခရီးသွား လုပ်ငန်းတွေအကုန်လုံးက ပိုပြီးတော့ ဈေးသက်သာမယ်၊ Discount တွေလည်း အများကြီးချထားကြမယ်။ အဲဒီလိုခရီးသွားဒေသ အကုန်လုံးကလည်း ရန်ကုန်ကနေ အလာမှာ ကိုဗစ်စစ်ဆေးတာ တစ်ခုကလွဲရင် ကျန်းမာ တဲ့သူမှန်သမျှ အားလုံးက အေးအေးဆေးဆေး သွားလာလို့ရတယ်ဆိုတော့ ရှမ်းပြည်တောင်ပိုင်း ခရီးသွား လုပ်ငန်းတွေကို စိတ်ဝင်စားလာကြတယ်။ အခုချိန်ထိပဲ လာနေတဲ့ခရီးသွားတွေက ပိတ်ရက်တွေဖြစ်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ လိုနေ့မျိုးတွေရယ်၊ အစိုးရရုံးပိတ်ရက်တွေနဲ့ ပိတ်ရက်ဆက်တဲ့နေ့မျိုးတွေဆိုရင်တော့ အများကြီး လာကြတာရှိတာပေါ့နော်။ အဲဒီတော့ ဒီလိုအချိန်မှာ ဘာ့ကြောင့် ခရီးသွားစီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်သင့်လဲဆိုရင်တော့ အဓိကကတော့ ဒီလုပ်ငန်းတွေအပေါ်မှာ နှစ်ပေါင်းများစွာမှီခိုနေတဲ့ စားဝတ်နေရေး တွေက အရမ်းကို ခက်ခဲကြပ်တည်းလာမယ်ဆိုရင် လူတွေရဲ့စိတ်တွေက ကြမ်းတမ်းလာမယ်။ စီးပွားရေးတွေ အဆင်မပြေတဲ့အခါ ကျရင် လူတွေက မကောင်းတဲ့ဘက်က တွေးတာမျိုးတွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာမျိုးတွေ ပြောင်းလဲလာတတ်တယ်။ အဲဒီတော့ ပထမဦးဆုံး မိမိရဲ့အတွေးအခေါ်ပိုင်းဆိုင်ရာကို တည်ငြိမ်လာအောင်၊ Come down ဖြစ်လာအောင် အစ်မအနေနဲ့ကတော့ ကိုယ်လုပ်နေတဲ့လုပ်ငန်းလေးတွေကို၊ အစ်မတို့ အရင်တုန်းက ဘယ်လောက်ထိ အခြေအနေတွေ အမြင့်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုဆို အစကနေကို ပြန်စပြီးတော့ ပြန်ကြိုးစားနေတယ်ဆိုရင် စိတ်လေးက ကိုယ့်ဘဝအတွက် Motivation (စိတ်ခွန်းအား) အဖြစ်လည်းရစေတယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ပြန်စတဲ့အတွက် ဆုံးရှုံးခဲ့တဲ့အရင်းအနှီးတွေကို Recover ပြန်ဖြစ်နိုင်တယ်။ အဲဒါကြောင့် မို့လို့ အစ်မအနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေရယ်၊ ဟိုတယ်လုပ်ငန်းတွေရယ် ဆိုလိုရှိရင် ဘာမှကြီးကြီး မားမားပြဿနာမရှိတဲ့ ဒေသလေးတွေကိုတော့ ဖြည်းဖြည်းချင်း ပြန်ဖွင့်သင့်တယ်။ နောက်ပြီးတော့ Border ဧရိယာတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းဘက်ဆိုလို့ရှိရင် ထိုင်းနိုင်ငံနဲ့ကပ်လျက်ရှိတယ်။ ပင်လယ် ကျွန်းစုတွေနေရာမှာ ဆိုလို့ရှိရင် ဟိုတယ်လုပ်ငန်းလုပ်တဲ့သူတွေရှိတယ်။ Boat rudder တွေရှိတယ်။ နောက်ပြီး တော့ ထိုင်းနိုင်ငံကနေ နယ်စပ်ကူးလာပြီးတော့ လည်ပတ်တဲ့သူတွေလည်း အခုချိန်ထိ ရှိနေသေးတယ်ပေါ့နော်။ အဲဒီကျတော့ အစ်မတို့အနေနဲ့က ဒီလိုမျိုးအေးချမ်းတဲ့နယ်စပ်တွေကို ပြန်ဖွင့်ပေးမယ်ဆိုရင် တဖက်ကနေလာတဲ့ ထိုင်းနိုင်ငံသားတွေအပါအဝင် အစ်မတို့ဘက်ခြမ်းမှာလုပ်ကိုင်နေတဲ့ အကြီးစားလုပ်ငန်းရှင်တွေကနေ စပြီး အသေးဆုံးလုပ်ငန်းရှင်တွေအဆုံး လည်ပတ်လုပ်ကိုင်လို့ရမယ့်နေရာလေးတွေ၊ ဥပမာ- ရှမ်းပြည်နယ်ရဲ့ ဘယ်ဖက်အပိုင်းက ငြိမ်းချမ်းလဲ။ နယ်စပ်ဧရိယာလေးတွေ တစ်ခုတစ်လေတော့ ရှိနေတယ်။ အဲဒီလိုနေရာလေး တွေကို ပြန်ဖွင့်သင့်တယ်လို့ ထင်တယ်။ ပြီးတော့ လေကြောင်းလိုင်းကိစ္စပေါ့။ ဒီအချိန်မှာ တစ်ခြားနိုင်ငံတွေ အကုန်လုံးက လေကြောင်းလိုင်းတွေအကုန်လုံးကို ပြန်ဖွင့်နေကြပြီ။ Quarantine နဲ့ပတ်သက်ပြီးတော့လည်း အကုန်လုံးက ပြန်လည်ဖြေလျော့ထားတာတွေ အများကြီးရှိတယ်။ တင်းကြပ်လှပါတယ်ဆိုတဲ့ အခြား အာဆီယံ နိုင်ငံတွေဆိုလို့ရှိရင် PCR Test ကို ရောက်တာနဲ့ ဟိုတယ်ဘိုကင်ကို အတည်ပြုပေးရတယ်။ ဟိုတယ်ဘိုကင် အတည်ပြုပြီးတာနဲ့ PCR Test ကို အဲဒီမှာပဲ တစ်ခါတည်း စစ်တယ်။ ဟိုတယ်ဘက်ကပဲ အကုန်လုံး ကြို/ပို့တယ်။ ဒါတွေအားလုံးကိုတော့ ပေးရမယ်။ သူတို့ရဲ့သဘောက ပေးနိုင်တဲ့သူ ခရီးထွက်ဆိုတာမျိုးပဲ။ အဲဒီကျတော့ PCR Test နဲ့စစ်ဆေးတာရှိသလို Test Kit နဲ့စစ်တဲ့ နိုင်ငံရှိတယ်။ အဲဒီလိုကွဲပြားတာတွေတော့ ရှိတယ်။ ဒါပေမယ့် Negative ဖြစ်ပြီဆိုတာနဲ့ ခရီးသည်က ဟိုတယ်မှာ တစ်ရက်(One Night) ပဲနေပြီး၊ နောက်တစ်နေ့မှာ ချက်ချင်းပဲ ကြိုက်သလိုသွားလာလို့လည်းရတယ်။ အဲဒီတော့ အစ်မတို့အနေနဲ့ လက်ရှိ သိရသလောက်တော့ အစ်မတို့နိုင်ငံ မှာက သာမန်လေကြောင်းလိုင်းတွေက ပြန်မဖွင့်ဘဲနဲ့ Relief Flight (ကယ်ဆယ်ရေးလေယာဉ်) တွေပဲ ဖွင့်တာ ရယ်၊ ပြန်လာတဲ့သူတွေကိုလည်း Quarantine တွေ အရမ်းကြာတယ်။ တစ်နိုင်ငံမှာ သွားလည်တာက ငါးရက်၊ ဒီမှာ Quarantine နေရတာက ခုနှစ်ရက်၊ ဆယ်ရက်ဆိုတာမျိုး ဖြစ်နေတာကျတော့ လူတွေအနေနဲ့က သွားလာ လှုပ်ရှားရတာ အရမ်းခက်တယ်။ အစ်မတို့အနေနဲ့က ခရီးသွားလုပ်ငန်းလို့ပြောပေမယ့် ခရီးသွားလုပ်ငန်းဆိုတိုင်း က အပျော်ခရီးထွက်တာမဟုတ်ဘူး။ ခရီးသွားလာတယ်ဆိုတဲ့အပိုင်းက အများကြီးရှိတယ်။ စီးပွားရေးကို အခြေခံပြီး တစ်ယောက်နဲ့တစ်ယောက် စီးပွားရေးတွေပြောင်းလဲဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်သွယ်ချိတ်ဆက် ပြီးတော့ ကိုယ့်ရဲ့စီးပွားရေးပုံစံအသစ်ကိုတီထွင်ဖို့၊ ချဲ့ထွင်ဖို့၊ ကိုယ့်ရဲ့ပြည်တွင်းမှာလည်း ခရီးသွားတယ်လို့ ပြော ပေမယ့် ရန်ကုန်ကနေ ရှမ်းပြည် စတဲ့ နေရာတွေကို ဘုရားဖူးဖို့ချည်းပဲ ခရီးသွားတာမျိုးမဟုတ်ဘူး။ ဥပမာ- ရှမ်းပြည်က ကုန်ပစ္စည်းလေးတွေကို ရန်ကုန်မှာ ပြန်ရောင်းရင် ဘယ်လိုအခြေအနေရှိမလဲ။ ရန်ကုန်က ပစ္စည်း လေး ရှမ်းပြည်မှာ ပြန်ရောင်းရင်ရော ဘယ်လိုရှိမလဲ။ ရှမ်းပြည်မှာ ဘာတွေခေတ်စားလာပြီး ဘယ်လိုစီးပွားရေးမျိုး လေးတွေ လုပ်ရင်ကောင်းမလဲနဲ့ မြေစမ်း ခရမ်းပျိုး၊ တစ်ရွာမကောင်း သူကောင်းမဖြစ် ပုံစံမျိုးနဲ့ အခြားနေရာ ဒေသလေးတွေကို လိုက်လံစုံစမ်းတာမျိုးတွေရှိတယ်။ တချို့ကျပြန်တော့လည်း မြေသွားဝယ်ဖို့ ကြည့်တာရှိတယ်။ ရင်းနှီးမြှုပ်နှံဖို့အတွက်။ အဲဒီတော့ အစ်မပြောချင်တာက ခရီးသွားတယ်ဆိုတိုင်း အပျော်ခရီးသွားတယ်ဆိုပြီးတော့ တွေးလို့ သတ်မှတ်လိုက်လို့ မရဘူး။ ခရီးသွားတယ်ဆိုတာက ခရီးသွားတယ်လို့ပဲ နာမည်တပ်တာ၊ သူ့ရဲ့နောက်ကွယ်မှာ ခရီးသွားရခြင်းရဲ့အကြောင်းအရာတွေက အများကြီး ရှိတယ်။ အထိုက်အလျောက်တော့ လူတွေအနေနဲ့ သူတို့သဘောကျတဲ့နေရာလေးတွေကို သွားမယ်၊ လာမယ်၊ စားမယ်၊ ဓါတ်ပုံရိုက်ကြမယ် အစရှိသဖြင့် ရှိမယ်။ ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့ ဒီဒေသမှာ မြေဝယ်ဖို့ရှိမယ်။ ရင်းနှီးမြှုပ်နှံလုပ်ဖို့ရှိမယ်။ အသေးစားစီးပွားရေးလေးတွေ လုပ်ဖို့ရှိမယ်။ ထိုဒေသက သူတွေနဲ့ စီးပွားရေး တွဲဖက် လုပ်ဆောင်ဖို့ရှိမယ်။ သူတို့ရဲ့အခြေအနေတွေက အများကြီး မျိုးစုံရှိတယ်။ အဲဒီကျတော့ သူတို့ရဲ့အခြေအနေ တွေကို အကောင်းဆုံးနားလည်ပေးဖို့လိုတယ်။ အကောင်းမြင်တဲ့စိတ်နဲ့တွေးဖို့လိုတယ်။ ဘာလို့လည်းဆိုရင် ကိုယ်လည်း ခက်ခဲနေတယ်၊ သူလည်း ခက်ခဲနေတယ်။ ဒါပေမယ့် သူအဆင်ပြေနေတာကိုတော့ မနာလိုဖြစ်လို့ မဖြစ်ဘူးလေ။ အဲဒီတော့ သူ့ကို တဖက်သက် စွပ်စွဲပြောဆိုနေတာမျိုးတွေကို လျော့သင့်တယ်။ အစ်မ အနေနဲ့ ကတော့ ဒီအချိန်မှာ စားဝတ်နေရေးက အရမ်းကို ဆိုးဝါးလာပြီ။ ဒါဟာ ဘာကြောင့်လဲဆိုရင်တော့ ကိုဗစ်ကာလ မှာလည်း အရမ်းထိခိုက်ခဲ့သလို နိုင်ငံရေးမတည်ငြိမ်မှုတွေမှာလည်း စီးပွားရေးတွေက အရမ်းထိခိုက်ခဲ့ကြတယ်။ အစ်မတို့အနေနဲ့ကတော့ အခြားအကြောင်းအရာတွေကို ဘာမှပြောလိုစိတ်မရှိဘူး။ အစ်မတို့အနေနဲ့ကတော့ အခုလတ်တလောမှာ ကိုယ်ကိုယ်တိုင်က စီးပွားရေးသမားစစ်စစ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ခက်ခဲနေတဲ့ ပြည်သူ တွေနဲ့ အရမ်းစိတ်ဓါတ်ကျဆင်းနေတဲ့သူတွေအားလုံးကို စိတ်ခွန်အားဖြစ်စေဖို့အတွက် တစ်ခုခုတော့ လုပ်ပေး ချင်တယ်။ အစ်မသည် အင်တာဗျူးတွေ အားလုံးကို ရပ်နားထားတာကြာပြီ။ ဒါပေမယ့် အခုချိန်မှာ ဘာလို့ ဒီအင်တာဗျူးကို စပြီး လက်ခံပြောပေးဖြစ်လဲဆိုရင်တော့ ကိုယ့်ရဲ့အခက်အခဲဖြစ်နေသူအချင်းချင်းကို အစ်မတတ်နိုင်တဲ့ ကိုယ်သိသလောက်လေးကို အကြံဉာဏ်လေးက တဖက်သူအတွက် အကြံလေးတစ်ခုခု ရသွားရင်ပဲဖြစ်စေ၊ အကူအညီရသွားရင်ပဲဖြစ်စေဆိုတဲ့စိတ်နဲ့ အကြံဉာဏ်လေးပေးချင်လို့ဖြစ်တယ်။ အခု လတ်တလောမှာ အစ်မဘာတွေလုပ်နေသလဲဆိုရင်တော့ အစ်မစဉ်းစားတယ်၊ ဒီခရီးသွားလုပ်ငန်းဆိုတာက မြန်မာတစ်နိုင်ငံတည်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။ အစ်မတို့ခရီးသွားလုပ်ငန်းမှာလည်း ကျွမ်းကျင်တဲ့သူတွေ ဆိုတာ အများကြီးပဲ။ ပရော်ဖက်ရှင်နယ် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေလည်း အများ ကြီးပဲရှိတယ်။ အစ်မတို့နိုင်ငံမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေရဲ့အသိပညာက တခြားနိုင်ငံက ခရီးသွား လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေရဲ့ အသိပညာနဲ့ယှဉ်ဖို့ဆိုတာက ဘယ်လိုမှ မနိမ့်ကျဘူး။ ဥပမာ- အစ်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ ဧည့်လမ်းညွှန်တွေဆိုရင် တခြားနိုင်ငံက ဧည့်လမ်းညွှန်တွေထက် အရမ်းတော်တာ အများကြီး ပဲရှိတယ်။ အဲဒီတော့ အစ်မတို့အနေနဲ့က မြန်မာနိုင်ငံမှာ လုပ်လို့မရဘူးဆိုတဲ့အရာတွေကို ကိုယ့်ရဲ့အိမ်နီးချင်း နိုင်ငံတွေကို လွယ်လွယ်ကူကူပြောင်းလဲလို့ ရတယ်။ အစ်မ ထိုးဖောက်ကြည့်ရသလောက် အာဆီယံနိုင်ငံတွေမှာ အစ်မတို့ရဲ့ Tour Guide တွေပဲဖြစ်စေ၊ Tour Owner တွေပဲဖြစ်စေ၊ အခြားသူတွေနဲ့လက်တွဲလို့ပဲဖြစ်စေ၊ သီးသန့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပဲဖြစ်စေ၊ မြန်မာပြည်ကနေပြီးတော့ International Guide ပုံစံမျိုး အသွင်း ပြောင်းလို့ပဲဖြစ်စေ၊ အခြားနိုင်ငံတွေမှာ ဥပမာ- AngkorWat (အန်ကောဝပ်) ကနေ ထိုင်း၊ ဗီယက်နမ်တို့ ဘက်မှာဆိုရင် အစ်မတို့အနေနဲ့ Tour Leader အဖြစ် သူတို့ရဲ့ Local guide နဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒီကျတော့ ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံခြားက Agent တွေ (ဥပမာ- ဂျာမနီတို့၊ အမေရိကတို့ကပဲဖြစ်စေ) အစ်မတို့ မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေ၊ Tour Guide တွေ ခေတ္တခဏရပ်နားထားတယ်။ ငါတို့အနေနဲ့က Freelance Tourleader အဖြစ် အခြားနိုင်ငံရဲ့ဘာသာစကားတွေ ကို ကျွမ်းကျင်ကြတာပဲ။ ပြင်သစ်ဘာသာစကား ကျွမ်းကျင်တဲ့သူဆိုရင် ဘယ်နိုင်ငံကိုလာတဲ့ပြင်သစ်ကိုပဲဖြစ်ဖြစ် ကိုယ်တိုင်က တွဲဖက်လုပ်ကိုင်နိုင်ဖို့ကို ကြိုးစားနေရမှာပဲ။ ကိုယ်တိုင်က ကိုယ့်ရဲ့လမ်းကြောင်းသစ်ကို ထွင်ရမှာ။ လမ်းကြောင်းသစ်ကိုမထွင်ဘဲနဲ့ ထိုင်စောင့်နေမယ်ဆိုရင်တော့ အခုအချိန်က အစ်မတို့နားမလည်တဲ့ ဂိမ်းတစ်ခု လိုမျိုးဖြစ်နေတယ်။ အဲဒီတော့ အစ်မတို့က ကိုယ်နားမလည်တဲ့အရာကို အများကြီးမတွေးဘဲနဲ့ ကိုယ်နားလည်တဲ့ အရာကို ပြည့်ပြည့်ဝဝတွေးပြီးတော့ ကြိုးစားနေဖို့လိုတယ်။ အစ်မတို့ရဲ့နောက်မှာ ကိုယ့်ကိုယ့်မှီခိုနေတဲ့သူတွေမှ အများကြီးပဲ။ ကိုယ်တိုင်ကလည်း ကိုယ့်မိသားစုကို ထမင်းဝအောင် ကျွေးနိုင်အောင်အတွက် ကြိုးစားနေရတာ။ အဲဒီကျတော့ နေဖို့၊ ထိုင်ဖို့၊ စားဖို့ က အရေးကြီးတဲ့အတွက် အစ်မအကြံပေးချင်တာက အစ်မတို့ဆီမှာရှိတဲ့ ခရီးသွားလုပ်ငန်းရှင်အကုန်လုံးက Tourleader တွေ၊ Tourguide တွေ ဆိုလိုရှိရင် ဘာသာစကား သိပ်ကို ကျွမ်းကျင်တယ်။ အခုဆိုရင် နှစ်နဲ့ချီပြီး နားနေရတာ သူတို့အတွက်လည်း ထိခိုက်တယ်။ အဲဒီကျတော့ တခြားနိုင်ငံတွေမှာ Tourleader အနေနဲ့ ကိုယ်နဲ့ယခင်က လုပ်ကိုင်ခဲ့ဖူးတဲ့ နိုင်ငံခြားအေးဂျင့်တွေဆီမှာ ကိုယ့် အတွက် အခွင့်အလမ်းတစ်ခုကိုတောင်းခံဖို့ ဝန်မလေးရဘူး။ သူတို့အနေနဲ့ ကိုယ်တိုင်ဆက်သွယ်ရမယ်။ သူတို့နဲ့ Zoom Meeting လုပ်ရမယ်။ ကိုယ်ဘယ်လောက်ထိ သိတယ်ဆိုတာကို သူတို့ကိုပြောပြရမယ်။ တခြားနိုင်ငံ အကြောင်း ကိုယ်သွားရောက်လုပ်ကိုင်မယ့်နိုင်ငံအကြောင်းကိုလည်း သူများထက်ပိုကျွမ်းကျင်အောင်၊ ပိုသိ အောင်လေ့လာဖို့ ဆိုတာကလည်း သိပ်ကိုလွယ်တယ်။ ဘာလို့လဲဆိုရင် အစ်မတို့ဆီက သူတွေက ဘာသာစကား က ကျွမ်းကျင်ပြီးသား။ တခြားနိုင်ငံရဲ့သမိုင်းကြောင်းကို လေ့လာဖို့ဆိုတာမှာလည်း စာဖတ်ရည် ဝနေတဲ့သူတွေ က ခဏလေးဖတ်လိုက်တာနဲ့ ပြန်ရှင်းပြနိုင်တဲ့ အသိဉာဏ်ပညာအပြည့်အဝ ရှိတယ်။ အဲဒီကျတော့ အစ်မအနေနဲ့ က ခရီးသွားလောကသားတွေကိုလည်း တခြားနိုင်ငံတွေမှာ လုပ်ကြည့်ဖို့ အကြံဉာဏ်ပေးချင်တယ်။ ပြီးတော့ ခရီးသွားကုမ္ပဏီပိုင်ရှင်တွေပဲဖြစ်စေ၊ ဟိုတယ်ရင်နှီးမြှုပ်နှံသူတွေကတော့ သူတို့ရဲ့ဟိုတယ်လုပ်ငန်းစဉ်ကြီးကို တဖက်နိုင်ငံကို ချိန်းလိုက်လို့တော့ မရဘူး။ ဒါပေမယ့် ဘယ်လိုပုံစံနဲ့အေးဂျင့်ပဲဖြစ်ဖြစ်၊ Ticking ပဲဖြစ်ဖြစ်၊ Activity ရောင်းတဲ့ Programer တွေပဲဖြစ်ဖြစ်၊ အစ်မတို့က တဖက်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပဲဖြစ်ဖြစ်၊ local နဲ့ တွဲလုပ်တဲ့သူပဲဖြစ်ဖြစ် အစ်မတို့အနေနဲ့က ဝင်ဖောက်လို့ရတယ်။ သူတို့နိုင်ငံမှာလည်း အားနည်းချက် ဆိုတာ ရှိတယ်။ တခါတလေကျရင် အစ်မတို့နိုင်ငံမှာရှိတဲ့ဈေးကွက်မျိုး သူတို့နိုင်ငံမှာ မရှိဘူး။ အစ်မဆိုရင် River cruise နဲ့ပတ်သက်တဲ့ Tour လုပ်ငန်းတစ်ခုကို အစ်မ မြန်မာပြည်မှာ အားလုံးကို ပိတ်ပစ်လိုက်တယ်။ River cruise နဲ့ ပတ်သက်သမျှလုပ်ငန်းအားလုံးကို ဆိပ်ကမ်းပေါ်တင်တယ်၊ တစ်ချို့ကိုလည်း ရောင်းလိုက်တယ်။ ဒါတွေအားလုံးကို ခေတ္တရပ်နားလိုက်တယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းအနေနဲ့ အစ်မဖောက်နိုင်တဲ့နေရာလေး တွေကိုတော့ အစ်မပြန်လုပ်တယ်။ ဒါပေမယ့် အစ်မအနေနဲ့ကလည်း လုပ်ငန်းသေးသေးလေးနဲ့တော့ လုပ်လို့ မရဘူး။ ကိုယ့်နောက်မှာ ဝန်ထမ်းတွေအများကြီးရှိတာဖြစ်တဲ့အတွက် လုပ်ငန်းအကြီးကြီးကိုလုပ်ဖို့အတွက် အစ်မ အနေနဲ့က တခြားကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ခရီးသွားတွေ မီလျံနဲ့ချီ ဝင်နေတဲ့ဆီကနေ ကိုယ့်အတွက် အစိတ်အပိုင်းတစ်ပိုင်းလေးပဲရဦးတော့ ကိုယ့်မြန်မာနိုင်ငံထက် ပိုများတဲ့အရေအတွက်တစ်ခုကို အစ်မတို့ရနိုင် တယ်။ အဲဒီတော့ အစ်မ ဘာလုပ်လဲဆိုရင် အစ်မလုပ်ကိုင်ခဲ့တဲ့ River cruise ရဲ့အတွေ့အကြုံတွေနဲ့ အစ်မရဲ့ ရွှေ့ပြောင်းနိုင်တဲ့ Probability ၊ နောက်ပြီးတော့ Manpower ၊ ကိုယ့်ဝန်ထမ်းတွေရဲ့ Experience စတဲ့အချက် တွေအကုန်လုံးကို တခြားနိုင်ငံတွေနဲ့သွားယှဉ်ကြည့်တဲ့အခါမှာ ကိုယ့်ဘက်က လူတွေရဲ့အားသာချက်တွေကို အများကြီးတွေ့ခဲ့တယ်။ အဲဒီကျတော့ အစ်မတို့ဆီမှာ ရှိနေတဲ့အရာတွေကို တဖက်နိုင်ငံတွေနဲ့ ပူးတွဲလို့ပဲဖြစ်စေ၊ ကိုယ်တစ်ယောက်တည်းပဲဖြစ်စေ စီစဉ်လိုက်တဲ့အခါမှာ အစ်မဆီကို အမေရိကန်အေးဂျင့်တွေက ပြန်ပြီးတော့ ဆက်သွယ်လာတယ်။ ဟုတ်ပြီ… နင် မြန်မာပြည်မှာလုပ်လို့အဆင်မပြေတာကို မဲခေါင်မြစ် တခြားနေရာမှာ လုပ် မယ်ဆိုရင် ငါတို့ဘက်ကလည်း Welcome ပဲ။ ငါတို့ဘက်ကလည်း Contract ကို တခြားနိုင်ငံနဲ့ပြန်ချုပ်ဖို့ အဆင်သင့်ပဲဆိုပြီး Welcome ဖြစ်လာတယ်။ အဲဒီကျတော့ အစ်မတို့အနေနဲ့က ကမ္ဘောဒီးယားမှာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံမှာဖြစ်ဖြစ်၊ ဗီယက်နမ်မှာပဲဖြစ်ဖြစ်၊ ဘူဒန်မှာပဲဖြစ်ဖြစ် အစ်မတို့ဆိုတာ အာရှမှာ လုပ်လို့ရတာ အများကြီးပဲ။ နောက်ဆုံး တရုတ်ပြည်မှာပဲဖြစ်ဖြစ်၊ အစ်မတို့အေးဂျင့်တွေက တရုတ်အေးဂျင့်တွေထက်စာရင် အစ်မတို့မြန်မာတွေက hospitality (ဧည့်ဝတ်ပြုခြင်း) က အရမ်းကောင်းတယ်။ အရမ်းကျွမ်းကျင်တယ်။ တချိန်လုံးကြီး ဈေးထိုးရောင်းနေတဲ့အေးဂျင့်မျိုး အစ်မတို့ဆီမှာ သိပ်ပြီးတော့ မရှိဘူး။ အစ်မနိုင်ငံက အေးဂျင့် တွေက သူတို့ကို အပြည့်အဝ ဗဟုသုတ ပေးမယ်။ သူတို့ ဘယ်လိုနေရာမျိုးတွေကို ဘဘောကျမလဲ ဆိုတာတွေ ကိုပါ လမ်းညွှန်ပေးနိုင်တဲ့ Smart ဖြစ်တဲ့သူတွေလည်း အစ်မတို့နိုင်ငံမှာ အများကြီးပဲ။ အဲဒီကျတော့ အစ်မအနေ နဲ့က အစ်မတစ်ယောက်တည်း ပြည်ပမှာ တိတ်တိတ်လေး သွားလုပ်ကိုင်လို့ရတာပေါ့။ ဒါပေမယ့် အစ်မရဲ့အတွေး အခေါ်ကကျတော့ အစ်မရဲ့အတွေ့အကြုံလေးတွေကို ပြန်မျှဝေပေးချင်တယ်။ အစ်မလိုမျိုးပဲ လုပ်နိုင်တဲ့သူ မှန်သမျှကို တခြားနိုင်ငံမှာ ဒါမျိုး ချဲ့ထွင်ပြီးတော့ လုပ်ကိုင်ကြည့်စေချင်တယ်။ အဲဒါကြောင့်မို့လို့ ပြည်တွင်း ခရီးသွားလုပ်ငန်းမှာ ရတဲ့နေရာလေးတွေမှာ ရသလောက် ပြန်အစပျိုးပြီးတော့ လုပ်ဆောင်သင့်တယ်။ ပြည်ပနဲ့ တွဲဖက်ပြီးတော့ ပြည်ပနိုင်ငံတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ လုပ်ဆောင်သင့်တယ်လို့ အကုန်လုံးကို အကြံပြု ချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပြည်တွင်းမှာ ခရီးသွားလုပ်ငန်းတွေနဲ့ အခြားသောလုပ်ငန်းတွေကို ပိတ်လိုက်ရ တာက ၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်စဖြစ်တဲ့အချိန်ကတည်းက စိုးရိမ်ပြီးတော့ ကျန်းမာရေးရှုထောင့်အရက လေကြောင်းခရီးတွေ အကုန်လုံးတော့ ပိတ်လိုက်တာပေါ့နော်။ ဒါပေမယ့် အခုဆိုရင်လည်း ကျန်းမာရေး ရှုထောင့်အရပဲ ပြန်ပြောရမယ်ဆိုရင်လည်း တစ်ကမ္ဘာလုံးမှာလည်း ခရီးသွားလုပ်ငန်းတွေက ပြန်ဖွင့်နေကြပြီ။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံပဲ ကျန်နေတာလို့ပြောလို့ရမလား။ အစ်မအနေနဲ့ရော ဘယ်လိုမျိုးပြောပြချင်လဲ။
ဖြေ ။ ။ အဲဒါတော့ ဟုတ်ပါတယ်။ အစ်မတို့နိုင်ငံအနေနဲ့ ကျန်းမာရေးအရ စိစစ်တာ၊ စည်းမျဉ်းစည်းကမ်း တင်းကြပ်တာမျိုးကို အစ်မတို့အနေနဲ့က လက်ခံတယ်။ တခြားနိုင်ငံမှာလည်း ဒီလိုပဲတင်းကြပ်တယ်။ ဒါပေမယ့် Quarantine ကာလကို ဖြေလျော့ပေးဖို့လိုတယ်။ ဥပမာ- တခြားနိုင်ငံက ၇၂ နာရီအတွင်းဆိုရင် ကိုယ့်နိုင်ငံမှာ ၂၄ နာရီအတွင်း PCR Test စစ်ဆေးလို့ အဆင်ပြေတယ်၊ Negative ပြတယ်ဆိုရင် တခြားနိုင်ငံတွေလိုပဲ တစ်ရက် (သို့) ကိုယ့်နိုင်ငံမှာ ကန့်သတ်ချင်သေးတယ်ဆိုရင်လည်း နှစ်ရက်လောက်ပဲဖြစ်ဖြစ်၊ သုံးရက်လောက်ပဲ ဖြစ်ဖြစ် အဲဒီလောက်ပဲ Quarantine ကာလကို ထားရှိသင့်တော့တယ်။ နောက်တစ်ခုကကျတော့ လေကြောင်း လိုင်းတွေအနေနဲ့က ကယ်ဆယ်ရေးလေယာဉ်ဆိုတဲ့နာမည်ကြီးကို အမြန်ဆုံးဖြုတ်စေချင်တယ်။ ကယ်ဆယ်ရေး လေယာဉ်အခြေအနေဆိုပြီးတော့ တပ်ရလောက်တဲ့အခြေအနေမျိုးကြီး အစ်မတို့မှာက မရှိဘူး။ အစ်မအနေနဲ့ ကတော့ ကယ်ဆယ်ရေးလေယာဉ်အစား Schedule Flight လေးကို တစ်ပတ်မှာ တစ်ခါပဲဖြစ်စေ၊ နှစ်ခါပဲဖြစ်စေ (ဥပမာ- ပိတ်ရက်ပေါ့။ သောကြာနေ့လောက်ပြန်မယ်၊ တနင်္လာနေ့လောက် ပြန်လာမယ်) အဲဒီလို လေကြောင်း လိုင်းလေးကို စပြီးတော့ မြေစမ်း ခရမ်းပျိုး ပြေးဆွဲပေးစေချင်တယ်။ ဘာလို့လဲဆိုရင်တော့ အစ်မသိရသလောက် အစ်မ ကမ္ဘောဒီးယားနိုင်ငံကိုသွားတဲ့အခါ ဝန်ကြီးဌာနကိုလည်း သွားခဲ့တယ်။ သွားတဲ့အခါ ခရီးသွားလုပ်ငန်း ဘက်က ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တွေနဲ့လည်း အစ်မတွေ့ခဲ့တယ်။ တွေ့ခဲ့အခါ သူတို့ဘက်က အရင်တုန်းက လုပ်ထားတဲ့ ကမ္ဘောဒီးယားနဲ့ ပုဂံတိုက်ရိုက်ပျံသန်းတဲ့လေကြောင်းလိုင်းမျိုးပဲဖြစ်ဖြစ်၊ ရန်ကုန်ကနေ တဆင့်ပဲ ဖြစ်ဖြစ်၊ ရန်ကုန်-ပုဂံ-ကမ္ဘောဒီးယားပဲဖြစ်ဖြစ် ဒီလိုပုံစံ Short-trip လေးတွေ၊ သူတို့နိုင်ငံသားတွေအတွက်လည်း ဒီလိုမျိုး ပိတ်ရက်ခရီးသွားပရိုဂရမ်လေးတွေလုပ်မယ်ဆိုလို့ရှိရင် သူတို့ဘက်ကလည်း ကြိုဆိုတယ်ပေါ့။ သူတို့ လူတွေကိုလည်း ပို့ပေးမယ်၊ ကိုယ့်ဘက်က ကိုယ့်လူတွေလည်း သွားလို့ရအောင်ပေါ့။ ဒါမျိုးနှစ်နိုင်ငံ ပူးပေါင်းတဲ့ အစီအစဉ်လေးတွေကိုလည်း သူတို့ဘက်က စိတ်ဝင်စားကြတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း ဒီလိုမျိုး ခရီးသွားအစီ အစဉ်လေးတွေပြန်စမယ်ဆိုရင် အနီးအနားဖြစ်တဲ့ ကျိုက်ထီးရိုး ခရီးစဉ်လောက်ပဲဖြစ်ဖြစ်၊ ရန်ကုန်မြို့တစ်မြို့ တည်းပဲဖြစ်ဖြစ်၊ နှစ်ရက်၊ သုံးရက် ခရီးစဉ်ပရိုဂရမ်လောက်လေးတွေကို သူတို့ဘက်က စတင်ပြီးတော့ လုပ်ချင်ကြ တယ်။ ဗီယက်နမ်က သူတွေဆိုရင် Only Shan State (ရှမ်းပြည်နယ်တစ်ခုတည်း) အင်းလေးနဲ့ ကလောနား တစ်ဝိုက်၊ ရှမ်းပြည်ခရီးစဉ်ပေါ့။ ရန်ကုန်-ရှမ်းပြည်နယ် ခရီးစဉ်အတိုလေးတွေကို စတင်ပြီးတော့ အစ်မတို့အနေနဲ့ က မြေစမ်း ခရမ်းပျိုး စပြီးတော့ လုပ်ဆောင်သင့်နေပြီ။ အခုဆိုရင် မြန်မာပြည်က သူအများစုက ဒူဘိုင်းကို တောင် သွားလာနေကြပြီ။ ဒူဘိုင်းမှာ သွားလည်တာ ငါးရက်၊ မြန်မာပြည် ပြန်လာတာ ခုနှစ်ရက် Quarantine ဆို တော့ သွားမယ့်သူတွေအတွက် ကုန်ကျစရိတ်က နှစ်ဆဖြစ်နေတယ်။ သွားပြီးပြန်လာတဲ့အခါ Quarantine ဝင်ရ တဲ့အခါ အစ်မတို့လို စီးပွားရေးသမားတွေအတွက် ခုနှစ်ရက်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုက အစ်မတို့တွေ အတွက် အများကြီးဆုံးရှုံးမှုတွေရှိတယ်။ အချိန်တွေနှောင့်နှေးကုန်တယ်။ အဲဒီကျတော့ အစ်မတို့ပြောချင်တာက မြန်မာပြည်ထဲကိုပြန်ဝင်လာတဲ့ အစ်မတို့ကိုပေါ့ PCR ပဲ စစ်စစ်၊ Rapid Test Kit စစ်စစ်၊ အဲဒီကုန်ကျ စရိတ်ကို လည်း အစ်မတို့ဘက်က ပေးမယ်။ တစ်သိန်းယူမလား၊ ဘယ်လောက်ယူမလဲ၊ ကျသလောက်ကို အစ်မတို့ ဘက်က ပေးမယ်။ ဒါပေမယ့် စစ်ပြီးသွားတဲ့အခါမှာတော့ အစ်မတို့အနေနဲ့က Quarantine ဝင်နေဖို့မလိုဘဲ ကိုယ့်ဘာသာကိုယ့် သွားစရာရှိသွားပြီး ကိုယ့်အလုပ်ကို ဆက်လုပ်သွားချင်တယ်။ ပြီးတော့ အခုလိုမျိုး ကယ်ဆယ်ရေးလေယာဉ်ဆိုတာမျိုးကြီးမဟုတ်ဘဲနဲ့ Schedule Flight အတိုင်းပဲ သွားချင်တယ်။ နောက်ပြီးတော့ ကုန်ကျစရိတ်တွေကို အားလုံးပေါင်းထားပြီးတော့ ဈေးကြီးနေတဲ့လေကြောင်းလိုင်းခရီးစဉ်မျိုးဆိုရင်လည်း ကိုယ့်မြန်မာနိုင်ငံက လူတွေက တခြားနိုင်ငံကို သွားလာပြီးတော့ စီးပွားရေးလုပ်ဆောင်ဖို့အတွက်လည်း အခက်အခဲတွေရှိတယ်။ အသွား/အပြန်၊ အသွား/အပြန်နဲ့ တင်ပေါ့။ အစ်မတို့ဆိုရင် တခြားနိုင်ငံနဲ့ MOU , MOU ထိုးပြီးသွားပြီ။ အဲဒီလိုထိုးပြီးသွားပြီဖြစ်တဲ့အတွက် အချိန်တိုင်းက သွားနေရမှာ။ ဒါပေမယ့် တစ်ခေါက်သွားပြီး တိုင်း တစ်ပတ် Quarantine ဝင်နေရမယ်ဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲနော်။ တခါတလေကျလို့ရှိရင် နှစ်ပတ် တစ်ခါ သွားရတာမျိုးတွေရှိတယ်။ တစ်ခေါက်သွားရင် တစ်ပတ် Quarantine ဝင်ရမယ်ဆိုရင် အစ်မ Quarantine ကနေ ပြန်ထွက်တာနဲ့ ခရီးပြန်ထွက်ဆိုတော့ မဖြစ်နိုင်တာတွေရှိတယ်။ အဲဒီကျတော့ ကျန်းမာရေးဝန်ကြီးဌာနပဲ ဖြစ်ဖြစ်၊ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေက တခြားနိုင်ငံတွေရဲ့လုပ်ဆောင်မှုပုံစံတွေကို အသံလေးတွေ စွင့်ပြီးတော့ ဖြေလျော့သင့်တာတွေကို အမြန်ဆုံးဖြေလျော့သင့်တယ်။ ဒီလိုပဲ လေယာဉ်ပြေးဆွဲတဲ့သူကလည်း ကယ်ဆယ် ရေးလေယာဉ်အနေနဲ့တော့ အဆင်ပြေကောင်းနေတာမှန်ပေမယ့် ကိုယ့်တစ်ဦးတည်းအတွက်ကောင်းလို့ မဖြစ်ဘူး။ တခြားသူတွေအတွက်လည်း အဆင်ပြေဖို့အရေးကြီးတဲ့အတွက် ပုံမှန် Schedule Flight လေးတွေ ပြေးဆွဲပေးမယ်ဆိုရင် မြန်မာပြည်ကို သူ့အချိန်ပိုင်းနဲ့သူ စီးပွားရေးလုပ်လို လို့ပဲဖြစ်စေ၊ အခြားသော ခရီးသွား လုပ်ငန်းကြောင့်ပဲဖြစ်စေ စတဲ့အချက်လေးတွေကတော့ ကောင်းလာနိုင်တယ်။ အစ်မပြောချင်တာကတော့ ဒီနိုင်ငံရဲ့နိုင်ငံရေးအခြေအနေအရ ဒါသည် Own rights ပဲ ယူနိုင်တဲ့သူ လာ၊ မယူနိုင်တဲ့သူဆိုရင် မလာနဲ့ ဒါပဲပေါ့။ နိုင်ငံခြားက သူတွေကတော့ထားပါ။ အစ်မဆိုလိုတဲ့နိုင်ငံတွေက အီးယူ နိုင်ငံတို့၊ အမေရိကန်တို့၊ သြစတြေးလျတို့ ဒါတွေက သူတို့သဘော။ ဒါပေမယ့် အာရှက သူတွေကျတော့ မြန်မာနိုင်ငံကြီးဟာ သူတို့နိုင်ငံထက်တောင် ကြီး နေတော့ အခွင့်အလမ်းတွေကလည်း အများကြီးပဲ။ အဲဒီတော့ သူတို့တွေက မြန်မာပြည်က သူတွေနဲ့ အတူတကွ တွဲလုပ်ချင်နေကြတုန်းပဲ။ အဲဒီကျတော့ အစ်မအနေနဲ့က အခုလို ကယ်ဆယ်ရေးလေယာဉ်တွေအစား Schedule Flight ကို ပုံမှန် နေ့စဉ်ပြေးဆွဲပေးစရာလည်း မလိုဘူး။ ခါတိုင်းလို သုံး၊ လေးကြိမ်လည်း ပြေးဆွဲပေးစရာ မလို သေးဘူး။ တစ်ပတ်မှာ တစ်ကြိမ်ပဲဖြစ်စေ၊ နှစ်ကြိမ်ပဲဖြစ်စေ Schedule Flight နဲ့ပေါ့။ အခု လေယာဉ်တွေ ဈေးကြီးလာတယ်ဆိုရင်လည်း ဈေးကြီးလာတဲ့ဈေးနှုန်းအတိုင်းနဲ့ပဲ ပြန်ဖွင့်ပေးစေချင်တယ်ပေါ့နော်။ အဲဒီကျရင် တော့ အစ်မတို့နိုင်ငံအနေနဲ့လည်း အထိုက်အလျှောက်တော့ ပြန်ကောင်းလာလိမ့်မယ်လို့ထင်ပါတယ်။ ဒါကတော့ အစ်မအနေနဲ့ အကြံပြုတာပါ။

မေး ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဘက်ကရော၊ အခြားဆက်စပ်တဲ့ဝန်ကြီးဌာနတွေဘက်ကရော အဲဒီလိုမျိုး မူဝါဒကို သူတို့ဘက်ကရော ဆက်စပ်စဉ်းစားပေးတာ မျိုး တွေ့မိလား၊ ပြုပြင်ပြောင်းလဲမှုကို စတင်ပြုလုပ်မယ့် အရိပ်အယောင်မျိုးပေါ့။
ဖြေ ။ ။ အစ်မတို့ အခုလက်ရှိ ခရီးသွားလုပ်ငန်းဝန်ကြီးက ဟိုးတုန်းက ပြီးခဲ့တဲ့အစိုးရမတိုင်ခင်ကတည်းက ဝန်ကြီးဖြစ်တဲ့အတွက် သူ့မှာတော့ အတွေ့အကြုံတွေက အများကြီးရှိပြီးသား။ သူနဲ့ အစ်မ ဘာလင် (Berlin) မှာ ဆုံဖူးတယ်။ ခရီးသွားလုပ်ငန်းပြပွဲမှာ ဆုံဖူးတယ်။ သူ့မှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံတွေ ရှိတယ်။ အရည်အချင်းတွေ အပြည့်အဝရှိတယ်ဆိုတာ အစ်မတို့သိတယ်။ ဝန်ကြီးဟောင်းကနေပြီးတော့ လက်ရှိ အခြေအနေမှာ ဝန်ကြီးတာဝန်ကို ပြန်ယူထားတာဖြစ်တဲ့အတွက် အစ်မတို့အတွက်က လူစိမ်းတစ်ယောက် မဟုတ်ဘူး။ သူ့အနေနဲ့ ဒါတွေအကုန်လုံးကို လုပ်လိမ့်မယ်လို့ အစ်မထင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် အစ်မတို့အနေနဲ့ကကျတော့ ဒီကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းကော်မတီက ဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းပြီးတော့ အခုအသစ်ဖွဲ့စည်းထားတယ်။ လက်ရှိအခြေအနေအရ အစ်မတို့အနေနဲ့ကတော့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့တော့ (keep in touch) ထိတွေ့ဆက်ဆံတာမျိုးကြီးတော့ မရှိသေးဘူးပေါ့နော်။ အစ်မအနေနဲ့ကတော့ အကြံပေးနိုင်တဲ့အခြေအနေတစ်ခုလောက်တော့ ရှိတယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းဆို တာမျိုးက ဘယ်အချိန်၊ ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် ချက်ချင်းထလုပ်လို့ရတယ်။ အစ်မပြောသလို smoke class လေ။ စက်ရုံကြီး တည်ထောင်နေစရာ မလိုဘူး၊ ဘာမှ ရင်းနှီးမြှုပ်နှံနေစရာလဲ မလိုဘူး။ ကိုယ့်မှာရှိတဲ့ ရေ၊ မြေ၊ တော၊ တောင်၊ သဘာဝ နဲ့ ကိုယ်စပြီး အစပျိုးလို့ရတဲ့ အရင်းအနှီးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အစ်မအနေနဲ့ ကတော့ ခရီးသွားလုပ်ငန်းတွေကို ဒီလိုပြန်လုပ်ဖို့ရယ်၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေကို ပြန်လည်ဖြေလျော့ပေးဖို့ရယ်၊ အဲဒီအချက်တွေကိုတော့ ခရီးသွားဝန်ကြီးဌာနဘက်က စဉ်းစားနေလိမ့်မယ်လို့ မျှော်လင့်တယ်။ အခုအချိန်ထိတော့ ကြေညာချက်တွေ ထုတ်ပြန်တာမျိုး မတွေ့သေးဘူး။ ဒါပေမယ့် အစ်မအနေ နဲ့ကတော့ ဒီကနေပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အကြံပြုပါတယ်။ ထပ်ပြီးတော့လည်း အခွင့်အရေးရတဲ့အခါတိုင်း မှာ ထပ်ပြီးတော့ အကြံပြုပေးမှာပါ။ အစ်မအနေနဲ့ကတော့ ကော်မတီပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် အဲဒါက အစ်မတို့ အတွက် အရေးမကြီးဘူး။ အစ်မတို့အနေနဲ့က ၁၉၉၆ ခုနှစ်ကတည်းက Business Myanmar ရေးတာ ဟိုးငယ်ငယ်လေးကတည်းကစပြီးတော့ ဒီခရီးသွားလုပ်ငန်းထဲမှာ မွေးဖွားလာတဲ့လူလို့တောင် ပြောရမှာလေ။ အဲဒီကျတော့ ဒီခရီးသွားလုပ်ငန်းကို ချစ်တယ်။ ဒါကို အစ်မ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ပါစေ၊ ဘယ်လို စီးပွားရေးပုံစံတွေပြောင်းပြောင်း၊ အစ်မကတော့ ခရီးသွားလုပ်ငန်းကိုတွဲဖက်ပြီးတော့ လုပ်ဆောင်မှာပဲ။ အစ်မ အနေနဲ့ အခု Business Carrier တွေ ချိန်းလိုက်တယ်။ ကိုဗစ်ကာလမှာ အစ်မရဲ့အရင်တုန်းက International Business ကနေ Local Business ကို ချိန်းလိုက်တယ်။ ဒါပေမယ့် Local Business ကတော့ အစကနေကို ပြန်စရတယ်။ တကယ့်ကို အတွေ့အကြုံအဆင့်မြင့်တဲ့သူတွေ၊ အလုပ်သမားတွေကို လျော့ချပစ်လိုက်ရတယ်။ အဆင့်မြင့်၊ ရာထူးမြင့်တဲ့ဝန်ထမ်းတွေနေရာမှာ အစ်မကိုယ်တိုင်ဝင်လုပ်ရတယ်။ အရမ်းလည်း ပင်ပန်းတယ်။ micro management (ဟိုးအောက်ခြေထိ) ဝင်လုပ်ရတဲ့အတွက်လည်း အစ်မမှာ ခရီးတွေလည်း အရမ်းထွက်ရ ပြီး၊ ကိုယ်တိုင်ဝင်လုပ်ရတဲ့အတွက် အရမ်းလည်းပင်ပန်းတယ်။ အဲဒီကျတော့ အစ်မတို့အနေနဲ့အခြားစီးပွားရေး တွေပြောင်းတဲ့အခါမှာ ဘယ်လိုပဲပင်ပန်းပင်ပန်း ဒီခရီးသွားလုပ်ငန်းက အစ်မသွေးကြောထဲမှာ ရှိနေတာဖြစ်တဲ့ အတွက် ဒီခရီးသွားလုပ်ငန်းကိုတော့ အောင်မြင်တိုးတက်အောင်တော့ သက်ဆိုင်ရာဒေသမှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့တာမျိုး၊ ဒေသခံတွေကို အကြံပေးမယ်၊ ဒေသခံတွေ ဘယ်လိုဖွံ့ဖြိုးအောင်လုပ်ဆောင်မယ်ဆိုတာကိုတော့ အစ်မက ဆက်လက်လုပ်ဆောင်သွားမှာပါ။

မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ အစ်မတို့ ဟိုတယ်ခရီးနဲ့ပတ်သက်ရင် အရပ်ဖက်အဖွဲ့အစည်းတွေရှိတယ်။ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်အသင်း၊ Tour Guide အသင်းဆိုပြီး အဲဒီလိုအသင်းအဖွဲ့အစည်းတွေ အကုန်လုံးကရော သူတို့ရဲ့သဘောထားဆန္ဒကရော ဘယ်လိုအခြေအနေရှိလဲ။ ၂ နှစ်ရှိနေပြီဆိုတော့ သူတို့ကိုယ် တိုင်ကရော ခရီးသွားလုပ်ငန်းကို ပြန်ပြီးတော့ စလုပ်စေချင်တဲ့ဆန္ဒရှိနေကြပြီးလား။ ဘယ်လိုပြဿနာမျိုးတွေ ရှိနေလဲ။ ဥပမာ- တစ်ခုခုပြောပြလို့ရတာများရှိမလား။
ဖြေ ။ ။ ဟုတ်တယ်။ အစ်မအနေနဲ့ကကျတော့ သူတို့မှာ ဘယ်လိုပြောပြရမလဲဆိုရင်တော့ ဥပမာ- အခုလို အချိန်အခါမျိုးမှာက အများရဲ့ Criticise (ဝေဖန်ပြောဆို) တာကို ခံနိုင်ရည်ရှိတဲ့သူရှိတယ်။ ခံနိုင်ရည်မရှိတဲ့သူ ရှိ တယ်။ အစ်မအနေနဲ့ ကိုယ်တိုင်က လိပ်ပြာသန့်သန့်ပြောနိုင်တာက အစ်မတို့သည် ပြည်သူတစ်ယောက်ဖြစ် တယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။ အစ်မတို့သည် လူစဖြစ်တဲ့အရွယ်၊ အချိန် အစိုးရကတည်းက သုညကနေ စတင်ခဲ့ရတာ။ ဘယ်အစိုးရကမှ အစ်မတို့ကို ငွေထောက်ပံ့ပေးခဲ့တာလည်း မရှိသလို ကူညီပေးခဲ့တာ မျိုးလည်းမရှိခဲ့ဘူး။ အဲဒီကျတော့ အစ်မတို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ရတာဖြစ်တဲ့အတွက် ယခင်က လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့သလို အခုလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ်။ ဘာဖြစ်လို့များ ကိုယ်ထမင်းစားဖို့ကိုယ်ရှာနေရတဲ့အခါမျိုးမှာပေါ့နော်။ နောက်ပြီး ဒီလုပ်ငန်းဆိုတာကလည်း ပြည်သူတွေအလုပ် လုပ်တာ၊ ဒေသခံပြည်သူတွေ အလုပ်လုပ်တာဆိုတော့ ဒေသခံတွေ အဆင်ပြေဖို့၊ ဒေသခံတွေ အရင်ဆုံးထမင်းဝ ဖို့ကို အစ်မတို့က ဘာလို့မလုပ်ရဲရမှာလဲ။ ဒါပေမယ့်လည်း မတည်ငြိမ်တဲ့နေရာကတော့ မတည်ငြိမ်ပါဘူး။ ဒါပေမယ့်လည်း အစ်မတို့က အေးချမ်းသွားပြီး အားလုံးတည်ငြိမ်သွားပြီဆိုတဲ့ နေ့တစ်နေ့ကို အစ်မတို့ ကြိုတင် ပြီးတော့ မမြင်နိုင်ဘူး။ အခုလိုမျိုးကာလမှာ ကိုယ်ကိုယ်တိုင်တောင်မှ ကြပ်တည်းလာတာ။ ကိုယ့်ထက်နိမ့်တဲ့သူ တွေက ပိုပြီးတော့ ကြပ်တည်းလာမယ်ဆိုတာ အစ်မတို့သိတယ်။ အဲဒီတော့ လူတိုင်းလူတိုင်းက အလုပ်ကို လုပ် နေရမယ်။ အစ်မတို့အလှူခံပြီး စားလို့လည်း မရဘူး။ အစ်မတို့ကိုဆို ဘယ်သူမှလည်း လာကျွေးမှာ မဟုတ်ဘူး။ အဲဒီတော့ အစ်မတို့အနေနဲ့က ကိုယ့်လိပ်ပြာကိုယ်လုံနေဖို့လိုတယ်။ ပြီးတော့ ကိုယ့်အလုပ်ပေါ်မှာ ကိုယ်ယုံကြည် မှုရှိဖို့လိုတယ်။ နောက်တစ်ခုက ကိုယ့်လုပ်ငန်းကို ကိုယ်ကရှေ့ဆက်သွားပြီးတော့ ကိုယ့်ရဲ့ဒေသခံပြည်သူတွေနဲ့ အတူတူ growth together ဖြစ်ဖို့အတွက် ကိုယ်ကလက်တွဲသွားနိုင်တယ်ဆိုတဲ့ ကိုယ့်ရဲ့အရည်အချင်းပေါ်မှာ ကိုယ်ကိုယ်တိုင်ကလည်း ယုံကြည်မှုအပြည့်ရှိနေဖို့လိုတယ်။ အဲဒီတော့ အစ်မအနေနဲ့က ဒီအခြေအနေမှ မဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ အစ်မတို့တခြားနိုင်ငံမှာပဲဖြစ်ဖြစ် ဒီအခြေအနေမျိုးမှာ ဘယ်လို ထိုးဖောက်လို့ရမလဲ။ အစ်မရှေ့မှာပြောခဲ့သလိုပဲ ခရီးသွားတယ်ဆိုတိုင်းက ပျော်စရာခရီးထွက်တာမျိုး မဟုတ်ဘူး။ စီးပွားရေး မြေစမ်း ခရမ်းပျိုးတာတွေ၊ စီးပွားရေးလုပ်ဖို့ လေ့လာတာမျိုးတွေ၊ မြေကြီးလေး ဝယ်ပြီး တော့ ရင်းနှီးမြှုပ်နှံတာလေးတွေ ရှိမယ်။ ဒါမျိုးတွေ အများကြီးပဲရှိတယ်။ အဲဒီကျတော့ ဒေသအလိုက် လုပ်လို့ရတဲ့ အပိုင်းလေးတွေကို စပြီး အကောင်အထည်ဖော်ပြီးတော့ လူတစ်ဦးချင်းတစ်ဦးချင်းစီရဲ့ နေ့စဉ်စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစ်မတို့ဘက်က မည်သူ့ကိုမဆို ကူညီဖို့အဆင်သင့်ပဲ။ အဲဒါကြောင့်မို့လို့ အသင်းအဖွဲ့ အစည်းတွေအနေနဲ့ကတော့ စတင်ပြီး လှုပ်ရှားဖို့အတွက် ဦးဆောင်ပေးမယ့် လူတစ်ယောက်လိုတယ်။ အဲဒီလို ဦးဆောင်လုပ်ကိုင်ပေးမယ့်သူတစ်ယောက်ရဲ့အတွေးအခေါ်တွေကလည်း (extreme) အရမ်းကြီးကို မပြင်းထန် ဘဲ အစွန်းမရောက်ဖို့လိုတယ်။ အဲဒါအပြင် ကိုယ်ဦးတည်လုပ်ဆောင်ရမှာက ဘာလဲ။ မိမိရဲ့အဖွဲ့အစည်းအပြင် ဒေသတွေ၊ ဒေသတွေတိုင်းမှာရှိတဲ့ ဒေသခံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရည်ရွယ်ပြီး ဦးစားပေးလုပ်ကိုင်ဖို့လည်း လိုတယ်။ ဆိုလိုတာက ဒေသခံပြည်သူတွေ ပြေလည်လာတယ်၊ ပြေလည်သွားတယ်ဆိုလို့ရှိရင် ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းနဲ့ပဲ အစ်မတို့အနေနဲ့က အခြားနေရာလေးတွေကိုပါ ချဲ့ထွင်သွားဖို့လိုတယ်။ အဲဒီကျတော့ စီးပွားရေးလုပ်နေတာလို့ပြောတာထက်စာရင် စားဝတ်နေရေးလုပ်နေတယ်ဆိုတဲ့ခေါင်းစဉ်ဘက်ကို အစ်မအနေနဲ့ ပြောင်းပစ်ချင်တယ်။ တကယ်တော့ စီးပွားရေးဆိုတာက ကိုယ့်ရဲ့စားဝတ်နေရေးပြေလည်ပြီး နောက်ထပ် ထပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပြောတာဖြစ်တယ်။ ဒါပေမယ့် အစ်မက အခုလက်ရှိကို စားဝတ်နေရေးလို့ပဲ နာမည်တပ်ချင်တယ်။ အဲဒီတော့ စားဝတ်နေရေးတွေ ပြေလည်စေဖို့အတွက် စတင်လုပ်ဆောင်သင့်နေပြီလို့ အစ်မကတော့ ထင်တာပေ့ါနော်။

မေး ။ ။ အခု ၂ နှစ်အတွင်းမှာပဲ စီးပွားရေးတွေက ကဏ္ဍအလိုက် ယိုင်နဲ့ ယိုယွင်းကုန်တာကို တွေ့ရတယ်။ အစ်မကိုယ်တိုင်ရော အခု ၂ နှစ်အတွင်းမှာ စီးပွားရေးယိုင်နဲ့ ယိုယွင်းမှုတွေကို ရင်ဆိုင်ခဲ့ရလား။
ဖြေ ။ ။ အိုး.. ရှိတာပေါ့။ အစ်မဆိုရင် လုံးဝပါပဲ။ အစ်မ သန်းပေါင်းများစွာရင်းခဲ့တဲ့ စီးပွားရေးကြီးတစ်ခုလုံးကို ဝုန်းခနဲ့ ဇီးရိုး Income အထိ ပြိုလဲသွားတယ်။ ဆိုတော့ အစ်မဆိုရင် နောက်တစ်နေ့မှာ မနက်မိုးမလင်းချင် လောက်အောင်၊ မိုးလင်းမှာတောင် ကြောက်ရတဲ့အခြေအနေမျိုးတွေတောင်ဖြစ်ခဲ့တယ်။ စီးပွားရေးတင်မကဘဲ ကိုဗစ်ရောဂါတွေလည်း ဖြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်တောင်မှ နောက်တစ်နေ့မှာ ငါသေဆုံးနေမှာလား ဆိုပြီး တွေးမိတဲ့အထိဖြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်တောင်မှ ကိုယ့်သားကို မတွေ့ရဘဲနဲ့ တကယ်လို့ ငါသေဆုံးသွားရင် ဆိုတဲ့အတွေးနဲ့ အသံတွေ သွင်းထားပြီးတော့ အစ်မသေဆုံးသွားခဲ့ရင် နောက်တစ်နေ့မှာ သားကို ဘာတွေ လုပ်ပါ။ ဘာတွေရှိပါတယ်ဆိုတာကို လက်တွေတုန်နေလို့ စာတောင်မရေးနိုင်တော့ဘဲ အသံသွင်းထားတဲ့အထိ တောင်ဖြစ်ခဲ့တယ်။ အစ်မတို့မှာ စီးပွားရေးရော၊ ကျန်းမာရေးရော၊ ပြီးတော့ ဒီကာလအတွင်းမှာ မောင်လေးတို့ လည်း သိတဲ့အတိုင်းပဲ… အစ်မ ဆိုက်ဘာတိုက်ခိုက်မှုပါ အစ်မအကြီးအကျယ်လုပ်ခံရတယ်။ ဆိုက်ဘာ Attack နဲ့ပတ်သက်ပြီးတော့ အတွေးအခေါ်ပိုင်းဆိုင်ရာမမြင့်မားတဲ့သူတွေက ဆိုက်ဘာပေါ်မှာမူတည်ပြီး အစ်မအပေါ် မှာ ခံစားချက် ထင်ယောင်ထင်မှားတွေ အများကြီးရှိတယ်။ ဒါပေမယ့် အစ်မဘာလုပ်လိုက်လဲဆိုတော့ အားလုံးကို လျစ်လျူရှုပလိုက်တယ်။ လုံးဝဂရုမစိုက်ဘူး။ သူတို့ပြောဆိုနေလဲ ဘာဖြစ်လဲဆိုပြီးတော့ အစ်မကိုယ်ကိုယ်ကို ပြန်ပြီးတော့ စိတ်ခွန်အားပြန်တက်အောင် စလုပ်ရတယ်။ အစ်မအနေနဲ့ ကိုဗစ်ကြောင့်ထိခိုက်သွားတဲ့ ကိုယ့်ရဲ့ စိတ်တွေ၊ ကိုယ့်ရဲ့စီးပွားရေးတွေကို သုညကနေ ပြန်စရတယ်။ အဲဒီအချိန်မှာ အစ်မဘာလုပ်လည်းဆိုရင်တော့ အစ်မအချိန်ကို လုံးဝ (Waste) အလဟဿ အဖြစ်မခံဘူး။ ကိုဗစ်ကာလမျိုးမှာ အားလုံးကပိတ်ထားတဲ့အချိန် Home Stay ဖြစ်တဲ့အချိန်မျိုးမှာ အစ်မအိမ်မှာနေပြီး ဘာလုပ်လည်းဆိုရင် အစ်မလုပ်ငန်းကြီးတစ်ခုလုံးရဲ့ အားနည်းချက်တွေကို အစ်မချရေးတယ်။ ဒီအားနည်းချက်တွေကို ဘယ်လိုမျိုးပြုပြင်ပြောင်းလဲမလဲဆိုတဲ့ နည်းလမ်းအသစ်တွေ အဲဒီအချိန်တွေက အစ်မအတွက် အလဟဿဖြစ်မယ့်အစား တန်ဖိုးရှိတဲ့ Value Period တွေဖြစ်လာတယ်။ ဘာကြောင့်လဲဆိုရင် အစ်မအဲဒီအချိန်မှာတုန်းက အရမ်းကို ပြိုပျက်ပြီးတော့ ကိုယ့်ကိုယ်ကို တိုက်ပေါ်ကနေ ခုန်ချချင်တဲ့အခြေအနေမျိုးတွေ၊ နောက်တစ်နေ့မနက်မှာ အိပ်ရာမနိုးချင်တဲ့အခြေအနေမျိုးတွေ ဖြစ်လာတဲ့အခြေအနေမျိုးတွေကနေ အစ်မရအောင် ထတယ်။ ရအောင် ထူထပြီးတဲ့အချိန်မှာ အခုငါအိမ်မှာနေ နေရတယ်။ ဒါပေမယ့် ဒါသည် ကိုဗစ်စည်းမျဉ်းသတ်မှတ်ချက်အရမို့လို့ လုံးဝအပြင်ထွက်လို့မရဘူး။ အဲဒီတော့ ဟုတ်ပြီ… ဒီလိုမျိုး အချိန်တွေကို အလဟဿဖြစ်နေမယ့်အစား ငါ့ရဲ့အားနည်းချက်တွေအကုန်လုံးကို ပြုပြင်မယ့် ဗျူဟာတွေ ရေးဆွဲမယ်၊ ဘယ်လိုလုပ်ငန်းတွေက မြန်မာပြည်မှာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လုပ်ငန်း လုပ်လို့ ကောင်းတဲ့လုပ်ငန်းရှိမလဲဆိုတာကို အစ်မလေ့လာတယ်။ တစ်နိုင်ငံလုံးမှာ တိုင်းနဲ့ပြည်နယ်တစ်ခုချင်းစီရဲ့ စီးပွားရေးလုပ်ငန်းတွေကို အိမ်မှာနေရင်းလည်းလေ့လာသလို အဲဒီမြို့က သူတွေကိုလည်း ဖုန်းတွေ ဆက်ပြီး တော့ လေ့လာတယ်။ အဲဒီမြို့တွေက လူတွေနဲ့စကားတွေပြောတယ်။ သူတို့မြို့မှာ ရင်းနှီးမြှုပ်နှံမှု မရှိသေးတဲ့ လုပ်ငန်းမျိုး၊ သူတို့မြို့ရဲ့လိုအပ်ချက်၊ တိုင်းနဲ့ပြည်နယ်တစ်ခုချင်းစီရဲ့ လိုအပ်ချက်လေးတွေမှာ ဘာတွေလိုအပ်လဲ ဆိုတာရယ်၊ အဲဒီနေရာတွေမှာ ကိုယ့်ရဲ့ရှိတဲ့ ကျန်တဲ့ရင်းနှီးမြှုပ်နှံမှုလေးတွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ပထမဆုံး အဆင့်အနေနဲ့ ထမင်းစားဖို့၊ ကိုယ့်ဝန်ထမ်းလေးတွေကို ပြန်လည်ခန့်နိုင်ပြီး ပုံမှန်လေးပြန်လည်ပတ်နိုင်မယ်။ ပြီးတော့မှ တစ်ဆင့်ချင်းတစ်ဆင့်ချင်းစီ သွားမယ်ပေါ့နော်။ အစ်မအနေနဲ့ အဲဒီလိုမျိုး အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်တယ်။ အဲဒီကျတော့ အပြင်ပြန်ထွက်လို့ရပြီ၊ ခရီးသွားပြီး အလုပ်တွေပြန်လုပ်လို့ရပြီဆိုတဲ့ အခြေအနေမှာ အစ်မအနေနဲ့ပြောင်းလဲလိုက်တဲ့ စီးပွားရေးတွေရှိတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်လိုက်တာတစ်ခုကတော့ အရင်တုန်းကတော့ အစ်မက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး မာနကြီးခဲ့မိ တယ်။ နိုင်ငံတကာနဲ့ပဲ၊ နိုင်ငံတကာနဲ့ပဲချိတ်ဆက်လုပ်မယ်။ ငါတို့က ဒေါ်လာနဲ့ပဲအလုပ်လုပ်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ပဲ အလုပ်လုပ်မယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မာနကြီးခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ အဲဒီလိုအချိန်တွေအတွက် အစ်မအရမ်းနောင်တရတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ရဲ့အနီးစပ်ဆုံး လက်တစ်ကမ်းမှာရှိတဲ့ မြန်မာပြည်မှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပြီးတော့ တစ်နိုင်တစ်ပိုင်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှ အများကြီးမှ အများကြီးပဲ။ အစ်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်လို့ရတဲ့လုပ်ငန်းတွေကို လေ့လာမိတဲ့အခါမှာ အစ်မအရင်တုန်းက ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို အစ်မအရမ်းနှမြောတယ်။ အော်.. ဘာလို့လဲပေါ့နော် အရင်တုန်းက အစ်မအနေနဲ့ အရံအနေနဲ့လုပ်ခဲ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းလေးတွေတော့ ရှိတယ်။ ဒါပေမယ့် ထပ်ပြီးတော့ ချဲ့ထွင်လို့ရတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်ဆိုတာကို အစ်မသိလာတယ်။ အဲဒီလို သိလာတဲ့အချိန်မှာတော့ အစ်မအနေနဲ့ Carrier တစ်ခုကို စပြီးတော့ ချိန်းလိုက်တယ်။ ကိုယ့်ရဲ့ဗျူဟာအသစ်နဲ့ ကိုယ့်ရဲ့အတွေ့အကြုံကို ပေါင်းစပ်လိုက်တဲ့အခါမှာ အစ်မတို့ရက်တိုတိုလေးအတွင်းမှာ အကောင်းဆုံးစီမံခန့်ခွဲနိုင်တယ်။ Carrier အသစ်မှာ အစ်မတို့အကျိုးအမြတ်တွေ ရရှိလာတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ဝန်ထမ်းတစ်ချို့ကိုလည်း ပြန်လည်ခန့်လာနိုင်တယ်။ ဒါပေမယ့် အကုန်လုံးတော့လည်း မဟုတ်သေးဘူးပေါ့နော်။ တချို့အစိတ်အပိုင်း အစိတ်အပိုင်းလေးတွေမှာ ပြန်ခန့်ပြီးတော့ ခရီးသွားလုပ်ငန်းကို လုပ်တယ်။ ခရီးသွားလုပ်ငန်းကောင်းမွန်တဲ့ အချိန်မှာလည်း အစ်မအနေနဲ့က ရပ်တန့်လိုက်မှာ မဟုတ်ဘူး။ အစ်မအနေနဲ့ကတော့ တွဲပြီးတော့ ဆက်လုပ်သွား ဖို့ပဲ ရည်ရွယ်ချက်ရှိပါတယ်။

မေး ။ ။ အစ်မအနေနဲ့ ကိုယ်တိုင်က စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အတောအတွင်းမှာရော အစိုးရ ရဲ့မူဝါဒကိုရော အားနည်းချက်၊ အားသာချက် ဘယ်လိုများတွေ့မိလဲ။ အစိုးရဆိုတဲ့နေရာမှာလဲ ဘယ်အစိုးရ ဖြစ်ဖြစ်ပေါ့နော်။ လက်ရှိအချိန်ပြောင်းလဲလိုက်တယ်ဆိုရင် အဲဒီ ၂ နှစ်အတွင်း၊ ပြီးခဲ့တဲ့ကာလဆိုရင်လည်း ပြီးခဲ့တဲ့ကာလပေါ့နော်။ ဆိုတော့ အဲဒီအစိုးရရဲ့ စီးပွားရေးဆိုင်ရာမူဝါဒ ပုံစံကရော ဘယ်လိုမျိုးတွေ့ရလဲ။ အားနည်းချက်/ အားသာချက်ပေါ့။
ဖြေ ။ ။ အားနည်းချက်၊ အားသာချက်ဆိုရင် အရင်တုန်းကတော့ အစ်မတို့ရရှိခဲ့တဲ့ ခွင့်ပြုချက်တို့၊ ဘာတို့တော့ ရှိတယ်။ ဒါပေမယ့် အစ်မတို့က ခွင့်ပြုချက်ရရှိဖို့က လွယ်ကူသော်ငြားလည်း ခွင့်ပြုထားတဲ့လုပ်ငန်းစဉ် အမြန် ပြီးမြောက်ဖို့အတွက်ကျတော့ ကြန့်ကြာတယ်။ သူတို့အချင်းချင်းအတိုက်အခံတွေကြားထဲမှာ အစ်မတို့က ကြားညှပ်ပြီးတော့ စီးပွားပျက်လောက်တဲ့အခက်အခဲဖြစ်တာလေးတွေရှိတယ်။ အခုချိန်ကကျတော့ အစ်မတို့က ပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့လုပ်ငန်းကိုပဲ လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ဒီစီးပွားရေးပိုင်းနဲ့ပတ်သက်ရင် အစိုးရ နဲ့ဆက်သွယ်လုပ်ဆောင်တာတွေတော့ မရှိသေးဘူး။ ဒါပေမယ့် အခုချိန်မှာက ခွင့်ပြုချက်၊ ခွင့်ပြုမိန့်တွေ မြန်ဆန် လာတာမျိုးတော့ ရှိတယ်။ ဒီလိုမျိုးမြန်ဆန်လာတဲ့အတွက် အစ်မတို့အနေနဲ့က ပြည်သူနဲ့ချိတ်ဆက်ပြီး လုပ်ဆောင်တဲ့အပိုင်းတွေမှာ အရင်ကဆိုရင်တော့ ဘေးကနေပြီးတော့ လိုက်နှောင့်ယှက်တဲ့ဒဏ်တွေရှိတယ်။ အခုကတော့ အဲဒီလိုမျိုးနှောင့်ယှက်တဲ့ဒဏ်တွေ နည်းသွားတယ်။ အစ်မတို့အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ Carrier တွေက Private ဖြစ်နေတာပေါ့နော်။ အစိုးရနဲ့ချိတ်ဆက်လုပ်ကိုင်ရမယ့်အရာတွေက ရပ်နားထားတာဆို တော့လေ။ အစ်မတို့အနေနဲ့ကတော့ ပြန်ဆက်သွားချင်တယ်။ အရင်ရှိတဲ့ပရောဂျက်တွေကိုလည်း ဆက်လုပ်ချင် တယ်။ ဒီအတွက်လည်း အစ်မတို့အနေနဲ့က ဖြည်းဖြည်းချင်း ပြန်လုပ်သွားဖို့ရှိပါတယ်။ လတ်တလောမှာတော့ အစ်မအနေနဲ့က စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီးတော့ ဒါတွေကို နိုင်ငံခြားကို ပို့ဖို့ကိစ္စတွေရှိတယ်။ အခုအချိန်ထိတော့ စီးပွားရေးပိုင်းဆိုင်ရာမှာ အရင်မူဝါဒနဲ့ အခုမူဝါဒကတော့ စီးပွားရေး အပြောင်းအလဲတော့ မရှိသေးဘူး၊ အတူတူပဲ။ ဒါပေမယ့် အစ်မတို့စိုးရိမ်တာကကျတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စီးပွားရေးမူဝါဒ ပြောင်းလဲသွားမှာလည်းဆိုကိုတော့ စိုးရိမ်တယ်။ အခုအချိန်မှာ စီးပွားရေးမူဝါဒတစ်ခုကို ခိုင်ခိုင်မာမာချမှတ်ပြီး နောင်တချိန်မှာလည်း အခုချမှတ်လိုက်တဲ့ စီးပွားရေးမူဝါဒကိုပဲ ဆက်လက်ကျင့်သုံးရမယ် ဆိုရင်တော့ အစ်မတို့စီးပွားရေးလုပ်ဆောင်တဲ့သူတွေအနေနဲ့က ပိုပြီးတော့ လွယ်ကူတယ်။ မဟုတ်ရင် အခုဒီချိန် မှာတစ်မျိုး၊ နောက်တစ်ချိန်မှာတစ်မျိုး၊ နောက်တစ်ချိန်မှာတစ်မျိုးဆိုရင်တော့ အစ်မတို့က ပြောင်းလဲသွားတဲ့မူဝါဒ အောက်မှာလိုက်လုပ်နေရရင် ဆုံးရှုံးမှုတွေ အများကြီးရှိလာနိုင်တယ်။ အဲဒီကျတော့ အစ်မတို့စီးပွားရေးလုပ်ငန်း ရှင်တွေအနေနဲ့ကတော့ အဲဒီလိုမျိုး မူဝါဒတွေ ခဏခဏပြောင်းလဲတာမျိုးကိုတော့ မရှိစေချင်ဘူး။ အခုအစ်မ လုပ်ကိုင်နေတာက ပြည်တွင်းလုပ်ငန်းဖြစ်နေတဲ့အတွက် သိပ်မသိသာသော်ငြားလည်း ပြည်ပလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ အစ်မတို့အတွက် အလျော်အစားတွေ အရမ်းကြီးလာနိုင်တယ်။ အဲဒီကျတော့ ပြည်ပလုပ်ငန်း နဲ့တွဲဖက်လုပ်ကိုင်ဖို့က စီးပွားရေးမူဝါဒတွေ အပြောင်းအလဲမရှိဘဲနဲ့ ခိုင်မာတယ်ဆိုလို့ရှိရင်တော့ အစ်မတို့အနေနဲ့ က ပြည်ပနဲ့ချိတ်ဆက်ပြီးတော့ ပြန်စပြီး လုပ်ကိုင်လို့ရတာပေါ့နော်။ အခု သူတို့အနေနဲ့ကတော့ စောင့်ကြည့်နေတဲ့ အခြေအနေပဲရှိတယ်။ အစ်မအနေနဲ့ကတော့ ပြည်တွင်းစီးပွားရေးကိုပဲ လက်ရှိလုပ်ကိုင်နေတယ်။ ပြည်ပ စီးပွားရေးကတော့ သူများနိုင်ငံမှာ သွားလုပ်ကိုင်မှာဖြစ်တဲ့အတွက် အစ်မအနေနဲ့လတ်တလောမှာတော့ တဖက် နိုင်ငံရဲ့မူဝါဒကို လေ့လာနေတဲ့အချိန်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်နိုင်ငံမှာလည်း စီးပွားရေးမူဝါဒကိုတော့ တည်ငြိမ်စေချင်တယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စီးပွားရေးသမားတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု၊ ကျရှုံးမှုကို မောင်းနှင်သွားတာပဲ။ စီးပွားရေးသမားတွေ ပြိုလဲသွားပြီဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး က ပြိုလဲသွားတာပဲ။ အဲဒီတော့ အစ်မတို့လို့ ပူးပေါင်းလုပ်ကိုင်တဲ့သူတွေအနေနဲ့ကျကတော့ မူဝါဒပေါ်မှာ မူတည် တယ်။ အစ်မတို့သည် မူဝါဒအတိုင်း လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် အဲဒါတွေအတွက် အစ်မအနေနဲ့ကတော့ စီးပွားရေးမူဝါဒတွေ အပြောင်းအလဲမရှိဖို့ကို ဆန္ဒရှိပါတယ်။ လတ်တလောမှာတော့ အစ်မတို့အဆင်ပြေတဲ့ပုံစံမျိုး အတိုင်းသွားနေတယ်။ ရှေ့ကိုဆက်သွားတဲ့ပုံစံအတိုင်းတော့ ဆက်သွားနေတယ်။ မူဝါဒပိုင်းဆိုင်ရာနဲ့ပတ်သက် ရင် အခက်အခဲတော့ မရှိသေးဘူးပေါ့။

မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ အခုက ၂ဝ၂၂ ခုနှစ်ဆိုတော့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အစ်မရပ်လိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်နှစ်ခုလောက်ရှိလဲ။ အစိုးရနဲ့ချုပ်ဆိုထားတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ကိုင်တာပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲဒါအပြင် လက်ရှိမှာရော ဘယ်နှစ်ခုလောက်ကို ပြန်လုပ်ကိုင်နေပြီး၊ ဘယ်နှစ်ခုလောက်ကို ရပ်ထားရဆဲ ဖြစ်နေသေးလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ အခုလောလောဆယ် အစ်မအနေနဲ့ တစ်အချက်ကတော့ Yangon Water Bus ပေါ့။ Yangon Water Bus က ကျတော့ အရင်အစိုးရလက်ထက်တုန်းက အစ်မတို့ MOU ထိုးထားတဲ့အချိန်မှာ ခြောက်လအတွင်းမှာ အစ်မ ရသင့်ရထိုက်တဲ့ ဆိပ်ကမ်းတွေပေးမယ်ဆိုတဲ့ဟာမှာ အရင်အစိုးရလက်ထက် ၂ နှစ်ကြာတဲ့အထိ အစ်မမရခဲ့ဘူး။ အဲဒီအတွက် အစ်မအနေနဲ့ Exit strategy လုပ်ထားတဲ့အစီအစဉ်တွေ ပျက်ကုန်တယ်။ အခုလက်ထက်မှာတော့ အစ်မတို့အနေနဲ့ ရေယာဉ်ပြေးဆွဲတဲ့အပိုင်းကို ပြန်ပြီးစတင်ဖို့အတွက် အစ်မတို့အနေနဲ့ Plan တွေ ပြန်ဆွဲနေပြီ။ ဒါပေမယ့် ဒါသည် မြစ်တစ်ကြောင်းထဲနဲ့ အဆင်မပြေဘူးလို့ အရင်အစိုးရလက်ထက် ကတည်းက အစ်မတို့ဘက်က ပြောထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အခုချိန်အခါ ငမိုးရိပ်ချောင်းတစ်လျှာက်မှာ နောက်ထပ် ဆိပ်ခံတွေရမယ်ဆိုလို့ရှိရင်တော့ အစ်မကို ထိုင်းနိုင်ငံ ကျောက်ဖရားဥက္ကဋ္ဌကလည်း ဆက်သွယ်ထား တယ်။ စင်ကာပူက သင်္ဘောဆောက်လုပ်တဲ့ကုမ္ပဏီတွေကလည်း ဆက်သွယ်ထားတယ်။ အခုဆိုလို့ရှိရင် Adventure ကုမ္ပဏီတွေရှိတယ်။ အဲဒီတော့ ပြန်လုပ်မယ်ဆိုလို့ရှိရင် အစ်မက ရင်းနှီးမြှုပ်နှံဖို့အတွက် ထပ်ကုန် စရာမလိုတော့ဘဲနဲ့ သူတို့က အစ်မနဲ့တွဲပြီး ရင်းနှီးမြှုပ်နှံပြီးတော့ နောင်ငါးနှစ်အတွင်း ပြန်ပြီး Growth ဖြစ် အောင်လုပ်နိုင်တယ်ဆိုပြီးတော့ ဆက်သွယ်ထားတာတွေလည်း ရှိတယ်။ အဲဒီအတွက်ကိုတော့ အစ်မအနေနဲ့ စပြီးလုပ်ဖို့ လုပ်နေတာတွေတော့ ရှိတယ်။ ဒါပေမယ့် အစ်မရဲ့ပြည်တွင်းစီးပွားရေးကို အရင်ဆုံးတည်ငြိမ်အောင် လုပ်ကိုင်နေတယ်။ တည်ငြိမ်တော့ တည်ငြိမ်လာပြီ၊ တည်ငြိမ်လာတာနဲ့ အစ်မအနေနဲ့က အဲဒီဘက်ကိုပြောင်းဖို့ရှိ တယ်။ အဲဒီတော့ Yangon Water Bus လုပ်ငန်းကို ရပ်နားခဲ့ရတယ်ပေါ့နော်။ နောက်တစ်ခုကတော့ အစ်မက နေရာ(၄)နေရာမှာ ဟိုတယ်လုပ်ငန်းရှိတယ်။ ချင်းပြည်နယ်၊ ထန်တလန်မှာဆိုရင် အစ်မအနေနဲ့က အများကြီး ရင်းနှီးမြှုပ်နှံထားတာ ၁၁ ဧက အပေါ်မှာ ကျောက်သားတွေနဲ့တည်ဆောက်ထားတဲ့ဟိုတယ်ကြီး၊ ဒါသည် အစ်မရဲ့အိပ်မက်ပေါ့နော်။ အစ်မရဲ့အိပ်မက်ထဲကအတိုင်း တကယ့်ကို လှလှပပလုပ်ထားတဲ့အရာတွေ အကုန်လုံးက ရပ်တန့်သွားတယ်။ ဆိုတော့ အစ်မအနေနဲ့အရမ်းစိတ်မကောင်းဖြစ်တာက အစ်မသည် ဒီဒေသကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီးလုပ်ခဲ့တယ်။ လူသားအရင်းအမြစ်တွေကိုလည်း အစ်မ Training တွေ အများကြီးပေးပြီးတော့ အများကြီးလုပ်ကိုင်ခဲ့တာတွေရှိတယ်။ အခုချိန်မှာတော့ အစ်မရဲ့ဟိုတယ်ထဲမှာ ရှိတဲ့ မီးစက်က အစ ဖြုတ်ယူသွားကြတာတို့၊ အစ်မဟိုတယ်ရဲ့အခန်းတံခါးတွေကို ဖွင့်ပြီးတော့ စောင်တွေ၊ ခြင်ထောင် တွေကိုတောင် ယူသွားတာတွေ ရှိတယ်လို့ အစ်မပြန်ကြားရတဲ့အတွက် အစ်မအနေနဲ့ကတော့ တော်တော်လေး ကို စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ဒါမျိုးတွေကို ဘယ်သူက ယူသွားတာလဲ၊ ဘာလဲဆိုတာကိုတော့ အစ်မ မသိဘူး။ စုံစမ်းလို့လည်း မရဘူး။ သတင်းအစအနလည်း မရဘူး။ အဲဒီတော့ ချင်းပြည် ဟိုတယ်ကြီးတစ်ခုလုံးရဲ့ သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတဲ့အရာတွေကတော့ အစ်မအနေနဲ့က ဆုံးရှုံးမှုအကြီးကြီးတစ်ခုဖြစ်နေ တယ်။ အဲဒီကျတော့ အဲဒီဟိုတယ်လုပ်ငန်းကိုလည်း ရပ်တန့်ထားရတယ်။ အစ်မအခုလောလောဆယ် ကလောနဲ့ စစ်ကိုင်းကတော့ အရင်တုန်းကဆို ဥပမာ- အခန်း ၄ဝ ထိ ရှိတယ်ဆိုရင် အခု ၁၈ ခန်း၊ အခန်း ၂ဝ လောက်ပဲဖွင့်ထားတယ်။ ဝန်ထမ်းဦးရေ လျော့တာမျိုးလေးတွေ လုပ်တယ်။ ဒါပေမယ့် ကိုဗစ်ကာလမှာတော့ ဒီဟိုတယ်လုပ်ငန်းတွေကလည်း ရပ်တန့်သွားတယ်။ နောက်ပြီးတော့ အစ်မ နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ သင်္ဘောလုပ်ငန်း၊ Tourism Curise လုပ်ငန်းဟာဆိုရင်လည်း ၁ဝဝ ရာခိုင်နှုန်း ရပ်တန့်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ ဘယ်သူမှ မလာကြတော့လို့ပဲ။ သင်္ဘောခရီးစဉ်ဆိုတာကလည်း ရေပေါ်မှာ သွားလာနေရတဲ့ ရေပေါ် က ဟိုတယ်လိုမျိုးဖြစ်တဲ့အတွက် ကုန်ကျစရိတ်က အရမ်းကိုကြီးတယ်။ အဲဒီလိုစရိတ်ကြီးတာဖြစ်တဲ့အတွက် Local ခရီးသွားလုပ်ငန်းမှာ River Curise ခရီးစဉ်တွေကို အစ်မတို့က ရောင်းလို့ လုံးဝမဖြစ်တော့ဘူး။ အဲဒီကျ တော့ အစ်မအနေနဲ့တချို့ဟာတွေကို ရောင်းချတယ်၊ တချို့ဟာတွေကို ဆိပ်ကမ်းမှာ ဒီတိုင်းထားတယ်။ ဒီသင်္ဘောခရီးစဉ်ကိုတော့ ဇီးရိုးအထိ ရပ်တန့်လိုက်တယ်။ ဟိုတယ်လုပ်ငန်းကိုတော့ အခုဆိုရင် ၃၅ ရာခိုင်နှုန်း ကနေ ၄ဝ ရာခိုင်နှုန်းလောက်ထိတော့ ပြန်ဖွင့်ထားတယ်။ ကျန်တာတွေကတော့ လုံးဝပိတ်ထားတယ်။ ချင်းပြည်နယ် ဟိုတယ်ကတော့ လုံးဝရပ်တန့်သွားတယ်။ ဒါ့အပြင် အစ်မတို့ ကော့သောင်းဘက်မှာ လုပ်ကိုင်တဲ့ ခရီးသွားအစီအစဉ်တွေ၊ မလေးရှားတို့၊ စင်ကာပူတို့နဲ့ချိတ်ဆက်ထားတဲ့ တခြားနိုင်ငံခြားသင်္ဘောကြီးတွေ ဝင်ဖို့ခရီးစဉ်တွေ အကုန်လုံးကိုလည်း ဇီးရိုးအထိ ရပ်တန့်ထားတယ်။ ဒါပေမယ့် အခြေအနေပေးတယ်ဆိုရင်တော့ ပြန်စဖို့အတွက် အဲဒီလူတွေနဲ့လည်း ပြန်ပြီးတော့ဆက်သွယ်ဆွေးနွေးတာတွေ ရှိနေပြီ။ ပြီးတော့ အထည်ချုပ် လုပ်ငန်းက ခေတ္တရပ်ဆိုင်းသွားတယ်။ အခုတော့ ပြန်ဖွင့်နေပြီ။ ဒါပေမယ့်လည်း အရင်က ၁ဝဝ ရာခိုင်နှုန်းအစား ၅ဝ ရာခိုင်နှုန်းလောက်ပဲ ပြန်ဖွင့်နိုင်သေးတယ်။ အဲဒီတော့ ရပ်တန့်သွားတဲ့လုပ်ငန်း အားလုံးပေါင်းရင် လုပ်ငန်း ၄ မျိုးလောက်ရှိတယ်။ ဟိုတယ်ရယ်၊ Water Bus ရယ်၊ ခရီးသွားကုမ္ပဏီရယ်၊ အထည်ချုပ်လုပ်ငန်းရယ်ပေါ့နော်။ အခု အထည်ချုပ်လုပ်ငန်းကတော့ ပြန်စနေပြီ။

မေး ။ ။ အစ်မရဲ့ရပ်လိုက်ရတဲ့လုပ်ငန်းတွေထဲမှာ တချို့လုပ်ငန်းတွေဆိုရင် ကြားရတာ စိတ်လည်းမကောင်းပါ ဘူး။ ဥပမာ- ထန်တလန်ဆိုရင် ကြားရတာ စိတ်မကောင်းပါဘူး။ ထန်တလန်ဆို မြို့ပျက်ကြီးလိုဖြစ်သွားတော့ မျက်လုံးထဲပြေးမြင်မိတာက အစ်မက ထန်တလန်မှာ စီးပွားရေးလုပ်ငန်းရှိတာပဲ၊ သူ့လုပ်ငန်းတွေတော့ ကုန်ပြီ ထင်တာပဲဆိုတာမျိုး။ အဲဒီလိုပဲ စီးပွားရေးပေါ်မှာ ဂယက်ရိုက်မှုတွေ ကြီးထွားသွားတာ တွေ့ရတယ်။ အစ်မဆို ပိုပြီး တော်တော်ခံစားရမယ်ထင်ပါတယ်။ အဲဒီလိုအဖြစ်အပျက်တွေအပေါ် ဘယ်လိုများပြောပြချင်လဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ အစ်မတို့အနေနဲ့ တကယ်တမ်းပြောရမယ်ဆိုရင် အစ်မရဲ့စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ က ဒီလုပ်ငန်းအမျိုးအစားတွေမှာ တချို့က ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့လုပ်တဲ့ လုပ်ငန်းရှိတယ်။ အများကြီးနဲ့ လုပ် တဲ့လုပ်ငန်းရှိတယ်။ အစ်မမှာက များသောအားဖြင့် (၇၅) ရာခိုင်နှုန်းလောက်က ကိုယ့်ရဲ့ Property တွေ ရင်းနှီးမြှုပ်နှံထားတာ အများကြီးရှိတာပေါ့။ ဥပမာ- ချင်းပြည်နယ်ဒေသဆိုရင် အစ်မမှာ မျှော်လင့်ချက်တွေ အများ ကြီးပဲ။ အသေးစိတ်လေးက အစ၊ ဟိုတယ်ရဲ့ Landscape က အစပေါ့။ အစ်မအနေနဲ့ ကိုယ့်ရဲ့စိတ်ကူးလေးနဲ့ အများကြီး သေချာပျိုးထောင်ပြီးလုပ်ခဲ့တာပေါ့။ အဲဒါတွေအကုန်လုံးက အခုဆိုရင် ဆုံးရှုံးမှုတွေအများကြီးရှိတယ်။ ပြီးရင် ပင်လယ်ကမ်းခြေလုပ်ငန်းတွေပေါ့နော်။ ရွှေသောင်ယံဘက်မှာလည်း ရင်းနှီးမြှုပ်နှံထားတာတွေ၊ ကော့သောင်းဘက်မှာလည်း ရင်းနှီးမြှုပ်နှံထားတာရှိတယ်။ အဲဒါတွေအကုန်လုံးက ဒီလုပ်ငန်းကြီးတစ်ခုလုံး ရပ်တန့်သွားတဲ့အတွက် အဲဒါကတော့ အခုဖြစ်နေတဲ့အခြေအနေတွေနဲ့မဆိုင်ဘူး။ အစ်မတို့ရင်းနှီးမြှုပ်နှံတဲ့ ဝင်ငွေ မရှိတဲ့အခါကျတော့ ဒီကဝင်ငွေနဲ့ ပြန်ပြီးချဲ့ထွင်ရမယ့်လုပ်ငန်းတွေကို ရပ်ပစ်လိုက်ရတဲ့အခြေအနေမျိုး ရှိတယ်။ အဲဒီကျတော့ အစ်မတို့က ဘယ်လိုဖြစ်သွားလည်းဆိုတော့ Unseen ပေါ့။ ရှေ့ကိုဘယ်လိုသွားရမလဲဆိုတဲ့ အခြေ အနေတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီအခြေအနေမှာ ကိုယ်ကအခြေအနေကို မသိရလို့၊ Unseen ဖြစ်နေလို့။ ဘယ်လိုပြောမလဲ စိတ်ဓာတ်ကျခဲ့လားဆိုတော့ အစ်မတို့က သုညက စခဲ့တဲ့အတွေ့အကြုံရယ်၊ ပြီးတော့ ကိုယ်စခဲ့တဲ့အချိန်မှာလည်း ပင်ပင်ပန်းပန်း ကြမ်းကြမ်းတမ်းတမ်းနဲ့လုပ်ခဲ့ရတဲ့အတွက် အစ်မအနေနဲ့ကတော့ ခံနိုင်ရည်တော့ ပျောက်သွားခဲ့တယ်။ အခုမှ ပြန်ရှိလာတာပေါ့။ တစ်ချိန်တုန်းကတော့ ကိုဗစ်ကာလ၊ ကိုဗစ် စဖြစ်တဲ့အချိန်ကနေ စပြီးတော့ အခုပြန်မထူထောင်ခင် ကာလအပိုင်းအခြားတစ်ခုမှာ အစ်မတော်တော်လေး စိတ်ဓာတ်ကျခဲ့ဖူးတယ်။ အဲဒီလိုစိတ်ဓာတ်ကျတဲ့အချိန်မှာ အရင်တုန်းက တစ်ခါမှမဖြစ်ဖူးတဲ့ရောဂါတွေပေါ့၊ ဥပမာ- နှလုံးနဲ့ပတ်သက်တဲ့ သိပ်မကောင်းတော့တဲ့အခြေအနေမျိုးတွေက ဖြစ်လာတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးကိုစောင့်ရှောက်စောင့်‌ရှောက်၊ အပြင်ပိုင်းမှာ ဘယ်လောက်ပဲပြုံးရယ်နေပေမယ့် ရင်ထဲမှာ ခံစားနေရ တဲ့အရာတွေက ရောဂါဖြစ်လာတာပေါ့။ အဲဒီအခါကျတော့ အဲဒါတွေကိုလွန်မြောက်အောင် အစ်မကြိုးစားခဲ့ရ တယ်။ ကျန်းမာရေး တော်တော်လေးထိခိုက်သွားတယ်။ ဒီကိုဗစ်ကာလ အချိန်အတွင်းမှာ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော တော်တော်လေးထိခိုက်သွားတယ်။ စိတ်ပိုင်းဆိုင်ရာဆိုရင် အစ်မအနေနဲ့ အဓိကကတော့ ကိုယ့်ရုံးတွေ အကုန်ပိတ်ချလိုက်ရတဲ့အချိန်မှာ ကိုယ့်အနားမှာ ဝန်ထမ်းတွေလည်း မရှိတော့ဘူး။ ရုံးတွေကလည်း ပြန်ဖွင့်မယ့်အခြေအနေ လုံးဝမဖြစ်နိုင်ဘူးပေါ့။ စီးပွားရေးတွေကလည်း ဟိုကထိခိုက်၊ ဒီကထိခိုက်နဲ့ ရှိသမျှဟာ တွေအကုန်လုံးက ဇီးရိုးဖြစ်လာတယ်။ အဲဒီအချိန်မှာ အစ်မ နောက်တစ်နေ့နံနက် မိုးလင်းမှာကိုတောင် ကြောက် လာတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်။ အဲဒီလိုအချိန်မှာ သာမန်မိန်းကလေး၊ မိဘတွေ တင့်ကောင်းတင့် တယ်နဲ့ ချမ်းသာတဲ့မိဘအသိုင်းအဝိုင်း၊ ပြေလည်တဲ့မိဘအသိုင်းအဝိုင်းနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးမျိုးဆိုရင် ကျော်ဖြတ်ဖို့တော်တော်လေးခက်လိမ့်မယ်။ တော်တော်လေးကို ထိခိုက်သွားမယ်။ အစ်မအနေနဲ့တော့ ဟိုးငယ်ငယ်လေးကတည်းကနေ ဇီးရိုးကနေ စခဲ့တယ်။ အရမ်းပင်ပင်ပန်းပန်းနဲ့ စခဲ့တယ်ဆိုတော့ အစ်မအနေနဲ့ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်သားလေးတွေ၊ ကိုယ့်အမေတွေကို ဒါတွေပြန်မ Share ဘူး။ ကိုယ့်ရဲ့အပူတွေကို ကျော် ဖြတ်ပြီးမှ ပြောပြတယ်။ ဒီလိုကျော်ဖြတ်ခဲ့တယ်ဆိုတဲ့ သူတို့အတွက် သင်္ခါန်းစာတစ်ခုပေးနိုင်တဲ့ဟာပေါ့ အဲဒီလိုမျိုး လုပ်တယ်။ ဒါပေမယ့် အစ်မ အရမ်းကိုခံစားခဲ့၊ ကျရှုံးနေတဲ့အချိန်မှာတောင်မှ အစ်မတွေးမိတာ တစ်ခုရှိတယ်။ အဲဒါကဘာလဲဆိုတော့ အစ်မတို့တွေ အရင်က Motivation Speaker အနေနဲ့ ရပ်တည်ခဲ့တယ်။ အစ်မတို့ရဲ့ မကောင်းတဲ့၊ ဆိုးဝါးလှတဲ့ Dark Side က အဖြစ်အပျက်တွေအကုန်လုံးကို ဥပမာပေးပြီးတော့ အမျိုးသမီးတွေ၊ လူငယ်တွေကို အတွေ့အကြုံတွေ မျှဝေခဲ့တယ်။ ဆိုတော့ အခုအချိန်မှာလည်း ကိုယ်ဖြစ်ခဲ့တဲ့၊ ပြိုလဲခဲ့ရတဲ့ အတွေ့အကြုံတွေကို၊ အဲဒီဖြစ်နေတဲ့အချိန်မှာတောင်မှ ငါက တစ်နေ့မှာ ဒါကိုရအောင်ကျော်ဖြတ်မယ်။ ရအောင်ကျော်ဖြတ်လို့ ဒါကိုကျော်သွားပြီဆိုရင် ဘယ်လိုပုံစံကျော်ဖြတ်ခဲ့ရတယ်ဆိုတဲ့အတွေ့အကြုံတွေကို ကိုယ့်ရဲ့နောက်က Generation တွေကို ဆက်ပြီးတော့ မျှဝေပေးချင်တယ်။ အခုဆိုရင် အစ်မအနေနဲ့ စိတ်မကောင်းစရာတွေအများကြီးရှိပါတယ်။ အစ်မအနေနဲ့က တချို့လူငယ်တွေကိုလည်း ကောင်းစေချင်တယ်။ အလုပ်အကိုင်တည်တည်တံ့တံ့နဲ့၊ International မှာ ကမ္ဘောဒီးယားတို့၊ ထိုင်းတို့မှာ လူငယ်တွေအများကြီးနဲ့ အစ်မတွေ့ခဲ့တယ်။ လူငယ်တွေအများကြီးပဲ အစ်မဆီလာကြတယ်။ အစ်မဆီမှာ အလုပ်လျှောက်ကြတယ်။ အစ်မတို့စီးပွားရေးတွေ ပြန်စမယ်ဆိုရင် သူတို့တွေ ဘယ်လိုပုံစံနဲ့ အစ်မတို့နဲ့လက်တွဲလို့ရလဲဆိုတာမျိုး၊ အဲဒီ လူငယ်တွေကိုအစ်မကြည့်ရင်းနဲ့ အစ်မတို့မြန်မာပြည်က လူငယ်လေးတွေမျက်နှာကို အစ်မမြင်ယောင်တယ်။ အဲဒီကျတော့ ဒီကလေးတွေအပေါ်မှာ ကြက်သီးထလောက်အောင် အားကျတယ်။ ဟာ.. ဒီကလေးတွေ တအား ကြိုးစားနေကြပါလား။ သူတို့အသက်အရွယ်မှာ၊ သူတို့ကိုယ်သူတို့ အသက် (၂၅) အရွယ်ကိုတောင်မှ နောက်ကျ နေပြီထင်တာ။ အသက် (၂၅) မှာ သူတို့ရှိနေတဲ့အခြေအနေက အစ်မတို့နိုင်ငံက အသက် (၂၅) အရွယ် လူငယ် တွေထက် အများကြီးသာတယ်။ ဒါကိုတောင်မှ သူတို့ကိုယ်သူတို့ အများကြီးနောက်ကျနေတယ်လို့ ခံစားနေကြ ရင် အစ်မတို့နိုင်ငံမှာ အများကြီးနောက်ကျနေတဲ့ကလေးတွေ အများကြီးရှိတယ်။ အဲဒီကျတော့ အစ်မအနေနဲ့က ကလေးတွေအကုန်လုံးကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ကိုယ့်ရဲ့ရပိုင်ခွင့်ကို ရေးချပါ။ တစ်ခြားနိုင်ငံတွေမှာ လူငယ်တွေရနေတဲ့ ရပိုင်ခွင့်အခွင့်အရေးတွေအားလုံးကို ဒီကလူငယ်တွေကို လည်း ကိုယ့်ရဲ့ရပိုင်ခွင့်ကိုရေးပြီး ဘယ်ရပိုင်ခွင့်ကို ငါတို့က သူများနိုင်ငံနဲ့တန်းတူ မရသေးဘူးလဲဆိုတာ ရေးပြီး တော့ အဲဒီရပိုင်ခွင့် အခွင့်အရေးတွေကို Gentlemen ဆန်ဆန်၊ Smart ဖြစ်ဖြစ်နဲ့ စားပွဲပေါ်မှာ တောင်းစမ်းပါ။ သူတို့မတောင်းရင် အစ်မတို့ရှေ့ကနေပြီးတော့ စားပွဲပေါ်မှာ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ International ရနိုင်တဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ၊ ဒါတွေအစ်မတို့အရှေ့ကနေ ဒီလို Motivation Speaker တွေ၊ အစ်မတို့လို လုပ်နေတဲ့ Responsible Business လုပ်နေတဲ့လုပ်ငန်းရှင်တွေက ကူညီမှာပဲ။ အစ်မက အဲဒီလိုဖြစ်စေချင်တယ်။ သူတို့ကိုကြည့်ရင်းနဲ့ ကိုယ့်ဆီက လူငယ်တွေကို မြင်ယောင်လာတယ်။ သူတို့ရဲ့အချိန်လေးတွေ ကုန်သွားမှာ အရမ်းစိုးရိမ်တယ်။ အဲဒါကြောင့် အစ်မအနေနဲ့ ဆွဲခေါ်ချင်တယ်။ သူတို့ကို စားပွဲပေါ်လာပြီး သူတို့ရဲ့ အရည် အချင်းတွေကို ပြောင်မြောက်အောင် ကူညီပေးချင်တယ်။ အစ်မအနေနဲ့ ဒီနိုင်ငံမှာရှိတဲ့လူငယ်တွေကို စဉ်းစား လိုက်တယ်။ ငါ ဒီနိုင်ငံမှာလုပ်ပြီးတော့ ဒီနိုင်ငံကလူငယ်တွေကို ငါမခန့်ဘူး။ ငါ့နိုင်ငံက လူငယ်တစ်ဝက်လောက် တော့ ငါခေါ်မယ်ပေါ့နော်။ အစ်မတတ်နိုင်သလောက် လုပ်ပေးတယ်။ အခုအစ်မက ဟန်ဂေရီ ကောင်စစ်ဝန်အနေ နဲ့ ရှိနေတုန်းပဲ။ အမြဲတမ်းလည်း ရှိနေမှာပဲ။ ဟန်ဂေရီနိုင်ငံက အစ်မကိုအရမ်းယုံကြည်တယ်။ အခု Scholarship အယောက်(၃ဝ) ခေါ်တယ်။ အစ်မတတ်နိုင်တဲ့ဘက်က ကူညီပေးတယ်။ တချို့တွေလည်းရတယ်။ တချို့တွေ လည်း မရဘူး။ ဒါပေမယ့် အယောက် (၃ဝ) ပြည့်အောင်တော့ ရတယ်။ ဆိုတော့ အများကြီးပဲ လူ (၂ဝဝ) လောက် လျှောက်တဲ့အထဲမှာ လူ (၁၇ဝ) လုံး ပြုတ်သွားတယ်။ ဒါပေမယ့် ကလေးလေးတွေ အစ်မဆီအများကြီးပဲ လျှောက်ကြတယ်။ အဲဒီအထဲမှာ အစ်မလုပ်ပေးနိုင်တာ အယောက် (၃ဝ) ပဲရှိတယ်။ ဒါပေမယ့် ဒီကလေးတွေ အတွက် Opportunity ရှာပေးအုံးမှာ။ နိုင်ငံတကာနဲ့ချိတ်ပြီးတော့ သူတို့ကိုဘယ်လိုလုပ်လို့ရလဲ။ အစ်မဆီမှာ သူတို့ရဲ့ CV အများကြီးရှိတယ်။ အစ်မတတ်နိုင်သလောက်လုပ်ပေးမှာ။ အစ်မချမ်းသာဖို့အတွက် အစ်မအရင် မတွေးဘူး။ အစ်မအနေနဲ့ တော်ရုံ ထမင်းဝရုံ၊ အစ်မအနေနဲ့ လုပ်ငန်းလုပ်နေတဲ့အခါမှာ ကြန့်ကြာနေတဲ့၊ ကိုယ့်ရဲ့ သိက္ခာတွေ ထိခိုက်လာနိုင်တဲ့ကိစ္စမျိုးတွေကိုဖြေရှင်းနေရတဲ့အချိန်မှာ ဒီလူငယ်တွေအတွက်လည်း ပူးပေါင်းပြီး တော့ တွဲပြီးတော့ သူတို့တိုးတက်ဖို့အတွက် အစ်မလုပ်သွားချင်တယ်။ အဲဒီကျတော့ အစ်မတို့အနေနဲ့ ဒီအချိန်မှာ ငြိမ်ပြီးတော့ နေနေမှာလား။ ကိုယ်လုပ်လို့ရတဲ့အခြေအနေ ဘယ်လိုအခြေအနေရှိလဲ။ ရှိတဲ့အခြေအနေ တစ်ခုကို တော့ အစ်မကလုပ်သွားမှာပဲ။ အဲဒီတော့ ဒီလုပ်သွားတယ်ဆိုတဲ့အခြေအနေမှာ အစ်မမှာ ဘာအရောင်မှ မရှိဘူး။ နဂိုကတည်းက လူငယ်တွေကို Motivation Speaker တစ်ယောက်အနေနဲ့ အစ်မလုပ်ခဲ့တယ်။ အစ်မလုပ်နိုင်တဲ့ နိုင်ငံတကာမှာ အလုပ်လုပ်ဖို့၊ နိုင်ငံတကာမှာ ပညာသင်ဖို့၊ ဒီကိစ္စတွေ အစ်မလုပ်ပေးနိုင်တယ်။ အဲဒါကြောင့် ဒီကိစ္စတွေကိုတော့ အစ်မဆက်လုပ်သွားမှာပဲ။ အစ်မအခု ဆက်ချဲ့ထွင်နေတဲ့လုပ်ငန်းတွေဆိုရင်လည်း အခု စိုက်ပျိုးရေးဆိုရင် နိုင်ငံတကာနဲ့ချိတ်ဆက်ထားတယ်။ မြန်မာပြည်မှာရှိတဲ့ Agriculture wave တွေ အကုန်လုံးကို အစ်မတို့ ဒီကနေပြီးတော့ Fertilizer (မြေသြဇာ) ပြန်ထုတ်တာတို့၊ တိရစ္ဆာန်အစာ ပြန်ထုတ်တာတို့၊ ဒီလုပ်ငန်း တွေကိုလည်း အစ်မတို့ နိုင်ငံခြားကနေချိတ်ပြီးတော့ ပြန်ဝယ်ယူဖို့၊ သူတို့နိုင်ငံ Investment လုပ်ဖို့ အစ်မတို့မှာ အများကြီးရှိတယ်။ အဲဒီကျတော့ ဒီလုပ်ငန်တွေမှာ တောင်သူဦးကြီးတွေ၊ လယ်သမားတွေ၊ ဘာလုပ်ရမှန်းမသိ၊ ပစ္စည်းတွေပုပ်သိုးသွားတယ်။ နောက်တစ်နေ့မှာ တရုတ်ပြည်က မဝယ်လို့၊ ထိုင်းက မဝယ်လို့ သူတို့မှာ အခက် အခဲတွေ အများကြီးရှိတယ်။ ဒါတွေအားလုံးကို အစ်မတို့ ကူညီဖြေရှင်းပေးချင်တယ်။ အဲဒီကျတော့ အစ်မအနေနဲ့ ဟုတ်ပြီ ဒီ Wave ဖြစ်သွားတဲ့ဟာတွေကို အစ်မတို့ ဘယ်လိုအသုံးချလို့ရမလဲ။ ဒီနည်းပညာ၊ နည်းပညာရှိပါပြီတဲ့ သူတို့က ထုတ်ဖို့ပိုက်ဆံမရှိဘူး။ အဲဒီပိုက်ဆံတွေကို ဘယ်လိုဖန်တီးပေးရမလဲ။ အစ်မထုတ်ပေးစရာမလိုဘဲနဲ့ နိုင်ငံတကာရဲ့အကူအညီနဲ့ ဘယ်လိုလုပ်ပေးမလဲ။ အစ်မ အခုလောလောဆယ် RBF ( Responsible Business Farm ) ဆိုတဲ့ ဒိန်းမတ်နိုင်ငံရဲ့ဖန်တီးပေးတဲ့အဖွဲ့မှာ အစ်မက ဒါရိုက်တာအနေနဲ့ လုပ်နေတယ်။ Board of Director အနေနဲ့ ရွေးချယ်ရေးအပိုင်းမှာ လုပ်နေတယ်။ အစ်မတို့ လူပေါင်း (၂) ထောင်ကျော်လောက် ရွေးချယ် ပြီးသွားပြီ။ ဆိုတော့ လူပေါင်း(၂) ထောင်ကျော်ကို အစ်မတို့ ငွေတွေချပေးပြီးသွားပြီ။ ဆိုတော့ နောက်ထပ် လူတွေရဖို့ကိစ္စ အစ်မကြိုးစားလို့ရတယ်။ ဆိုတော့ ဒီကိစ္စတွေလည်း အစ်မ ဆက်လုပ်သွားမယ်။ ပြီးတော့ ဒီအချိန်မှာ အစ်မအနေနဲ့လုပ်နိုင်တဲ့နေရာကနေပြီးတော့ တိုင်းပြည်အတွက် ပြည်သူတွေအတွက် လုပ်သွားမယ်။ ငါ့ရဲ့စီးပွားရေးအတွက်လည်း ပြန်လည်ထူထောင်မယ်။ ကျရှုံးခဲ့တဲ့ကာလတုန်းက လုံးဝပြိုပျက်လဲကျခဲ့တဲ့ အရာ တွေအကုန်လုံးကို Lesson တစ်ခုအနေနဲ့ ပီပီပြင်ပြင် ပုံရိပ်တစ်ခုကိုဖန်တီးပြီးတော့ နောက်ထပ်လူတွေ Motivation ဖြစ်စေဖို့ ဒီ Lesson တွေကိုပြောပြပြီးတော့ ဘယ်လိုကျော်ဖြတ်လဲဆိုတာ သူတို့ကိုပြန်ပြီးတော့ တစ်နေ့ကျရင် Share မှာပါ။ အခုတော့ နေကောင်းသွားပြီလို့ ပြောလို့ရတာပေါ့။

မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက အစ်မ ကမ္ဘောဒီးယားသွားခဲ့တယ်။ သွားခဲ့တဲ့အတွေ့အကြုံလေးပြောပြပါဦး။ ပြောရ ရင်တော့ ဘာသွားလုပ်တာလဲပေါ့။
ဖြေ ။ ။ ကမ္ဘောဒီးယားကျတော့ အစ်မတို့က အရင်တုန်းက Water Bus စလုပ်တုန်းတဲ့အချိန်ကတည်းက နေပြီးတော့ ထိုင်းနိုင်ငံ၊ ကျောက်ဖုရား Raver က Water Taxi ဥက္ကဋ္ဌက အစ်မတို့ဆီ လာ Join တယ်။ ပြီးတော့ အဲဒီက သင်္ဘောဆောက်လုပ်တဲ့လူတွေ ထိုင်းနိုင်ငံကလူတွေ အစ်မဆီ လာ Join တယ်။ အဲဒီကနေပြီးတော့ ဆက်စပ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကလူတွေကလည်း အစ်မဆီလာပြီးတော့ ကိုဗစ်ကာလမှာ အစ်မတို့ Zoom Meeting တွေ အများကြီးလုပ်ခဲ့တယ်။ Zoom Meeting တွေ အများကြီးလုပ်ပြီး အစ်မတို့ Meeting ပေါင်း (၂၇) ကြိမ်လောက်လုပ်တယ်။ (၂၇) ကြိမ်လောက်လုပ်ပြီးတဲ့အချိန်မှာ ဘာတွေ့လာလဲဆိုတော့ သူတို့ကပြောတယ် မဲခေါင်မြစ်ကြီးက ငါတို့အာရှရဲ့အသက်သွေးကြောပဲ။ အဲဒီကျတာ့ ဒီမဲခေါင်မြစ်ကြီးပေါ်မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ River Cruise လုပ်ငန်းကို ငါတို့နိုင်ငံ သုံး၊ လေးနိုင်ငံက မျှပြီးတော့ ခံစားလို့ရတယ်။ နင်တို့လို အတွေ့အကြုံရှိတဲ့လူတွေ၊ သင်္ဘောလုပ်ငန်းကျွမ်းကျင်တဲ့လူတွေ၊ နိုင်ငံတကာမှာ အေးဂျင့်ပေါင်းများစွာနဲ့ ချိတ်ဆက်ထားတဲ့လူတွေကို ငါတို့ဖိတ်ခေါ်တယ်ဆိုပြီး ကမ္ဘောဒီးယားက အစ်မကို ပြောတယ်။ အဲဒီအချိန်မှာ အစ်မတို့က ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် လိုမျိုးပေါ့။ အဲဒီလိုဖြစ်တဲ့အခြေအနေမျိုးဖြစ်သွားတယ်။ အစ်မ အခက်အခဲဖြစ်နေတဲ့အချိန်မှာ သူတို့ဘက်က အဲဒီ Opportunities တစ်ခုကိုပေးတဲ့အခါမှာ အစ်မသူတို့ကို ပြတ်ပြတ်သားသားမေးတယ်။ ငါလာလုပ်ရင် နင်တို့က ငါ့ကို ခွင့်ပြုမှာလား၊ ငါလာလုပ်တဲ့အခါမှာ Investment ကို နင်တို့ဘက်က ဘယ်လိုမျိုး Support လုပ်နိုင်မလဲ။ ငါတို့ကတော့ သူ့ရဲ့ ထိုက်သင့်တဲ့အရာတစ်ခုကို Properties အနေနဲ့ ယူဆောင်လာပြီး‌တော့ သူတို့ရဲ့အခြေအနေနဲ့၊ သူတို့ရဲ့ Supporting နဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရမလဲဆိုတော့ ကိုဗစ်ကာလတောက်လျှောက် အစ်မတို့ဖန်တီးကြတာပေါ့နော်။ ပြီးခဲ့တဲ့အပတ်ကပဲ အစ်မတို့ MOU ထိုးဖို့ အားလုံးသဘောတူကြတယ်။ ပထမ အစ်မသွားတုန်းကတော့ မဲခေါင်မြစ်ပေါ်မှာ အစ်မရဲ့ သင်္ဘောတစ်ခုတည်း မဟုတ်ဘဲနဲ့ ရပ်တန့်နေတဲ့ အစ်မရဲ့သင်္ဘောလုပ်ငန်းရှင်တွေအကုန်လုံးကို အစ်မ ဆက်သွယ်တယ်။ ဧရာဝတီအပေါ်မှာ ရပ်နေတဲ့သင်္ဘောတွေ အများကြီးရှိတယ်။ ဒီသင်္ဘောလုပ်ငန်းရှင်တွေထဲက သုံး၊ လေးယောက်လောက် ရွေးချယ်ပြီးတော့ ကျွန်မနဲ့လာပူးပေါင်း၊ ကျွန်မတို့ ကမ္ဘောဒီးယားမှာ သွားဆွဲမယ်၊ အစ်မတစ်စင်းတည်းနဲ့လည်း ဆွဲလို့မရဘူး။ အစ်မတစ်ယောက်တည်းနဲ့လည်း ဆွဲလို့မရဘူး။ အဲဒီကျတော့ လုပ်ချင်တဲ့လုပ်ငန်းရှင်တွေကို အစ်မအနေနဲ့ လာဆွဲခေါ်လိုက်တယ်။ ပြီးတော့ ဟိုဖက်မှာ ချိတ်ဆက်လိုက်တယ်။ ပြီးရင်တော့ အဲဒီအနားအနီးတဝိုက် နိုင်ငံလေးတွေ ထိုင်းရှိမယ်၊ လာအိုရှိမယ်၊ မြန်မာရှိမယ် အဲဒီအနား တစ်ဝိုက်ပေါ့။ ဘယ်အပိုင်းနဲ့၊ ဘယ်အပိုင်းနဲ့ တစ်ချို့တွေက တစ်ဆက်တည်းဆွဲလို့ မရတာတွေရှိတယ်။ အပိုင်းအပိုင်းလေးတွေဖြတ်ပြီး ဆွဲလို့ရတာတွေရှိတယ်။ အဲဒီမှာ အစ်မတို့က ဟိုနိုင်ငံက ခရီးသွားလုပ်ငန်း ကျွမ်းကျင်တဲ့လူတွေနဲ့ ပေါင်းပြီးတော့ River Cruise Program အကြီးကြီးကို World Wide(ကမ္ဘာအနှံ့) ရောင်း တာ။ တစ်ကမ္ဘာလုံးကိုရောင်းဖို့အတွက် အစ်မတို့ဖန်တီးလိုက်တယ်။ ဖန်တီးပြီးတော့ ဒီဟာတွေအတွက် ခွင့်ပြု ချက်တွေ သွားယူလိုက်တယ်ပေါ့။ အစည်းအဝေးတွေအားလုံးကလည်း အောင်မြင်ခဲ့တယ်။ ချိတ်ဆက်လုပ် ဆောင်တာတွေကလည်း အားလုံးအောင်မြင်ခဲ့တယ်။ အဲဒီကျတော့ အစ်မက အဲဒီမှာ မဲခေါင်မြစ်တစ်ခုတည်းမှာပဲ ဆွဲမှာလားဆိုတော့ ဒါ့အပြင် အစ်မက Water Bus လုပ်တဲ့အတွက် သူတို့ဆီက Water Taxi တွေက သင်္ဘော လေး (၂) စင်းတည်းနဲ့ အစိုးရက ပြေးဆွဲနေတယ်။ သူတို့ Private Company ကလည်း မအောင်မြင်ဘူး။ သူတို့မှာ အားသာချက်က အစ်မတို့နိုင်ငံထက် (၁ဝ) ဆ ရှိတယ်။ ဘာလဲဆိုတော့ နောင်ပိန်လို့ခေါ်တဲ့ ဖနွမ်းပင် ပေါ့၊ ဖနွမ်းပင်မြို့ကြီးက အစ်မတို့ လန်ဒန်မှာလို့ပဲ မြစ်ကြီးက မြို့ကြီးရဲ့အလယ်မှာ ရှိသလို့ပဲ၊ သူတို့ရဲ့ တွန်လေဆပ် ဆိုတဲ့မြစ်ကြီးက မြို့ကြီးရဲ့အလယ်မှာရှိတယ်။ အဲဒီလိုမျိုးအခြေအနေ၊ အစ်မတို့ ငမိုးရိပ်လိုပဲ။ အစ်မ တို့ ငမိုရိပ်ကလည်း အဲဒီလိုလုပ်လို့ရတယ်။ တကယ်လို့အစ်မတို့က ဆက်စပ်လုပ်ဆောင်လို့ရတယ်ဆိုရင် ငမိုးရိပ်မြစ်ကြောင်းတစ်လျှောက်လုံးကိုလည်း ဖနွမ်းပင်ရဲ့မြစ်ကြောင်းလို လုပ်ဆောင်လို့ရတာတွေရှိတယ်။ အစ်မ မှာ အဲဒီအတွေ့အကြုံတွေရှိတယ်။ အဲဒါတွေလည်း အစ်မက ၁ဝဝ ရာခိုင်နှုန်း လုပ်ပေးနိုင်တယ် ဖွံ့ဖြိုးတိုးတက် အောင်။ ဒါပေမယ့် မြန်မာပြည်မှာက သိတဲ့အတိုင်းပဲ အဆင်မပြေတဲ့အခါကျတော့ အစ်မတို့အရင် အစိုးရ လက်ထက်ကတည်းက လုပ်လို့မရ၊ ရှေ့တိုးလို့မရတဲ့အခြေအနေတွေ အများကြီးဖြစ်ခဲ့တာပေါ့။ အခုကတော့ ရှေ့ဆက်တိုးဖို့ အစ်မမှာတော့ ရှိတယ်။ အခုလတ်တလောမှာတော့ ကမ္ဘောဒီးယားမှာ ဆွဲဖို့လုပ်နေတယ်ပေါ့။ အဲဒီတော့ Water Taxi ကို သူတို့ဆီက Local လုပ်ငန်းရှင်ရယ်၊ အစိုးရရယ်၊ အစ်မရယ် သုံးယောက်ပူးပေါင်းပြီး ဆွဲဖို့ စနေပြီပေါ့။ အခုလောလောဆယ်တော့ အစ်မက MOU ထိုးခဲ့တယ်။ ပြီးတော့ လာမယ့် လအနည်းငယ် အတွင်းမှာ၊ လာမယ့် ပွင့်လင်းရာသီမတိုင်ခင်ပေါ့၊ အစ်မတို့အားလုံး လုပ်စရာရှိတာတွေ လုပ်ဆောင်နေတယ်။ ပြီးရင် ပွင့်လင်းရာသီကျရင်တော့ Opening တစ်ခု လုပ်မှာပေါ့။ အဲဒီအချိန်ကျရင် အစ်မက ဒီ Water Bus နဲ့ ပတ်သက်တဲ့ Operation ဟာဆိုရင် မြို့တစ်မြို့ချင်းဆီမှာ ကွဲနေတဲ့အတွက် အစ်မအနေနဲ့ Asia မှာ နိုင်ငံတစ်ခု အနေနဲ့မဟုတ်ဘဲနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်သွားဖို့ အစ်မမှာ အိပ်မက်တွေအများကြီးရှိတယ်။ အခုလောလောဆယ်တော့ ပထမခြေလှမ်းအနေနဲ့ ဒီနိုင်ငံနဲ့သွားတယ်။ ပြီးရင် ထိုင်းနိုင်ငံနဲ့ချိတ်ဆက်မယ်၊ ပြီးတော့ နောက်ထပ်နိုင်ငံတွေနဲ့ ချိတ်ဆက်လို့ရတဲ့နိုင်ငံတွေရှိသေးတယ်။ အစ်မအဲဒီလိုဆက်သွားမယ်ပေါ့။ ကိုယ့်ရဲ့လုပ်ငန်းကို ပြည်တွင်းမှာပဲ ငြိမ်သက်မနေတော့ဘဲနဲ့ Asia တစ်ခုလုံးကို ဖြန့်ကျက်မယ်ပေါ့။ အချို့ လုပ်ငန်းတွေကတော့ ကနေဒါက အဖွဲ့တွေနဲ့ချိတ်ဆက်ထားတယ်။ အဲဒီကျတော့ ခရီးသွားလုပ်ငန်းရော၊ ရေကြောင်းလုပ်ငန်းရော မြန်မာပြည်ထဲမှာလုပ်လို့မရရင် အခြားနိုင်ငံမှာ သွားလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ကတော့ ရှိတယ်။ အခုကတော့ လုပ်ဆောင်နေတဲ့ မဲခေါင်မြစ်ရဲ့ Tourism river cruise လုပ်ငန်းတွေနဲ့ နောင်ပိန်ပေါ့.. PP Water Bus ပေါ့၊ ဒီမှာတော့ Yangon Water Bus ပေါ့၊ သူကတော့ PP Water Taxi ဆိုပြီးတော့ စလုပ်ဖို့၊ လာမယ့်ပွင့်လင်းရာသီမှာ စတင်လုပ်ဆောင်ဖို့အတွက် အစ်မတို့အားလုံးစီစဉ်နေတယ်။ အဲဒါပြီးရင်တော့ တခြားနိုင်ငံတွေ ဆက်သွားမှာပေါ့။

မေး ။ ။ အစ်မအနေနဲ့ ကမ္ဘောဒီးယားမှာ သွားဆွဲဖို့ကိစ္စတွေက ဖြစ်လာပြီဆိုတော့ အောင်မြင်နိုင်ခြေရော တွက်ချက်ပြီးပြီလား၊ ဘယ်လောက်ထိ ဖြစ်နိုင်ချေရှိမလဲ၊ ဒီကအတွေ့အကြုံတွေကို ဘယ်လောက်ထိ ယူသွားပြီး တော့ ဟိုဘက်မှာလုပ်မယ်လို့ စဉ်းစားထားလဲ။
ဖြေ ။ ။ ဟိုမှာက အားသာချက်ကဘာလဲဆိုတော့ မြို့တစ်မြို့လုံးက ဘယ်လိုခေါ်မလဲ.. သူတို့က အစ်မတို့ Water Bus နဲ့ ၅ မိနစ်ပြေးဆွဲရမယ့်နေရာကို သူတို့က ၁ နာရီလောက်သွားရတယ်။ တစ်နာရီလောက်ပတ်ပြီ သွားရတော့ Traffic ကလည်း အရမ်းများတယ်။ လူတွေကလည်းအရမ်းများတယ်။ သူတို့ရဲ့လေထုညစ်ညမ်းမှု တွေကလည်း အများကြီးပဲ။ အဲဒီလိုအခြေအနေမျိုးတွေနဲ့ သူတို့ဘက်မှာ တော်တော်လေးကို Global Warming နဲ့ပတ်သက်ပြီး Challenge ဖြစ်နေတယ်။ အဲဒီကျတော့ သူတို့ကို ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေကြတယ်။ အဲဒီကျတော့ သူတို့တွေက အစ်မတို့ရဲ့ ဒီ Eco Friendly Operation အနေနဲ့ ပြန်ဆွဲလိုက်တယ်။ အစ်မတို့ အခု လုပ်တာဆိုရင် Environment နဲ့ပါ ချိတ်ဆက်ထားတဲ့အပိုင်းတွေရှိတယ်။ အဲဒီကျတော့ နံပါတ် (၁) အချက်က သူတို့ရဲ့မြစ်ကြီးက မြို့အလယ်မှာရှိတယ်၊ သူတို့ရဲ့လိုအပ်ချက်ဖြစ်တယ်။ ပြီး‌တော့ သူတို့မှာရှိတဲ့ Jetty (ဆိပ်ခံတံတား) တွေကလည်း အဆင်သင့်ပဲ ရှိတယ်။ ဒါပေမယ့် အခု Jetty(ဆိပ်ခံတံတား) တွေကလည်း ရပ်နား ထားတယ်။ အဲဒီတော့ Jetty(ဆိပ်ခံတံတား) တွေကလည်း အဆင်သင့်၊ သူတို့နိုင်ငံက လူတွေကလည်း ထိုင်း နိုင်ငံက လူတွေလို့ပဲ မိုးလင်းတာနဲ့ Water Taxi စီးပြီးသွားဖို့အတွက် သူတို့က ဝန်မလေးဘူး။ မစိမ်းဘူးပေါ့။ အစ်မတို့နိုင်ငံမှာဆိုရင် စဆွဲတုန်းက ကြောက်တဲ့လူတွေ အများကြီးရှိတယ်။ အစ်မတို့ ရေနဲ့ မိတ်ဆက်ရတယ်။ သူတို့နိုင်ငံမှာကျ ရေနဲ့မိတ်ဆက်စရာ မလိုဘူး။ ဒီလမ်းကြောင်းကိုသွားချင်တဲ့လူတွေက တစ်ပုံကြီးရှိတယ်။ အခု လည်း သူတို့ပြေးဆွဲနေတယ်။ သူတို့ပြေးဆွဲတာက နှစ်နေရာလောက်ပဲပြေးဆွဲသေးတယ်။ နောက်ပြီး Operation ပိုင်းကလည်း သိပ်ပြီးခေတ်မမှီတာတွေရှိတယ်။ အစ်မတို့ရဲ့ Operation က ပိုပြီး‌ခေတ်မှီတယ်။ အဲဒီတော့ အစ်မ တို့ဟာနဲ့ပြေးဆွဲမယ်ဆိုရင် ပိုပြီးကောင်းတဲ့အလားအလာတွေရှိတယ်။ အစ်မတို့ Meeting (၂၇) ကြိမ် လုပ်ပြီးတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ဒီ Plan ကို ချတာမဟုတ်ဘူး။ အခြားနိုင်ငံက ကျွမ်းကျင်တဲ့လူတွေရယ်၊ အစ်မ ရယ်၊ ကမ္ဘောဒီးယားက Authority (အာဏာပိုင်) တွေရယ်၊ သူတို့ရဲ့လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးတော့ Strategy (နည်းဗျူဟာ) တစ်ခု ဆွဲထားတာပေါ့။ အဲဒီနည်းဗျူဟာ အရဆိုရင် မြန်မာပြည်မှာလို (၂) နှစ်တာ Investment ကာလ စောင့်စရာမလိုဘဲနဲ့ အစ်မတို့အရင်းအနှီးနည်းနည်းနဲ့ ပုံမှန်အမြတ်ဝင်မယ့်ဟာမျိုပေါ့။ ဒီနိုင်ငံမှာတော့ အစ်မမှာ ကန့်သတ်ချက်တွေရှိတယ်။ အစ်မပြောခဲ့ပါတယ် မြန်မာကျပ်ငွေ ၃ဝဝ ကျပ်နဲ့ပြေးဆွဲမယ်ဆိုရင် အစ်မ တို့အနေနဲ့ အရှုံးများတယ်။ အရှုံးများတဲ့အတွက် (၂) နှစ်လောက် အစ်မအနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်ရမယ်။ ၅ဝဝ ကျပ်နဲ့ပြေးဆွဲဖို့ကျ ခွင့်မပြုခဲ့ဘူး။ ဟိုနိုင်ငံမှာက (၁) ဒေါ်လာလောက်ရှိတယ်ဆိုတော့ အစ်မတို့အနေနဲ့ (၁) ဒေါ်လာလောက်ပြေးဆွဲမယ်။ ဒီနိုင်ငံက ရေယာဉ်တွေကို ဟိုနိုင်ငံမှာအသုံးချမယ်။ ဆီစားနှုန်းတွေ ဘာတွေ အကုန်လုံးကလည်း အတူတူပဲဆိုတော့ အစ်မတို့အတွက် Profitable (အမြတ်အစွန်း) ပိုဖြစ်တဲ့အခြေအနေက ဟိုဘက်မှာ ပိုဖြစ်တယ်ဆိုတော့ အစ်မတို့က (၁) ဒေါ်လာနဲ့ဆွဲမလား၊ (၂) ဒေါ်လာနဲ့ဆွဲမလား၊ (၃) ဒေါ်လာနဲ့ ဆွဲ မလား ဆွဲလို့ရတဲ့ အခြေအနေရှိတယ်။ လွတ်လပ်ခွင့်ရှိတယ်။ အဲဒီကျတော့ အစ်မတို့အနေနဲ့ ဒီအခြေအနေမျိုးကို ဟိုဘက်မှာ ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်လို့ရတယ်။ ကိုယ့်အတွက် ကန့်သတ်ချက်တွေ သိပ်မရှိတဲ့အတွက် အစ်မတို့ အနေနဲ့ ဒါတွေပြီးသွားရင် ညနေမှာ Sunset ဆွဲတာတို့၊ ပြီးရင် အဲဒီနားတစ်ဝိုက်ကို ပြေးဆွဲတာတို့ နောက်ပြီးတော့ ဖနွမ်းပင်ကနေ စီရမ်ရိ ကို One Night ဆွဲတာတို့..စသဖြင့် အစ်မတို့အများကြီးလုပ်လို့ရတာတွေ ရှိတယ်။ အဲဒီမှာ လုပ်တဲ့လူက တစ်ယောက်မှမရှိဘူး။ မရှိတဲ့အတွက် ဒီနိုင်ငံက ရေကြောင်းကလူတွေရော၊ ဒီနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေရော၊ အစ်မရော အကုန်လုံးပူးပေါင်းပြီးလုပ်ဆောင်မယ်ဆိုရင် အစ်မတို့က အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ အများကြီးရနိုင်တယ်လို့တော့ အစ်မတို့ ယုံကြည်မှုရှိတာပေါ့။

မေး ။ ။ ကမ္ဘောဒီးယားအစိုးရဘက်က ကြိုဆိုတဲ့ပုံစံ၊ သူတို့ဘက်က စီးပွားရေးနဲ့ပတ်သက်လို့စဉ်းစားတဲ့ပုံစံ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်မှာ သူတို့ရဲ့ပြုမူတဲ့ပုံစံကရော ဘယ်လိုအနေအထားမျိုးရှိလဲ။
ဖြေ ။ ။ သူတို့ကကျတော့ သူတို့နိုင်ငံမှာ တကယ်တမ်းပြောရရင် သူတို့နိုင်ငံက အစ်မတို့နိုင်ငံထက်သေးတယ်။ သူတို့နိုင်ငံရဲ့အစိုးရက တစ်အချက်အနေနဲ့ နိုင်ငံခြားသား Investor (ရင်းနှီးမြှုပ်နှံ) သူတွေကို အရမ်း Warmly Welcome လုပ်တယ်။ နှစ်အချက်က သူတို့နိုင်ငံမှာ နိုင်ငံတကာက ကူညီထောက်ပံမှုတွေရှိတယ်။ သူတို့နိုင်ငံရဲ့ နိုင်ငံရေးက အတော်တည်ငြိမ်တယ်။ သူတို့က အစိုးရရဲ့စကားတစ်ခွန်းပဲပေါ့နော်။ အကုန်လုံးအဆင်ပြေနေတာ တွေ့တယ်။ အဲဒီတော့ သူတို့နိုင်ငံမှာကျတော့ နိုင်ငံရေးတည်ငြိမ်တဲ့အတွက် နိုင်ငံတကာကလည်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ADB တို့၊ World Bank တို့က သူတို့ကိုကူညီထားတာတွေ့ရတယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာကျတော့ နိုင်ငံသေးတဲ့အတွက် Human Resource ပေါ့၊ အစ်မတို့မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေလို လူအများကြီး၊ အတွေ့အကြုံတွေ အရမ်းများပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့လူက နည်းတယ်။ အဲဒီတော့ သူတို့က ထပ်ပြီးတော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံတဲ့သူတွေကို ဖိတ်ခေါ်တယ်။ ဒါပေမယ့် သူတို့ဘက်မှာ တောင်းဆိုချက် တစ်ခုတော့ရှိတယ်။ သူတို့နိုင်ငံကလူတွေကို လက်တွဲခေါ်ပေးပါ။ သူတို့နိုင်ငံက Local လုပ်ငန်းရှင်တွေရော၊ ဝန်ထမ်းတွေရော တစ်ဝက်တစ်ဝက်လောက်ပေါ့။ အဲဒီလိုတွေ လုပ်ဆောင်ပါပေါ့။ အစ်မတို့ကလည်း ကိုယ့်ဘက် က Generation ကိုလည်းခေါ်မယ်၊ သူတို့ဘက်ကလည်း ခေါ်မယ်။ (၅ဝ/၅ဝ) တွဲပြီးလုပ်ဆောင်မယ်ဆိုတဲ့ ပုံစံ မျိုးတွေလည်းပြောတယ်။ နောက်တစ်ခုကကျတော့ သူတို့နိုင်ငံမှာ အစ်မဆိုရင်အဲဒီတုန်းက အစည်းအဝေးတွေ ဘာတွေလုပ်တယ်ဆိုရင် ကိုယ်လုပ်သင့်လုပ်ထိုက်သလောက် အစည်းအဝေးတစ်ခုပဲ အစ်မတို့ Fix လုပ်ထား တယ်။ ဒါပေမယ့် ဒီအစည်အဝေးတွေပြီးတဲ့အချိန်မှာ သူတို့ဘက်က ဘယ်ဌာနအတွက် ထပ်လုပ်ပေးပါ။ ဘယ်ဌာနအတွက် ထပ်ပြီးတော့ အစ်မတို့ရဲ့အတွေ့အကြုံလေးတွေနဲ့ ထပ်ကူညီပေးပါဆိုပြီး သူတို့ဘက်နေ ကိုယ့်ကိုထပ်ပြီးတော့ ဖိတ်ခေါ်တာတွေရှိတယ်။ အဲဒီကျတော့ ကိုယ်မထင်မှတ်တဲ့ Opportunities တွေလည်း ကိုယ်မတောင်းဘဲနဲ့ ကိုယ့်ကိုပေးလာတာတွေရှိတယ်။ အဲဒီတော့ အစ်မတို့အနေနဲ့ ဟိုဘက်နိုင်ငံမှာ နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူတွေအတွက် တစ်အချက်က Policy တည်ငြိမ်တယ်။ သူ့ရဲ့ Rule and Regulation တွေက မပြောင်းလဲဘူး တည်ငြိမ်တယ်။ နှစ်အချက်က အခွန်အခနှုန်းထားတွေက သက်သာတယ်။ Investment လုပ်တဲ့ သူတွေကို First, Second Year အတွင်းမှာ လျော့ချထားတဲ့ အခွန်အခနှုန်းထားတွေ ရှိတယ်။ ပြီးတော့ နံပါတ် (၃)အချက်က ဘာလဲဆိုတော့ မီဒီယာပိုင်းဆိုင်ရာတွေ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းအချင်းချင်း Attack လုပ်တာ မျိုးတွေ သူတို့နိုင်ငံမှာမရှိဘူး။ သူတို့က သူတို့နိုင်ငံမှာ သူတို့လူမျိုးရော၊ သူတို့အစိုးရရော အကုန်လုံးက ပူးပေါင်း ပြီး အောင်မြင်မယ်ဆိုရင် အကုန်လုံးကကြိုဆိုတယ်။ အဲဒီ Positive Thinking တွေ အများကြီးရှိတဲ့အတွက် စီးပွားရေးလုပ်ရတာ ကောင်းတယ်ပေါ့။ ဒီလိုမျိုး Asia နိုင်ငံတွေ အများကြီးရှိမယ်ဆိုရင် အစ်မတို့ Asian က We are One၊ One World ပဲ။ အကုန်လုံးက Asian အနေနဲ့ One World တစ်ခုအနေနဲ့ အလုပ်လုပ်သွားလို့ရတယ်။ အဲဒီတော့ အစ်မအနေနဲ့ အချိန်တွေကုန်နေမယ့်အစား၊ အချိန်ကုန်မခံတော့ဘူး။ အစ်မအနေနဲ့ Asian သည် We are one ပုံစံမျိုးနဲ့ အလုပ်လုပ်လို့မရမှာလဲဆိုတာမျိုးနဲ့ သူတို့နဲ့ချိတ်ဆက်ပြီး အစ်မလုပ်ဆောင်တယ်။ အစ်မ အနေနဲ့ ဒီတစ်နိုင်ငံတည်းနဲ့မဟုတ်ဘဲနဲ့ နောက်နိုင်ငံတွေကိုလည်း ထပ်သွားမှာပဲ တတ်နိုင်သလောက်ပေါ့။ သူတို့ိ နိုင်ငံကနေပြီးတော့ ငွေကြေးပိုင်းဆိုင်ရာ၊ ရင်နှီးမြှုပ်နှံမှုပိုင်းဆိုင်ရာကို အစ်မတို့အနေနဲ့ လိုအပ်တဲ့ပုံစံမျိုး၊ သင့်တော်တဲ့ပုံစံမျိုး၊ သူတို့ဘက်နဲ့ချိတ်ဆက်လို့ရတယ်ဆိုရင် ကိုယ့်ဘက်မှာရပ်တန့်နေတဲ့ Zero Income ဖြစ်နေ တဲ့ Property တွေ အကုန်လုံးကို တခြားနိုင်ငံကိုရွှေ့ပြီးတော့ ထပ်လုပ်သွားဖို့လည်း အစီအစဉ်တွေ ရှိပါတယ်။

မေး ။ ။ ဟုတ်ကဲ့။ အစ်မ မတင့်တင့်လွင်လို့ပြောလိုက်ရင်တော့ လူတွေကြားထဲမှာ သိချင်တဲ့ပုံစံဟာ နှစ်မျိုးမက ရှိတယ်။ ပြောမယ်ဆိုရင်တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ သူများမလုပ်ရဲတာကို စွန့်စွန့်စားစားလုပ်ရဲတဲ့၊ လုပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့မြင်တယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာကျတော့ ပြဿနာပေါင်း များစွာနဲ့ဖြေရှင်းနေရတဲ့လူလို့လည်း မြင်ကြတယ်။ ဆိုတော့ ကျွန်တော့်ရုပ်သံတင်လိုက်ရင်တော့ မေးကြမယ့် မေးခွန်းတွေက အများကြီးရှိတယ်။ မတင့်တင့်လွင်ရဲ့ ထားပါတော့ ဘဏ်ကြွေး၊ ဘာကြွေးညာကျွေးဆိုပြီး အစ်မ ကိုတပ်မယ့်ခေါင်းစဉ်တွေ အများကြီးပေါ်လာမယ်။ ဆိုတော့ အဲဒါတွေအတွက်လည်း တစ်ခုခုပြောပြချင်တာရှိ မလား။
ဖြေ ။ ။ ဟုတ်တယ်။ အစ်မအနေနဲ့ကြုံခဲ့ပါတယ်။ အများကြီးကြုံခဲ့တယ်။ ဒါပေမယ့် Cyber attack လည်းပါ တယ်။ အစ်မတို့တွေ့ကြုံနေရတဲ့ စီးပွားရေးအကြပ်အတည်းအခက်အခဲဆိုတာ အစ်မတို့ အရင်ကပြောခဲ့တယ် အစိုးရပိုင်းဆိုင်ရာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အချိန်မှီမရတာရယ်၊ နောက်ပြီးတော့ Bank Policy တွေ ပြောင်းသွားတဲ့အချိန်မှာ အစ်မတို့အခက်အခဲတွေရှိခဲ့တယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေ တွေ့ကြုံနေချိန်မှာ ဒီအခက်အခဲတွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဖြေရှင်းသွားနိုင်တဲ့အရည်အချင်း၊ အတွေ့အကြုံတွေ အစ်မတို့ မှာ ရှိတယ်။ ကိုယ်ဘာကိုယ် ဘဏ်နဲ့လည်း ပြေလည်တယ်။ အစ်မတို့အနေနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းရှင်ကြီးတွေပေါ့။ ကိုယ်နဲ့ပူးတွဲလုပ်ဆောင်နေတဲ့လူတွေနဲ့ အားလုံးနဲ့ပြေလည်တယ်။ ဒါပေမယ့် မပြေလည်တာကဘာလဲဆိုတော့ ကိုယ့်ဘာကိုယ်တော့ ပြေလည်နေတယ်။ မပြေလည်တာက Online မှာ မပြေ လည်တာ။ ဒီ Online မှာ မပြေလည်တာက ကိုယ့်ကိစ္စတော့မဟုတ်ဘူး။ ဒါပေမယ့် သူတို့ Story တွေ ဖန်တီးနေ ကြတာပေါ့နော်။ ကိုယ်တောင်မသိတဲ့ Story တွေ အများကြီးဖန်တီးတယ်။ Online ပေါ်မှာဖြန့်တယ်။ Online အင်အား တော်တော်ကောင်းအောင် အုပ်စုဖွဲ့တယ်။ အုပ်စုဖွဲ့ပြီးတော့ အစ်မကိုတိုက်ခိုက်တဲ့အတွက် Online ပေါ်မှာသာပျံ့နေတာ တကယ်တမ်းကျတော့ မြေပြင်အခြေအနေမှာ အစ်မအနေနဲ့တစ်ဆင့်ချင်းကို ဖြေရှင်းတယ်။ ကိုယ်တာဝန်ယူရမယ့်အပိုင်းတွေကို ရဲရဲတာဝန်ယူပြီး၊ ရဲရဲကြီးမျက်နှာချင်းဆိုင်တွေ့ပြီး အစ်မ တစ်ယောက်ချင်း ကို ပြေလည်အောင်ဖြေရှင်းတယ်။ လူတိုင်းလူတိုင်းမှာ စီးပွားရေးသမားတိုင်းမှာ အကြပ်အတည်းတွေ အများကြီး ရှိတယ်။ Richard Branson တို့လို၊ Alibaba တို့လို၊ Jack ma တို့မှာ သူတို့တောင် အမှုပေါင်းရာနဲ့ချီပြီး ရှိနေ တယ်။ အစ်မတို့မှာလည်း ဒီလိုအခက်အခဲတွေ ရှိနေတယ်။ ဒီလိုမျိုးပြဿနာတွေ ရှိနေတယ်။ ဒါပေမယ့် အစ်မတို့ က တကယ်တမ်းပြောမယ်ဆိုရင် ဒီဘဏ်ကိစ္စနဲ့ပတ်သက်လို့ကတော့ ကိုဗစ်ကာလနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလအတွင်းမှာသာ အစ်မတို့မဖြေရှင်းနိုင်တာ။ ဒီလိုမဖြေရှင်းနိုင်တဲ့ကာလအတွင်းမှာ ဘဏ်တွေဘက်က အစ်မတို့ကို တရားစွဲဆိုတာတွေ ဘာတွေရှိတယ်။ ဒါကတော့ သူ့ရဲ့လုပ်ထုံးလုပ်စဉ်အပိုင်းပဲ။ အစ်မတို့ဘက်က လည်း ဒါကိုတာဝန်ယူဖြေရှင်းပေးမယ်။ ဘယ်နှစ်နှစ်အတွင်းမှာ၊ ဘယ်နှစ်လအတွင်းမှာ ဖြေရှင်းပေးမယ်ဆိုတာ လည်း အစ်မတို့ဘက်က သတ္တိရှိရှိပြောဖို့လိုတယ်။ အစ်မတို့ဘက်က ပြောဖို့လည်းအဆင်သင့်ပဲ။ အဲဒီတော့ အစ်မတို့အနေနဲ့ ဒီကိစ္စတွေကိုဖြေရှင်းနိုင်တာ စီးပွားရေးလုပ်ငန်းသမားတိုင်းဟာဆိုရင် ဥပမာ- သူ့မှာ ဘဏ်က ပေါ့နော် (၁ဝဝ) ရှိတယ်ဆိုရင် ဘဏ်ချေးငွေသည် (၃ဝ) ရာခိုင်နှုန်းပဲ ရှိတာ။ စီးပွားရေးသမားတိုင်းက သူ့မှာ (၁ဝဝ) ရှိရင် ဘယ်တော့မှ(၂ဝဝ) တော့ မချေးဘူး။ ဘာလို့လဲဆို ထွက်ပြေးသွားမှာလေ။ ဆိုတော့ အစ်မတို့က ထွက်ပြေးသွားမယ့် လူမျိုးမဟုတ်ဘူး။ အစ်မတို့သမိုင်းကို အစ်မတို့ မသတ်ဘူး။ ကိုယ့်သမိုင်းရှိတယ်။ အစ်မတို့က ဇီးရိုးကနေ စခဲ့ရတဲ့အတွက် ဒီသမိုင်းက သိပ်ကြီးတယ်။ ဒီကြီးတဲ့သမိုင်းကြီးကို Online ပေါ်မှာ ခေတ္တခဏ နှောင့်ယှက်တယ်။ နှောင့်ယှက်တဲ့လူတွေကလည်း Ethic မရှိတဲ့ မီဒီယာတွေကနေ ပိုက်ဆံပေးပြီးဖြန့်ခိုင်းတာ အစ်မတို့က အကုန်သိပြီးသား။ အဲဒီတော့ ဘာလို့ခံစားနေမှာလဲ။ သူတို့ဖြန့်တဲ့အပေါ်မှာမူတည်ပြီးတော့ အစ်မကို မယုံကြည်တဲ့လူတွေအကုန်လုံးကိုလည်း အစ်မအနေနဲ့ အားလုံးကိုလက်တွဲဖြုတ်လိုက်တယ်။ နှုတ်ဆက်လိုက် တယ်။ ဘာလို့လဲ။ မြေပြင်မှာအစ်မနဲ့ဆက်ဆံလို့ အစ်မတို့က ဘယ်သူ့ကိုမှမယုတ်မာခဲ့ဘူး။ ဘယ်သူ့အပေါ်မှ လည်း မကောင်းမကြံခဲ့ဘူး။ ဒါပေမယ့် သူတို့မကျေနပ်လို့၊ အလုပ်ဖြုတ်ခဲ့လို့၊ အုပ်စုဖွဲ့ပြီး မိန်းကလေးတစ် ယောက်တည်း၊ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ရဲ့ Challenge ပဲ။ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်မလို့ Online ကနေ attack လုပ်လိုက်ရင် သူလွင့်သွားမယ်ထင်တာ။ ဒါပေမယ့် အစ်မက အမျိုးသမီးလုပ်ငန်းရှင်ပေ မယ့် အမျိုးသမီးတစ်ယောက်လို တွေးခေါ်နေမယ့်၊ ပျော့ညံ့နေတဲ့လုပ်ငန်းရှင်တစ်ယောက်မဟုတ်ဘူး။ အစ်မက ယောင်္ကျားတွေထက်တောင် သတ္တိရှိတဲ့လုပ်ငန်းရှင်တစ်ယောက်။ အစ်မက ယောင်္ကျားတွေထက်တောင် အများ ကြီးပိုတဲ့သတ္တိတွေ အစ်မမှာရှိတယ်။ အစ်မအနေနဲ့ ဒီလောကကိုမကြောက်လို့ ဒီစီးပွားရေးကိုဦးဆောင်ပြီး လုပ်ခဲ့ တာ။ ဒါကြောင့် ယောင်္ကျားတွေတောင် မလုပ်နိုင်တဲ့စီးပွားရေး၊ လုပ်နိုင်တဲ့စီးပွားရေးရှိတယ်။ အဲဒီတော့ အစ်မ အနေနဲ့စဉ်းစားလိုက်တယ်.. ဒီ Online နဲ့ လိုက်နှောင့်ယှက်နေတဲ့အုပ်စုတွေကို လုံးဝ Cut လုပ်လိုက်တယ်။ ကြိုက်တာလုပ်၊ ကြိုက်တာရေး၊ ပုံစံမျိုးစုံနဲ့ရေး လှည့်ကိုမကြည့်တော့ဘူး။ သတ္တိရှိတယ်၊ သူတို့ရိုးသားတယ်ဆိုရင် ဥပဒေထဲကနေ လာခဲ့၊ ဥပဒေဘောင်ထဲကနေ ပြန်ရှင်းမယ်။ အစ်မ Challenge လုပ်ထားတယ်။ ဘယ်သူမှလာလို့ မရဘူး။ ဘာ့ကြောင့်လဲဆိုရင် အစ်မတို့က ဥပဒေထဲကအတိုင်း မှန်ကန်သွားရဲတဲ့သတ္တိရှိလို့ သွားနေတာ။ အခု Bank ကိစ္စတွေဆိုရင်လည်း အစ်မအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဖြေရှင်းမှာ။ ဘယ်နိုင်ငံမှလည်း ထွက်ပြေးစရာမလိုဘူး။ ဘာ့ကြောင့်လဲဆိုရင် အစ်မရဲ့ Property တွေ မြန်မာပြည်မှာအများကြီးရှိတာ အစ်မ ဘယ်ကိုရှောင်ပြေးမှာလဲ။ ဘယ်နိုင်ငံမှလည်း ရှောင်ပြေးစရာမလိုဘူး။ ကမ္ဘာတစ်ဝန်းနဲ့ချိတ်ဆက်ပြီးလုပ်ဆောင် နေတဲ့ ဥပမာ- အင်တာပိုလိုမျိုး အများကြီးရှိတာပဲ။ အဲဒီတော့ အစ်မအနေနဲ့ ဘာလို့ဒါတွေကို ကျောခိုင်းပြေး မှာလဲ၊ မကျောခိုင်းဘူး။ မျက်နှာချင်းဆိုင်တွေ့မယ်။ ဖြေရှင်းမယ်။ အစ်မတို့ကာလတစ်ခုတော့ လိုအပ်တယ်။ အရင်တုန်းက (၂) နှစ်လိုအပ်တယ်ဆိုရင်၊ အခု (၃) နှစ်၊ (၄) နှစ်၊ (၅) နှစ်အထိ လိုအပ်တယ်။ ဒီကာလအတွင်းမှာ အစ်မတို့က သတ္တိရှိရှိတာဝန်ယူမယ်။ ဒါပေမယ့် တစ်ဖက်ကလည်း မှန်မှန်ကန်ကန်နဲ့နားလည်မှုအများကြီးနဲ့ အစ်မတို့နဲ့ပူးပေါင်းဆောင်ရွက်လိုတယ်ပေါ့။ အစ်မတို့အနေနဲ့ကလည်း အရင်တုန်းက ဘဏ်ကိစ္စတွေဘာတွေ တရားစွဲတယ်ဆိုတာကလည်း အစ်မတို့မသိလိုက်တာ။ သူတို့ Address တွေ မှားပြီးတော့ဆက်သွယ်တဲ့အခါ ဆက်သွယ်လို့မရလို့ဖြစ်သွားတာတွေ အများကြီးရှိတယ်။ တစ်ခါတစ်ရံ သတင်းစာမှာကြေညာခံရတဲ့ကိစ္စတွေ ရှိ တယ်။ ဒီကိစ္စတွေဆိုရင် အစ်မတို့ရုံးတွေက အရင်တုန်းက အကြီးကြီးကနေ လျော့လိုက်ရတဲ့အပိုင်းတွေရှိတယ်။ Address တွေ ပြောင်းသွားတာတွေရှိတယ်။ ကိုယ့်ရဲ့ရုံးက CFO တွေ ကိုဗစ်ကာလမှာ သေဆုံးသွားတာတွေရှိ တယ်။ ကိုယ့်ရဲ့ရုံးဝန်ထမ်းတွေ လျှော့ချလိုက်ရတာရှိတယ်။ အဲဒီကျတော့ Report တွေက မမှန်ဘူး။ အဲဒီလို မမှန်တဲ့အခါမှာ အစ်မတို့ထိပ်က Head တွေက မသိလိုက်ရတာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေကို ဟိုဘက် ကနေပြီးတော့ အစ်မကိုမကျေနပ်တဲ့လူတွေနဲ့ပူးပေါင်းပြီးတော့ အရှက်ကွဲစေဖို့၊ ဂုဏ်သိက္ခာကျစေဖို့ အမျိုးမျိုးလုပ် တာရှိတယ် သတင်းစာကနေကြေညာတာမျိုးပေါ့။ ဖြစ်ဖြစ်ချင်းမှာတော့ အရမ်းခံစားရတယ်။ ရှက်သလိုပုံစံမျိုး ဖြစ်တယ်။ ဒါပေမယ့် အစ်မနောက်တော့ စဉ်းစားတယ်။ ငါ့ကိုပေါင်းချင်တဲ့လူပေါင်း။ ဘာလို့လဲဆိုတော့ အစ်မက ဘယ်သူနဲ့မှချိတ်ဆက်ပြီး လုပ်စရာမလိုဘူး။ အစ်မရဲ့စီးပွားရေးက ကိုယ့်ရဲ့ခြေထောက်ပေါ်မှာ ရပ်တည်ပြီး လုပ်ရ တဲ့အတွက် တစ်ယောက်မှမရှိလဲ ကိုယ်တစ်ယောက်တည်းဆက်ပြီးတော့ရပ်တည်မှာပဲ။ ဒါပေမယ့် ထူးခြားတာက တော့ တကယ့်ကိုစိတ်ဓာတ်ပြည့်ဝတဲ့ လုပ်ငန်းရှင်အကြီးကြီးတွေ အကုန်လုံးက အစ်မကိုဝိုင်းပြီး ကူညီကြတယ်။ အားပေးကြတယ်။ ယနေ့အချိန်ထိ အစ်မနဲ့အဆက်အသွယ်ရှိသေးတယ်။ အဲဒီကျတော့ အဲဒီလူတွေကိုလည်း အစ်မက အရမ်းကျေးဇူးတင်တယ်။ အစ်မအတွက် ခွန်အားတွေဖြစ်တယ်။ သူတို့တစ်ခွန်းလောက် အစ်မကို ဖုန်းဆက်ပြီးမေးလိုက်တာမျိုးတွေ၊ တစ်ခုလောက် ကူညီလိုက်တာမျိုးတွေကဆိုရင် တချို့လုပ်ငန်းရှင်ကြီးတွေ ဆိုရင် အစ်မအခက်အခဲဖြစ်နေတော့ သူတို့မလိုအပ်ဘဲနဲ့ အစ်မရဲ့သင်္ဘောလေးတွေကို သူတို့တောင်အခက်အခဲ ဖြစ်သွားအောင် ကူညီပြီးဝယ်ပေးတာမျိုးလေးတွေ ရှိတယ်။ အဲဒီလို တစ်ခုပြီးတစ်ခု အစ်မ ဖြေရှင်းသွားနိုင် တယ်ပေါ့နော်။ အခုအချိန်ထိ အစ်မက ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာက Online ပေါ်မှာ။ သောင်းခြောက်ထောင်လောက် မဟုတ်ဘဲနဲ့ ပြဿနာပေါင်း (၅) ထောင်လောက်ရှိချင်ရှိမယ်။ (၃) ထောင် လောက်ရှိချင်ရှိမယ်။ ဒါတွေအားလုံးကိုလည်း အစ်မအနေနဲ့ တစ်ခုပြီးတစ်ခုဖြေရှင်းနိုင်တယ်။ နောက်ထပ် ဆက်ပြီးတော့လည်း တစ်ခုမှမကျန်တဲ့အထိ အားလုံးဖြေရှင်းသွားဖို့ အစ်မမှာ သတ္တိရှိတယ်။ အရည်အချင်းရှိ တယ်။ အခု ခွန်အားတွေပါ ထပ်ရလာပြီဆိုတော့ အစ်မကို သိက္ခာကျစေချင်တဲ့စိတ်နဲ့လုပ်မယ်ဆိုရင်တော့ အစ်မ သူတို့ကို ပြန်တိုက်ခိုက်ဖို့အစီအစဉ် လုံးဝမရှိဘူး။ သူတို့ကို လုံးဝလျစ်လျူရှုလိုက်မယ်။ အစ်မသွားတဲ့ လမ်းကြောင်းကိုဆက်သွားမယ်ပေါ့နော်။ အဲကျတော့ အခုဆိုရင် အစ်မအနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ကိုယ်သွားမယ့်လမ်းကြောင်းကို ဆက်သွားမှာပဲ။

မေး ။ ။ နောက်ဆုံးမေးခွန်းလေးတစ်ခုလောက်ပါပဲ။ ဒီလောက် ဒီဘက်ခေတ်မှာ ဒီကနေ့အခြေအနေက နိုင်ငံ မှာ နိုင်ငံကံကြမ္မာရဲ့ ဂြိုလ်ဆိုးလဲဝင်တယ်ပေါ့လေ။ အဲဒီတော့ ကျန်းမာရေးရှု့ထောင့်အရ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်ရတယ် တစ်ကမ္ဘာလုံးပေါ့။ နောက်တစ်ခါ နိုင်ငံမှာလည်း လူမှုအသိုင်းအဝိုင်းကြားမှာ နိုင်ငံရေးနဲ့ရောပြီး အရှုပ်အထွေးတွေ ရင်ဆိုင်ရတယ်။ ဆိုတော့ ဒီလိုကာလမှာ စီးပွားရေးလုပ်ငန်းရှင်တွေကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ရတာ ဒုက္ခတွေနဲ့ရင်ဆိုင်ရတယ်ဆိုတော့ မလုပ်ဘဲရပ်နေလို့ရတဲ့လူတွေက ရပ်ကြတယ်။ တချို့ ကတော့ မဖြစ်မနေလုပ်ရတာမလို့ လုပ်ကြတာရှိတယ်။ အစ်မဆိုရင်ရော မလုပ်လဲရပ်နေလို့ မရဘူးလား၊ မဖြစ်မနေလုပ်ကိုလုပ်ရမှာ မလို့လား။ ဒါမှမဟုတ် ဘာ့ကြောင့် အစ်မ အလုပ်တွေဆက်လုပ်နေတာလဲ။
ဖြေ ။ ။ ဘာ့ကြောင့် အစ်မ အလုပ်တွေဆက်လုပ်နေတာလဲဆိုတော့ အစ်မရဲ့တာဝန်ယူရတဲ့အပိုင်းတွေ အများ ကြီးရှိနေတာရှိတယ်။ သူများတွေကျတော့ မိဘ၊ ဘိုးဘွားလက်ထက်ကတည်းက အိမ်၊ ခြံ၊ မြေ ဘာညာ ပိုင်ဆိုင် လာတာရှိတယ်။ သူတို့အိမ်တစ်လုံး၊ ခြံတစ်လုံး သိန်းသောင်းနဲ့ချီရောင်းပြီးတော့ ကောင်းမွန်တဲ့အခြေအနေအထိ ထိုင်စောင့်လို့ရတာမျိုးတွေ ရှိတယ်။ အစ်မတို့ကျတော့ ဥပမာ- ဘဏ်ကိစ္စလိုမျိုးပေါ့၊ ပြီးတော့ အခြားကိုယ့်ရဲ့ အရင်တုန်းကတော့ ရာနဲ့ချီရှိတဲ့ အစ်မှာစာချုပ်ချုပ်ထားတဲ့လယ်သမားတွေရှိတယ်၊ ဝန်ထမ်းတွေရှိတယ်၊ ကိုယ့်ရဲ့ ရေကြောင်းမှာ ပတ်သက်တဲ့လုပ်ငန်းတွေ ဒါတွေအားလုံးက ရပ်တန့်နေတယ်။ အစ်မအနေနဲ့တာဝန်ယူရမယ့် အပိုင်းတွေလည်း အများကြီးရှိတယ်။ ပြီးတော့ အရေးအကြီးဆုံးအချက်ကတော့ ကိုယ်ရင်းနှီးမြှုပ်နှံဖို့ယူထားတဲ့ ကိစ္စတွေအတွက် အစ်မတို့က တာဝန်ယူဖြေရှင်းပေးရမယ်။ အချိန်တွေက အစ်မအတွက်တန်ဖိုးရှိတယ်။ အဲဒီ ကျတော့ အစ်မတို့အနေနဲ့က A plan နဲ့ သွားလို့မရရင် B plan နဲ့ သွားရမယ်။ B plan နဲ့ မရရင် C plan နဲ့ သွားရ မယ်။ တကယ်လို့မရရင် နောက်ဆုံး plan နဲ့ သွားရမယ်။ အဲဒီတော့ plan အမျိုးမျိုးနဲ့ အစ်မတို့က လှေကို ဆက် လှော်နေတာ။ ဘာလဲဆိုတော့ ဒီခရီးက ရှိနေတာ။ အစ်မမှာ ရည်မှန်းထားတဲ့ပန်းတိုင်ရှိတယ်။ အဲဒီပန်းတိုင်က အစ်မရဲ့အသက်အရွယ်အကန့်အသတ်တစ်ခုအထိ ဒီဟာတစ်ခုကို ချထားတယ်ပေါ့။ အသက်အရွယ်တစ်ခု ရောက်ရင်တော့ အေးအေးချမ်းချမ်းနဲ့သွားမှာပေါ့နော်။ အခုလောလောဆယ်တော့ အသက်အရွယ် ကာလတစ်ခု ရယ်၊ အခုဖြစ်နေတဲ့အခြေအနေမှာ အစ်မရပ်တန့်လို့မရဘူး။ ဘာလို့လဲဆိုတော့ အစ်မ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့လုပ်ထားတဲ့စီမံကိန်းတွေအပေါ်မှာ ဒါတွေကိုပြန်ပြီးတော့ ဘဏ်ကိုပဲဖြစ်ဖြစ်၊ နိုင်ငံတော်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ပါတနာတွေကိုပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်ဆောင်ပေးရမယ့်တာဝန်တွေ အများကြီးရှိတယ်။ အဲဒီတော့ အစ်မအနေနဲ့က သူများတွေလိုမျိုး မွေးကတည်းက ချမ်းသာလာတာတို့၊ Property(ပိုင်ဆိုင်မှုပစ္စည်း) တစ်ခုရောင်းပြီးတော့ ထိုင်စားရတဲ့လုပ်ငန်းမျိုးလည်း မဟုတ်၊ အစ်မလုပ်ငန်းက ထိုင်စောင့်ဖို့လည်း မလိုဘူး။ အစ်မရဲ့အတွေ့အကြုံ၊ အစ်မရဲ့ Network ပေါ့။ တစ်ကမ္ဘာလုံးနဲ့ချိတ်ဆက်ထားတဲ့ Network တွေက အစ်မ အနေနဲ့ ရပ်နေစရာမလိုဘူးလို့ထင်တယ်။ ဒီနိုင်ငံမှာလုပ်လို့မရဘူးဆိုရင် အစ်မတို့က ကိုယ့်နိုင်ငံအပြင်ထွက်ပြီး နီးနီးလေးပဲ Asia မှာ၊ ASIA မှာမရဘူးလား။ မရရင် AMERICA လည်း အစ်မသွားနိုင်တယ်။ EUROPE လည်း သွားနိုင်တယ်။ အစ်မမှာ ပါတနာတွေအများကြီး၊ တစ်ကမ္ဘာလုံးမှာရှိတယ်။ တစ်ကမ္ဘာလုံးမှာ ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးက ဒီမြန်မာပြည်အတွက် အကူအညီပေးလို့မရဘူးဆိုရင် ကမ္ဘောဒီးယားအတွက် အကူ အညီပေးလို့ရတဲ့ Bank တွေ ရှိတယ်။ အစ်မတို့မှာ World Bank ရှိမယ်။ Extreme Bank ၊ ADB bank ရှိမယ်။ ဒါတွေအကုန်လုံးကလည်း အစ်မတို့ဘယ်နိုင်ငံအတွက် ကောင်းဖို့လုပ်နေလဲ၊ လုပ်နေ တယ်ဆိုရင် နိုင်ငံနဲ့သင့်တော်တဲ့ သူတို့အတွက် အထောက်အပံ့တွေဟာဆိုရင် အစ်မတို့ကို သူတို့က ကမ်းလှမ်းမှု တွေ အများကြီးပေးတာပဲ။ အဲဒီတော့ အစ်မတို့အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ ပြင်ပနဲ့ချိတ်ဆက်လို့မရတဲ့ လုပ်ငန်းရှင် တွေရှိမယ်။ သူတို့ အနေနဲ့ရပ်ထားရတဲ့အပိုင်းတွေ ရှိရင်ရှိလိမ့်မယ်၊ အရမ်းချမ်းသာလို့ရပ်ထားတဲ့အပိုင်းတွေ လည်း ရှိလိမ့်မယ် (သို့မဟုတ်) သူတို့မှာ အစ်မတို့လိုမျိုး သိပ်ပူစရာမလိုတဲ့စီမံကိန်းနဲ့ပတ်သက်တဲ့ Project loan တွေ၊ ပြန်ပေးဆပ်စရာမရှိတဲ့ လူတွေရှိတယ်။ ဒီလူတွေကတော့ ရပ်တန့်လို့ရတယ်။ အစ်မတို့အနေနဲ့ Project loan တွေ ပြန်ပေး ဆပ်ရမယ်။ ကိုယ့်ရဲ Partner တွေ အောင်မြင်ဖို့အတွက် လုပ်ပေးရမယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေ တိုးတက်ဖို့အတွက် လုပ်ပေးရမယ်။ ကိုယ့်မိသားစုအဆင်ပြေဖို့အတွက် လုပ်ပေးရမယ်။ အခုလတ်တလောမှာ တော့ အစ်မမှာ မိသားစုဆိုလို့ သားနဲ့အစ်မနဲ့ နှစ်ယောက်တည်းရှိတယ်။ ဒါပေမယ့် ဒီနှစ်ယောက်ရဲ့နောက်ကွယ် မှာ အစ်မသားကလည်း လုပ်ငန်းတွေလုပ်နေတော့ သူ့နောက်မှာလည်း သူ့ဘဝရှေ့ကိုတိုးတက်ဖို့အတွက် အစ်မက နောက်ကနေ Supporting တွေ အများကြီးပေးရအုံးမယ်။ အစ်မရဲ့နောက်မှာရှိနေတဲ့ မိသာစုနဲ့ ဆက်စပ်ပြီးတော့ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ က‌လေးတွေအကုန်လုံးအတွက် လည်း အစ်မ ရုန်းပေးရမယ်။ ဒါမှ အစ်မ Leader (ခေါင်းဆောင်) ကောင်းဖြစ်မှာ။ ဒီအချိန်မှာ အစ်မ ခဏလေး အေးဆေးနေချင်ရင် အစ်မဟိုတယ်တစ်လုံးရောင်းပြီးတော့ ထိုင်နေလို့ရတယ်။ ဒါပေမယ့် အဲဒါက အစ်မရဲ့ Behavior မဟုတ်ဘူး။ ထိုင်နေတတ်တဲ့အကျင့် အစ်မမှာလုံးဝမရှိဘူး။ အစ်မအိမ်မှာတောင် ပက်လက်ကုလား ထိုင်ခုံ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ပက်လက်ကုလားထိုင်မှာ ကျောမှီပြီးတော့ ထိုင်ပြီးတော့ နားတဲ့အကျင့်ကို မရှိတာ။ အဲဒီလိုမျိုး ဆင်းရဲဇာတာပါတာလားတော့ မသိဘူး။ အဲဒီတော့ အစ်မအနေနဲ့ အမြဲတမ်းအလုပ်လုပ်ချင် တဲ့ စိတ်တစ်ခုရှိနေတဲ့အတွက် နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလုပ်တယ်။ အခုက ကိုယ့်နိုင်ငံထဲမှာ ရပ်နေစရာ မလိုဘူး။ ဘာလို့လဲဆိုတော့ ဘယ်နိုင်ငံသွားသွား အစ်မရဲ့အိမ်ပဲ။ ကိုယ့်အိမ်နည်းနားချင်းနိုင်ငံပဲဖြစ်ပါစေ၊ Europe ပဲ ဖြစ်ပါစေ၊ အမေရိကပဲ ဖြစ်ပါစေ အစ်မ ဆက်လုပ်သွားလို့ရတဲ့ Network တွေရှိနေသ၍ Every where အစ်မရဲ့ Home ပဲ။ အဲဒါကြောင့် မလို့ အစ်မက‌တော့ ဆက်လုပ်သွားမှာပဲ။

မေး ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ အစ်မ အခုလိုအချိန်တွေအများကြီးပေးပြီး ဖြေကြားပေးတဲ့အတွက်။
ဖြေ ။ ။ ကျေးဇူးပါ မောင်လေး။

Zawgyi Version;
“မိုးလင္းမွာေတာင္ ေၾကာက္ခဲ့ရၿပီး ေနာက္တစ္ေန႔မနက္မွာ အိပ္ရာမႏိုးခ်င္ေတာ့တဲ့
အေျခအေနမ်ိဳးထိ ျဖစ္ခဲ့ရတယ္” (အင္တာဗ်ဴး)
ေမးျမန္း - ေက်ာ္မ်ဳိးမင္း၊ ေရသား- စည္သူဟိန္း

ေဒၚတင့္တင့္လြင္ႏွင့္ ျမန္မာ့ခရီးသြားလုပ္ငန္းမ်ားႏွင့္ ကေမာၻဒီးယားကို ေရႊ႕မယ့္ Water Taxi အပါအဝင္ အၾကပ္ အတည္းမ်ားၾကားမွ ရုန္းထြက္ျခင္းအေၾကာင္းမ်ားကို NP News သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ဳိးမင္းမွ ေတြ႕ဆံုေမးျမန္းမႈမ်ားကို ျပန္လည္ေဖာ္ျပေပးလိုက္ပါသည္။

ေမး ။ ။ အစ္မေရ… မဂၤလာပါခင္ဗ်ာ။ မေတြ႕ျဖစ္ၾကတာလဲ ႏွစ္ႏွစ္ေလာက္ေတာ့ ရွိၿပီေနာ္။
ေျဖ ။ ။ ဟုတ္တယ္။ မဂၤလာပါ ေမာင္ေလး။

ေမး ။ ။ ကၽြန္ေတာ္ ပထမဆံုးသိခ်င္တာက ခရီးသြားလုပ္ငန္းေတြကို ျပန္ဖြင့္ဖို႔ သင့္/ မသင့္ေပါ့။ ဘာလို႔လဲ ေတာ့ အိမ္နီးခ်င္းႏိုင္ငံအခ်ဳိ႕မွာ ခရီးသြားလုပ္ငန္းေတြ ျပန္ဖြင့္ေနၾကတာကို ေတြ႕ေနရၿပီေလ။ အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ႏိုင္ငံမွာေရာ ခရီးသြားလုပ္ငန္းေတြကို ျပန္ဖြင့္ဖို႔ သင့္ၿပီလား၊ မသင့္ေသးဘူးလား ဆိုတာ အစ္မရဲ႕ သံုးသပ္ခ်က္ေလး အရင္ဆံုးသိပါရေစ။
ေျဖ ။ ။ ဟုတ္ကဲ့ပါ။ အစ္မတို႔ အခုေလာေလာဆယ္မွာေတာ့ အစ္မတို႔ခရီးသြားလုပ္ငန္းအေပၚမွာ မွီခိုေနၾကတဲ့ သူေတြ အမ်ားႀကီးရွိတယ္ေလ။ ၿပီးေတာ့ မၿငိမ္မသက္တဲ့ ဧရိယာဆိုတာကလည္း သူတို႔ရဲ႕ျဖစ္တဲ့ဧရိယာအခ်ဳိ႕မွာ သာ ျဖစ္ေနတာဆိုေတာ့ တကယ္တမ္း ခရီးသြားလုပ္ငန္းအတြက္ အေရးႀကီးတဲ့ေနရာေတြမွာ ဆိုလို႔ရွိရင္ အခုလို မ်ဳိး မၿငိမ္မသက္ျဖစ္ေနတာမ်ဳိးေတြက သိပ္ၿပီးေတာ့ မရွိဘူး။ အဲဒီအတြက္ေၾကာင့္ အစ္မအေနနဲ႔က ခရီးသြား လုပ္ငန္းမွာ မွီခိုေနတဲ့လုပ္ငန္းရွင္ေတြ၊ အေသးစားစီးပြားေရးလုပ္ငန္းရွင္ေတြဟာဆိုရင္ ဒီကာလမ်ဳိးမွာ အျခား စီးပြားေရးလုပ္ငန္းတစ္ခုကိုေျပာင္းဖို႔ဆိုတာ သူတို႔မွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ အင္အားလည္း မရွိဘူး။ ၿပီးေတာ့ သူတို႔အေန နဲ႔ျပင္ဆင္ခဲ့တာက ဒီလုပ္ငန္းတစ္ခုတည္းအတြက္ပဲ ျပင္ဆင္ခဲ့ၾကတယ္။ ဟိုတယ္လုပ္ငန္းရွင္သာမကပဲ စားေသာက္ဆိုင္၊ ျမင္းလွည္း၊ ႏြားလွည္း စသျဖင့္ သူ႔ေနရာနဲ႔သူက အခက္အခဲေလးေတြ အမ်ားႀကီးရွိၾကတာကို ေတြ႕ရတယ္။ သူတို႔အေနနဲ႔ကလည္း ခ်က္ခ်င္း ေတာင္သူေတြဘဝကို ေျပာင္းလဲဖို႔ဆိုတာကလည္း ေတာင္သူ ေတြဆီက ထြက္တဲ့ထုတ္ကုန္ေတြကို ျပန္ေရာင္းဖို႔ကိစၥေတြ၊ ေစ်းေကာင္းရဖို႔ကိစၥေတြ၊ ကုန္ေစ်းႏႈန္း မတည္ၿငိမ္တာေတြ စသျဖင့္ သူတို႔မွာလည္း ေနာက္ထပ္လုပ္ငန္းတစ္ခုကို ထိုးေဖာက္ဖို႔ဆိုတာက အခက္အခဲျဖစ္ ေနၾကတယ္။ အဲဒီက်ေတာ့ အခုလိုမ်ဳိး အဓိက Highlight ျဖစ္တဲ့ေနရာေတြမွာဆိုလို႔ရွိရင္ စတင္ၿပီးေတာ့ ျဖည္း ျဖည္းခ်င္း ျပန္ဖြင့္သင့္တယ္။ ရွမ္းျပည္ေတာင္ပိုင္း၊ ကေလာဘက္ဆိုလို႔ရွိရင္ ၿပီးခဲ့တဲ့လေတြတုန္းကဆိုရင္ ႏွစ္သစ္ကူးတို႔၊ ခရစၥမတ္ေန႔တို႔မွာ အစ္မတို႔ဆီကို လူေတြ ျပည့္လွ်ံေနတဲ့အထိကို လာခဲ့တယ္။ ကိုဗစ္ကာလ အတြင္းမွာ လူေတြဟာ အိမ္မွာပဲ ေနရတဲ့အခိုက္အတန္႔ကာလ အၾကာႀကီးျဖစ္တဲ့အခါက်ေတာ့ သူတို႔အေနနဲ႔က ေလကို ဝဝရႈခ်င္တယ္။ ေတာင္ေပၚေဒသေလးကို ခရီးထြက္ခ်င္ၾကတယ္။ ၿပီးေတာ့ ဒီလိုအခ်ိန္မ်ဳိးမွာ ခရီးသြား လုပ္ငန္းေတြအကုန္လံုးက ပိုၿပီးေတာ့ ေစ်းသက္သာမယ္၊ Discount ေတြလည္း အမ်ားႀကီးခ်ထားၾကမယ္။ အဲဒီလိုခရီးသြားေဒသ အကုန္လံုးကလည္း ရန္ကုန္ကေန အလာမွာ ကိုဗစ္စစ္ေဆးတာ တစ္ခုကလြဲရင္ က်န္းမာ တဲ့သူမွန္သမ်ွ အားလံုးက ေအးေအးေဆးေဆး သြားလာလို႔ရတယ္ဆိုေတာ့ ရွမ္းျပည္ေတာင္ပိုင္း ခရီးသြား လုပ္ငန္းေတြကို စိတ္ဝင္စားလာၾကတယ္။ အခုခ်ိန္ထိပဲ လာေနတဲ့ခရီးသြားေတြက ပိတ္ရက္ေတြျဖစ္တဲ့ ေသာၾကာ၊ စေန၊ တနဂၤေႏြ လိုေန႔မ်ဳိးေတြရယ္၊ အစိုးရရံုးပိတ္ရက္ေတြနဲ႔ ပိတ္ရက္ဆက္တဲ့ေန႔မ်ဳိးေတြဆိုရင္ေတာ့ အမ်ားႀကီး လာၾကတာရွိတာေပါ့ေနာ္။ အဲဒီေတာ့ ဒီလိုအခ်ိန္မွာ ဘာ့ေၾကာင့္ ခရီးသြားစီးပြားေရးလုပ္ငန္းေတြကို ဆက္လုပ္သင့္လဲဆိုရင္ေတာ့ အဓိကကေတာ့ ဒီလုပ္ငန္းေတြအေပၚမွာ ႏွစ္ေပါင္းမ်ားစြာမွီခိုေနတဲ့ စားဝတ္ေနေရး ေတြက အရမ္းကို ခက္ခဲၾကပ္တည္းလာမယ္ဆိုရင္ လူေတြရဲ႕စိတ္ေတြက ၾကမ္းတမ္းလာမယ္။ စီးပြားေရးေတြ အဆင္မေျပတဲ့အခါ က်ရင္ လူေတြက မေကာင္းတဲ့ဘက္က ေတြးတာမ်ဳိးေတြ၊ အေတြးအေခၚပိုင္းဆိုင္ရာမ်ဳိးေတြ ေျပာင္းလဲလာတတ္တယ္။ အဲဒီေတာ့ ပထမဦးဆံုး မိမိရဲ႕အေတြးအေခၚပိုင္းဆိုင္ရာကို တည္ၿငိမ္လာေအာင္၊ Come down ျဖစ္လာေအာင္ အစ္မအေနနဲ႔ကေတာ့ ကိုယ္လုပ္ေနတဲ့လုပ္ငန္းေလးေတြကို၊ အစ္မတို႔ အရင္တုန္းက ဘယ္ေလာက္ထိ အေျခအေနေတြ အျမင့္ႀကီးပဲျဖစ္ခဲ့ျဖစ္ခဲ့၊ အခုဆို အစကေနကို ျပန္စၿပီးေတာ့ ျပန္ႀကိဳးစားေနတယ္ဆိုရင္ စိတ္ေလးက ကိုယ့္ဘဝအတြက္ Motivation (စိတ္ခြန္းအား) အျဖစ္လည္းရေစတယ္။ ၿပီးေတာ့ ျဖည္းျဖည္းခ်င္း ျပန္စတဲ့အတြက္ ဆံုးရႈံုးခဲ့တဲ့အရင္းအႏွီးေတြကို Recover ျပန္ျဖစ္ႏိုင္တယ္။ အဲဒါေၾကာင့္ မို႔လို႔ အစ္မအေနနဲ႔ အေသးစားစီးပြားေရးလုပ္ငန္းေတြရယ္၊ ဟိုတယ္လုပ္ငန္းေတြရယ္ ဆိုလိုရွိရင္ ဘာမွႀကီးႀကီး မားမားျပႆနာမရွိတဲ့ ေဒသေလးေတြကိုေတာ့ ျဖည္းျဖည္းခ်င္း ျပန္ဖြင့္သင့္တယ္။ ေနာက္ၿပီးေတာ့ Border ဧရိယာေတြျဖစ္တဲ့ တနသၤာရီတုိင္း၊ ေကာ့ေသာင္းဘက္ဆိုလို႔ရွိရင္ ထိုင္းႏိုင္ငံနဲ႔ကပ္လ်က္ရွိတယ္။ ပင္လယ္ ကၽြန္းစုေတြေနရာမွာ ဆိုလို႔ရွိရင္ ဟိုတယ္လုပ္ငန္းလုပ္တဲ့သူေတြရွိတယ္။ Boat rudder ေတြရွိတယ္။ ေနာက္ၿပီး ေတာ့ ထိုင္းႏိုင္ငံကေန နယ္စပ္ကူးလာၿပီးေတာ့ လည္ပတ္တဲ့သူေတြလည္း အခုခ်ိန္ထိ ရွိေနေသးတယ္ေပါ့ေနာ္။ အဲဒီက်ေတာ့ အစ္မတို႔အေနနဲ႔က ဒီလိုမ်ဳိးေအးခ်မ္းတဲ့နယ္စပ္ေတြကို ျပန္ဖြင့္ေပးမယ္ဆိုရင္ တဖက္ကေနလာတဲ့ ထိုင္းႏိုင္ငံသားေတြအပါအဝင္ အစ္မတို႔ဘက္ျခမ္းမွာလုပ္ကိုင္ေနတဲ့ အႀကီးစားလုပ္ငန္းရွင္ေတြကေန စၿပီး အေသးဆံုးလုပ္ငန္းရွင္ေတြအဆံုး လည္ပတ္လုပ္ကိုင္လို႔ရမယ့္ေနရာေလးေတြ၊ ဥပမာ- ရွမ္းျပည္နယ္ရဲ႕ ဘယ္ဖက္အပိုင္းက ၿငိမ္းခ်မ္းလဲ။ နယ္စပ္ဧရိယာေလးေတြ တစ္ခုတစ္ေလေတာ့ ရွိေနတယ္။ အဲဒီလိုေနရာေလး ေတြကို ျပန္ဖြင့္သင့္တယ္လို႔ ထင္တယ္။ ၿပီးေတာ့ ေလေၾကာင္းလိုင္းကိစၥေပါ့။ ဒီအခ်ိန္မွာ တစ္ျခားႏိုင္ငံေတြ အကုန္လံုးက ေလေၾကာင္းလိုင္းေတြအကုန္လံုးကို ျပန္ဖြင့္ေနၾကၿပီ။ Quarantine နဲ႔ပတ္သက္ၿပီးေတာ့လည္း အကုန္လံုးက ျပန္လည္ေျဖေလ်ာ့ထားတာေတြ အမ်ားႀကီးရွိတယ္။ တင္းၾကပ္လွပါတယ္ဆိုတဲ့ အျခား အာဆီယံ ႏိုင္ငံေတြဆိုလို႔ရွိရင္ PCR Test ကို ေရာက္တာနဲ႔ ဟိုတယ္ဘိုကင္ကို အတည္ျပဳေပးရတယ္။ ဟိုတယ္ဘိုကင္ အတည္ျပဳၿပီးတာနဲ႔ PCR Test ကို အဲဒီမွာပဲ တစ္ခါတည္း စစ္တယ္။ ဟိုတယ္ဘက္ကပဲ အကုန္လံုး ႀကိဳ/ပို႔တယ္။ ဒါေတြအားလံုးကိုေတာ့ ေပးရမယ္။ သူတို႔ရဲ႕သေဘာက ေပးႏိုင္တဲ့သူ ခရီးထြက္ဆိုတာမ်ဳိးပဲ။ အဲဒီက်ေတာ့ PCR Test နဲ႔စစ္ေဆးတာရွိသလို Test Kit နဲ႔စစ္တဲ့ ႏိုင္ငံရွိတယ္။ အဲဒီလိုကြဲျပားတာေတြေတာ့ ရွိတယ္။ ဒါေပမယ့္ Negative ျဖစ္ၿပီဆိုတာနဲ႔ ခရီးသည္က ဟိုတယ္မွာ တစ္ရက္(One Night) ပဲေနၿပီး၊ ေနာက္တစ္ေန႔မွာ ခ်က္ခ်င္းပဲ ႀကိဳက္သလိုသြားလာလို႔လည္းရတယ္။ အဲဒီေတာ့ အစ္မတို႔အေနနဲ႔ လက္ရွိ သိရသေလာက္ေတာ့ အစ္မတို႔ႏိုင္ငံ မွာက သာမန္ေလေၾကာင္းလိုင္းေတြက ျပန္မဖြင့္ဘဲနဲ႔ Relief Flight (ကယ္ဆယ္ေရးေလယာဥ္) ေတြပဲ ဖြင့္တာ ရယ္၊ ျပန္လာတဲ့သူေတြကိုလည္း Quarantine ေတြ အရမ္းၾကာတယ္။ တစ္ႏိုင္ငံမွာ သြားလည္တာက ငါးရက္၊ ဒီမွာ Quarantine ေနရတာက ခုႏွစ္ရက္၊ ဆယ္ရက္ဆိုတာမ်ဳိး ျဖစ္ေနတာက်ေတာ့ လူေတြအေနနဲ႔က သြားလာ လႈပ္ရွားရတာ အရမ္းခက္တယ္။ အစ္မတို႔အေနနဲ႔က ခရီးသြားလုပ္ငန္းလို႔ေျပာေပမယ့္ ခရီးသြားလုပ္ငန္းဆိုတိုင္း က အေပ်ာ္ခရီးထြက္တာမဟုတ္ဘူး။ ခရီးသြားလာတယ္ဆိုတဲ့အပိုင္းက အမ်ားႀကီးရွိတယ္။ စီးပြားေရးကို အေျခခံၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ စီးပြားေရးေတြေျပာင္းလဲဖို႔၊ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ဆက္သြယ္ခ်ိတ္ဆက္ ၿပီးေတာ့ ကိုယ့္ရဲ႕စီးပြားေရးပံုစံအသစ္ကိုတီထြင္ဖို႔၊ ခ်ဲ႕ထြင္ဖို႔၊ ကိုယ့္ရဲ႕ျပည္တြင္းမွာလည္း ခရီးသြားတယ္လို႔ ေျပာ ေပမယ့္ ရန္ကုန္ကေန ရွမ္းျပည္ စတဲ့ ေနရာေတြကို ဘုရားဖူးဖို႔ခ်ည္းပဲ ခရီးသြားတာမ်ဳိးမဟုတ္ဘူး။ ဥပမာ- ရွမ္းျပည္က ကုန္ပစၥည္းေလးေတြကို ရန္ကုန္မွာ ျပန္ေရာင္းရင္ ဘယ္လိုအေျခအေနရွိမလဲ။ ရန္ကုန္က ပစၥည္း ေလး ရွမ္းျပည္မွာ ျပန္ေရာင္းရင္ေရာ ဘယ္လိုရွိမလဲ။ ရွမ္းျပည္မွာ ဘာေတြေခတ္စားလာၿပီး ဘယ္လိုစီးပြားေရးမ်ဳိး ေလးေတြ လုပ္ရင္ေကာင္းမလဲနဲ႔ ေျမစမ္း ခရမ္းပ်ဳိး၊ တစ္ရြာမေကာင္း သူေကာင္းမျဖစ္ ပံုစံမ်ဳိးနဲ႔ အျခားေနရာ ေဒသေလးေတြကို လိုက္လံစံုစမ္းတာမ်ဳိးေတြရွိတယ္။ တခ်ဳိ႕က်ျပန္ေတာ့လည္း ေျမသြားဝယ္ဖို႔ ၾကည့္တာရွိတယ္။ ရင္းႏွီးျမွဳပ္ႏွံဖို႔အတြက္။ အဲဒီေတာ့ အစ္မေျပာခ်င္တာက ခရီးသြားတယ္ဆိုတိုင္း အေပ်ာ္ခရီးသြားတယ္ဆိုၿပီးေတာ့ ေတြးလို႔ သတ္မွတ္လိုက္လို႔ မရဘူး။ ခရီးသြားတယ္ဆိုတာက ခရီးသြားတယ္လို႔ပဲ နာမည္တပ္တာ၊ သူ႔ရဲ႕ေနာက္ကြယ္မွာ ခရီးသြားရျခင္းရဲ႕အေၾကာင္းအရာေတြက အမ်ားႀကီး ရွိတယ္။ အထိုက္အေလ်ာက္ေတာ့ လူေတြအေနနဲ႔ သူတို႔သေဘာက်တဲ့ေနရာေလးေတြကို သြားမယ္၊ လာမယ္၊ စားမယ္၊ ဓါတ္ပံုရိုက္ၾကမယ္ အစရွိသျဖင့္ ရွိမယ္။ ဒါေပမယ့္ ေနာက္ဆက္တြဲအေနနဲ႔ ဒီေဒသမွာ ေျမဝယ္ဖို႔ရွိမယ္။ ရင္းႏွီးျမွဳပ္ႏွံလုပ္ဖို႔ရွိမယ္။ အေသးစားစီးပြားေရးေလးေတြ လုပ္ဖို႔ရွိမယ္။ ထိုေဒသက သူေတြနဲ႔ စီးပြားေရး တြဲဖက္ လုပ္ေဆာင္ဖို႔ရွိမယ္။ သူတို႔ရဲ႕အေျခအေနေတြက အမ်ားႀကီး မ်ဳိးစံုရွိတယ္။ အဲဒီက်ေတာ့ သူတို႔ရဲ႕အေျခအေန ေတြကို အေကာင္းဆံုးနားလည္ေပးဖို႔လိုတယ္။ အေကာင္းျမင္တဲ့စိတ္နဲ႔ေတြးဖို႔လိုတယ္။ ဘာလို႔လည္းဆိုရင္ ကုိယ္လည္း ခက္ခဲေနတယ္၊ သူလည္း ခက္ခဲေနတယ္။ ဒါေပမယ့္ သူအဆင္ေျပေနတာကိုေတာ့ မနာလိုျဖစ္လို႔ မျဖစ္ဘူးေလ။ အဲဒီေတာ့ သူ႔ကို တဖက္သက္ စြပ္စြဲေျပာဆိုေနတာမ်ဳိးေတြကို ေလ်ာ့သင့္တယ္။ အစ္မ အေနနဲ႔ ကေတာ့ ဒီအခ်ိန္မွာ စားဝတ္ေနေရးက အရမ္းကို ဆိုးဝါးလာၿပီ။ ဒါဟာ ဘာေၾကာင့္လဲဆိုရင္ေတာ့ ကိုဗစ္ကာလ မွာလည္း အရမ္းထိခိုက္ခဲ့သလို ႏိုင္ငံေရးမတည္ၿငိမ္မႈေတြမွာလည္း စီးပြားေရးေတြက အရမ္းထိခိုက္ခဲ့ၾကတယ္။ အစ္မတို႔အေနနဲ႔ကေတာ့ အျခားအေၾကာင္းအရာေတြကို ဘာမွေျပာလိုစိတ္မရွိဘူး။ အစ္မတို႔အေနနဲ႔ကေတာ့ အခုလတ္တေလာမွာ ကိုယ္ကိုယ္တိုင္က စီးပြားေရးသမားစစ္စစ္ျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕ခက္ခဲေနတဲ့ ျပည္သူ ေတြနဲ႔ အရမ္းစိတ္ဓါတ္က်ဆင္းေနတဲ့သူေတြအားလံုးကို စိတ္ခြန္အားျဖစ္ေစဖို႔အတြက္ တစ္ခုခုေတာ့ လုပ္ေပး ခ်င္တယ္။ အစ္မသည္ အင္တာဗ်ဴးေတြ အားလံုးကို ရပ္နားထားတာၾကာၿပီ။ ဒါေပမယ့္ အခုခ်ိန္မွာ ဘာလို႔ ဒီအင္တာဗ်ဴးကို စၿပီး လက္ခံေျပာေပးျဖစ္လဲဆိုရင္ေတာ့ ကိုယ့္ရဲ႕အခက္အခဲျဖစ္ေနသူအခ်င္းခ်င္းကို အစ္မတတ္ႏိုင္တဲ့ ကိုယ္သိသေလာက္ေလးကို အႀကံဥာဏ္ေလးက တဖက္သူအတြက္ အႀကံေလးတစ္ခုခု ရသြားရင္ပဲျဖစ္ေစ၊ အကူအညီရသြားရင္ပဲျဖစ္ေစဆိုတဲ့စိတ္နဲ႔ အႀကံဥာဏ္ေလးေပးခ်င္လို႔ျဖစ္တယ္။ အခု လတ္တေလာမွာ အစ္မဘာေတြလုပ္ေနသလဲဆိုရင္ေတာ့ အစ္မစဥ္းစားတယ္၊ ဒီခရီးသြားလုပ္ငန္းဆိုတာက ျမန္မာတစ္ႏိုင္ငံတည္း လုပ္လို႔ရတာမ်ဳိး မဟုတ္ဘူး။ အစ္မတို႔ခရီးသြားလုပ္ငန္းမွာလည္း ကၽြမ္းက်င္တဲ့သူေတြ ဆိုတာ အမ်ားႀကီးပဲ။ ပေရာ္ဖက္ရွင္နယ္ ခရီးသြားလုပ္ငန္းလုပ္ကိုင္ေနတဲ့သူေတြ၊ အဖြဲ႕အစည္းေတြလည္း အမ်ား ႀကီးပဲရွိတယ္။ အစ္မတို႔ႏိုင္ငံမွာ ခရီးသြားလုပ္ငန္းလုပ္ကိုင္ေနတဲ့သူေတြရဲ႕အသိပညာက တျခားႏိုင္ငံက ခရီးသြား လုပ္ငန္းလုပ္ကိုင္ေနတဲ့သူေတြရဲ႕ အသိပညာနဲ႔ယွဥ္ဖို႔ဆိုတာက ဘယ္လိုမွ မနိမ့္က်ဘူး။ ဥပမာ- အစ္မတို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ဧည့္လမ္းညႊန္ေတြဆိုရင္ တျခားႏိုင္ငံက ဧည့္လမ္းညႊန္ေတြထက္ အရမ္းေတာ္တာ အမ်ားႀကီး ပဲရွိတယ္။ အဲဒီေတာ့ အစ္မတို႔အေနနဲ႔က ျမန္မာႏိုင္ငံမွာ လုပ္လို႔မရဘူးဆိုတဲ့အရာေတြကို ကိုယ့္ရဲ႕အိမ္နီးခ်င္း ႏိုင္ငံေတြကို လြယ္လြယ္ကူကူေျပာင္းလဲလို႔ ရတယ္။ အစ္မ ထိုးေဖာက္ၾကည့္ရသေလာက္ အာဆီယံႏိုင္ငံေတြမွာ အစ္မတို႔ရဲ႕ Tour Guide ေတြပဲျဖစ္ေစ၊ Tour Owner ေတြပဲျဖစ္ေစ၊ အျခားသူေတြနဲ႔လက္တြဲလို႔ပဲျဖစ္ေစ၊ သီးသန္႔ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူေတြပဲျဖစ္ေစ၊ ျမန္မာျပည္ကေနၿပီးေတာ့ International Guide ပံုစံမ်ဳိး အသြင္း ေျပာင္းလို႔ပဲျဖစ္ေစ၊ အျခားႏိုင္ငံေတြမွာ ဥပမာ- AngkorWat (အန္ေကာဝပ္) ကေန ထိုင္း၊ ဗီယက္နမ္တို႔ ဘက္မွာဆိုရင္ အစ္မတို႔အေနနဲ႔ Tour Leader အျဖစ္ သူတို႔ရဲ႕ Local guide နဲ႔ ပူးေပါင္းၿပီးေတာ့ လုပ္လို႔ရတဲ့ လုပ္ငန္းေတြ အမ်ားႀကီးရွိတယ္။ အဲဒီက်ေတာ့ ကိုယ္နဲ႔ခ်ိတ္ဆက္ထားတဲ့ ႏိုင္ငံျခားက Agent ေတြ (ဥပမာ- ဂ်ာမနီတို႔၊ အေမရိကတို႔ကပဲျဖစ္ေစ) အစ္မတို႔ ျမန္မာႏိုင္ငံအေနနဲ႔ ခရီးသြားလုပ္ငန္းေတြ၊ Tour Guide ေတြ ေခတၱခဏရပ္နားထားတယ္။ ငါတို႔အေနနဲ႔က Freelance Tourleader အျဖစ္ အျခားႏိုင္ငံရဲ႕ဘာသာစကားေတြ ကို ကၽြမ္းက်င္ၾကတာပဲ။ ျပင္သစ္ဘာသာစကား ကၽြမ္းက်င္တဲ့သူဆိုရင္ ဘယ္ႏိုင္ငံကိုလာတဲ့ျပင္သစ္ကိုပဲျဖစ္ျဖစ္ ကိုယ္တိုင္က တြဲဖက္လုပ္ကိုင္ႏိုင္ဖို႔ကို ႀကိဳးစားေနရမွာပဲ။ ကို္ယ္တိုင္က ကိုယ့္ရဲ႕လမ္းေၾကာင္းသစ္ကို ထြင္ရမွာ။ လမ္းေၾကာင္းသစ္ကိုမထြင္ဘဲနဲ႔ ထိုင္ေစာင့္ေနမယ္ဆိုရင္ေတာ့ အခုအခ်ိန္က အစ္မတို႔နားမလည္တဲ့ ဂိမ္းတစ္ခု လိုမ်ဳိးျဖစ္ေနတယ္။ အဲဒီေတာ့ အစ္မတို႔က ကိုယ္နားမလည္တဲ့အရာကို အမ်ားႀကီးမေတြးဘဲနဲ႔ ကိုယ္နားလည္တဲ့ အရာကို ျပည့္ျပည့္ဝဝေတြးၿပီးေတာ့ ႀကိဳးစားေနဖို႔လိုတယ္။ အစ္မတို႔ရဲ႕ေနာက္မွာ ကိုယ့္ကိုယ့္မွီခိုေနတဲ့သူေတြမွ အမ်ားႀကီးပဲ။ ကိုယ္တိုင္ကလည္း ကိုယ့္မိသားစုကို ထမင္းဝေအာင္ ေကၽြးႏိုင္ေအာင္အတြက္ ႀကိဳးစားေနရတာ။ အဲဒီက်ေတာ့ ေနဖို႔၊ ထိုင္ဖို႔၊ စားဖို႔ က အေရးႀကီးတဲ့အတြက္ အစ္မအႀကံေပးခ်င္တာက အစ္မတို႔ဆီမွာရွိတဲ့ ခရီးသြားလုပ္ငန္းရွင္အကုန္လံုးက Tourleader ေတြ၊ Tourguide ေတြ ဆိုလိုရွိရင္ ဘာသာစကား သိပ္ကို ကၽြမ္းက်င္တယ္။ အခုဆိုရင္ ႏွစ္နဲ႔ခ်ီၿပီး နားေနရတာ သူတို႔အတြက္လည္း ထိခိုက္တယ္။ အဲဒီက်ေတာ့ တျခားႏိုင္ငံေတြမွာ Tourleader အေနနဲ႔ ကိုယ္နဲ႔ယခင္က လုပ္ကိုင္ခဲ့ဖူးတဲ့ ႏိုင္ငံျခားေအးဂ်င့္ေတြဆီမွာ ကုိယ့္ အတြက္ အခြင့္အလမ္းတစ္ခုကိုေတာင္းခံဖို႔ ဝန္မေလးရဘူး။ သူတို႔အေနနဲ႔ ကိုယ္တိုင္ဆက္သြယ္ရမယ္။ သူတို႔နဲ႔ Zoom Meeting လုပ္ရမယ္။ ကိုယ္ဘယ္ေလာက္ထိ သိတယ္ဆိုတာကို သူတို႔ကိုေျပာျပရမယ္။ တျခားႏိုင္ငံ အေၾကာင္း ကိုယ္သြားေရာက္လုပ္ကိုင္မယ့္ႏိုင္ငံအေၾကာင္းကိုလည္း သူမ်ားထက္ပိုကၽြမ္းက်င္ေအာင္၊ ပိုသိ ေအာင္ေလ့လာဖို႔ ဆိုတာကလည္း သိပ္ကိုလြယ္တယ္။ ဘာလို႔လဲဆိုရင္ အစ္မတို႔ဆီက သူေတြက ဘာသာစကား က ကၽြမ္းက်င္ၿပီးသား။ တျခားႏိုင္ငံရဲ႕သမိုင္းေၾကာင္းကို ေလ့လာဖို႔ဆိုတာမွာလည္း စာဖတ္ရည္ ဝေနတဲ့သူေတြ က ခဏေလးဖတ္လိုက္တာနဲ႔ ျပန္ရွင္းျပႏိုင္တဲ့ အသိဥာဏ္ပညာအျပည့္အဝ ရွိတယ္။ အဲဒီက်ေတာ့ အစ္မအေနနဲ႔ က ခရီးသြားေလာကသားေတြကိုလည္း တျခားႏိုင္ငံေတြမွာ လုပ္ၾကည့္ဖို႔ အႀကံဥာဏ္ေပးခ်င္တယ္။ ၿပီးေတာ့ ခရီးသြားကုမၸဏီပိုင္ရွင္ေတြပဲျဖစ္ေစ၊ ဟိုတယ္ရင္ႏွီးျမွဳပ္ႏွံသူေတြကေတာ့ သူတို႔ရဲ႕ဟိုတယ္လုပ္ငန္းစဥ္ႀကီးကို တဖက္ႏိုင္ငံကို ခ်ိန္းလိုက္လို႔ေတာ့ မရဘူး။ ဒါေပမယ့္ ဘယ္လိုပံုစံနဲ႔ေအးဂ်င့္ပဲျဖစ္ျဖစ္၊ Ticking ပဲျဖစ္ျဖစ္၊ Activity ေရာင္းတဲ့ Programer ေတြပဲျဖစ္ျဖစ္၊ အစ္မတို႔က တဖက္ႏိုင္ငံမွာ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူေတြပဲျဖစ္ျဖစ္၊ local နဲ႔ တြဲလုပ္တဲ့သူပဲျဖစ္ျဖစ္ အစ္မတို႔အေနနဲ႔က ဝင္ေဖာက္လုိ႔ရတယ္။ သူတို႔ႏိုင္ငံမွာလည္း အားနည္းခ်က္ ဆိုတာ ရွိတယ္။ တခါတေလက်ရင္ အစ္မတို႔ႏိုင္ငံမွာရွိတဲ့ေစ်းကြက္မ်ဳိး သူတို႔ႏိုင္ငံမွာ မရွိဘူး။ အစ္မဆိုရင္ River cruise နဲ႔ပတ္သက္တဲ့ Tour လုပ္ငန္းတစ္ခုကို အစ္မ ျမန္မာျပည္မွာ အားလံုးကို ပိတ္ပစ္လိုက္တယ္။ River cruise နဲ႔ ပတ္သက္သမွ်လုပ္ငန္းအားလံုးကို ဆိပ္ကမ္းေပၚတင္တယ္၊ တစ္ခ်ဳိ႕ကိုလည္း ေရာင္းလိုက္တယ္။ ဒါေတြအားလံုးကို ေခတၱရပ္နားလုိက္တယ္။ ျပည္တြင္းခရီးသြားလုပ္ငန္းအေနနဲ႔ အစ္မေဖာက္ႏိုင္တဲ့ေနရာေလး ေတြကိုေတာ့ အစ္မျပန္လုပ္တယ္။ ဒါေပမယ့္ အစ္မအေနနဲ႔ကလည္း လုပ္ငန္းေသးေသးေလးနဲ႔ေတာ့ လုပ္လို႔ မရဘူး။ ကိုယ့္ေနာက္မွာ ဝန္ထမ္းေတြအမ်ားႀကီးရွိတာျဖစ္တဲ့အတြက္ လုပ္ငန္းအႀကီးႀကီးကိုလုပ္ဖို႔အတြက္ အစ္မ အေနနဲ႔က တျခားကိုယ့္ရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြမွာ ခရီးသြားေတြ မီလ်ံနဲ႔ခ်ီ ဝင္ေနတဲ့ဆီကေန ကိုယ့္အတြက္ အစိတ္အပိုင္းတစ္ပိုင္းေလးပဲရဦးေတာ့ ကိုယ့္ျမန္မာႏိုင္ငံထက္ ပိုမ်ားတဲ့အေရအတြက္တစ္ခုကို အစ္မတို႔ရႏိုင္ တယ္။ အဲဒီေတာ့ အစ္မ ဘာလုပ္လဲဆိုရင္ အစ္မလုပ္ကိုင္ခဲ့တဲ့ River cruise ရဲ႕အေတြ႕အႀကံဳေတြနဲ႔ အစ္မရဲ႕ ေရႊ႕ေျပာင္းႏိုင္တဲ့ Probability ၊ ေနာက္ၿပီးေတာ့ Manpower ၊ ကိုယ့္ဝန္ထမ္းေတြရဲ႕ Experience စတဲ့အခ်က္ ေတြအကုန္လံုးကို တျခားႏိုင္ငံေတြနဲ႔သြားယွဥ္ၾကည့္တဲ့အခါမွာ ကိုယ့္ဘက္က လူေတြရဲ႕အားသာခ်က္ေတြကို အမ်ားႀကီးေတြ႕ခဲ့တယ္။ အဲဒီက်ေတာ့ အစ္မတို႔ဆီမွာ ရွိေနတဲ့အရာေတြကို တဖက္ႏိုင္ငံေတြနဲ႔ ပူးတြဲလို႔ပဲျဖစ္ေစ၊ ကိုယ္တစ္ေယာက္တည္းပဲျဖစ္ေစ စီစဥ္လိုက္တဲ့အခါမွာ အစ္မဆီကို အေမရိကန္ေအးဂ်င့္ေတြက ျပန္ၿပီးေတာ့ ဆက္သြယ္လာတယ္။ ဟုတ္ၿပီ… နင္ ျမန္မာျပည္မွာလုပ္လို႔အဆင္မေျပတာကို မဲေခါင္ျမစ္ တျခားေနရာမွာ လုပ္ မယ္ဆိုရင္ ငါတို႔ဘက္ကလည္း Welcome ပဲ။ ငါတို႔ဘက္ကလည္း Contract ကို တျခားႏိုင္ငံနဲ႔ျပန္ခ်ဳပ္ဖို႔ အဆင္သင့္ပဲဆိုၿပီး Welcome ျဖစ္လာတယ္။ အဲဒီက်ေတာ့ အစ္မတို႔အေနနဲ႔က ကေမာၻဒီးယားမွာျဖစ္ျဖစ္၊ ထိုင္းႏိုင္ငံမွာျဖစ္ျဖစ္၊ ဗီယက္နမ္မွာပဲျဖစ္ျဖစ္၊ ဘူဒန္မွာပဲျဖစ္ျဖစ္ အစ္မတို႔ဆိုတာ အာရွမွာ လုပ္လုို႔ရတာ အမ်ားႀကီးပဲ။ ေနာက္ဆံုး တရုတ္ျပည္မွာပဲျဖစ္ျဖစ္၊ အစ္မတို႔ေအးဂ်င့္ေတြက တရုတ္ေအးဂ်င့္ေတြထက္စာရင္ အစ္မတို႔ျမန္မာေတြက hospitality (ဧည့္ဝတ္ျပဳျခင္း) က အရမ္းေကာင္းတယ္။ အရမ္းကၽြမ္းက်င္တယ္။ တခ်ိန္လံုးႀကီး ေစ်းထိုးေရာင္းေနတဲ့ေအးဂ်င့္မ်ဳိး အစ္မတို႔ဆီမွာ သိပ္ၿပီးေတာ့ မရွိဘူး။ အစ္မႏိုင္ငံက ေအးဂ်င့္ ေတြက သူတို႔ကို အျပည့္အဝ ဗဟုသုတ ေပးမယ္။ သူတို႔ ဘယ္လိုေနရာမ်ဳိးေတြကို ဘေဘာက်မလဲ ဆိုတာေတြ ကိုပါ လမ္းညႊန္ေပးႏိုင္တဲ့ Smart ျဖစ္တဲ့သူေတြလည္း အစ္မတို႔ႏိုင္ငံမွာ အမ်ားႀကီးပဲ။ အဲဒီက်ေတာ့ အစ္မအေန နဲ႔က အစ္မတစ္ေယာက္တည္း ျပည္ပမွာ တိတ္တိတ္ေလး သြားလုပ္ကိုင္လို႔ရတာေပါ့။ ဒါေပမယ့္ အစ္မရဲ႕အေတြး အေခၚကက်ေတာ့ အစ္မရဲ႕အေတြ႕အႀကံဳေလးေတြကို ျပန္မွ်ေဝေပးခ်င္တယ္။ အစ္မလိုမ်ဳိးပဲ လုပ္ႏိုင္တဲ့သူ မွန္သမွ်ကို တျခားႏိုင္ငံမွာ ဒါမ်ဳိး ခ်ဲ႕ထြင္ၿပီးေတာ့ လုပ္ကိုင္ၾကည့္ေစခ်င္တယ္။ အဲဒါေၾကာင့္မို႔လို႔ ျပည္တြင္း ခရီးသြားလုပ္ငန္းမွာ ရတဲ့ေနရာေလးေတြမွာ ရသေလာက္ ျပန္အစပ်ဳိးၿပီးေတာ့ လုပ္ေဆာင္သင့္တယ္။ ျပည္ပနဲ႔ တြဲဖက္ၿပီးေတာ့ ျပည္ပႏိုင္ငံေတြနဲ႔လည္း ခ်ိတ္ဆက္ၿပီးေတာ့ လုပ္ေဆာင္သင့္တယ္လို႔ အကုန္လံုးကို အႀကံျပဳ ခ်င္ပါတယ္။

ေမး ။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ျပည္တြင္းမွာ ခရီးသြားလုပ္ငန္းေတြနဲ႔ အျခားေသာလုပ္ငန္းေတြကို ပိတ္လိုက္ရ တာက ၂ဝ၂ဝ ျပည့္ႏွစ္ ကိုဗစ္စျဖစ္တဲ့အခ်ိန္ကတည္းက စိုးရိမ္ၿပီးေတာ့ က်န္းမာေရးရႈေထာင့္အရက ေလေၾကာင္းခရီးေတြ အကုန္လံုးေတာ့ ပိတ္လိုက္တာေပါ့ေနာ္။ ဒါေပမယ့္ အခုဆိုရင္လည္း က်န္းမာေရး ရႈေထာင့္အရပဲ ျပန္ေျပာရမယ္ဆိုရင္လည္း တစ္ကမာၻလံုးမွာလည္း ခရီးသြားလုပ္ငန္းေတြက ျပန္ဖြင့္ေနၾကၿပီ။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ႏိုင္ငံပဲ က်န္ေနတာလို႔ေျပာလို႔ရမလား။ အစ္မအေနနဲ႔ေရာ ဘယ္လိုမ်ဳိးေျပာျပခ်င္လဲ။
ေျဖ ။ ။ အဲဒါေတာ့ ဟုတ္ပါတယ္။ အစ္မတို႔ႏိုင္ငံအေနနဲ႔ က်န္းမာေရးအရ စိစစ္တာ၊ စည္းမ်ဥ္းစည္းကမ္း တင္းၾကပ္တာမ်ဳိးကို အစ္မတို႔အေနနဲ႔က လက္ခံတယ္။ တျခားႏိုင္ငံမွာလည္း ဒီလိုပဲတင္းၾကပ္တယ္။ ဒါေပမယ့္ Quarantine ကာလကို ေျဖေလ်ာ့ေပးဖို႔လိုတယ္။ ဥပမာ- တျခားႏိုင္ငံက ၇၂ နာရီအတြင္းဆိုရင္ ကိုယ့္ႏိုင္ငံမွာ ၂၄ နာရီအတြင္း PCR Test စစ္ေဆးလို႔ အဆင္ေျပတယ္၊ Negative ျပတယ္ဆိုရင္ တျခားႏိုင္ငံေတြလိုပဲ တစ္ရက္ (သို႔) ကိုယ့္ႏိုင္ငံမွာ ကန္႔သတ္ခ်င္ေသးတယ္ဆိုရင္လည္း ႏွစ္ရက္ေလာက္ပဲျဖစ္ျဖစ္၊ သံုးရက္ေလာက္ပဲ ျဖစ္ျဖစ္ အဲဒီေလာက္ပဲ Quarantine ကာလကို ထားရွိသင့္ေတာ့တယ္။ ေနာက္တစ္ခုကက်ေတာ့ ေလေၾကာင္း လိုင္းေတြအေနနဲ႔က ကယ္ဆယ္ေရးေလယာဥ္ဆိုတဲ့နာမည္ႀကီးကို အျမန္ဆံုးျဖဳတ္ေစခ်င္တယ္။ ကယ္ဆယ္ေရး ေလယာဥ္အေျခအေနဆိုၿပီးေတာ့ တပ္ရေလာက္တဲ့အေျခအေနမ်ဳိးႀကီး အစ္မတို႔မွာက မရွိဘူး။ အစ္မအေနနဲ႔ ကေတာ့ ကယ္ဆယ္ေရးေလယာဥ္အစား Schedule Flight ေလးကို တစ္ပတ္မွာ တစ္ခါပဲျဖစ္ေစ၊ ႏွစ္ခါပဲျဖစ္ေစ (ဥပမာ- ပိတ္ရက္ေပါ့။ ေသာၾကာေန႔ေလာက္ျပန္မယ္၊ တနလၤာေန႔ေလာက္ ျပန္လာမယ္) အဲဒီလို ေလေၾကာင္း လိုင္းေလးကို စၿပီးေတာ့ ေျမစမ္း ခရမ္းပ်ဳိး ေျပးဆြဲေပးေစခ်င္တယ္။ ဘာလို႔လဲဆိုရင္ေတာ့ အစ္မသိရသေလာက္ အစ္မ ကေမာၻဒီးယားႏိုင္ငံကိုသြားတဲ့အခါ ဝန္ႀကီးဌာနကိုလည္း သြားခဲ့တယ္။ သြားတဲ့အခါ ခရီးသြားလုပ္ငန္း ဘက္က ေျပာေရးဆိုခြင့္ရွိပုဂၢိဳလ္ေတြနဲ႔လည္း အစ္မေတြ႕ခဲ့တယ္။ ေတြ႕ခဲ့အခါ သူတို႔ဘက္က အရင္တုန္းက လုပ္ထားတဲ့ ကေမာၻဒီးယားနဲ႔ ပုဂံတိုက္ရိုက္ပ်ံသန္းတဲ့ေလေၾကာင္းလိုင္းမ်ဳိးပဲျဖစ္ျဖစ္၊ ရန္ကုန္ကေန တဆင့္ပဲ ျဖစ္ျဖစ္၊ ရန္ကုန္-ပုဂံ-ကေမာၻဒီးယားပဲျဖစ္ျဖစ္ ဒီလိုပံုစံ Short-trip ေလးေတြ၊ သူတို႔ႏိုင္ငံသားေတြအတြက္လည္း ဒီလိုမ်ဳိး ပိတ္ရက္ခရီးသြားပရိုဂရမ္ေလးေတြလုပ္မယ္ဆိုလို႔ရွိရင္ သူတို႔ဘက္ကလည္း ႀကိဳဆိုတယ္ေပါ့။ သူတုိ႔ လူေတြကိုလည္း ပို႔ေပးမယ္၊ ကိုယ့္ဘက္က ကိုယ့္လူေတြလည္း သြားလို႔ရေအာင္ေပါ့။ ဒါမ်ဳိးႏွစ္ႏိုင္ငံ ပူးေပါင္းတဲ့ အစီအစဥ္ေလးေတြကိုလည္း သူတို႔ဘက္က စိတ္ဝင္စားၾကတယ္။ ထိုင္းႏိုင္ငံဆိုရင္လည္း ဒီလိုမ်ဳိး ခရီးသြားအစီ အစဥ္ေလးေတြျပန္စမယ္ဆိုရင္ အနီးအနားျဖစ္တဲ့ က်ဳိက္ထီးရိုး ခရီးစဥ္ေလာက္ပဲျဖစ္ျဖစ္၊ ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕ တည္းပဲျဖစ္ျဖစ္၊ ႏွစ္ရက္၊ သံုးရက္ ခရီးစဥ္ပရိုဂရမ္ေလာက္ေလးေတြကို သူတို႔ဘက္က စတင္ၿပီးေတာ့ လုပ္ခ်င္ၾက တယ္။ ဗီယက္နမ္က သူေတြဆိုရင္ Only Shan State (ရွမ္းျပည္နယ္တစ္ခုတည္း) အင္းေလးနဲ႔ ကေလာနား တစ္ဝိုက္၊ ရွမ္းျပည္ခရီးစဥ္ေပါ့။ ရန္ကုန္-ရွမ္းျပည္နယ္ ခရီးစဥ္အတိုေလးေတြကို စတင္ၿပီးေတာ့ အစ္မတို႔အေနနဲ႔ က ေျမစမ္း ခရမ္းပ်ဳိး စၿပီးေတာ့ လုပ္ေဆာင္သင့္ေနၿပီ။ အခုဆိုရင္ ျမန္မာျပည္က သူအမ်ားစုက ဒူဘိုင္းကို ေတာင္ သြားလာေနၾကၿပီ။ ဒူဘိုင္းမွာ သြားလည္တာ ငါးရက္၊ ျမန္မာျပည္ ျပန္လာတာ ခုႏွစ္ရက္ Quarantine ဆို ေတာ့ သြားမယ့္သူေတြအတြက္ ကုန္က်စရိတ္က ႏွစ္ဆျဖစ္ေနတယ္။ သြားၿပီးျပန္လာတဲ့အခါ Quarantine ဝင္ရ တဲ့အခါ အစ္မတို႔လို စီးပြားေရးသမားေတြအတြက္ ခုႏွစ္ရက္ဆိုတဲ့အခ်ိန္အတိုင္းအတာတစ္ခုက အစ္မတို႔ေတြ အတြက္ အမ်ားႀကီးဆံုးရႈံးမႈေတြရွိတယ္။ အခ်ိန္ေတြေႏွာင့္ေႏွးကုန္တယ္။ အဲဒီက်ေတာ့ အစ္မတို႔ေျပာခ်င္တာက ျမန္မာျပည္ထဲကိုျပန္ဝင္လာတဲ့ အစ္မတို႔ကိုေပါ့ PCR ပဲ စစ္စစ္၊ Rapid Test Kit စစ္စစ္၊ အဲဒီကုန္က် စရိတ္ကို လည္း အစ္မတို႔ဘက္က ေပးမယ္။ တစ္သိန္းယူမလား၊ ဘယ္ေလာက္ယူမလဲ၊ က်သေလာက္ကို အစ္မတို႔ ဘက္က ေပးမယ္။ ဒါေပမယ့္ စစ္ၿပီးသြားတဲ့အခါမွာေတာ့ အစ္မတို႔အေနနဲ႔က Quarantine ဝင္ေနဖို႔မလိုဘဲ ကိုယ့္ဘာသာကိုယ့္ သြားစရာရွိသြားၿပီး ကိုယ့္အလုပ္ကို ဆက္လုပ္သြားခ်င္တယ္။ ၿပီးေတာ့ အခုလိုမ်ဳိး ကယ္ဆယ္ေရးေလယာဥ္ဆိုတာမ်ဳိးႀကီးမဟုတ္ဘဲနဲ႔ Schedule Flight အတိုင္းပဲ သြားခ်င္တယ္။ ေနာက္ၿပီးေတာ့ ကုန္က်စရိတ္ေတြကို အားလံုးေပါင္းထားၿပီးေတာ့ ေစ်းႀကီးေနတဲ့ေလေၾကာင္းလိုင္းခရီးစဥ္မ်ဳိးဆိုရင္လည္း ကိုယ့္ျမန္မာႏိုင္ငံက လူေတြက တျခားႏိုင္ငံကို သြားလာၿပီးေတာ့ စီးပြားေရးလုပ္ေဆာင္ဖို႔အတြက္လည္း အခက္အခဲေတြရွိတယ္။ အသြား/အျပန္၊ အသြား/အျပန္နဲ႔ တင္ေပါ့။ အစ္မတို႔ဆိုရင္ တျခားႏိုင္ငံနဲ႔ MOU , MOU ထိုးၿပီးသြားၿပီ။ အဲဒီလိုထိုးၿပီးသြားၿပီျဖစ္တဲ့အတြက္ အခ်ိန္တိုင္းက သြားေနရမွာ။ ဒါေပမယ့္ တစ္ေခါက္သြားၿပီး တိုင္း တစ္ပတ္ Quarantine ဝင္ေနရမယ္ဆိုလို႔ရွိရင္ ဘယ္လိုလုပ္မလဲေနာ္။ တခါတေလက်လို႔ရွိရင္ ႏွစ္ပတ္ တစ္ခါ သြားရတာမ်ဳိးေတြရွိတယ္။ တစ္ေခါက္သြားရင္ တစ္ပတ္ Quarantine ဝင္ရမယ္ဆိုရင္ အစ္မ Quarantine ကေန ျပန္ထြက္တာနဲ႔ ခရီးျပန္ထြက္ဆိုေတာ့ မျဖစ္ႏိုင္တာေတြရွိတယ္။ အဲဒီက်ေတာ့ က်န္းမာေရးဝန္ႀကီးဌာနပဲ ျဖစ္ျဖစ္၊ သက္ဆိုင္တဲ့ဝန္ႀကီးဌာနေတြက တျခားႏိုင္ငံေတြရဲ႕လုပ္ေဆာင္မႈပံုစံေတြကို အသံေလးေတြ စြင့္ၿပီးေတာ့ ေျဖေလ်ာ့သင့္တာေတြကို အျမန္ဆံုးေျဖေလ်ာ့သင့္တယ္။ ဒီလိုပဲ ေလယာဥ္ေျပးဆြဲတဲ့သူကလည္း ကယ္ဆယ္ ေရးေလယာဥ္အေနနဲ႔ေတာ့ အဆင္ေျပေကာင္းေနတာမွန္ေပမယ့္ ကိုယ့္တစ္ဦးတည္းအတြက္ေကာင္းလို႔ မျဖစ္ဘူး။ တျခားသူေတြအတြက္လည္း အဆင္ေျပဖို႔အေရးႀကီးတဲ့အတြက္ ပံုမွန္ Schedule Flight ေလးေတြ ေျပးဆြဲေပးမယ္ဆိုရင္ ျမန္မာျပည္ကို သူ႔အခ်ိန္ပိုင္းနဲ႔သူ စီးပြားေရးလုပ္လို လို႔ပဲျဖစ္ေစ၊ အျခားေသာ ခရီးသြား လုပ္ငန္းေၾကာင့္ပဲျဖစ္ေစ စတဲ့အခ်က္ေလးေတြကေတာ့ ေကာင္းလာႏိုင္တယ္။ အစ္မေျပာခ်င္တာကေတာ့ ဒီႏိုင္ငံရဲ႕ႏိုင္ငံေရးအေျခအေနအရ ဒါသည္ Own rights ပဲ ယူႏိုင္တဲ့သူ လာ၊ မယူႏိုင္တဲ့သူဆိုရင္ မလာနဲ႔ ဒါပဲေပါ့။ ႏိုင္ငံျခားက သူေတြကေတာ့ထားပါ။ အစ္မဆိုလိုတဲ့ႏိုင္ငံေတြက အီးယူ ႏိုင္ငံတို႔၊ အေမရိကန္တို႔၊ ႀသစေၾတးလ်တို႔ ဒါေတြက သူတို႔သေဘာ။ ဒါေပမယ့္ အာရွက သူေတြက်ေတာ့ ျမန္မာႏိုင္ငံႀကီးဟာ သူတို႔ႏိုင္ငံထက္ေတာင္ ႀကီး ေနေတာ့ အခြင့္အလမ္းေတြကလည္း အမ်ားႀကီးပဲ။ အဲဒီေတာ့ သူတို႔ေတြက ျမန္မာျပည္က သူေတြနဲ႔ အတူတကြ တြဲလုပ္ခ်င္ေနၾကတုန္းပဲ။ အဲဒီက်ေတာ့ အစ္မအေနနဲ႔က အခုလို ကယ္ဆယ္ေရးေလယာဥ္ေတြအစား Schedule Flight ကို ပံုမွန္ ေန႔စဥ္ေျပးဆြဲေပးစရာလည္း မလိုဘူး။ ခါတိုင္းလို သံုး၊ ေလးႀကိမ္လည္း ေျပးဆြဲေပးစရာ မလို ေသးဘူး။ တစ္ပတ္မွာ တစ္ႀကိမ္ပဲျဖစ္ေစ၊ ႏွစ္ႀကိမ္ပဲျဖစ္ေစ Schedule Flight နဲ႔ေပါ့။ အခု ေလယာဥ္ေတြ ေစ်းႀကီးလာတယ္ဆိုရင္လည္း ေစ်းႀကီးလာတဲ့ေစ်းႏႈန္းအတိုင္းနဲ႔ပဲ ျပန္ဖြင့္ေပးေစခ်င္တယ္ေပါ့ေနာ္။ အဲဒီက်ရင္ ေတာ့ အစ္မတို႔ႏိုင္ငံအေနနဲ႔လည္း အထိုက္အေလ်ွာက္ေတာ့ ျပန္ေကာင္းလာလိမ့္မယ္လို႔ထင္ပါတယ္။ ဒါကေတာ့ အစ္မအေနနဲ႔ အႀကံျပဳတာပါ။

ေမး ။ ။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ခရီးသြားလုပ္ငန္းအတြက္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနဘက္ကေရာ၊ အျခားဆက္စပ္တဲ့ဝန္ႀကီးဌာနေတြဘက္ကေရာ အဲဒီလိုမ်ဳိး မူဝါဒကို သူတို႔ဘက္ကေရာ ဆက္စပ္စဥ္းစားေပးတာ မ်ဳိး ေတြ႕မိလား၊ ျပဳျပင္ေျပာင္းလဲမႈကို စတင္ျပဳလုပ္မယ့္ အရိပ္အေယာင္မ်ဳိးေပါ့။
ေျဖ ။ ။ အစ္မတို႔ အခုလက္ရွိ ခရီးသြားလုပ္ငန္းဝန္ႀကီးက ဟိုးတုန္းက ၿပီးခဲ့တဲ့အစိုးရမတိုင္ခင္ကတည္းက ဝန္ႀကီးျဖစ္တဲ့အတြက္ သူ႔မွာေတာ့ အေတြ႕အႀကံဳေတြက အမ်ားႀကီးရွိၿပီးသား။ သူနဲ႔ အစ္မ ဘာလင္ (Berlin) မွာ ဆံုဖူးတယ္။ ခရီးသြားလုပ္ငန္းျပပြဲမွာ ဆံုဖူးတယ္။ သူ႔မွာ ခရီးသြားလုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့ အေတြ႕အႀကံဳေတြ ရွိတယ္။ အရည္အခ်င္းေတြ အျပည့္အဝရွိတယ္ဆိုတာ အစ္မတို႔သိတယ္။ ဝန္ႀကီးေဟာင္းကေနၿပီးေတာ့ လက္ရွိ အေျခအေနမွာ ဝန္ႀကီးတာဝန္ကို ျပန္ယူထားတာျဖစ္တဲ့အတြက္ အစ္မတို႔အတြက္က လူစိမ္းတစ္ေယာက္ မဟုတ္ဘူး။ သူ႔အေနနဲ႔ ဒါေတြအကုန္လံုးကို လုပ္လိမ့္မယ္လို႔ အစ္မထင္ပါတယ္။ ေမွ်ာ္လည္း ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အစ္မတို႔အေနနဲ႔ကက်ေတာ့ ဒီကိုဗစ္ကာလမွာ ခရီးသြားလုပ္ငန္းေကာ္မတီက ဖ်က္သိမ္းလိုက္တယ္။ ဖ်က္သိမ္းၿပီးေတာ့ အခုအသစ္ဖြဲ႕စည္းထားတယ္။ လက္ရွိအေျခအေနအရ အစ္မတို႔အေနနဲ႔ကေတာ့ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနနဲ႔ေတာ့ (keep in touch) ထိေတြ႕ဆက္ဆံတာမ်ဳိးႀကီးေတာ့ မရွိေသးဘူးေပါ့ေနာ္။ အစ္မအေနနဲ႔ကေတာ့ အႀကံေပးႏိုင္တဲ့အေျခအေနတစ္ခုေလာက္ေတာ့ ရွိတယ္။ ဒါေပမယ့္ ခရီးသြားလုပ္ငန္းဆို တာမ်ဳိးက ဘယ္အခ်ိန္၊ ဘယ္ေနရာမ်ဳိးမွာပဲျဖစ္ျဖစ္ ခ်က္ခ်င္းထလုပ္လို႔ရတယ္။ အစ္မေျပာသလို smoke class ေလ။ စက္ရံုႀကီး တည္ေထာင္ေနစရာ မလိုဘူး၊ ဘာမွ ရင္းႏွီးျမွဳပ္ႏွံေနစရာလဲ မလိုဘူး။ ကိုယ့္မွာရွိတဲ့ ေရ၊ ေျမ၊ ေတာ၊ ေတာင္၊ သဘာဝ နဲ႔ ကိုယ္စၿပီး အစပ်ဳိးလို႔ရတဲ့ အရင္းအႏွီးလုပ္ငန္းတစ္ခုျဖစ္တဲ့အတြက္ အစ္မအေနနဲ႔ ကေတာ့ ခရီးသြားလုပ္ငန္းေတြကို ဒီလိုျပန္လုပ္ဖို႔ရယ္၊ က်န္းမာေရးနဲ႔ပတ္သက္လို႔ ကန္႔သတ္ခ်က္ေတြကို ျပန္လည္ေျဖေလ်ာ့ေပးဖို႔ရယ္၊ အဲဒီအခ်က္ေတြကိုေတာ့ ခရီးသြားဝန္ႀကီးဌာနဘက္က စဥ္းစားေနလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။ အခုအခ်ိန္ထိေတာ့ ေၾကညာခ်က္ေတြ ထုတ္ျပန္တာမ်ဳိး မေတြ႕ေသးဘူး။ ဒါေပမယ့္ အစ္မအေန နဲ႔ကေတာ့ ဒီကေနပဲျဖစ္ျဖစ္၊ ဘယ္လိုပဲျဖစ္ျဖစ္ အႀကံျပဳပါတယ္။ ထပ္ၿပီးေတာ့လည္း အခြင့္အေရးရတဲ့အခါတိုင္း မွာ ထပ္ၿပီးေတာ့ အႀကံျပဳေပးမွာပါ။ အစ္မအေနနဲ႔ကေတာ့ ေကာ္မတီပဲျဖစ္ျဖစ္၊ မျဖစ္ျဖစ္ အဲဒါက အစ္မတို႔ အတြက္ အေရးမႀကီးဘူး။ အစ္မတို႔အေနနဲ႔က ၁၉၉၆ ခုႏွစ္ကတည္းက Business Myanmar ေရးတာ ဟိုးငယ္ငယ္ေလးကတည္းကစၿပီးေတာ့ ဒီခရီးသြားလုပ္ငန္းထဲမွာ ေမြးဖြားလာတဲ့လူလို႔ေတာင္ ေျပာရမွာေလ။ အဲဒီက်ေတာ့ ဒီခရီးသြားလုပ္ငန္းကို ခ်စ္တယ္။ ဒါကို အစ္မ ဘယ္လိုအေျခအေနမ်ဳိးပဲျဖစ္ပါေစ၊ ဘယ္လို စီးပြားေရးပံုစံေတြေျပာင္းေျပာင္း၊ အစ္မကေတာ့ ခရီးသြားလုပ္ငန္းကိုတြဲဖက္ၿပီးေတာ့ လုပ္ေဆာင္မွာပဲ။ အစ္မ အေနနဲ႔ အခု Business Carrier ေတြ ခ်ိန္းလိုက္တယ္။ ကိုဗစ္ကာလမွာ အစ္မရဲ႕အရင္တုန္းက International Business ကေန Local Business ကို ခ်ိန္းလိုက္တယ္။ ဒါေပမယ့္ Local Business ကေတာ့ အစကေနကို ျပန္စရတယ္။ တကယ့္ကို အေတြ႕အႀကံဳအဆင့္ျမင့္တဲ့သူေတြ၊ အလုပ္သမားေတြကို ေလ်ာ့ခ်ပစ္လိုက္ရတယ္။ အဆင့္ျမင့္၊ ရာထူးျမင့္တဲ့ဝန္ထမ္းေတြေနရာမွာ အစ္မကိုယ္တိုင္ဝင္လုပ္ရတယ္။ အရမ္းလည္း ပင္ပန္းတယ္။ micro management (ဟိုးေအာက္ေျခထိ) ဝင္လုပ္ရတဲ့အတြက္လည္း အစ္မမွာ ခရီးေတြလည္း အရမ္းထြက္ရ ၿပီး၊ ကိုယ္တိုင္ဝင္လုပ္ရတဲ့အတြက္ အရမ္းလည္းပင္ပန္းတယ္။ အဲဒီက်ေတာ့ အစ္မတို႔အေနနဲ႔အျခားစီးပြားေရး ေတြေျပာင္းတဲ့အခါမွာ ဘယ္လိုပဲပင္ပန္းပင္ပန္း ဒီခရီးသြားလုပ္ငန္းက အစ္မေသြးေၾကာထဲမွာ ရွိေနတာျဖစ္တဲ့ အတြက္ ဒီခရီးသြားလုပ္ငန္းကိုေတာ့ ေအာင္ျမင္တိုးတက္ေအာင္ေတာ့ သက္ဆိုင္ရာေဒသမွာရွိတဲ့ ေဒသခံေတြနဲ႔ ေတြ႕တာမ်ဳိး၊ ေဒသခံေတြကို အႀကံေပးမယ္၊ ေဒသခံေတြ ဘယ္လိုဖြံ႕ၿဖိဳးေအာင္လုပ္ေဆာင္မယ္ဆိုတာကိုေတာ့ အစ္မက ဆက္လက္လုပ္ေဆာင္သြားမွာပါ။

ေမး ။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ အစ္မတို႔ ဟိုတယ္ခရီးနဲ႔ပတ္သက္ရင္ အရပ္ဖက္အဖြဲ႕အစည္းေတြရွိတယ္။ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း၊ ဟိုတယ္အသင္း၊ Tour Guide အသင္းဆိုၿပီး အဲဒီလိုအသင္းအဖြဲ႕အစည္းေတြ အကုန္လံုးကေရာ သူတို႔ရဲ႕သေဘာထားဆႏၵကေရာ ဘယ္လိုအေျခအေနရွိလဲ။ ၂ ႏွစ္ရွိေနၿပီဆိုေတာ့ သူတို႔ကိုယ္ တိုင္ကေရာ ခရီးသြားလုပ္ငန္းကို ျပန္ၿပီးေတာ့ စလုပ္ေစခ်င္တဲ့ဆႏၵရွိေနၾကၿပီးလား။ ဘယ္လိုျပႆနာမ်ဳိးေတြ ရွိေနလဲ။ ဥပမာ- တစ္ခုခုေျပာျပလို႔ရတာမ်ားရွိမလား။
ေျဖ ။ ။ ဟုတ္တယ္။ အစ္မအေနနဲ႔ကက်ေတာ့ သူတို႔မွာ ဘယ္လိုေျပာျပရမလဲဆိုရင္ေတာ့ ဥပမာ- အခုလို အခ်ိန္အခါမ်ဳိးမွာက အမ်ားရဲ႕ Criticise (ေဝဖန္ေျပာဆို) တာကို ခံႏိုင္ရည္ရွိတဲ့သူရွိတယ္။ ခံႏိုင္ရည္မရွိတဲ့သူ ရွိ တယ္။ အစ္မအေနနဲ႔ ကိုယ္တိုင္က လိပ္ျပာသန္႔သန္႔ေျပာႏိုင္တာက အစ္မတို႔သည္ ျပည္သူတစ္ေယာက္ျဖစ္ တယ္။ စီးပြားေရးသမားတစ္ေယာက္ျဖစ္တယ္။ အစ္မတို႔သည္ လူစျဖစ္တဲ့အရြယ္၊ အခ်ိန္ အစိုးရကတည္းက သုညကေန စတင္ခဲ့ရတာ။ ဘယ္အစိုးရကမွ အစ္မတို႔ကို ေငြေထာက္ပံ့ေပးခဲ့တာလည္း မရွိသလို ကူညီေပးခဲ့တာ မ်ဳိးလည္းမရွိခဲ့ဘူး။ အဲဒီက်ေတာ့ အစ္မတို႔က ကို္ယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ခဲ့ရတာျဖစ္တဲ့အတြက္ ယခင္က လည္း ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ခဲ့သလို အခုလည္း ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တယ္။ ဘာျဖစ္လို႔မ်ား ကိုယ္ထမင္းစားဖို႔ကိုယ္ရွာေနရတဲ့အခါမ်ဳိးမွာေပါ့ေနာ္။ ေနာက္ၿပီး ဒီလုပ္ငန္းဆိုတာကလည္း ျပည္သူေတြအလုပ္ လုပ္တာ၊ ေဒသခံျပည္သူေတြ အလုပ္လုပ္တာဆိုေတာ့ ေဒသခံေတြ အဆင္ေျပဖို႔၊ ေဒသခံေတြ အရင္ဆံုးထမင္းဝ ဖို႔ကို အစ္မတို႔က ဘာလို႔မလုပ္ရဲရမွာလဲ။ ဒါေပမယ့္လည္း မတည္ၿငိမ္တဲ့ေနရာကေတာ့ မတည္ၿငိမ္ပါဘူး။ ဒါေပမယ့္လည္း အစ္မတို႔က ေအးခ်မ္းသြားၿပီး အားလံုးတည္ၿငိမ္သြားၿပီဆိုတဲ့ ေန႔တစ္ေန႔ကို အစ္မတို႔ ႀကိဳတင္ ၿပီးေတာ့ မျမင္ႏိုင္ဘူး။ အခုလိုမ်ဳိးကာလမွာ ကိုယ္ကိုယ္တိုင္ေတာင္မွ ၾကပ္တည္းလာတာ။ ကိုယ့္ထက္နိမ့္တဲ့သူ ေတြက ပိုၿပီးေတာ့ ၾကပ္တည္းလာမယ္ဆိုတာ အစ္မတို႔သိတယ္။ အဲဒီေတာ့ လူတိုင္းလူတိုင္းက အလုပ္ကို လုပ္ ေနရမယ္။ အစ္မတို႔အလွဴခံၿပီး စားလို႔လည္း မရဘူး။ အစ္မတို႔ကိုဆို ဘယ္သူမွလည္း လာေကၽြးမွာ မဟုတ္ဘူး။ အဲဒီေတာ့ အစ္မတို႔အေနနဲ႔က ကိုယ့္လိပ္ျပာကိုယ္လံုေနဖို႔လိုတယ္။ ၿပီးေတာ့ ကိုယ့္အလုပ္ေပၚမွာ ကိုယ္ယံုၾကည္ မႈရွိဖို႔လိုတယ္။ ေနာက္တစ္ခုက ကိုယ့္လုပ္ငန္းကို ကိုယ္ကေရွ႕ဆက္သြားၿပီးေတာ့ ကိုယ့္ရဲ႕ေဒသခံျပည္သူေတြနဲ႔ အတူတူ growth together ျဖစ္ဖို႔အတြက္ ကိုယ္ကလက္တြဲသြားႏိုင္တယ္ဆိုတဲ့ ကိုယ့္ရဲ႕အရည္အခ်င္းေပၚမွာ ကိုယ္ကိုယ္တိုင္ကလည္း ယံုၾကည္မႈအျပည့္ရွိေနဖို႔လိုတယ္။ အဲဒီေတာ့ အစ္မအေနနဲ႔က ဒီအေျခအေနမွ မဟုတ္ဘဲ ဘယ္လိုအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္၊ အစ္မတို႔တျခားႏိုင္ငံမွာပဲျဖစ္ျဖစ္ ဒီအေျခအေနမ်ဳိးမွာ ဘယ္လို ထိုးေဖာက္လို႔ရမလဲ။ အစ္မေရွ႕မွာေျပာခဲ့သလိုပဲ ခရီးသြားတယ္ဆိုတိုင္းက ေပ်ာ္စရာခရီးထြက္တာမ်ဳိး မဟုတ္ဘူး။ စီးပြားေရး ေျမစမ္း ခရမ္းပ်ဳိးတာေတြ၊ စီးပြားေရးလုပ္ဖို႔ ေလ့လာတာမ်ဳိးေတြ၊ ေျမႀကီးေလး ဝယ္ၿပီး ေတာ့ ရင္းႏွီးျမွဳပ္ႏွံတာေလးေတြ ရွိမယ္။ ဒါမ်ဳိးေတြ အမ်ားႀကီးပဲရွိတယ္။ အဲဒီက်ေတာ့ ေဒသအလိုက္ လုပ္လို႔ရတဲ့ အပိုင္းေလးေတြကို စၿပီး အေကာင္အထည္ေဖာ္ၿပီးေတာ့ လူတစ္ဦးခ်င္းတစ္ဦးခ်င္းစီရဲ႕ ေန႔စဥ္စားဝတ္ေနေရး အဆင္ေျပေစဖို႔အတြက္ အစ္မတို႔ဘက္က မည္သူ႔ကိုမဆို ကူညီဖို႔အဆင္သင့္ပဲ။ အဲဒါေၾကာင့္မို႔လို႔ အသင္းအဖြဲ႕ အစည္းေတြအေနနဲ႔ကေတာ့ စတင္ၿပီး လႈပ္ရွားဖို႔အတြက္ ဦးေဆာင္ေပးမယ့္ လူတစ္ေယာက္လိုတယ္။ အဲဒီလို ဦးေဆာင္လုပ္ကိုင္ေပးမယ့္သူတစ္ေယာက္ရဲ႕အေတြးအေခၚေတြကလည္း (extreme) အရမ္းႀကီးကို မျပင္းထန္ ဘဲ အစြန္းမေရာက္ဖို႔လိုတယ္။ အဲဒါအျပင္ ကိုယ္ဦးတည္လုပ္ေဆာင္ရမွာက ဘာလဲ။ မိမိရဲ႕အဖြဲ႕အစည္းအျပင္ ေဒသေတြ၊ ေဒသေတြတိုင္းမွာရွိတဲ့ ေဒသခံေတြရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈကိုရည္ရြယ္ၿပီး ဦးစားေပးလုပ္ကိုင္ဖို႔လည္း လိုတယ္။ ဆိုလိုတာက ေဒသခံျပည္သူေတြ ေျပလည္လာတယ္၊ ေျပလည္သြားတယ္ဆိုလို႔ရွိရင္ ျဖည္းျဖည္းခ်င္း ျဖည္းျဖည္းခ်င္းနဲ႔ပဲ အစ္မတို႔အေနနဲ႔က အျခားေနရာေလးေတြကိုပါ ခ်ဲ႕ထြင္သြားဖို႔လိုတယ္။ အဲဒီက်ေတာ့ စီးပြားေရးလုပ္ေနတာလို႔ေျပာတာထက္စာရင္ စားဝတ္ေနေရးလုပ္ေနတယ္ဆိုတဲ့ေခါင္းစဥ္ဘက္ကို အစ္မအေနနဲ႔ ေျပာင္းပစ္ခ်င္တယ္။ တကယ္ေတာ့ စီးပြားေရးဆိုတာက ကိုယ့္ရဲ႕စားဝတ္ေနေရးေျပလည္ၿပီး ေနာက္ထပ္ ထပ္လုပ္တဲ့ စီးပြားေရးလုပ္ငန္းေတြကိုေျပာတာျဖစ္တယ္။ ဒါေပမယ့္ အစ္မက အခုလက္ရွိကို စားဝတ္ေနေရးလို႔ပဲ နာမည္တပ္ခ်င္တယ္။ အဲဒီေတာ့ စားဝတ္ေနေရးေတြ ေျပလည္ေစဖို႔အတြက္ စတင္လုပ္ေဆာင္သင့္ေနၿပီလို႔ အစ္မကေတာ့ ထင္တာေပ့ါေနာ္။

ေမး ။ ။ အခု ၂ ႏွစ္အတြင္းမွာပဲ စီးပြားေရးေတြက က႑အလိုက္ ယိုင္နဲ႔ ယိုယြင္းကုန္တာကို ေတြ႕ရတယ္။ အစ္မကိုယ္တိုင္ေရာ အခု ၂ ႏွစ္အတြင္းမွာ စီးပြားေရးယိုင္နဲ႔ ယိုယြင္းမႈေတြကို ရင္ဆိုင္ခဲ့ရလား။
ေျဖ ။ ။ အိုး.. ရွိတာေပါ့။ အစ္မဆုိရင္ လံုးဝပါပဲ။ အစ္မ သန္းေပါင္းမ်ားစြာရင္းခဲ့တဲ့ စီးပြားေရးႀကီးတစ္ခုလံုးကို ဝုန္းခနဲ႔ ဇီးရိုး Income အထိ ၿပိဳလဲသြားတယ္။ ဆိုေတာ့ အစ္မဆိုရင္ ေနာက္တစ္ေန႔မွာ မနက္မိုးမလင္းခ်င္ ေလာက္ေအာင္၊ မိုးလင္းမွာေတာင္ ေၾကာက္ရတဲ့အေျခအေနမ်ဳိးေတြေတာင္ျဖစ္ခဲ့တယ္။ စီးပြားေရးတင္မကဘဲ ကိုဗစ္ေရာဂါေတြလည္း ျဖစ္ခဲ့တယ္။ ကိုယ္ကိုယ္တိုင္ေတာင္မွ ေနာက္တစ္ေန႔မွာ ငါေသဆံုးေနမွာလား ဆိုၿပီး ေတြးမိတဲ့အထိျဖစ္ခဲ့တယ္။ ကိုယ္ကိုယ္တိုင္ေတာင္မွ ကိုယ့္သားကို မေတြ႕ရဘဲနဲ႔ တကယ္လို႔ ငါေသဆံုးသြားရင္ ဆိုတဲ့အေတြးနဲ႔ အသံေတြ သြင္းထားၿပီးေတာ့ အစ္မေသဆံုးသြားခဲ့ရင္ ေနာက္တစ္ေန႔မွာ သားကို ဘာေတြ လုပ္ပါ။ ဘာေတြရွိပါတယ္ဆိုတာကို လက္ေတြတုန္ေနလို႔ စာေတာင္မေရးႏိုင္ေတာ့ဘဲ အသံသြင္းထားတဲ့အထိ ေတာင္ျဖစ္ခဲ့တယ္။ အစ္မတို႔မွာ စီးပြားေရးေရာ၊ က်န္းမာေရးေရာ၊ ၿပီးေတာ့ ဒီကာလအတြင္းမွာ ေမာင္ေလးတို႔ လည္း သိတဲ့အတိုင္းပဲ… အစ္မ ဆိုက္ဘာတိုက္ခိုက္မႈပါ အစ္မအႀကီးအက်ယ္လုပ္ခံရတယ္။ ဆိုက္ဘာ Attack နဲ႔ပတ္သက္ၿပီးေတာ့ အေတြးအေခၚပိုင္းဆိုင္ရာမျမင့္မားတဲ့သူေတြက ဆိုက္ဘာေပၚမွာမူတည္ၿပီး အစ္မအေပၚ မွာ ခံစားခ်က္ ထင္ေယာင္ထင္မွားေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ အစ္မဘာလုပ္လိုက္လဲဆိုေတာ့ အားလံုးကို လ်စ္လ်ဴရႈပလို္က္တယ္။ လံုးဝဂရုမစိုက္ဘူး။ သူတို႔ေျပာဆိုေနလဲ ဘာျဖစ္လဲဆိုၿပီးေတာ့ အစ္မကိုယ္ကိုယ္ကို ျပန္ၿပီးေတာ့ စိတ္ခြန္အားျပန္တက္ေအာင္ စလုပ္ရတယ္။ အစ္မအေနနဲ႔ ကိုဗစ္ေၾကာင့္ထိခိုက္သြားတဲ့ ကိုယ့္ရဲ႕ စိတ္ေတြ၊ ကုိ္ယ့္ရဲ႕စီးပြားေရးေတြကို သုညကေန ျပန္စရတယ္။ အဲဒီအခ်ိန္မွာ အစ္မဘာလုပ္လည္းဆိုရင္ေတာ့ အစ္မအခ်ိန္ကို လံုးဝ (Waste) အလဟႆ အျဖစ္မခံဘူး။ ကိုဗစ္ကာလမ်ဳိးမွာ အားလံုးကပိတ္ထားတဲ့အခ်ိန္ Home Stay ျဖစ္တဲ့အခ်ိန္မ်ဳိးမွာ အစ္မအိမ္မွာေနၿပီး ဘာလုပ္လည္းဆိုရင္ အစ္မလုပ္ငန္းႀကီးတစ္ခုလံုးရဲ႕ အားနည္းခ်က္ေတြကို အစ္မခ်ေရးတယ္။ ဒီအားနည္းခ်က္ေတြကို ဘယ္လိုမ်ဳိးျပဳျပင္ေျပာင္းလဲမလဲဆိုတဲ့ နည္းလမ္းအသစ္ေတြ အဲဒီအခ်ိန္ေတြက အစ္မအတြက္ အလဟႆျဖစ္မယ့္အစား တန္ဖိုးရွိတဲ့ Value Period ေတြျဖစ္လာတယ္။ ဘာေၾကာင့္လဲဆိုရင္ အစ္မအဲဒီအခ်ိန္မွာတုန္းက အရမ္းကို ၿပိဳပ်က္ၿပီးေတာ့ ကိုယ့္ကိုယ္ကို တိုက္ေပၚကေန ခုန္ခ်ခ်င္တဲ့အေျခအေနမ်ဳိးေတြ၊ ေနာက္တစ္ေန႔မနက္မွာ အိပ္ရာမႏိုးခ်င္တဲ့အေျခအေနမ်ဳိးေတြ ျဖစ္လာတဲ့အေျခအေနမ်ဳိးေတြကေန အစ္မရေအာင္ ထတယ္။ ရေအာင္ ထူထၿပီးတဲ့အခ်ိန္မွာ အခုငါအိမ္မွာေန ေနရတယ္။ ဒါေပမယ့္ ဒါသည္ ကိုဗစ္စည္းမ်ဥ္းသတ္မွတ္ခ်က္အရမို႔လို႔ လံုးဝအျပင္ထြက္လို႔မရဘူး။ အဲဒီေတာ့ ဟုတ္ၿပီ… ဒီလိုမ်ဳိး အခ်ိန္ေတြကို အလဟႆျဖစ္ေနမယ့္အစား ငါ့ရဲ႕အားနည္းခ်က္ေတြအကုန္လံုးကို ျပဳျပင္မယ့္ ဗ်ဴဟာေတြ ေရးဆြဲမယ္၊ ဘယ္လိုလုပ္ငန္းေတြက ျမန္မာျပည္မွာ ဘယ္လိုအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ လုပ္ငန္း လုပ္လို႔ ေကာင္းတဲ့လုပ္ငန္းရွိမလဲဆိုတာကို အစ္မေလ့လာတယ္။ တစ္ႏိုင္ငံလံုးမွာ တိုင္းနဲ႔ျပည္နယ္တစ္ခုခ်င္းစီရဲ႕ စီးပြားေရးလုပ္ငန္းေတြကို အိမ္မွာေနရင္းလည္းေလ့လာသလို အဲဒီၿမိဳ႕က သူေတြကိုလည္း ဖုန္းေတြ ဆက္ၿပီး ေတာ့ ေလ့လာတယ္။ အဲဒီၿမိဳ႕ေတြက လူေတြနဲ႔စကားေတြေျပာတယ္။ သူတို႔ၿမိဳ႕မွာ ရင္းႏွီးျမွဳပ္ႏွံမႈ မရွိေသးတဲ့ လုပ္ငန္းမ်ဳိး၊ သူတို႔ၿမိဳ႕ရဲ႕လိုအပ္ခ်က္၊ တိုင္းနဲ႔ျပည္နယ္တစ္ခုခ်င္းစီရဲ႕ လုိအပ္ခ်က္ေလးေတြမွာ ဘာေတြလိုအပ္လဲ ဆိုတာရယ္၊ အဲဒီေနရာေတြမွာ ကိုယ့္ရဲ႕ရွိတဲ့ က်န္တဲ့ရင္းႏွီးျမွဳပ္ႏွံမႈေလးေတြနဲ႔ ပူးေပါင္းလိုက္မယ္ဆိုရင္ ပထမဆံုး အဆင့္အေနနဲ႔ ထမင္းစားဖို႔၊ ကိုယ့္ဝန္ထမ္းေလးေတြကို ျပန္လည္ခန္႔ႏို္င္ၿပီး ပံုမွန္ေလးျပန္လည္ပတ္ႏို္င္မယ္။ ၿပီးေတာ့မွ တစ္ဆင့္ခ်င္းတစ္ဆင့္ခ်င္းစီ သြားမယ္ေပါ့ေနာ္။ အစ္မအေနနဲ႔ အဲဒီလိုမ်ဳိး အခ်ိန္ေတြကို အက်ဳိးရွိရွိ အသံုးခ်လိုက္တယ္။ အဲဒီက်ေတာ့ အျပင္ျပန္ထြက္လို႔ရၿပီ၊ ခရီးသြားၿပီး အလုပ္ေတြျပန္လုပ္လို႔ရၿပီဆိုတဲ့ အေျခအေနမွာ အစ္မအေနနဲ႔ေျပာင္းလဲလိုက္တဲ့ စီးပြားေရးေတြရွိတယ္။ အဲဒီအခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ စိတ္ေက်နပ္လိုက္တာတစ္ခုကေတာ့ အရင္တုန္းကေတာ့ အစ္မက ကိုယ့္ကိုယ္ကုိယ္အထင္ႀကီးၿပီး မာနႀကီးခဲ့မိ တယ္။ ႏိုင္ငံတကာနဲ႔ပဲ၊ ႏိုင္ငံတကာနဲ႔ပဲခ်ိတ္ဆက္လုပ္မယ္။ ငါတို႔က ေဒၚလာနဲ႔ပဲအလုပ္လုပ္မယ္။ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံသူေတြနဲ႔ပဲ အလုပ္လုပ္မယ္ဆိုၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ သိပ္မာနႀကီးခဲ့တဲ့အခ်ိန္ေတြရွိခဲ့တယ္။ အဲဒီလိုအခ်ိန္ေတြအတြက္ အစ္မအရမ္းေနာင္တရတယ္။ ဘာေၾကာင့္လဲဆိုရင္ ကိုယ့္ရဲ႕အနီးစပ္ဆံုး လက္တစ္ကမ္းမွာရွိတဲ့ ျမန္မာျပည္မွာရွိတဲ့ စိုက္ပ်ဳိးေရးလုပ္ငန္း၊ ေမြးျမဴေရးလုပ္ငန္း၊ အထည္ခ်ဳပ္လုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္း၊ ၿပီးေတာ့ တစ္ႏိုင္တစ္ပိုင္ထုတ္လုပ္တဲ့လုပ္ငန္းေတြမွ အမ်ားႀကီးမွ အမ်ားႀကီးပဲ။ အစ္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာ လုပ္လို႔ရတဲ့လုပ္ငန္းေတြကို ေလ့လာမိတဲ့အခါမွာ အစ္မအရင္တုန္းက ကုန္ဆံုးသြားခဲ့တဲ့အခ်ိန္ေတြကို အစ္မအရမ္းႏွေျမာတယ္။ ေအာ္.. ဘာလို႔လဲေပါ့ေနာ္ အရင္တုန္းက အစ္မအေနနဲ႔ အရံအေနနဲ႔လုပ္ခဲ့တဲ့ စိုက္ပ်ဳိးေရးလုပ္ငန္းေလးေတြေတာ့ ရွိတယ္။ ဒါေပမယ့္ ထပ္ၿပီးေတာ့ ခ်ဲ႕ထြင္လို႔ရတဲ့ လုပ္ငန္းေတြ အမ်ားႀကီးရွိတယ္ဆိုတာကို အစ္မသိလာတယ္။ အဲဒီလို သိလာတဲ့အခ်ိန္မွာေတာ့ အစ္မအေနနဲ႔ Carrier တစ္ခုကို စၿပီးေတာ့ ခ်ိန္းလိုက္တယ္။ ကိုယ့္ရဲ႕ဗ်ဴဟာအသစ္နဲ႔ ကိုယ့္ရဲ႕အေတြ႕အႀကံဳကို ေပါင္းစပ္လိုက္တဲ့အခါမွာ အစ္မတို႔ရက္တိုတိုေလးအတြင္းမွာ အေကာင္းဆံုးစီမံခန္႔ခြဲႏိုင္တယ္။ Carrier အသစ္မွာ အစ္မတို႔အက်ဳိးအျမတ္ေတြ ရရွိလာတယ္။ အဲဒါေၾကာင့္ ကိုယ့္ရဲ႕ဝန္ထမ္းတစ္ခ်ဳိ႕ကိုလည္း ျပန္လည္ခန္႔လာႏိုင္တယ္။ ဒါေပမယ့္ အကုန္လံုးေတာ့လည္း မဟုတ္ေသးဘူးေပါ့ေနာ္။ တခ်ဳိ႕အစိတ္အပိုင္း အစိတ္အပိုင္းေလးေတြမွာ ျပန္ခန္႔ၿပီးေတာ့ ခရီးသြားလုပ္ငန္းကို လုပ္တယ္။ ခရီးသြားလုပ္ငန္းေကာင္းမြန္တဲ့ အခ်ိန္မွာလည္း အစ္မအေနနဲ႔က ရပ္တန္႔လိုက္မွာ မဟုတ္ဘူး။ အစ္မအေနနဲ႔ကေတာ့ တြဲၿပီးေတာ့ ဆက္လုပ္သြား ဖို႔ပဲ ရည္ရြယ္ခ်က္ရွိပါတယ္။

ေမး ။ ။ အစ္မအေနနဲ႔ ကိုယ္တိုင္က စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေနတဲ့အေတာအတြင္းမွာေရာ အစိုးရ ရဲ႕မူဝါဒကိုေရာ အားနည္းခ်က္၊ အားသာခ်က္ ဘယ္လိုမ်ားေတြ႕မိလဲ။ အစိုးရဆိုတဲ့ေနရာမွာလဲ ဘယ္အစိုးရ ျဖစ္ျဖစ္ေပါ့ေနာ္။ လက္ရွိအခ်ိန္ေျပာင္းလဲလိုက္တယ္ဆိုရင္ အဲဒီ ၂ ႏွစ္အတြင္း၊ ၿပီးခဲ့တဲ့ကာလဆိုရင္လည္း ၿပီးခဲ့တဲ့ကာလေပါ့ေနာ္။ ဆိုေတာ့ အဲဒီအစိုးရရဲ႕ စီးပြားေရးဆိုင္ရာမူဝါဒ ပံုစံကေရာ ဘယ္လိုမ်ဳိးေတြ႕ရလဲ။ အားနည္းခ်က္/ အားသာခ်က္ေပါ့။
ေျဖ ။ ။ အားနည္းခ်က္၊ အားသာခ်က္ဆိုရင္ အရင္တုန္းကေတာ့ အစ္မတို႔ရရွိခဲ့တဲ့ ခြင့္ျပဳခ်က္တို႔၊ ဘာတို႔ေတာ့ ရွိတယ္။ ဒါေပမယ့္ အစ္မတို႔က ခြင့္ျပဳခ်က္ရရွိဖို႔က လြယ္ကူေသာ္ျငားလည္း ခြင့္ျပဳထားတဲ့လုပ္ငန္းစဥ္ အျမန္ ၿပီးေျမာက္ဖို႔အတြက္က်ေတာ့ ၾကန္႔ၾကာတယ္။ သူတို႔အခ်င္းခ်င္းအတိုက္အခံေတြၾကားထဲမွာ အစ္မတို႔က ၾကားညွပ္ၿပီးေတာ့ စီးပြားပ်က္ေလာက္တဲ့အခက္အခဲျဖစ္တာေလးေတြရွိတယ္။ အခုခ်ိန္ကက်ေတာ့ အစ္မတို႔က ျပည္သူနဲ႔ထိေတြ႕ဆက္ဆံတဲ့လုပ္ငန္းကိုပဲ လုပ္ကိုင္ေနတာျဖစ္တဲ့အတြက္ ဒီစီးပြားေရးပိုင္းနဲ႔ပတ္သက္ရင္ အစိုးရ နဲ႔ဆက္သြယ္လုပ္ေဆာင္တာေတြေတာ့ မရွိေသးဘူး။ ဒါေပမယ့္ အခုခ်ိန္မွာက ခြင့္ျပဳခ်က္၊ ခြင့္ျပဳမိန္႔ေတြ ျမန္ဆန္ လာတာမ်ဳိးေတာ့ ရွိတယ္။ ဒီလိုမ်ဳိးျမန္ဆန္လာတဲ့အတြက္ အစ္မတို႔အေနနဲ႔က ျပည္သူနဲ႔ခ်ိတ္ဆက္ၿပီး လုပ္ေဆာင္တဲ့အပိုင္းေတြမွာ အရင္ကဆိုရင္ေတာ့ ေဘးကေနၿပီးေတာ့ လိုက္ေႏွာင့္ယွက္တဲ့ဒဏ္ေတြရွိတယ္။ အခုကေတာ့ အဲဒီလိုမ်ဳိးေႏွာင့္ယွက္တဲ့ဒဏ္ေတြ နည္းသြားတယ္။ အစ္မတို႔အေနနဲ႔ လက္ရွိလုပ္ကိုင္ေနတဲ့ Carrier ေတြက Private ျဖစ္ေနတာေပါ့ေနာ္။ အစိုးရနဲ႔ခ်ိတ္ဆက္လုပ္ကိုင္ရမယ့္အရာေတြက ရပ္နားထားတာဆို ေတာ့ေလ။ အစ္မတို႔အေနနဲ႔ကေတာ့ ျပန္ဆက္သြားခ်င္တယ္။ အရင္ရွိတဲ့ပေရာဂ်က္ေတြကိုလည္း ဆက္လုပ္ခ်င္ တယ္။ ဒီအတြက္လည္း အစ္မတို႔အေနနဲ႔က ျဖည္းျဖည္းခ်င္း ျပန္လုပ္သြားဖို႔ရွိပါတယ္။ လတ္တေလာမွာေတာ့ အစ္မအေနနဲ႔က စိုက္ပ်ဳိးေရး၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္ၿပီးေတာ့ ဒါေတြကို ႏိုင္ငံျခားကို ပို႔ဖို႔ကိစၥေတြရွိတယ္။ အခုအခ်ိန္ထိေတာ့ စီးပြားေရးပိုင္းဆိုင္ရာမွာ အရင္မူဝါဒနဲ႔ အခုမူဝါဒကေတာ့ စီးပြားေရး အေျပာင္းအလဲေတာ့ မရွိေသးဘူး၊ အတူတူပဲ။ ဒါေပမယ့္ အစ္မတို႔စိုးရိမ္တာကက်ေတာ့ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ စီးပြားေရးမူဝါဒ ေျပာင္းလဲသြားမွာလည္းဆိုကိုေတာ့ စိုးရိမ္တယ္။ အခုအခ်ိန္မွာ စီးပြားေရးမူဝါဒတစ္ခုကို ခိုင္ခိုင္မာမာခ်မွတ္ၿပီး ေနာင္တခ်ိန္မွာလည္း အခုခ်မွတ္လိုက္တဲ့ စီးပြားေရးမူဝါဒကိုပဲ ဆက္လက္က်င့္သံုးရမယ္ ဆိုရင္ေတာ့ အစ္မတို႔စီးပြားေရးလုပ္ေဆာင္တဲ့သူေတြအေနနဲ႔က ပိုၿပီးေတာ့ လြယ္ကူတယ္။ မဟုတ္ရင္ အခုဒီခ်ိန္ မွာတစ္မ်ဳိး၊ ေနာက္တစ္ခ်ိန္မွာတစ္မ်ဳိး၊ ေနာက္တစ္ခ်ိန္မွာတစ္မ်ဳိးဆိုရင္ေတာ့ အစ္မတို႔က ေျပာင္းလဲသြားတဲ့မူဝါဒ ေအာက္မွာလုိက္လုပ္ေနရရင္ ဆံုးရႈံးမႈေတြ အမ်ားႀကီးရွိလာႏိုင္တယ္။ အဲဒီက်ေတာ့ အစ္မတို႔စီးပြားေရးလုပ္ငန္း ရွင္ေတြအေနနဲ႔ကေတာ့ အဲဒီလိုမ်ဳိး မူဝါဒေတြ ခဏခဏေျပာင္းလဲတာမ်ဳိးကိုေတာ့ မရွိေစခ်င္ဘူး။ အခုအစ္မ လုပ္ကိုင္ေနတာက ျပည္တြင္းလုပ္ငန္းျဖစ္ေနတဲ့အတြက္ သိပ္မသိသာေသာ္ၿငားလည္း ျပည္ပလုပ္ငန္းေတြ လုပ္ကိုင္တဲ့အခါမွာ အစ္မတို႔အတြက္ အေလ်ာ္အစားေတြ အရမ္းႀကီးလာႏို္င္တယ္။ အဲဒီက်ေတာ့ ျပည္ပလုပ္ငန္း နဲ႔တြဲဖက္လုပ္ကိုင္ဖို႔က စီးပြားေရးမူဝါဒေတြ အေျပာင္းအလဲမရွိဘဲနဲ႔ ခိုင္မာတယ္ဆိုလို႔ရွိရင္ေတာ့ အစ္မတို႔အေနနဲ႔ က ျပည္ပနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ျပန္စၿပီး လုပ္ကိုင္လို႔ရတာေပါ့ေနာ္။ အခု သူတို႔အေနနဲ႔ကေတာ့ ေစာင့္ၾကည့္ေနတဲ့ အေျခအေနပဲရွိတယ္။ အစ္မအေနနဲ႔ကေတာ့ ျပည္တြင္းစီးပြားေရးကိုပဲ လက္ရွိလုပ္ကိုင္ေနတယ္။ ျပည္ပ စီးပြားေရးကေတာ့ သူမ်ားႏိုင္ငံမွာ သြားလုပ္ကိုင္မွာျဖစ္တဲ့အတြက္ အစ္မအေနနဲ႔လတ္တေလာမွာေတာ့ တဖက္ ႏိုင္ငံရဲ႕မူဝါဒကို ေလ့လာေနတဲ့အခ်ိန္ျဖစ္တယ္။ အဲဒါေၾကာင့္မို႔လို႔ ကိုယ့္ႏိုင္ငံမွာလည္း စီးပြားေရးမူဝါဒကိုေတာ့ တည္ၿငိမ္ေစခ်င္တယ္။ ဘယ္လိုအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ စီးပြားေရးသမားေတြဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တိုးတက္မႈ၊ က်ရႈံုးမႈကို ေမာင္းႏွင္သြားတာပဲ။ စီးပြားေရးသမားေတြ ၿပိဳလဲသြားၿပီဆိုရင္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕စီးပြားေရး က ၿပိဳလဲသြားတာပဲ။ အဲဒီေတာ့ အစ္မတို႔လို႔ ပူးေပါင္းလုပ္ကိုင္တဲ့သူေတြအေနနဲ႔က်ကေတာ့ မူဝါဒေပၚမွာ မူတည္ တယ္။ အစ္မတို႔သည္ မူဝါဒအတိုင္း လုပ္ကိုင္ေနရတာျဖစ္တဲ့အတြက္ အဲဒါေတြအတြက္ အစ္မအေနနဲ႔ကေတာ့ စီးပြားေရးမူဝါဒေတြ အေျပာင္းအလဲမရွိဖို႔ကို ဆႏၵရွိပါတယ္။ လတ္တေလာမွာေတာ့ အစ္မတို႔အဆင္ေျပတဲ့ပံုစံမ်ဳိး အတိုင္းသြားေနတယ္။ ေရွ႕ကိုဆက္သြားတဲ့ပံုစံအတိုင္းေတာ့ ဆက္သြားေနတယ္။ မူဝါဒပိုင္းဆိုင္ရာနဲ႔ပတ္သက္ ရင္ အခက္အခဲေတာ့ မရွိေသးဘူးေပါ့။

ေမး ။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ အခုက ၂ဝ၂၂ ခုႏွစ္ဆိုေတာ့ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ အစ္မရပ္လိုက္ရတဲ့ စီးပြားေရးလုပ္ငန္းေတြ ဘယ္ႏွစ္ခုေလာက္ရွိလဲ။ အစိုးရနဲ႔ခ်ဳပ္ဆိုထားတာပဲျဖစ္ျဖစ္၊ ကိုယ္ပိုင္လုပ္ကိုင္တာပဲ ျဖစ္ျဖစ္ေပါ့ေနာ္။ အဲဒါအျပင္ လက္ရွိမွာေရာ ဘယ္ႏွစ္ခုေလာက္ကို ျပန္လုပ္ကိုင္ေနၿပီး၊ ဘယ္ႏွစ္ခုေလာက္ကို ရပ္ထားရဆဲ ျဖစ္ေနေသးလဲဆိုတာ သိပါရေစ။
ေျဖ ။ ။ အခုေလာေလာဆယ္ အစ္မအေနနဲ႔ တစ္အခ်က္ကေတာ့ Yangon Water Bus ေပါ့။ Yangon Water Bus က က်ေတာ့ အရင္အစိုးရလက္ထက္တုန္းက အစ္မတို႔ MOU ထုိးထားတဲ့အခ်ိန္မွာ ေျခာက္လအတြင္းမွာ အစ္မ ရသင့္ရထိုက္တဲ့ ဆိပ္ကမ္းေတြေပးမယ္ဆိုတဲ့ဟာမွာ အရင္အစိုးရလက္ထက္ ၂ ႏွစ္ၾကာတဲ့အထိ အစ္မမရခဲ့ဘူး။ အဲဒီအတြက္ အစ္မအေနနဲ႔ Exit strategy လုပ္ထားတဲ့အစီအစဥ္ေတြ ပ်က္ကုန္တယ္။ အခုလက္ထက္မွာေတာ့ အစ္မတို႔အေနနဲ႔ ေရယာဥ္ေျပးဆြဲတဲ့အပိုင္းကို ျပန္ၿပီးစတင္ဖို႔အတြက္ အစ္မတို႔အေနနဲ႔ Plan ေတြ ျပန္ဆြဲေနၿပီ။ ဒါေပမယ့္ ဒါသည္ ျမစ္တစ္ေၾကာင္းထဲနဲ႔ အဆင္မေျပဘူးလို႔ အရင္အစိုးရလက္ထက္ ကတည္းက အစ္မတို႔ဘက္က ေျပာထားၿပီးသားျဖစ္တယ္။ ဒါေပမယ့္ အခုခ်ိန္အခါ ငမိုးရိပ္ေခ်ာင္းတစ္လွ်ာက္မွာ ေနာက္ထပ္ ဆိပ္ခံေတြရမယ္ဆိုလို႔ရွိရင္ေတာ့ အစ္မကို ထိုင္းႏိုင္ငံ ေက်ာက္ဖရားဥကၠ႒ကလည္း ဆက္သြယ္ထား တယ္။ စင္ကာပူက သေဘၤာေဆာက္လုပ္တဲ့ကုမၸဏီေတြကလည္း ဆက္သြယ္ထားတယ္။ အခုဆိုလို႔ရွိရင္ Adventure ကုမၸဏီေတြရွိတယ္။ အဲဒီေတာ့ ျပန္လုပ္မယ္ဆိုလို႔ရွိရင္ အစ္မက ရင္းႏွီးျမွဳပ္ႏွံဖို႔အတြက္ ထပ္ကုန္ စရာမလိုေတာ့ဘဲနဲ႔ သူတို႔က အစ္မနဲ႔တြဲၿပီး ရင္းႏွီးျမွဳပ္ႏွံၿပီးေတာ့ ေနာင္ငါးႏွစ္အတြင္း ျပန္ၿပီး Growth ျဖစ္ ေအာင္လုပ္ႏိုင္တယ္ဆိုၿပီးေတာ့ ဆက္သြယ္ထားတာေတြလည္း ရွိတယ္။ အဲဒီအတြက္ကိုေတာ့ အစ္မအေနနဲ႔ စၿပီးလုပ္ဖို႔ လုပ္ေနတာေတြေတာ့ ရွိတယ္။ ဒါေပမယ့္ အစ္မရဲ႕ျပည္တြင္းစီးပြားေရးကို အရင္ဆံုးတည္ၿငိမ္ေအာင္ လုပ္ကိုင္ေနတယ္။ တည္ၿငိမ္ေတာ့ တည္ၿငိမ္လာၿပီ၊ တည္ၿငိမ္လာတာနဲ႔ အစ္မအေနနဲ႔က အဲဒီဘက္ကိုေျပာင္းဖို႔ရွိ တယ္။ အဲဒီေတာ့ Yangon Water Bus လုပ္ငန္းကို ရပ္နားခဲ့ရတယ္ေပါ့ေနာ္။ ေနာက္တစ္ခုကေတာ့ အစ္မက ေနရာ(၄)ေနရာမွာ ဟိုတယ္လုပ္ငန္းရွိတယ္။ ခ်င္းျပည္နယ္၊ ထန္တလန္မွာဆိုရင္ အစ္မအေနနဲ႔က အမ်ားႀကီး ရင္းႏွီးျမွဳပ္ႏွံထားတာ ၁၁ ဧက အေပၚမွာ ေက်ာက္သားေတြနဲ႔တည္ေဆာက္ထားတဲ့ဟိုတယ္ႀကီး၊ ဒါသည္ အစ္မရဲ႕အိပ္မက္ေပါ့ေနာ္။ အစ္မရဲ႕အိပ္မက္ထဲကအတိုင္း တကယ့္ကို လွလွပပလုပ္ထားတဲ့အရာေတြ အကုန္လံုးက ရပ္တန္႔သြားတယ္။ ဆိုေတာ့ အစ္မအေနနဲ႔အရမ္းစိတ္မေကာင္းျဖစ္တာက အစ္မသည္ ဒီေဒသကို ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အမ်ားႀကီးလုပ္ခဲ့တယ္။ လူသားအရင္းအျမစ္ေတြကိုလည္း အစ္မ Training ေတြ အမ်ားႀကီးေပးၿပီးေတာ့ အမ်ားႀကီးလုပ္ကိုင္ခဲ့တာေတြရွိတယ္။ အခုခ်ိန္မွာေတာ့ အစ္မရဲ႕ဟိုတယ္ထဲမွာ ရွိတဲ့ မီးစက္က အစ ျဖဳတ္ယူသြားၾကတာတို႔၊ အစ္မဟိုတယ္ရဲ႕အခန္းတံခါးေတြကို ဖြင့္ၿပီးေတာ့ ေစာင္ေတြ၊ ျခင္ေထာင္ ေတြကိုေတာင္ ယူသြားတာေတြ ရွိတယ္လို႔ အစ္မျပန္ၾကားရတဲ့အတြက္ အစ္မအေနနဲ႔ကေတာ့ ေတာ္ေတာ္ေလး ကို စိတ္မေကာင္းျဖစ္ရတယ္။ ဒါေပမယ့္ ဒါမ်ဳိးေတြကို ဘယ္သူက ယူသြားတာလဲ၊ ဘာလဲဆိုတာကိုေတာ့ အစ္မ မသိဘူး။ စံုစမ္းလို႔လည္း မရဘူး။ သတင္းအစအနလည္း မရဘူး။ အဲဒီေတာ့ ခ်င္းျပည္ ဟိုတယ္ႀကီးတစ္ခုလံုးရဲ႕ သိန္းေပါင္းမ်ားစြာ ရင္းႏွီးျမွဳပ္ႏွံထားတဲ့အရာေတြကေတာ့ အစ္မအေနနဲ႔က ဆံုးရႈံုးမႈအႀကီးႀကီးတစ္ခုျဖစ္ေန တယ္။ အဲဒီက်ေတာ့ အဲဒီဟိုတယ္လုပ္ငန္းကိုလည္း ရပ္တန္႔ထားရတယ္။ အစ္မအခုေလာေလာဆယ္ ကေလာနဲ႔ စစ္ကိုင္းကေတာ့ အရင္တုန္းကဆို ဥပမာ- အခန္း ၄ဝ ထိ ရွိတယ္ဆိုရင္ အခု ၁၈ ခန္း၊ အခန္း ၂ဝ ေလာက္ပဲဖြင့္ထားတယ္။ ဝန္ထမ္းဦးေရ ေလ်ာ့တာမ်ဳိးေလးေတြ လုပ္တယ္။ ဒါေပမယ့္ ကိုဗစ္ကာလမွာေတာ့ ဒီဟုိတယ္လုပ္ငန္းေတြကလည္း ရပ္တန္႔သြားတယ္။ ေနာက္ၿပီးေတာ့ အစ္မ ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ထားတဲ့ သေဘၤာလုပ္ငန္း၊ Tourism Curise လုပ္ငန္းဟာဆိုရင္လည္း ၁ဝဝ ရာခိုင္ႏႈန္း ရပ္တန္႔သြားတယ္။ ဘာျဖစ္လို႔လဲ ဆိုရင္ေတာ့ ဘယ္သူမွ မလာၾကေတာ့လို႔ပဲ။ သေဘၤာခရီးစဥ္ဆိုတာကလည္း ေရေပၚမွာ သြားလာေနရတဲ့ ေရေပၚ က ဟိုတယ္လိုမ်ဳိးျဖစ္တဲ့အတြက္ ကုန္က်စရိတ္က အရမ္းကိုႀကီးတယ္။ အဲဒီလိုစရိတ္ႀကီးတာျဖစ္တဲ့အတြက္ Local ခရီးသြားလုပ္ငန္းမွာ River Curise ခရီးစဥ္ေတြကို အစ္မတို႔က ေရာင္းလို႔ လုံုးဝမျဖစ္ေတာ့ဘူး။ အဲဒီက် ေတာ့ အစ္မအေနနဲ႔တခ်ဳိ႕ဟာေတြကို ေရာင္းခ်တယ္၊ တခ်ဳိ႕ဟာေတြကို ဆိပ္ကမ္းမွာ ဒီတိုင္းထားတယ္။ ဒီသေဘၤာခရီးစဥ္ကိုေတာ့ ဇီးရိုးအထိ ရပ္တန္႔လိုက္တယ္။ ဟိုတယ္လုပ္ငန္းကိုေတာ့ အခုဆိုရင္ ၃၅ ရာခိုင္ႏႈန္း ကေန ၄ဝ ရာခိုင္ႏႈန္းေလာက္ထိေတာ့ ျပန္ဖြင့္ထားတယ္။ က်န္တာေတြကေတာ့ လံုးဝပိတ္ထားတယ္။ ခ်င္းျပည္နယ္ ဟုိတယ္ကေတာ့ လံုးဝရပ္တန္႔သြားတယ္။ ဒါ့အျပင္ အစ္မတို႔ ေကာ့ေသာင္းဘက္မွာ လုပ္ကိုင္တဲ့ ခရီးသြားအစီအစဥ္ေတြ၊ မေလးရွားတို႔၊ စင္ကာပူတို႔နဲ႔ခ်ိတ္ဆက္ထားတဲ့ တျခားႏိုင္ငံျခားသေဘၤာႀကီးေတြ ဝင္ဖို႔ခရီးစဥ္ေတြ အကုန္လံုးကိုလည္း ဇီးရိုးအထိ ရပ္တန္႔ထားတယ္။ ဒါေပမယ့္ အေျခအေနေပးတယ္ဆိုရင္ေတာ့ ျပန္စဖို႔အတြက္ အဲဒီလူေတြနဲ႔လည္း ျပန္ၿပီးေတာ့ဆက္သြယ္ေဆြးေႏြးတာေတြ ရွိေနၿပီ။ ၿပီးေတာ့ အထည္ခ်ဳပ္ လုပ္ငန္းက ေခတၱရပ္ဆိုင္းသြားတယ္။ အခုေတာ့ ျပန္ဖြင့္ေနၿပီ။ ဒါေပမယ့္လည္း အရင္က ၁ဝဝ ရာခိုင္ႏႈန္းအစား ၅ဝ ရာခိုင္ႏႈန္းေလာက္ပဲ ျပန္ဖြင့္ႏို္င္ေသးတယ္။ အဲဒီေတာ့ ရပ္တန္႔သြားတဲ့လုပ္ငန္း အားလံုးေပါင္းရင္ လုပ္ငန္း ၄ မ်ဳိးေလာက္ရွိတယ္။ ဟိုတယ္ရယ္၊ Water Bus ရယ္၊ ခရီးသြားကုမၸဏီရယ္၊ အထည္ခ်ဳပ္လုပ္ငန္းရယ္ေပါ့ေနာ္။ အခု အထည္ခ်ဳပ္လုပ္ငန္းကေတာ့ ျပန္စေနၿပီ။

ေမး ။ ။ အစ္မရဲ႕ရပ္လိုက္ရတဲ့လုပ္ငန္းေတြထဲမွာ တခ်ိဳ႕လုပ္ငန္းေတြဆိုရင္ ၾကားရတာ စိတ္လည္းမေကာင္းပါ ဘူး။ ဥပမာ- ထန္တလန္ဆိုရင္ ၾကားရတာ စိတ္မေကာင္းပါဘူး။ ထန္တလန္ဆို ၿမိဳ႕ပ်က္ႀကီးလိုျဖစ္သြားေတာ့ မ်က္လုံးထဲေျပးျမင္မိတာက အစ္မက ထန္တလန္မွာ စီးပြားေရးလုပ္ငန္းရွိတာပဲ၊ သူ႔လုပ္ငန္းေတြေတာ့ ကုန္ၿပီ ထင္တာပဲဆိုတာမ်ိဳး။ အဲဒီလိုပဲ စီးပြားေရးေပၚမွာ ဂယက္႐ိုက္မႈေတြ ႀကီးထြားသြားတာ ေတြ႕ရတယ္။ အစ္မဆို ပိုၿပီး ေတာ္ေတာ္ခံစားရမယ္ထင္ပါတယ္။ အဲဒီလိုအျဖစ္အပ်က္ေတြအေပၚ ဘယ္လိုမ်ားေျပာျပခ်င္လဲ။
ေျဖ ။ ။ ဟုတ္ပါတယ္။ အစ္မတို႔အေနနဲ႔ တကယ္တမ္းေျပာရမယ္ဆိုရင္ အစ္မရဲ႕စီးပြားေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ က ဒီလုပ္ငန္းအမ်ိဳးအစားေတြမွာ တခ်ိဳ႕က ရင္းႏွီးျမႇဳပ္ႏွံမႈနည္းနည္းနဲ႔လုပ္တဲ့ လုပ္ငန္းရွိတယ္။ အမ်ားႀကီးနဲ႔ လုပ္ တဲ့လုပ္ငန္းရွိတယ္။ အစ္မမွာက မ်ားေသာအားျဖင့္ (၇၅) ရာခိုင္ႏႈန္းေလာက္က ကိုယ့္ရဲ႕ Property ေတြ ရင္းႏွီးျမႇဳပ္ႏွံထားတာ အမ်ားႀကီးရွိတာေပါ့။ ဥပမာ- ခ်င္းျပည္နယ္ေဒသဆိုရင္ အစ္မမွာ ေမွ်ာ္လင့္ခ်က္ေတြ အမ်ား ႀကီးပဲ။ အေသးစိတ္ေလးက အစ၊ ဟိုတယ္ရဲ႕ Landscape က အစေပါ့။ အစ္မအေနနဲ႔ ကိုယ့္ရဲ႕စိတ္ကူးေလးနဲ႔ အမ်ားႀကီး ေသခ်ာပ်ိဳးေထာင္ၿပီးလုပ္ခဲ့တာေပါ့။ အဲဒါေတြအကုန္လုံးက အခုဆိုရင္ ဆုံးရႈံးမႈေတြအမ်ားႀကီးရွိတယ္။ ၿပီးရင္ ပင္လယ္ကမ္းေျခလုပ္ငန္းေတြေပါ့ေနာ္။ ေ႐ႊေသာင္ယံဘက္မွာလည္း ရင္းႏွီးျမႇဳပ္ႏွံထားတာေတြ၊ ေကာ့ေသာင္းဘက္မွာလည္း ရင္းႏွီးျမႇဳပ္ႏွံထားတာရွိတယ္။ အဲဒါေတြအကုန္လုံးက ဒီလုပ္ငန္းႀကီးတစ္ခုလုံး ရပ္တန႔္သြားတဲ့အတြက္ အဲဒါကေတာ့ အခုျဖစ္ေနတဲ့အေျခအေနေတြနဲ႔မဆိုင္ဘူး။ အစ္မတို႔ရင္းႏွီးျမႇဳပ္ႏွံတဲ့ ဝင္ေငြ မရွိတဲ့အခါက်ေတာ့ ဒီကဝင္ေငြနဲ႔ ျပန္ၿပီးခ်ဲ႕ထြင္ရမယ့္လုပ္ငန္းေတြကို ရပ္ပစ္လိုက္ရတဲ့အေျခအေနမ်ိဳး ရွိတယ္။ အဲဒီက်ေတာ့ အစ္မတို႔က ဘယ္လိုျဖစ္သြားလည္းဆိုေတာ့ Unseen ေပါ့။ ေရွ႕ကိုဘယ္လိုသြားရမလဲဆိုတဲ့ အေျခ အေနတစ္ခုျဖစ္ခဲ့တယ္။ ဒါေပမယ့္ အဲဒီအေျခအေနမွာ ကိုယ္ကအေျခအေနကို မသိရလို႔၊ Unseen ျဖစ္ေနလို႔။ ဘယ္လိုေျပာမလဲ စိတ္ဓာတ္က်ခဲ့လားဆိုေတာ့ အစ္မတို႔က သုညက စခဲ့တဲ့အေတြ႕အႀကဳံရယ္၊ ၿပီးေတာ့ ကိုယ္စခဲ့တဲ့အခ်ိန္မွာလည္း ပင္ပင္ပန္းပန္း ၾကမ္းၾကမ္းတမ္းတမ္းနဲ႔လုပ္ခဲ့ရတဲ့အတြက္ အစ္မအေနနဲ႔ကေတာ့ ခံႏိုင္ရည္ေတာ့ ေပ်ာက္သြားခဲ့တယ္။ အခုမွ ျပန္ရွိလာတာေပါ့။ တစ္ခ်ိန္တုန္းကေတာ့ ကိုဗစ္ကာလ၊ ကိုဗစ္ စျဖစ္တဲ့အခ်ိန္ကေန စၿပီးေတာ့ အခုျပန္မထူေထာင္ခင္ ကာလအပိုင္းအျခားတစ္ခုမွာ အစ္မေတာ္ေတာ္ေလး စိတ္ဓာတ္က်ခဲ့ဖူးတယ္။ အဲဒီလိုစိတ္ဓာတ္က်တဲ့အခ်ိန္မွာ အရင္တုန္းက တစ္ခါမွမျဖစ္ဖူးတဲ့ေရာဂါေတြေပါ့၊ ဥပမာ- ႏွလုံးနဲ႔ပတ္သက္တဲ့ သိပ္မေကာင္းေတာ့တဲ့အေျခအေနမ်ိဳးေတြက ျဖစ္လာတယ္။ ဘယ္ေလာက္ပဲ က်န္းမာေရးကိုေစာင့္ေရွာက္ေစာင့္‌ေရွာက္၊ အျပင္ပိုင္းမွာ ဘယ္ေလာက္ပဲၿပဳံးရယ္ေနေပမယ့္ ရင္ထဲမွာ ခံစားေနရ တဲ့အရာေတြက ေရာဂါျဖစ္လာတာေပါ့။ အဲဒီအခါက်ေတာ့ အဲဒါေတြကိုလြန္ေျမာက္ေအာင္ အစ္မႀကိဳးစားခဲ့ရ တယ္။ က်န္းမာေရး ေတာ္ေတာ္ေလးထိခိုက္သြားတယ္။ ဒီကိုဗစ္ကာလ အခ်ိန္အတြင္းမွာ။ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာေရာ ေတာ္ေတာ္ေလးထိခိုက္သြားတယ္။ စိတ္ပိုင္းဆိုင္ရာဆိုရင္ အစ္မအေနနဲ႔ အဓိကကေတာ့ ကိုယ့္႐ုံးေတြ အကုန္ပိတ္ခ်လိုက္ရတဲ့အခ်ိန္မွာ ကိုယ့္အနားမွာ ဝန္ထမ္းေတြလည္း မရွိေတာ့ဘူး။ ႐ုံးေတြကလည္း ျပန္ဖြင့္မယ့္အေျခအေန လုံးဝမျဖစ္ႏိုင္ဘူးေပါ့။ စီးပြားေရးေတြကလည္း ဟိုကထိခိုက္၊ ဒီကထိခိုက္နဲ႔ ရွိသမွ်ဟာ ေတြအကုန္လုံးက ဇီး႐ိုးျဖစ္လာတယ္။ အဲဒီအခ်ိန္မွာ အစ္မ ေနာက္တစ္ေန႔နံနက္ မိုးလင္းမွာကိုေတာင္ ေၾကာက္ လာတဲ့အေျခအေနမ်ိဳးေတြျဖစ္လာတယ္။ အဲဒီလိုအခ်ိန္မွာ သာမန္မိန္းကေလး၊ မိဘေတြ တင့္ေကာင္းတင့္ တယ္နဲ႔ ခ်မ္းသာတဲ့မိဘအသိုင္းအဝိုင္း၊ ေျပလည္တဲ့မိဘအသိုင္းအဝိုင္းနဲ႔ႀကီးျပင္းလာတဲ့ မိန္းကေလးမ်ိဳးဆိုရင္ ေက်ာ္ျဖတ္ဖို႔ေတာ္ေတာ္ေလးခက္လိမ့္မယ္။ ေတာ္ေတာ္ေလးကို ထိခိုက္သြားမယ္။ အစ္မအေနနဲ႔ေတာ့ ဟိုးငယ္ငယ္ေလးကတည္းကေန ဇီး႐ိုးကေန စခဲ့တယ္။ အရမ္းပင္ပင္ပန္းပန္းနဲ႔ စခဲ့တယ္ဆိုေတာ့ အစ္မအေနနဲ႔ ကိုယ့္ရဲ႕မိသားစု၊ ကိုယ့္သားေလးေတြ၊ ကိုယ့္အေမေတြကို ဒါေတြျပန္မ Share ဘူး။ ကိုယ့္ရဲ႕အပူေတြကို ေက်ာ္ ျဖတ္ၿပီးမွ ေျပာျပတယ္။ ဒီလိုေက်ာ္ျဖတ္ခဲ့တယ္ဆိုတဲ့ သူတို႔အတြက္ သခၤါန္းစာတစ္ခုေပးႏိုင္တဲ့ဟာေပါ့ အဲဒီလိုမ်ိဳး လုပ္တယ္။ ဒါေပမယ့္ အစ္မ အရမ္းကိုခံစားခဲ့၊ က်ရႈံးေနတဲ့အခ်ိန္မွာေတာင္မွ အစ္မေတြးမိတာ တစ္ခုရွိတယ္။ အဲဒါကဘာလဲဆိုေတာ့ အစ္မတို႔ေတြ အရင္က Motivation Speaker အေနနဲ႔ ရပ္တည္ခဲ့တယ္။ အစ္မတို႔ရဲ႕ မေကာင္းတဲ့၊ ဆိုးဝါးလွတဲ့ Dark Side က အျဖစ္အပ်က္ေတြအကုန္လုံးကို ဥပမာေပးၿပီးေတာ့ အမ်ိဳးသမီးေတြ၊ လူငယ္ေတြကို အေတြ႕အႀကဳံေတြ မွ်ေဝခဲ့တယ္။ ဆိုေတာ့ အခုအခ်ိန္မွာလည္း ကိုယ္ျဖစ္ခဲ့တဲ့၊ ၿပိဳလဲခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို၊ အဲဒီျဖစ္ေနတဲ့အခ်ိန္မွာေတာင္မွ ငါက တစ္ေန႔မွာ ဒါကိုရေအာင္ေက်ာ္ျဖတ္မယ္။ ရေအာင္ေက်ာ္ျဖတ္လို႔ ဒါကိုေက်ာ္သြားၿပီဆိုရင္ ဘယ္လိုပုံစံေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတဲ့အေတြ႕အႀကဳံေတြကို ကိုယ့္ရဲ႕ေနာက္က Generation ေတြကို ဆက္ၿပီးေတာ့ မွ်ေဝေပးခ်င္တယ္။ အခုဆိုရင္ အစ္မအေနနဲ႔ စိတ္မေကာင္းစရာေတြအမ်ားႀကီးရွိပါတယ္။ အစ္မအေနနဲ႔က တခ်ိဳ႕လူငယ္ေတြကိုလည္း ေကာင္းေစခ်င္တယ္။ အလုပ္အကိုင္တည္တည္တံ့တံ့နဲ႔၊ International မွာ ကေမာၻဒီးယားတို႔၊ ထိုင္းတို႔မွာ လူငယ္ေတြအမ်ားႀကီးနဲ႔ အစ္မေတြ႕ခဲ့တယ္။ လူငယ္ေတြအမ်ားႀကီးပဲ အစ္မဆီလာၾကတယ္။ အစ္မဆီမွာ အလုပ္ေလွ်ာက္ၾကတယ္။ အစ္မတို႔စီးပြားေရးေတြ ျပန္စမယ္ဆိုရင္ သူတို႔ေတြ ဘယ္လိုပုံစံနဲ႔ အစ္မတို႔နဲ႔လက္တြဲလို႔ရလဲဆိုတာမ်ိဳး၊ အဲဒီ လူငယ္ေတြကိုအစ္မၾကည့္ရင္းနဲ႔ အစ္မတို႔ျမန္မာျပည္က လူငယ္ေလးေတြမ်က္ႏွာကို အစ္မျမင္ေယာင္တယ္။ အဲဒီက်ေတာ့ ဒီကေလးေတြအေပၚမွာ ၾကက္သီးထေလာက္ေအာင္ အားက်တယ္။ ဟာ.. ဒီကေလးေတြ တအား ႀကိဳးစားေနၾကပါလား။ သူတို႔အသက္အ႐ြယ္မွာ၊ သူတို႔ကိုယ္သူတို႔ အသက္ (၂၅) အ႐ြယ္ကိုေတာင္မွ ေနာက္က် ေနၿပီထင္တာ။ အသက္ (၂၅) မွာ သူတို႔ရွိေနတဲ့အေျခအေနက အစ္မတို႔ႏိုင္ငံက အသက္ (၂၅) အ႐ြယ္ လူငယ္ ေတြထက္ အမ်ားႀကီးသာတယ္။ ဒါကိုေတာင္မွ သူတို႔ကိုယ္သူတို႔ အမ်ားႀကီးေနာက္က်ေနတယ္လို႔ ခံစားေနၾက ရင္ အစ္မတို႔ႏိုင္ငံမွာ အမ်ားႀကီးေနာက္က်ေနတဲ့ကေလးေတြ အမ်ားႀကီးရွိတယ္။ အဲဒီက်ေတာ့ အစ္မအေနနဲ႔က ကေလးေတြအကုန္လုံးကို ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္၊ ဘယ္သူပဲအုပ္ခ်ဳပ္အုပ္ခ်ဳပ္ ကိုယ့္ရဲ႕ရပိုင္ခြင့္ကို ေရးခ်ပါ။ တစ္ျခားႏိုင္ငံေတြမွာ လူငယ္ေတြရေနတဲ့ ရပိုင္ခြင့္အခြင့္အေရးေတြအားလုံးကို ဒီကလူငယ္ေတြကို လည္း ကိုယ့္ရဲ႕ရပိုင္ခြင့္ကိုေရးၿပီး ဘယ္ရပိုင္ခြင့္ကို ငါတို႔က သူမ်ားႏိုင္ငံနဲ႔တန္းတူ မရေသးဘူးလဲဆိုတာ ေရးၿပီး ေတာ့ အဲဒီရပိုင္ခြင့္ အခြင့္အေရးေတြကို Gentlemen ဆန္ဆန္၊ Smart ျဖစ္ျဖစ္နဲ႔ စားပြဲေပၚမွာ ေတာင္းစမ္းပါ။ သူတို႔မေတာင္းရင္ အစ္မတို႔ေရွ႕ကေနၿပီးေတာ့ စားပြဲေပၚမွာ သူတို႔ရဲ႕ရပိုင္ခြင့္ေတြ၊ International ရႏိုင္တဲ့ အလုပ္အကိုင္၊ အခြင့္အလမ္းေတြ၊ ဒါေတြအစ္မတို႔အေရွ႕ကေန ဒီလို Motivation Speaker ေတြ၊ အစ္မတို႔လို လုပ္ေနတဲ့ Responsible Business လုပ္ေနတဲ့လုပ္ငန္းရွင္ေတြက ကူညီမွာပဲ။ အစ္မက အဲဒီလိုျဖစ္ေစခ်င္တယ္။ သူတို႔ကိုၾကည့္ရင္းနဲ႔ ကိုယ့္ဆီက လူငယ္ေတြကို ျမင္ေယာင္လာတယ္။ သူတို႔ရဲ႕အခ်ိန္ေလးေတြ ကုန္သြားမွာ အရမ္းစိုးရိမ္တယ္။ အဲဒါေၾကာင့္ အစ္မအေနနဲ႔ ဆြဲေခၚခ်င္တယ္။ သူတို႔ကို စားပြဲေပၚလာၿပီး သူတို႔ရဲ႕ အရည္ အခ်င္းေတြကို ေျပာင္ေျမာက္ေအာင္ ကူညီေပးခ်င္တယ္။ အစ္မအေနနဲ႔ ဒီႏိုင္ငံမွာရွိတဲ့လူငယ္ေတြကို စဥ္းစား လိုက္တယ္။ ငါ ဒီႏိုင္ငံမွာလုပ္ၿပီးေတာ့ ဒီႏိုင္ငံကလူငယ္ေတြကို ငါမခန႔္ဘူး။ ငါ့ႏိုင္ငံက လူငယ္တစ္ဝက္ေလာက္ ေတာ့ ငါေခၚမယ္ေပါ့ေနာ္။ အစ္မတတ္ႏိုင္သေလာက္ လုပ္ေပးတယ္။ အခုအစ္မက ဟန္ေဂရီ ေကာင္စစ္ဝန္အေန နဲ႔ ရွိေနတုန္းပဲ။ အၿမဲတမ္းလည္း ရွိေနမွာပဲ။ ဟန္ေဂရီႏိုင္ငံက အစ္မကိုအရမ္းယုံၾကည္တယ္။ အခု Scholarship အေယာက္(၃ဝ) ေခၚတယ္။ အစ္မတတ္ႏိုင္တဲ့ဘက္က ကူညီေပးတယ္။ တခ်ိဳ႕ေတြလည္းရတယ္။ တခ်ိဳ႕ေတြ လည္း မရဘူး။ ဒါေပမယ့္ အေယာက္ (၃ဝ) ျပည့္ေအာင္ေတာ့ ရတယ္။ ဆိုေတာ့ အမ်ားႀကီးပဲ လူ (၂ဝဝ) ေလာက္ ေလွ်ာက္တဲ့အထဲမွာ လူ (၁၇ဝ) လုံး ျပဳတ္သြားတယ္။ ဒါေပမယ့္ ကေလးေလးေတြ အစ္မဆီအမ်ားႀကီးပဲ ေလွ်ာက္ၾကတယ္။ အဲဒီအထဲမွာ အစ္မလုပ္ေပးႏိုင္တာ အေယာက္ (၃ဝ) ပဲရွိတယ္။ ဒါေပမယ့္ ဒီကေလးေတြ အတြက္ Opportunity ရွာေပးအံုးမွာ။ ႏိုင္ငံတကာနဲ႔ခ်ိတ္ၿပီးေတာ့ သူတို႔ကိုဘယ္လိုလုပ္လို႔ရလဲ။ အစ္မဆီမွာ သူတို႔ရဲ႕ CV အမ်ားႀကီးရွိတယ္။ အစ္မတတ္ႏိုင္သေလာက္လုပ္ေပးမွာ။ အစ္မခ်မ္းသာဖို႔အတြက္ အစ္မအရင္ မေတြးဘူး။ အစ္မအေနနဲ႔ ေတာ္႐ုံ ထမင္းဝ႐ုံ၊ အစ္မအေနနဲ႔ လုပ္ငန္းလုပ္ေနတဲ့အခါမွာ ၾကန႔္ၾကာေနတဲ့၊ ကိုယ့္ရဲ႕ သိကၡာေတြ ထိခိုက္လာႏိုင္တဲ့ကိစၥမ်ိဳးေတြကိုေျဖရွင္းေနရတဲ့အခ်ိန္မွာ ဒီလူငယ္ေတြအတြက္လည္း ပူးေပါင္းၿပီး ေတာ့ တြဲၿပီးေတာ့ သူတို႔တိုးတက္ဖို႔အတြက္ အစ္မလုပ္သြားခ်င္တယ္။ အဲဒီက်ေတာ့ အစ္မတို႔အေနနဲ႔ ဒီအခ်ိန္မွာ ၿငိမ္ၿပီးေတာ့ ေနေနမွာလား။ ကိုယ္လုပ္လို႔ရတဲ့အေျခအေန ဘယ္လိုအေျခအေနရွိလဲ။ ရွိတဲ့အေျခအေန တစ္ခုကို ေတာ့ အစ္မကလုပ္သြားမွာပဲ။ အဲဒီေတာ့ ဒီလုပ္သြားတယ္ဆိုတဲ့အေျခအေနမွာ အစ္မမွာ ဘာအေရာင္မွ မရွိဘူး။ နဂိုကတည္းက လူငယ္ေတြကို Motivation Speaker တစ္ေယာက္အေနနဲ႔ အစ္မလုပ္ခဲ့တယ္။ အစ္မလုပ္ႏိုင္တဲ့ ႏိုင္ငံတကာမွာ အလုပ္လုပ္ဖို႔၊ ႏိုင္ငံတကာမွာ ပညာသင္ဖို႔၊ ဒီကိစၥေတြ အစ္မလုပ္ေပးႏိုင္တယ္။ အဲဒါေၾကာင့္ ဒီကိစၥေတြကိုေတာ့ အစ္မဆက္လုပ္သြားမွာပဲ။ အစ္မအခု ဆက္ခ်ဲ႕ထြင္ေနတဲ့လုပ္ငန္းေတြဆိုရင္လည္း အခု စိုက္ပ်ိဳးေရးဆိုရင္ ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ထားတယ္။ ျမန္မာျပည္မွာရွိတဲ့ Agriculture wave ေတြ အကုန္လုံးကို အစ္မတို႔ ဒီကေနၿပီးေတာ့ Fertilizer (ေျမၾသဇာ) ျပန္ထုတ္တာတို႔၊ တိရစာၦန္အစာ ျပန္ထုတ္တာတို႔၊ ဒီလုပ္ငန္း ေတြကိုလည္း အစ္မတို႔ ႏိုင္ငံျခားကေနခ်ိတ္ၿပီးေတာ့ ျပန္ဝယ္ယူဖို႔၊ သူတို႔ႏိုင္ငံ Investment လုပ္ဖို႔ အစ္မတို႔မွာ အမ်ားႀကီးရွိတယ္။ အဲဒီက်ေတာ့ ဒီလုပ္ငန္ေတြမွာ ေတာင္သူဦးႀကီးေတြ၊ လယ္သမားေတြ၊ ဘာလုပ္ရမွန္းမသိ၊ ပစၥည္းေတြပုပ္သိုးသြားတယ္။ ေနာက္တစ္ေန႔မွာ တ႐ုတ္ျပည္က မဝယ္လို႔၊ ထိုင္းက မဝယ္လို႔ သူတို႔မွာ အခက္ အခဲေတြ အမ်ားႀကီးရွိတယ္။ ဒါေတြအားလုံးကို အစ္မတို႔ ကူညီေျဖရွင္းေပးခ်င္တယ္။ အဲဒီက်ေတာ့ အစ္မအေနနဲ႔ ဟုတ္ၿပီ ဒီ Wave ျဖစ္သြားတဲ့ဟာေတြကို အစ္မတို႔ ဘယ္လိုအသုံးခ်လို႔ရမလဲ။ ဒီနည္းပညာ၊ နည္းပညာရွိပါၿပီတဲ့ သူတို႔က ထုတ္ဖို႔ပိုက္ဆံမရွိဘူး။ အဲဒီပိုက္ဆံေတြကို ဘယ္လိုဖန္တီးေပးရမလဲ။ အစ္မထုတ္ေပးစရာမလိုဘဲနဲ႔ ႏိုင္ငံတကာရဲ႕အကူအညီနဲ႔ ဘယ္လိုလုပ္ေပးမလဲ။ အစ္မ အခုေလာေလာဆယ္ RBF ( Responsible Business Farm ) ဆိုတဲ့ ဒိန္းမတ္ႏိုင္ငံရဲ႕ဖန္တီးေပးတဲ့အဖြဲ႕မွာ အစ္မက ဒါ႐ိုက္တာအေနနဲ႔ လုပ္ေနတယ္။ Board of Director အေနနဲ႔ ေ႐ြးခ်ယ္ေရးအပိုင္းမွာ လုပ္ေနတယ္။ အစ္မတို႔ လူေပါင္း (၂) ေထာင္ေက်ာ္ေလာက္ ေ႐ြးခ်ယ္ ၿပီးသြားၿပီ။ ဆိုေတာ့ လူေပါင္း(၂) ေထာင္ေက်ာ္ကို အစ္မတို႔ ေငြေတြခ်ေပးၿပီးသြားၿပီ။ ဆိုေတာ့ ေနာက္ထပ္ လူေတြရဖို႔ကိစၥ အစ္မႀကိဳးစားလို႔ရတယ္။ ဆိုေတာ့ ဒီကိစၥေတြလည္း အစ္မ ဆက္လုပ္သြားမယ္။ ၿပီးေတာ့ ဒီအခ်ိန္မွာ အစ္မအေနနဲ႔လုပ္ႏိုင္တဲ့ေနရာကေနၿပီးေတာ့ တိုင္းျပည္အတြက္ ျပည္သူေတြအတြက္ လုပ္သြားမယ္။ ငါ့ရဲ႕စီးပြားေရးအတြက္လည္း ျပန္လည္ထူေထာင္မယ္။ က်ရႈံးခဲ့တဲ့ကာလတုန္းက လုံးဝၿပိဳပ်က္လဲက်ခဲ့တဲ့ အရာ ေတြအကုန္လုံးကို Lesson တစ္ခုအေနနဲ႔ ပီပီျပင္ျပင္ ပုံရိပ္တစ္ခုကိုဖန္တီးၿပီးေတာ့ ေနာက္ထပ္လူေတြ Motivation ျဖစ္ေစဖို႔ ဒီ Lesson ေတြကိုေျပာျပၿပီးေတာ့ ဘယ္လိုေက်ာ္ျဖတ္လဲဆိုတာ သူတို႔ကိုျပန္ၿပီးေတာ့ တစ္ေန႔က်ရင္ Share မွာပါ။ အခုေတာ့ ေနေကာင္းသြားၿပီလို႔ ေျပာလို႔ရတာေပါ့။

ေမး ။ ။ ၿပီးခဲ့တဲ့ရက္ပိုင္းက အစ္မ ကေမာၻဒီးယားသြားခဲ့တယ္။ သြားခဲ့တဲ့အေတြ႕အႀကဳံေလးေျပာျပပါဦး။ ေျပာရ ရင္ေတာ့ ဘာသြားလုပ္တာလဲေပါ့။
ေျဖ ။ ။ ကေမာၻဒီးယားက်ေတာ့ အစ္မတို႔က အရင္တုန္းက Water Bus စလုပ္တုန္းတဲ့အခ်ိန္ကတည္းက ေနၿပီးေတာ့ ထိုင္းႏိုင္ငံ၊ ေက်ာက္ဖုရား Raver က Water Taxi ဥကၠ႒က အစ္မတို႔ဆီ လာ Join တယ္။ ၿပီးေတာ့ အဲဒီက သေဘၤာေဆာက္လုပ္တဲ့လူေတြ ထိုင္းႏိုင္ငံကလူေတြ အစ္မဆီ လာ Join တယ္။ အဲဒီကေနၿပီးေတာ့ ဆက္စပ္တဲ့ ကေမာၻဒီးယားႏိုင္ငံကလူေတြကလည္း အစ္မဆီလာၿပီးေတာ့ ကိုဗစ္ကာလမွာ အစ္မတို႔ Zoom Meeting ေတြ အမ်ားႀကီးလုပ္ခဲ့တယ္။ Zoom Meeting ေတြ အမ်ားႀကီးလုပ္ၿပီး အစ္မတို႔ Meeting ေပါင္း (၂၇) ႀကိမ္ေလာက္လုပ္တယ္။ (၂၇) ႀကိမ္ေလာက္လုပ္ၿပီးတဲ့အခ်ိန္မွာ ဘာေတြ႕လာလဲဆိုေတာ့ သူတို႔ကေျပာတယ္ မဲေခါင္ျမစ္ႀကီးက ငါတို႔အာရွရဲ႕အသက္ေသြးေၾကာပဲ။ အဲဒီက်တာ့ ဒီမဲေခါင္ျမစ္ႀကီးေပၚမွာ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္တဲ့ River Cruise လုပ္ငန္းကို ငါတို႔ႏိုင္ငံ သုံး၊ ေလးႏိုင္ငံက မွ်ၿပီးေတာ့ ခံစားလို႔ရတယ္။ နင္တို႔လို အေတြ႕အႀကဳံရွိတဲ့လူေတြ၊ သေဘၤာလုပ္ငန္းကြၽမ္းက်င္တဲ့လူေတြ၊ ႏိုင္ငံတကာမွာ ေအးဂ်င့္ေပါင္းမ်ားစြာနဲ႔ ခ်ိတ္ဆက္ထားတဲ့လူေတြကို ငါတို႔ဖိတ္ေခၚတယ္ဆိုၿပီး ကေမာၻဒီးယားက အစ္မကို ေျပာတယ္။ အဲဒီအခ်ိန္မွာ အစ္မတို႔က ထန္းသီးေႂကြခိုက္၊ က်ီးနင္းခိုက္ လိုမ်ိဳးေပါ့။ အဲဒီလိုျဖစ္တဲ့အေျခအေနမ်ိဳးျဖစ္သြားတယ္။ အစ္မ အခက္အခဲျဖစ္ေနတဲ့အခ်ိန္မွာ သူတို႔ဘက္က အဲဒီ Opportunities တစ္ခုကိုေပးတဲ့အခါမွာ အစ္မသူတို႔ကို ျပတ္ျပတ္သားသားေမးတယ္။ ငါလာလုပ္ရင္ နင္တို႔က ငါ့ကို ခြင့္ျပဳမွာလား၊ ငါလာလုပ္တဲ့အခါမွာ Investment ကို နင္တို႔ဘက္က ဘယ္လိုမ်ိဳး Support လုပ္ႏိုင္မလဲ။ ငါတို႔ကေတာ့ သူ႔ရဲ႕ ထိုက္သင့္တဲ့အရာတစ္ခုကို Properties အေနနဲ႔ ယူေဆာင္လာၿပီး‌ေတာ့ သူတို႔ရဲ႕အေျခအေနနဲ႔၊ သူတို႔ရဲ႕ Supporting နဲ႔ ပူးေပါင္းၿပီးေတာ့ လုပ္လို႔ရမလဲဆိုေတာ့ ကိုဗစ္ကာလေတာက္ေလွ်ာက္ အစ္မတို႔ဖန္တီးၾကတာေပါ့ေနာ္။ ၿပီးခဲ့တဲ့အပတ္ကပဲ အစ္မတို႔ MOU ထိုးဖို႔ အားလုံးသေဘာတူၾကတယ္။ ပထမ အစ္မသြားတုန္းကေတာ့ မဲေခါင္ျမစ္ေပၚမွာ အစ္မရဲ႕ သေဘၤာတစ္ခုတည္း မဟုတ္ဘဲနဲ႔ ရပ္တန႔္ေနတဲ့ အစ္မရဲ႕သေဘၤာလုပ္ငန္းရွင္ေတြအကုန္လုံးကို အစ္မ ဆက္သြယ္တယ္။ ဧရာဝတီအေပၚမွာ ရပ္ေနတဲ့သေဘၤာေတြ အမ်ားႀကီးရွိတယ္။ ဒီသေဘၤာလုပ္ငန္းရွင္ေတြထဲက သုံး၊ ေလးေယာက္ေလာက္ ေ႐ြးခ်ယ္ၿပီးေတာ့ ကြၽန္မနဲ႔လာပူးေပါင္း၊ ကြၽန္မတို႔ ကေမာၻဒီးယားမွာ သြားဆြဲမယ္၊ အစ္မတစ္စင္းတည္းနဲ႔လည္း ဆြဲလို႔မရဘူး။ အစ္မတစ္ေယာက္တည္းနဲ႔လည္း ဆြဲလို႔မရဘူး။ အဲဒီက်ေတာ့ လုပ္ခ်င္တဲ့လုပ္ငန္းရွင္ေတြကို အစ္မအေနနဲ႔ လာဆြဲေခၚလိုက္တယ္။ ၿပီးေတာ့ ဟိုဖက္မွာ ခ်ိတ္ဆက္လိုက္တယ္။ ၿပီးရင္ေတာ့ အဲဒီအနားအနီးတဝိုက္ ႏိုင္ငံေလးေတြ ထိုင္းရွိမယ္၊ လာအိုရွိမယ္၊ ျမန္မာရွိမယ္ အဲဒီအနား တစ္ဝိုက္ေပါ့။ ဘယ္အပိုင္းနဲ႔၊ ဘယ္အပိုင္းနဲ႔ တစ္ခ်ိဳ႕ေတြက တစ္ဆက္တည္းဆြဲလို႔ မရတာေတြရွိတယ္။ အပိုင္းအပိုင္းေလးေတြျဖတ္ၿပီး ဆြဲလို႔ရတာေတြရွိတယ္။ အဲဒီမွာ အစ္မတို႔က ဟိုႏိုင္ငံက ခရီးသြားလုပ္ငန္း ကြၽမ္းက်င္တဲ့လူေတြနဲ႔ ေပါင္းၿပီးေတာ့ River Cruise Program အႀကီးႀကီးကို World Wide(ကမာၻအႏွံ႔) ေရာင္း တာ။ တစ္ကမာၻလုံးကိုေရာင္းဖို႔အတြက္ အစ္မတို႔ဖန္တီးလိုက္တယ္။ ဖန္တီးၿပီးေတာ့ ဒီဟာေတြအတြက္ ခြင့္ျပဳ ခ်က္ေတြ သြားယူလိုက္တယ္ေပါ့။ အစည္းအေဝးေတြအားလုံးကလည္း ေအာင္ျမင္ခဲ့တယ္။ ခ်ိတ္ဆက္လုပ္ ေဆာင္တာေတြကလည္း အားလုံးေအာင္ျမင္ခဲ့တယ္။ အဲဒီက်ေတာ့ အစ္မက အဲဒီမွာ မဲေခါင္ျမစ္တစ္ခုတည္းမွာပဲ ဆြဲမွာလားဆိုေတာ့ ဒါ့အျပင္ အစ္မက Water Bus လုပ္တဲ့အတြက္ သူတို႔ဆီက Water Taxi ေတြက သေဘၤာ ေလး (၂) စင္းတည္းနဲ႔ အစိုးရက ေျပးဆြဲေနတယ္။ သူတို႔ Private Company ကလည္း မေအာင္ျမင္ဘူး။ သူတို႔မွာ အားသာခ်က္က အစ္မတို႔ႏိုင္ငံထက္ (၁ဝ) ဆ ရွိတယ္။ ဘာလဲဆိုေတာ့ ေနာင္ပိန္လို႔ေခၚတဲ့ ဖႏြမ္းပင္ ေပါ့၊ ဖႏြမ္းပင္ၿမိဳ႕ႀကီးက အစ္မတို႔ လန္ဒန္မွာလို႔ပဲ ျမစ္ႀကီးက ၿမိဳ႕ႀကီးရဲ႕အလယ္မွာ ရွိသလို႔ပဲ၊ သူတို႔ရဲ႕ တြန္ေလဆပ္ ဆိုတဲ့ျမစ္ႀကီးက ၿမိဳ႕ႀကီးရဲ႕အလယ္မွာရွိတယ္။ အဲဒီလိုမ်ိဳးအေျခအေန၊ အစ္မတို႔ ငမိုးရိပ္လိုပဲ။ အစ္မ တို႔ ငမိုရိပ္ကလည္း အဲဒီလိုလုပ္လို႔ရတယ္။ တကယ္လို႔အစ္မတို႔က ဆက္စပ္လုပ္ေဆာင္လို႔ရတယ္ဆိုရင္ ငမိုးရိပ္ျမစ္ေၾကာင္းတစ္ေလွ်ာက္လုံးကိုလည္း ဖႏြမ္းပင္ရဲ႕ျမစ္ေၾကာင္းလို လုပ္ေဆာင္လို႔ရတာေတြရွိတယ္။ အစ္မ မွာ အဲဒီအေတြ႕အႀကဳံေတြရွိတယ္။ အဲဒါေတြလည္း အစ္မက ၁ဝဝ ရာခိုင္ႏႈန္း လုပ္ေပးႏိုင္တယ္ ဖြံ႕ၿဖိဳးတိုးတက္ ေအာင္။ ဒါေပမယ့္ ျမန္မာျပည္မွာက သိတဲ့အတိုင္းပဲ အဆင္မေျပတဲ့အခါက်ေတာ့ အစ္မတို႔အရင္ အစိုးရ လက္ထက္ကတည္းက လုပ္လို႔မရ၊ ေရွ႕တိုးလို႔မရတဲ့အေျခအေနေတြ အမ်ားႀကီးျဖစ္ခဲ့တာေပါ့။ အခုကေတာ့ ေရွ႕ဆက္တိုးဖို႔ အစ္မမွာေတာ့ ရွိတယ္။ အခုလတ္တေလာမွာေတာ့ ကေမာၻဒီးယားမွာ ဆြဲဖို႔လုပ္ေနတယ္ေပါ့။ အဲဒီေတာ့ Water Taxi ကို သူတို႔ဆီက Local လုပ္ငန္းရွင္ရယ္၊ အစိုးရရယ္၊ အစ္မရယ္ သုံးေယာက္ပူးေပါင္းၿပီး ဆြဲဖို႔ စေနၿပီေပါ့။ အခုေလာေလာဆယ္ေတာ့ အစ္မက MOU ထိုးခဲ့တယ္။ ၿပီးေတာ့ လာမယ့္ လအနည္းငယ္ အတြင္းမွာ၊ လာမယ့္ ပြင့္လင္းရာသီမတိုင္ခင္ေပါ့၊ အစ္မတို႔အားလုံး လုပ္စရာရွိတာေတြ လုပ္ေဆာင္ေနတယ္။ ၿပီးရင္ ပြင့္လင္းရာသီက်ရင္ေတာ့ Opening တစ္ခု လုပ္မွာေပါ့။ အဲဒီအခ်ိန္က်ရင္ အစ္မက ဒီ Water Bus နဲ႔ ပတ္သက္တဲ့ Operation ဟာဆိုရင္ ၿမိဳ႕တစ္ၿမိဳ႕ခ်င္းဆီမွာ ကြဲေနတဲ့အတြက္ အစ္မအေနနဲ႔ Asia မွာ ႏိုင္ငံတစ္ခု အေနနဲ႔မဟုတ္ဘဲနဲ႔ တျခားႏိုင္ငံေတြနဲ႔ ပူးေပါင္းၿပီးလုပ္ေဆာင္သြားဖို႔ အစ္မမွာ အိပ္မက္ေတြအမ်ားႀကီးရွိတယ္။ အခုေလာေလာဆယ္ေတာ့ ပထမေျခလွမ္းအေနနဲ႔ ဒီႏိုင္ငံနဲ႔သြားတယ္။ ၿပီးရင္ ထိုင္းႏိုင္ငံနဲ႔ခ်ိတ္ဆက္မယ္၊ ၿပီးေတာ့ ေနာက္ထပ္ႏိုင္ငံေတြနဲ႔ ခ်ိတ္ဆက္လို႔ရတဲ့ႏိုင္ငံေတြရွိေသးတယ္။ အစ္မအဲဒီလိုဆက္သြားမယ္ေပါ့။ ကိုယ့္ရဲ႕လုပ္ငန္းကို ျပည္တြင္းမွာပဲ ၿငိမ္သက္မေနေတာ့ဘဲနဲ႔ Asia တစ္ခုလုံးကို ျဖန႔္က်က္မယ္ေပါ့။ အခ်ိဳ႕ လုပ္ငန္းေတြကေတာ့ ကေနဒါက အဖြဲ႕ေတြနဲ႔ခ်ိတ္ဆက္ထားတယ္။ အဲဒီက်ေတာ့ ခရီးသြားလုပ္ငန္းေရာ၊ ေရေၾကာင္းလုပ္ငန္းေရာ ျမန္မာျပည္ထဲမွာလုပ္လို႔မရရင္ အျခားႏိုင္ငံမွာ သြားလုပ္မယ္ဆိုတဲ့ အစီအစဥ္ေတြ ကေတာ့ ရွိတယ္။ အခုကေတာ့ လုပ္ေဆာင္ေနတဲ့ မဲေခါင္ျမစ္ရဲ႕ Tourism river cruise လုပ္ငန္းေတြနဲ႔ ေနာင္ပိန္ေပါ့.. PP Water Bus ေပါ့၊ ဒီမွာေတာ့ Yangon Water Bus ေပါ့၊ သူကေတာ့ PP Water Taxi ဆိုၿပီးေတာ့ စလုပ္ဖို႔၊ လာမယ့္ပြင့္လင္းရာသီမွာ စတင္လုပ္ေဆာင္ဖို႔အတြက္ အစ္မတို႔အားလုံးစီစဥ္ေနတယ္။ အဲဒါၿပီးရင္ေတာ့ တျခားႏိုင္ငံေတြ ဆက္သြားမွာေပါ့။

ေမး ။ ။ အစ္မအေနနဲ႔ ကေမာၻဒီးယားမွာ သြားဆြဲဖို႔ကိစၥေတြက ျဖစ္လာၿပီဆိုေတာ့ ေအာင္ျမင္ႏိုင္ေျခေရာ တြက္ခ်က္ၿပီးၿပီလား၊ ဘယ္ေလာက္ထိ ျဖစ္ႏိုင္ေခ်ရွိမလဲ၊ ဒီကအေတြ႕အႀကဳံေတြကို ဘယ္ေလာက္ထိ ယူသြားၿပီး ေတာ့ ဟိုဘက္မွာလုပ္မယ္လို႔ စဥ္းစားထားလဲ။
ေျဖ ။ ။ ဟိုမွာက အားသာခ်က္ကဘာလဲဆိုေတာ့ ၿမိဳ႕တစ္ၿမိဳ႕လုံးက ဘယ္လိုေခၚမလဲ.. သူတို႔က အစ္မတို႔ Water Bus နဲ႔ ၅ မိနစ္ေျပးဆြဲရမယ့္ေနရာကို သူတို႔က ၁ နာရီေလာက္သြားရတယ္။ တစ္နာရီေလာက္ပတ္ၿပီ သြားရေတာ့ Traffic ကလည္း အရမ္းမ်ားတယ္။ လူေတြကလည္းအရမ္းမ်ားတယ္။ သူတို႔ရဲ႕ေလထုညစ္ညမ္းမႈ ေတြကလည္း အမ်ားႀကီးပဲ။ အဲဒီလိုအေျခအေနမ်ိဳးေတြနဲ႔ သူတို႔ဘက္မွာ ေတာ္ေတာ္ေလးကို Global Warming နဲ႔ပတ္သက္ၿပီး Challenge ျဖစ္ေနတယ္။ အဲဒီက်ေတာ့ သူတို႔ကို ကမာၻတစ္ဝန္းလုံးက ေစာင့္ၾကည့္ေနၾကတယ္။ အဲဒီက်ေတာ့ သူတို႔ေတြက အစ္မတို႔ရဲ႕ ဒီ Eco Friendly Operation အေနနဲ႔ ျပန္ဆြဲလိုက္တယ္။ အစ္မတို႔ အခု လုပ္တာဆိုရင္ Environment နဲ႔ပါ ခ်ိတ္ဆက္ထားတဲ့အပိုင္းေတြရွိတယ္။ အဲဒီက်ေတာ့ နံပါတ္ (၁) အခ်က္က သူတို႔ရဲ႕ျမစ္ႀကီးက ၿမိဳ႕အလယ္မွာရွိတယ္၊ သူတို႔ရဲ႕လိုအပ္ခ်က္ျဖစ္တယ္။ ၿပီး‌ေတာ့ သူတို႔မွာရွိတဲ့ Jetty (ဆိပ္ခံတံတား) ေတြကလည္း အဆင္သင့္ပဲ ရွိတယ္။ ဒါေပမယ့္ အခု Jetty(ဆိပ္ခံတံတား) ေတြကလည္း ရပ္နား ထားတယ္။ အဲဒီေတာ့ Jetty(ဆိပ္ခံတံတား) ေတြကလည္း အဆင္သင့္၊ သူတို႔ႏိုင္ငံက လူေတြကလည္း ထိုင္း ႏိုင္ငံက လူေတြလို႔ပဲ မိုးလင္းတာနဲ႔ Water Taxi စီးၿပီးသြားဖို႔အတြက္ သူတို႔က ဝန္မေလးဘူး။ မစိမ္းဘူးေပါ့။ အစ္မတို႔ႏိုင္ငံမွာဆိုရင္ စဆြဲတုန္းက ေၾကာက္တဲ့လူေတြ အမ်ားႀကီးရွိတယ္။ အစ္မတို႔ ေရနဲ႔ မိတ္ဆက္ရတယ္။ သူတို႔ႏိုင္ငံမွာက် ေရနဲ႔မိတ္ဆက္စရာ မလိုဘူး။ ဒီလမ္းေၾကာင္းကိုသြားခ်င္တဲ့လူေတြက တစ္ပုံႀကီးရွိတယ္။ အခု လည္း သူတို႔ေျပးဆြဲေနတယ္။ သူတို႔ေျပးဆြဲတာက ႏွစ္ေနရာေလာက္ပဲေျပးဆြဲေသးတယ္။ ေနာက္ၿပီး Operation ပိုင္းကလည္း သိပ္ၿပီးေခတ္မမွီတာေတြရွိတယ္။ အစ္မတို႔ရဲ႕ Operation က ပိုၿပီး‌ေခတ္မွီတယ္။ အဲဒီေတာ့ အစ္မ တို႔ဟာနဲ႔ေျပးဆြဲမယ္ဆိုရင္ ပိုၿပီးေကာင္းတဲ့အလားအလာေတြရွိတယ္။ အစ္မတို႔ Meeting (၂၇) ႀကိမ္ လုပ္ၿပီးတဲ့ အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္း ဒီ Plan ကို ခ်တာမဟုတ္ဘူး။ အျခားႏိုင္ငံက ကြၽမ္းက်င္တဲ့လူေတြရယ္၊ အစ္မ ရယ္၊ ကေမာၻဒီးယားက Authority (အာဏာပိုင္) ေတြရယ္၊ သူတို႔ရဲ႕လုပ္ငန္းရွင္ေတြနဲ႔ေပါင္းၿပီးေတာ့ Strategy (နည္းဗ်ဴဟာ) တစ္ခု ဆြဲထားတာေပါ့။ အဲဒီနည္းဗ်ဴဟာ အရဆိုရင္ ျမန္မာျပည္မွာလို (၂) ႏွစ္တာ Investment ကာလ ေစာင့္စရာမလိုဘဲနဲ႔ အစ္မတို႔အရင္းအႏွီးနည္းနည္းနဲ႔ ပုံမွန္အျမတ္ဝင္မယ့္ဟာမ်ိဳေပါ့။ ဒီႏိုင္ငံမွာေတာ့ အစ္မမွာ ကန႔္သတ္ခ်က္ေတြရွိတယ္။ အစ္မေျပာခဲ့ပါတယ္ ျမန္မာက်ပ္ေငြ ၃ဝဝ က်ပ္နဲ႔ေျပးဆြဲမယ္ဆိုရင္ အစ္မ တို႔အေနနဲ႔ အရႈံးမ်ားတယ္။ အရႈံးမ်ားတဲ့အတြက္ (၂) ႏွစ္ေလာက္ အစ္မအေနနဲ႔ အရႈံးေတြနဲ႔ရင္ဆိုင္ရမယ္။ ၅ဝဝ က်ပ္နဲ႔ေျပးဆြဲဖို႔က် ခြင့္မျပဳခဲ့ဘူး။ ဟိုႏိုင္ငံမွာက (၁) ေဒၚလာေလာက္ရွိတယ္ဆိုေတာ့ အစ္မတို႔အေနနဲ႔ (၁) ေဒၚလာေလာက္ေျပးဆြဲမယ္။ ဒီႏိုင္ငံက ေရယာဥ္ေတြကို ဟိုႏိုင္ငံမွာအသုံးခ်မယ္။ ဆီစားႏႈန္းေတြ ဘာေတြ အကုန္လုံးကလည္း အတူတူပဲဆိုေတာ့ အစ္မတို႔အတြက္ Profitable (အျမတ္အစြန္း) ပိုျဖစ္တဲ့အေျခအေနက ဟိုဘက္မွာ ပိုျဖစ္တယ္ဆိုေတာ့ အစ္မတို႔က (၁) ေဒၚလာနဲ႔ဆြဲမလား၊ (၂) ေဒၚလာနဲ႔ဆြဲမလား၊ (၃) ေဒၚလာနဲ႔ ဆြဲ မလား ဆြဲလို႔ရတဲ့ အေျခအေနရွိတယ္။ လြတ္လပ္ခြင့္ရွိတယ္။ အဲဒီက်ေတာ့ အစ္မတို႔အေနနဲ႔ ဒီအေျခအေနမ်ိဳးကို ဟိုဘက္မွာ ပိုင္ပိုင္ႏိုင္ႏိုင္လုပ္ေဆာင္လို႔ရတယ္။ ကိုယ့္အတြက္ ကန႔္သတ္ခ်က္ေတြ သိပ္မရွိတဲ့အတြက္ အစ္မတို႔ အေနနဲ႔ ဒါေတြၿပီးသြားရင္ ညေနမွာ Sunset ဆြဲတာတို႔၊ ၿပီးရင္ အဲဒီနားတစ္ဝိုက္ကို ေျပးဆြဲတာတို႔ ေနာက္ၿပီးေတာ့ ဖႏြမ္းပင္ကေန စီရမ္ရိ ကို One Night ဆြဲတာတို႔..စသျဖင့္ အစ္မတို႔အမ်ားႀကီးလုပ္လို႔ရတာေတြ ရွိတယ္။ အဲဒီမွာ လုပ္တဲ့လူက တစ္ေယာက္မွမရွိဘူး။ မရွိတဲ့အတြက္ ဒီႏိုင္ငံက ေရေၾကာင္းကလူေတြေရာ၊ ဒီႏိုင္ငံက စီးပြားေရး လုပ္ငန္းရွင္ေတြေရာ၊ အစ္မေရာ အကုန္လုံးပူးေပါင္းၿပီးလုပ္ေဆာင္မယ္ဆိုရင္ အစ္မတို႔က အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရႏိုင္တယ္လို႔ေတာ့ အစ္မတို႔ ယုံၾကည္မႈရွိတာေပါ့။

ေမး ။ ။ ကေမာၻဒီးယားအစိုးရဘက္က ႀကိဳဆိုတဲ့ပုံစံ၊ သူတို႔ဘက္က စီးပြားေရးနဲ႔ပတ္သက္လို႔စဥ္းစားတဲ့ပုံစံ ေနာက္ၿပီးေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြအေပၚမွာ သူတို႔ရဲ႕ျပဳမူတဲ့ပုံစံကေရာ ဘယ္လိုအေနအထားမ်ိဳးရွိလဲ။
ေျဖ ။ ။ သူတို႔ကက်ေတာ့ သူတို႔ႏိုင္ငံမွာ တကယ္တမ္းေျပာရရင္ သူတို႔ႏိုင္ငံက အစ္မတို႔ႏိုင္ငံထက္ေသးတယ္။ သူတို႔ႏိုင္ငံရဲ႕အစိုးရက တစ္အခ်က္္အေနနဲ႔ ႏိုင္ငံျခားသား Investor (ရင္းႏွီးျမွဳပ္ႏွံ) သူေတြကို အရမ္း Warmly Welcome လုပ္တယ္။ ႏွစ္အခ်က္က သူတို႔ႏိုင္ငံမွာ ႏိုင္ငံတကာက ကူညီေထာက္ပံမႈေတြရွိတယ္။ သူတို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရးက အေတာ္တည္ၿငိမ္တယ္။ သူတို႔က အစိုးရရဲ႕စကားတစ္ခြန္းပဲေပါ့ေနာ္။ အကုန္လုံးအဆင္ေျပေနတာ ေတြ႕တယ္။ အဲဒီေတာ့ သူတို႔ႏိုင္ငံမွာက်ေတာ့ ႏိုင္ငံေရးတည္ၿငိမ္တဲ့အတြက္ ႏိုင္ငံတကာကလည္း စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္လို႔ ADB တို႔၊ World Bank တို႔က သူတို႔ကိုကူညီထားတာေတြ႕ရတယ္။ ဒါေပမယ့္ သူတို႔ႏိုင္ငံမွာက်ေတာ့ ႏိုင္ငံေသးတဲ့အတြက္ Human Resource ေပါ့၊ အစ္မတို႔ျမန္မာႏိုင္ငံက လုပ္ငန္းရွင္ေတြလို လူအမ်ားႀကီး၊ အေတြ႕အႀကဳံေတြ အရမ္းမ်ားၿပီးေတာ့ လုပ္ႏိုင္ကိုင္ႏိုင္တဲ့လူက နည္းတယ္။ အဲဒီေတာ့ သူတို႔က ထပ္ၿပီးေတာ့ ႏိုင္ငံျခားသားရင္းႏွီးျမႇဳပ္ႏွံတဲ့သူေတြကို ဖိတ္ေခၚတယ္။ ဒါေပမယ့္ သူတို႔ဘက္မွာ ေတာင္းဆိုခ်က္ တစ္ခုေတာ့ရွိတယ္။ သူတို႔ႏိုင္ငံကလူေတြကို လက္တြဲေခၚေပးပါ။ သူတို႔ႏိုင္ငံက Local လုပ္ငန္းရွင္ေတြေရာ၊ ဝန္ထမ္းေတြေရာ တစ္ဝက္တစ္ဝက္ေလာက္ေပါ့။ အဲဒီလိုေတြ လုပ္ေဆာင္ပါေပါ့။ အစ္မတို႔ကလည္း ကိုယ့္ဘက္ က Generation ကိုလည္းေခၚမယ္၊ သူတို႔ဘက္ကလည္း ေခၚမယ္။ (၅ဝ/၅ဝ) တြဲၿပီးလုပ္ေဆာင္မယ္ဆိုတဲ့ ပုံစံ မ်ိဳးေတြလည္းေျပာတယ္။ ေနာက္တစ္ခုကက်ေတာ့ သူတို႔ႏိုင္ငံမွာ အစ္မဆိုရင္အဲဒီတုန္းက အစည္းအေဝးေတြ ဘာေတြလုပ္တယ္ဆိုရင္ ကိုယ္လုပ္သင့္လုပ္ထိုက္သေလာက္ အစည္းအေဝးတစ္ခုပဲ အစ္မတို႔ Fix လုပ္ထား တယ္။ ဒါေပမယ့္ ဒီအစည္အေဝးေတြၿပီးတဲ့အခ်ိန္မွာ သူတို႔ဘက္က ဘယ္ဌာနအတြက္ ထပ္လုပ္ေပးပါ။ ဘယ္ဌာနအတြက္ ထပ္ၿပီးေတာ့ အစ္မတို႔ရဲ႕အေတြ႕အႀကဳံေလးေတြနဲ႔ ထပ္ကူညီေပးပါဆိုၿပီး သူတို႔ဘက္ေန ကိုယ့္ကိုထပ္ၿပီးေတာ့ ဖိတ္ေခၚတာေတြရွိတယ္။ အဲဒီက်ေတာ့ ကိုယ္မထင္မွတ္တဲ့ Opportunities ေတြလည္း ကိုယ္မေတာင္းဘဲနဲ႔ ကိုယ့္ကိုေပးလာတာေတြရွိတယ္။ အဲဒီေတာ့ အစ္မတို႔အေနနဲ႔ ဟိုဘက္ႏိုင္ငံမွာ ႏိုင္ငံျခား သားရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္ တစ္အခ်က္က Policy တည္ၿငိမ္တယ္။ သူ႔ရဲ႕ Rule and Regulation ေတြက မေျပာင္းလဲဘူး တည္ၿငိမ္တယ္။ ႏွစ္အခ်က္က အခြန္အခႏႈန္းထားေတြက သက္သာတယ္။ Investment လုပ္တဲ့ သူေတြကို First, Second Year အတြင္းမွာ ေလ်ာ့ခ်ထားတဲ့ အခြန္အခႏႈန္းထားေတြ ရွိတယ္။ ၿပီးေတာ့ နံပါတ္ (၃)အခ်က္က ဘာလဲဆိုေတာ့ မီဒီယာပိုင္းဆိုင္ရာေတြ၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းအခ်င္းခ်င္း Attack လုပ္တာ မ်ိဳးေတြ သူတို႔ႏိုင္ငံမွာမရွိဘူး။ သူတို႔က သူတို႔ႏိုင္ငံမွာ သူတို႔လူမ်ိဳးေရာ၊ သူတို႔အစိုးရေရာ အကုန္လုံးက ပူးေပါင္း ၿပီး ေအာင္ျမင္မယ္ဆိုရင္ အကုန္လုံးကႀကိဳဆိုတယ္။ အဲဒီ Positive Thinking ေတြ အမ်ားႀကီးရွိတဲ့အတြက္ စီးပြားေရးလုပ္ရတာ ေကာင္းတယ္ေပါ့။ ဒီလိုမ်ိဳး Asia ႏိုင္ငံေတြ အမ်ားႀကီးရွိမယ္ဆိုရင္ အစ္မတို႔ Asian က We are One၊ One World ပဲ။ အကုန္လုံးက Asian အေနနဲ႔ One World တစ္ခုအေနနဲ႔ အလုပ္လုပ္သြားလို႔ရတယ္။ အဲဒီေတာ့ အစ္မအေနနဲ႔ အခ်ိန္ေတြကုန္ေနမယ့္အစား၊ အခ်ိန္ကုန္မခံေတာ့ဘူး။ အစ္မအေနနဲ႔ Asian သည္ We are one ပုံစံမ်ိဳးနဲ႔ အလုပ္လုပ္လို႔မရမွာလဲဆိုတာမ်ိဳးနဲ႔ သူတို႔နဲ႔ခ်ိတ္ဆက္ၿပီး အစ္မလုပ္ေဆာင္တယ္။ အစ္မ အေနနဲ႔ ဒီတစ္ႏိုင္ငံတည္းနဲ႔မဟုတ္ဘဲနဲ႔ ေနာက္ႏိုင္ငံေတြကိုလည္း ထပ္သြားမွာပဲ တတ္ႏိုင္သေလာက္ေပါ့။ သူတို႔ိ ႏိုင္ငံကေနၿပီးေတာ့ ေငြေၾကးပိုင္းဆိုင္ရာ၊ ရင္ႏွီးျမႇဳပ္ႏွံမႈပိုင္းဆိုင္ရာကို အစ္မတို႔အေနနဲ႔ လိုအပ္တဲ့ပုံစံမ်ိဳး၊ သင့္ေတာ္တဲ့ပုံစံမ်ိဳး၊ သူတို႔ဘက္နဲ႔ခ်ိတ္ဆက္လို႔ရတယ္ဆိုရင္ ကိုယ့္ဘက္မွာရပ္တန႔္ေနတဲ့ Zero Income ျဖစ္ေန တဲ့ Property ေတြ အကုန္လုံးကို တျခားႏိုင္ငံကိုေ႐ႊ႕ၿပီးေတာ့ ထပ္လုပ္သြားဖို႔လည္း အစီအစဥ္ေတြ ရွိပါတယ္။

ေမး ။ ။ ဟုတ္ကဲ့။ အစ္မ မတင့္တင့္လြင္လို႔ေျပာလိုက္ရင္ေတာ့ လူေတြၾကားထဲမွာ သိခ်င္တဲ့ပုံစံဟာ ႏွစ္မ်ိဳးမက ရွိတယ္။ ေျပာမယ္ဆိုရင္ေတာ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ သူမ်ားမလုပ္ရဲတာကို စြန႔္စြန႔္စားစားလုပ္ရဲတဲ့၊ လုပ္ႏိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ျမင္တယ္။ ဒါေပမယ့္ အျခားတစ္ဖက္မွာက်ေတာ့ ျပႆနာေပါင္း မ်ားစြာနဲ႔ေျဖရွင္းေနရတဲ့လူလို႔လည္း ျမင္ၾကတယ္။ ဆိုေတာ့ ကြၽန္ေတာ့္႐ုပ္သံတင္လိုက္ရင္ေတာ့ ေမးၾကမယ့္ ေမးခြန္းေတြက အမ်ားႀကီးရွိတယ္။ မတင့္တင့္လြင္ရဲ႕ ထားပါေတာ့ ဘဏ္ေႂကြး၊ ဘာေႂကြးညာေကြၽးဆိုၿပီး အစ္မ ကိုတပ္မယ့္ေခါင္းစဥ္ေတြ အမ်ားႀကီးေပၚလာမယ္။ ဆိုေတာ့ အဲဒါေတြအတြက္လည္း တစ္ခုခုေျပာျပခ်င္တာရွိ မလား။
ေျဖ ။ ။ ဟုတ္တယ္။ အစ္မအေနနဲ႔ႀကဳံခဲ့ပါတယ္။ အမ်ားႀကီးႀကဳံခဲ့တယ္။ ဒါေပမယ့္ Cyber attack လည္းပါ တယ္။ အစ္မတို႔ေတြ႕ႀကဳံေနရတဲ့ စီးပြားေရးအၾကပ္အတည္းအခက္အခဲဆိုတာ အစ္မတို႔ အရင္ကေျပာခဲ့တယ္ အစိုးရပိုင္းဆိုင္ရာ ရသင့္ရထိုက္တဲ့အခြင့္အေရးေတြကို အခ်ိန္မွီမရတာရယ္၊ ေနာက္ၿပီးေတာ့ Bank Policy ေတြ ေျပာင္းသြားတဲ့အခ်ိန္မွာ အစ္မတို႔အခက္အခဲေတြရွိခဲ့တယ္။ ဒါေပမယ့္ အဲဒီအခက္အခဲေတြ ေတြ႕ႀကဳံေနခ်ိန္မွာ ဒီအခက္အခဲေတြကို တစ္ဆင့္ခ်င္းတစ္ဆင့္ခ်င္း ေျဖရွင္းသြားႏိုင္တဲ့အရည္အခ်င္း၊ အေတြ႕အႀကဳံေတြ အစ္မတို႔ မွာ ရွိတယ္။ ကိုယ္ဘာကိုယ္ ဘဏ္နဲ႔လည္း ေျပလည္တယ္။ အစ္မတို႔အေနနဲ႔ ဆက္စပ္ေနတဲ့လုပ္ငန္းပိုင္းဆိုင္ရာ လုပ္ငန္းရွင္ႀကီးေတြေပါ့။ ကိုယ္နဲ႔ပူးတြဲလုပ္ေဆာင္ေနတဲ့လူေတြနဲ႔ အားလုံးနဲ႔ေျပလည္တယ္။ ဒါေပမယ့္ မေျပလည္တာကဘာလဲဆိုေတာ့ ကိုယ့္ဘာကိုယ္ေတာ့ ေျပလည္ေနတယ္။ မေျပလည္တာက Online မွာ မေျပ လည္တာ။ ဒီ Online မွာ မေျပလည္တာက ကိုယ့္ကိစၥေတာ့မဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ Story ေတြ ဖန္တီးေန ၾကတာေပါ့ေနာ္။ ကိုယ္ေတာင္မသိတဲ့ Story ေတြ အမ်ားႀကီးဖန္တီးတယ္။ Online ေပၚမွာျဖန႔္တယ္။ Online အင္အား ေတာ္ေတာ္ေကာင္းေအာင္ အုပ္စုဖြဲ႕တယ္။ အုပ္စုဖြဲ႕ၿပီးေတာ့ အစ္မကိုတိုက္ခိုက္တဲ့အတြက္ Online ေပၚမွာသာပ်ံ႕ေနတာ တကယ္တမ္းက်ေတာ့ ေျမျပင္အေျခအေနမွာ အစ္မအေနနဲ႔တစ္ဆင့္ခ်င္းကို ေျဖရွင္းတယ္။ ကိုယ္တာဝန္ယူရမယ့္အပိုင္းေတြကို ရဲရဲတာဝန္ယူၿပီး၊ ရဲရဲႀကီးမ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး အစ္မ တစ္ေယာက္ခ်င္း ကို ေျပလည္ေအာင္ေျဖရွင္းတယ္။ လူတိုင္းလူတိုင္းမွာ စီးပြားေရးသမားတိုင္းမွာ အၾကပ္အတည္းေတြ အမ်ားႀကီး ရွိတယ္။ Richard Branson တို႔လို၊ Alibaba တို႔လို၊ Jack ma တို႔မွာ သူတို႔ေတာင္ အမႈေပါင္းရာနဲ႔ခ်ီၿပီး ရွိေန တယ္။ အစ္မတို႔မွာလည္း ဒီလိုအခက္အခဲေတြ ရွိေနတယ္။ ဒီလိုမ်ိဳးျပႆနာေတြ ရွိေနတယ္။ ဒါေပမယ့္ အစ္မတို႔ က တကယ္တမ္းေျပာမယ္ဆိုရင္ ဒီဘဏ္ကိစၥနဲ႔ပတ္သက္လို႔ကေတာ့ ကိုဗစ္ကာလနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ ကာလအတြင္းမွာသာ အစ္မတို႔မေျဖရွင္းႏိုင္တာ။ ဒီလိုမေျဖရွင္းႏိုင္တဲ့ကာလအတြင္းမွာ ဘဏ္ေတြဘက္က အစ္မတို႔ကို တရားစြဲဆိုတာေတြ ဘာေတြရွိတယ္။ ဒါကေတာ့ သူ႔ရဲ႕လုပ္ထုံးလုပ္စဥ္အပိုင္းပဲ။ အစ္မတို႔ဘက္က လည္း ဒါကိုတာဝန္ယူေျဖရွင္းေပးမယ္။ ဘယ္ႏွစ္ႏွစ္အတြင္းမွာ၊ ဘယ္ႏွစ္လအတြင္းမွာ ေျဖရွင္းေပးမယ္ဆိုတာ လည္း အစ္မတို႔ဘက္က သတၱိရွိရွိေျပာဖို႔လိုတယ္။ အစ္မတို႔ဘက္က ေျပာဖို႔လည္းအဆင္သင့္ပဲ။ အဲဒီေတာ့ အစ္မတို႔အေနနဲ႔ ဒီကိစၥေတြကိုေျဖရွင္းႏိုင္တာ စီးပြားေရးလုပ္ငန္းသမားတိုင္းဟာဆိုရင္ ဥပမာ- သူ႔မွာ ဘဏ္က ေပါ့ေနာ္ (၁ဝဝ) ရွိတယ္ဆိုရင္ ဘဏ္ေခ်းေငြသည္ (၃ဝ) ရာခိုင္ႏႈန္းပဲ ရွိတာ။ စီးပြားေရးသမားတိုင္းက သူ႔မွာ (၁ဝဝ) ရွိရင္ ဘယ္ေတာ့မွ(၂ဝဝ) ေတာ့ မေခ်းဘူး။ ဘာလို႔လဲဆို ထြက္ေျပးသြားမွာေလ။ ဆိုေတာ့ အစ္မတို႔က ထြက္ေျပးသြားမယ့္ လူမ်ိဳးမဟုတ္ဘူး။ အစ္မတို႔သမိုင္းကို အစ္မတို႔ မသတ္ဘူး။ ကိုယ့္သမိုင္းရွိတယ္။ အစ္မတို႔က ဇီး႐ိုးကေန စခဲ့ရတဲ့အတြက္ ဒီသမိုင္းက သိပ္ႀကီးတယ္။ ဒီႀကီးတဲ့သမိုင္းႀကီးကို Online ေပၚမွာ ေခတၱခဏ ေႏွာင့္ယွက္တယ္။ ေႏွာင့္ယွက္တဲ့လူေတြကလည္း Ethic မရွိတဲ့ မီဒီယာေတြကေန ပိုက္ဆံေပးၿပီးျဖန႔္ခိုင္းတာ အစ္မတို႔က အကုန္သိၿပီးသား။ အဲဒီေတာ့ ဘာလို႔ခံစားေနမွာလဲ။ သူတို႔ျဖန႔္တဲ့အေပၚမွာမူတည္ၿပီးေတာ့ အစ္မကို မယုံၾကည္တဲ့လူေတြအကုန္လုံးကိုလည္း အစ္မအေနနဲ႔ အားလုံးကိုလက္တြဲျဖဳတ္လိုက္တယ္။ ႏႈတ္ဆက္လိုက္ တယ္။ ဘာလို႔လဲ။ ေျမျပင္မွာအစ္မနဲ႔ဆက္ဆံလို႔ အစ္မတို႔က ဘယ္သူ႔ကိုမွမယုတ္မာခဲ့ဘူး။ ဘယ္သူ႔အေပၚမွ လည္း မေကာင္းမႀကံခဲ့ဘူး။ ဒါေပမယ့္ သူတို႔မေက်နပ္လို႔၊ အလုပ္ျဖဳတ္ခဲ့လို႔၊ အုပ္စုဖြဲ႕ၿပီး မိန္းကေလးတစ္ ေယာက္တည္း၊ အမ်ိဳးသမီးလုပ္ငန္းရွင္တစ္ေယာက္ရဲ႕ Challenge ပဲ။ အမ်ိဳးသမီးလုပ္ငန္းရွင္တစ္ေယာက္မလို႔ Online ကေန attack လုပ္လိုက္ရင္ သူလြင့္သြားမယ္ထင္တာ။ ဒါေပမယ့္ အစ္မက အမ်ိဳးသမီးလုပ္ငန္းရွင္ေပ မယ့္ အမ်ိဳးသမီးတစ္ေယာက္လို ေတြးေခၚေနမယ့္၊ ေပ်ာ့ညံ့ေနတဲ့လုပ္ငန္းရွင္တစ္ေယာက္မဟုတ္ဘူး။ အစ္မက ေယာက်ၤားေတြထက္ေတာင္ သတၱိရွိတဲ့လုပ္ငန္းရွင္တစ္ေယာက္။ အစ္မက ေယာက်ၤားေတြထက္ေတာင္ အမ်ား ႀကီးပိုတဲ့သတၱိေတြ အစ္မမွာရွိတယ္။ အစ္မအေနနဲ႔ ဒီေလာကကိုမေၾကာက္လို႔ ဒီစီးပြားေရးကိုဦးေဆာင္ၿပီး လုပ္ခဲ့ တာ။ ဒါေၾကာင့္ ေယာက်ၤားေတြေတာင္ မလုပ္ႏိုင္တဲ့စီးပြားေရး၊ လုပ္ႏိုင္တဲ့စီးပြားေရးရွိတယ္။ အဲဒီေတာ့ အစ္မ အေနနဲ႔စဥ္းစားလိုက္တယ္.. ဒီ Online နဲ႔ လိုက္ေႏွာင့္ယွက္ေနတဲ့အုပ္စုေတြကို လုံးဝ Cut လုပ္လိုက္တယ္။ ႀကိဳက္တာလုပ္၊ ႀကိဳက္တာေရး၊ ပုံစံမ်ိဳးစုံနဲ႔ေရး လွည့္ကိုမၾကည့္ေတာ့ဘူး။ သတၱိရွိတယ္၊ သူတို႔႐ိုးသားတယ္ဆိုရင္ ဥပေဒထဲကေန လာခဲ့၊ ဥပေဒေဘာင္ထဲကေန ျပန္ရွင္းမယ္။ အစ္မ Challenge လုပ္ထားတယ္။ ဘယ္သူမွလာလို႔ မရဘူး။ ဘာ့ေၾကာင့္လဲဆိုရင္ အစ္မတို႔က ဥပေဒထဲကအတိုင္း မွန္ကန္သြားရဲတဲ့သတၱိရွိလို႔ သြားေနတာ။ အခု Bank ကိစၥေတြဆိုရင္လည္း အစ္မအေနနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ ေျဖရွင္းမွာ။ ဘယ္ႏိုင္ငံမွလည္း ထြက္ေျပးစရာမလိုဘူး။ ဘာ့ေၾကာင့္လဲဆိုရင္ အစ္မရဲ႕ Property ေတြ ျမန္မာျပည္မွာအမ်ားႀကီးရွိတာ အစ္မ ဘယ္ကိုေရွာင္ေျပးမွာလဲ။ ဘယ္ႏိုင္ငံမွလည္း ေရွာင္ေျပးစရာမလိုဘူး။ ကမာၻတစ္ဝန္းနဲ႔ခ်ိတ္ဆက္ၿပီးလုပ္ေဆာင္ ေနတဲ့ ဥပမာ- အင္တာပိုလိုမ်ိဳး အမ်ားႀကီးရွိတာပဲ။ အဲဒီေတာ့ အစ္မအေနနဲ႔ ဘာလို႔ဒါေတြကို ေက်ာခိုင္းေျပး မွာလဲ၊ မေက်ာခိုင္းဘူး။ မ်က္ႏွာခ်င္းဆိုင္ေတြ႕မယ္။ ေျဖရွင္းမယ္။ အစ္မတို႔ကာလတစ္ခုေတာ့ လိုအပ္တယ္။ အရင္တုန္းက (၂) ႏွစ္လိုအပ္တယ္ဆိုရင္၊ အခု (၃) ႏွစ္၊ (၄) ႏွစ္၊ (၅) ႏွစ္အထိ လိုအပ္တယ္။ ဒီကာလအတြင္းမွာ အစ္မတို႔က သတၱိရွိရွိတာဝန္ယူမယ္။ ဒါေပမယ့္ တစ္ဖက္ကလည္း မွန္မွန္ကန္ကန္နဲ႔နားလည္မႈအမ်ားႀကီးနဲ႔ အစ္မတို႔နဲ႔ပူးေပါင္းေဆာင္႐ြက္လိုတယ္ေပါ့။ အစ္မတို႔အေနနဲ႔ကလည္း အရင္တုန္းက ဘဏ္ကိစၥေတြဘာေတြ တရားစြဲတယ္ဆိုတာကလည္း အစ္မတို႔မသိလိုက္တာ။ သူတို႔ Address ေတြ မွားၿပီးေတာ့ဆက္သြယ္တဲ့အခါ ဆက္သြယ္လို႔မရလို႔ျဖစ္သြားတာေတြ အမ်ားႀကီးရွိတယ္။ တစ္ခါတစ္ရံ သတင္းစာမွာေၾကညာခံရတဲ့ကိစၥေတြ ရွိ တယ္။ ဒီကိစၥေတြဆိုရင္ အစ္မတို႔႐ုံးေတြက အရင္တုန္းက အႀကီးႀကီးကေန ေလ်ာ့လိုက္ရတဲ့အပိုင္းေတြရွိတယ္။ Address ေတြ ေျပာင္းသြားတာေတြရွိတယ္။ ကိုယ့္ရဲ႕႐ုံးက CFO ေတြ ကိုဗစ္ကာလမွာ ေသဆုံးသြားတာေတြရွိ တယ္။ ကိုယ့္ရဲ႕႐ုံးဝန္ထမ္းေတြ ေလွ်ာ့ခ်လိုက္ရတာရွိတယ္။ အဲဒီက်ေတာ့ Report ေတြက မမွန္ဘူး။ အဲဒီလို မမွန္တဲ့အခါမွာ အစ္မတို႔ထိပ္က Head ေတြက မသိလိုက္ရတာမ်ိဳးေတြရွိတယ္။ အဲဒါမ်ိဳးေတြကို ဟိုဘက္ ကေနၿပီးေတာ့ အစ္မကိုမေက်နပ္တဲ့လူေတြနဲ႔ပူးေပါင္းၿပီးေတာ့ အရွက္ကြဲေစဖို႔၊ ဂုဏ္သိကၡာက်ေစဖို႔ အမ်ိဳးမ်ိဳးလုပ္ တာရွိတယ္ သတင္းစာကေနေၾကညာတာမ်ဳိးေပါ့။ ျဖစ္ျဖစ္ခ်င္းမွာေတာ့ အရမ္းခံစားရတယ္။ ရွက္သလိုပုံစံမ်ိဳး ျဖစ္တယ္။ ဒါေပမယ့္ အစ္မေနာက္ေတာ့ စဥ္းစားတယ္။ ငါ့ကိုေပါင္းခ်င္တဲ့လူေပါင္း။ ဘာလို႔လဲဆိုေတာ့ အစ္မက ဘယ္သူနဲ႔မွခ်ိတ္ဆက္ၿပီး လုပ္စရာမလိုဘူး။ အစ္မရဲ႕စီးပြားေရးက ကိုယ့္ရဲ႕ေျခေထာက္ေပၚမွာ ရပ္တည္ၿပီး လုပ္ရ တဲ့အတြက္ တစ္ေယာက္မွမရွိလဲ ကိုယ္တစ္ေယာက္တည္းဆက္ၿပီးေတာ့ရပ္တည္မွာပဲ။ ဒါေပမယ့္ ထူးျခားတာက ေတာ့ တကယ့္ကိုစိတ္ဓာတ္ျပည့္ဝတဲ့ လုပ္ငန္းရွင္အႀကီးႀကီးေတြ အကုန္လုံးက အစ္မကိုဝိုင္းၿပီး ကူညီၾကတယ္။ အားေပးၾကတယ္။ ယေန႔အခ်ိန္ထိ အစ္မနဲ႔အဆက္အသြယ္ရွိေသးတယ္။ အဲဒီက်ေတာ့ အဲဒီလူေတြကိုလည္း အစ္မက အရမ္းေက်းဇူးတင္တယ္။ အစ္မအတြက္ ခြန္အားေတြျဖစ္တယ္။ သူတို႔တစ္ခြန္းေလာက္ အစ္မကို ဖုန္းဆက္ၿပီးေမးလိုက္တာမ်ိဳးေတြ၊ တစ္ခုေလာက္ ကူညီလိုက္တာမ်ိဳးေတြကဆိုရင္ တခ်ိဳ႕လုပ္ငန္းရွင္ႀကီးေတြ ဆိုရင္ အစ္မအခက္အခဲျဖစ္ေနေတာ့ သူတို႔မလိုအပ္ဘဲနဲ႔ အစ္မရဲ႕သေဘၤာေလးေတြကို သူတို႔ေတာင္အခက္အခဲ ျဖစ္သြားေအာင္ ကူညီၿပီးဝယ္ေပးတာမ်ိဳးေလးေတြ ရွိတယ္။ အဲဒီလို တစ္ခုၿပီးတစ္ခု အစ္မ ေျဖရွင္းသြားႏိုင္ တယ္ေပါ့ေနာ္။ အခုအခ်ိန္ထိ အစ္မက ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ျဖစ္ေနတာက Online ေပၚမွာ။ ေသာင္းေျခာက္ေထာင္ေလာက္ မဟုတ္ဘဲနဲ႔ ျပႆနာေပါင္း (၅) ေထာင္ေလာက္ရွိခ်င္ရွိမယ္။ (၃) ေထာင္ ေလာက္ရွိခ်င္ရွိမယ္။ ဒါေတြအားလုံးကိုလည္း အစ္မအေနနဲ႔ တစ္ခုၿပီးတစ္ခုေျဖရွင္းႏိုင္တယ္။ ေနာက္ထပ္ ဆက္ၿပီးေတာ့လည္း တစ္ခုမွမက်န္တဲ့အထိ အားလုံးေျဖရွင္းသြားဖို႔ အစ္မမွာ သတၱိရွိတယ္။ အရည္အခ်င္းရွိ တယ္။ အခု ခြန္အားေတြပါ ထပ္ရလာၿပီဆိုေတာ့ အစ္မကို သိကၡာက်ေစခ်င္တဲ့စိတ္နဲ႔လုပ္မယ္ဆိုရင္ေတာ့ အစ္မ သူတို႔ကို ျပန္တိုက္ခိုက္ဖို႔အစီအစဥ္ လုံးဝမရွိဘူး။ သူတို႔ကို လုံးဝလ်စ္လ်ဴရႈလိုက္မယ္။ အစ္မသြားတဲ့ လမ္းေၾကာင္းကိုဆက္သြားမယ္ေပါ့ေနာ္။ အဲက်ေတာ့ အခုဆိုရင္ အစ္မအေနနဲ႔ ဘယ္လိုအေျခအေနမ်ိဳးကိုျဖစ္ျဖစ္ ဂ႐ုမစိုက္ဘူး။ ကိုယ္သြားမယ့္လမ္းေၾကာင္းကို ဆက္သြားမွာပဲ။

ေမး ။ ။ ေနာက္ဆုံးေမးခြန္းေလးတစ္ခုေလာက္ပါပဲ။ ဒီေလာက္ ဒီဘက္ေခတ္မွာ ဒီကေန႔အေျခအေနက ႏိုင္ငံ မွာ ႏိုင္ငံကံၾကမၼာရဲ႕ ၿဂိဳလ္ဆိုးလဲဝင္တယ္ေပါ့ေလ။ အဲဒီေတာ့ က်န္းမာေရးရႈ႕ေထာင့္အရ ကိုဗစ္ကပ္ေရာဂါနဲ႔ ရင္ဆိုင္ရတယ္ တစ္ကမာၻလုံးေပါ့။ ေနာက္တစ္ခါ ႏိုင္ငံမွာလည္း လူမႈအသိုင္းအဝိုင္းၾကားမွာ ႏိုင္ငံေရးနဲ႔ေရာၿပီး အရႈပ္အေထြးေတြ ရင္ဆိုင္ရတယ္။ ဆိုေတာ့ ဒီလိုကာလမွာ စီးပြားေရးလုပ္ငန္းရွင္ေတြကိုယ္တိုင္ကလည္း စီးပြားေရးလုပ္ရတာ ဒုကၡေတြနဲ႔ရင္ဆိုင္ရတယ္ဆိုေတာ့ မလုပ္ဘဲရပ္ေနလို႔ရတဲ့လူေတြက ရပ္ၾကတယ္။ တခ်ိဳ႕ ကေတာ့ မျဖစ္မေနလုပ္ရတာမလို႔ လုပ္ၾကတာရွိတယ္။ အစ္မဆိုရင္ေရာ မလုပ္လဲရပ္ေနလို႔ မရဘူးလား၊ မျဖစ္မေနလုပ္ကိုလုပ္ရမွာ မလို႔လား။ ဒါမွမဟုတ္ ဘာ့ေၾကာင့္ အစ္မ အလုပ္ေတြဆက္လုပ္ေနတာလဲ။
ေျဖ ။ ။ ဘာ့ေၾကာင့္ အစ္မ အလုပ္ေတြဆက္လုပ္ေနတာလဲဆိုေတာ့ အစ္မရဲ႕တာဝန္ယူရတဲ့အပိုင္းေတြ အမ်ား ႀကီးရွိေနတာရွိတယ္။ သူမ်ားေတြက်ေတာ့ မိဘ၊ ဘိုးဘြားလက္ထက္ကတည္းက အိမ္၊ ၿခံ၊ ေျမ ဘာညာ ပိုင္ဆိုင္ လာတာရွိတယ္။ သူတို႔အိမ္တစ္လုံး၊ ၿခံတစ္လုံး သိန္းေသာင္းနဲ႔ခ်ီေရာင္းၿပီးေတာ့ ေကာင္းမြန္တဲ့အေျခအေနအထိ ထိုင္ေစာင့္လို႔ရတာမ်ိဳးေတြ ရွိတယ္။ အစ္မတို႔က်ေတာ့ ဥပမာ- ဘဏ္ကိစၥလိုမ်ိဳးေပါ့၊ ၿပီးေတာ့ အျခားကိုယ့္ရဲ႕ အရင္တုန္းကေတာ့ ရာနဲ႔ခ်ီရွိတဲ့ အစ္မွာစာခ်ဳပ္ခ်ဳပ္ထားတဲ့လယ္သမားေတြရွိတယ္၊ ဝန္ထမ္းေတြရွိတယ္၊ ကိုယ့္ရဲ႕ ေရေၾကာင္းမွာ ပတ္သက္တဲ့လုပ္ငန္းေတြ ဒါေတြအားလုံးက ရပ္တန႔္ေနတယ္။ အစ္မအေနနဲ႔တာဝန္ယူရမယ့္ အပိုင္းေတြလည္း အမ်ားႀကီးရွိတယ္။ ၿပီးေတာ့ အေရးအႀကီးဆုံးအခ်က္ကေတာ့ ကိုယ္ရင္းႏွီးျမႇဳပ္ႏွံဖို႔ယူထားတဲ့ ကိစၥေတြအတြက္ အစ္မတို႔က တာဝန္ယူေျဖရွင္းေပးရမယ္။ အခ်ိန္ေတြက အစ္မအတြက္တန္ဖိုးရွိတယ္။ အဲဒီ က်ေတာ့ အစ္မတို႔အေနနဲ႔က A plan နဲ႔ သြားလို႔မရရင္ B plan နဲ႔ သြားရမယ္။ B plan နဲ႔ မရရင္ C plan နဲ႔ သြားရ မယ္။ တကယ္လို႔မရရင္ ေနာက္ဆုံး plan နဲ႔ သြားရမယ္။ အဲဒီေတာ့ plan အမ်ိဳးမ်ိဳးနဲ႔ အစ္မတို႔က ေလွကို ဆက္ ေလွာ္ေနတာ။ ဘာလဲဆိုေတာ့ ဒီခရီးက ရွိေနတာ။ အစ္မမွာ ရည္မွန္းထားတဲ့ပန္းတိုင္ရွိတယ္။ အဲဒီပန္းတိုင္က အစ္မရဲ႕အသက္အ႐ြယ္အကန႔္အသတ္တစ္ခုအထိ ဒီဟာတစ္ခုကို ခ်ထားတယ္ေပါ့။ အသက္အ႐ြယ္တစ္ခု ေရာက္ရင္ေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔သြားမွာေပါ့ေနာ္။ အခုေလာေလာဆယ္ေတာ့ အသက္အ႐ြယ္ ကာလတစ္ခု ရယ္၊ အခုျဖစ္ေနတဲ့အေျခအေနမွာ အစ္မရပ္တန႔္လို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ အစ္မ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္နဲ႔လုပ္ထားတဲ့စီမံကိန္းေတြအေပၚမွာ ဒါေတြကိုျပန္ၿပီးေတာ့ ဘဏ္ကိုပဲျဖစ္ျဖစ္၊ ႏိုင္ငံေတာ္ကိုပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ပါတနာေတြကိုပဲျဖစ္ျဖစ္ ေအာင္ျမင္ေအာင္လုပ္ေဆာင္ေပးရမယ့္တာဝန္ေတြ အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ အစ္မအေနနဲ႔က သူမ်ားေတြလိုမ်ိဳး ေမြးကတည္းက ခ်မ္းသာလာတာတို႔၊ Property(ပိုင္ဆိုင္မႈပစၥည္း) တစ္ခုေရာင္းၿပီးေတာ့ ထိုင္စားရတဲ့လုပ္ငန္းမ်ိဳးလည္း မဟုတ္၊ အစ္မလုပ္ငန္းက ထိုင္ေစာင့္ဖို႔လည္း မလိုဘူး။ အစ္မရဲ႕အေတြ႕အႀကဳံ၊ အစ္မရဲ႕ Network ေပါ့။ တစ္ကမာၻလုံးနဲ႔ခ်ိတ္ဆက္ထားတဲ့ Network ေတြက အစ္မ အေနနဲ႔ ရပ္ေနစရာမလိုဘူးလို႔ထင္တယ္။ ဒီႏိုင္ငံမွာလုပ္လို႔မရဘူးဆိုရင္ အစ္မတို႔က ကိုယ့္ႏိုင္ငံအျပင္ထြက္ၿပီး နီးနီးေလးပဲ Asia မွာ၊ ASIA မွာမရဘူးလား။ မရရင္ AMERICA လည္း အစ္မသြားႏိုင္တယ္။ EUROPE လည္း သြားႏိုင္တယ္။ အစ္မမွာ ပါတနာေတြအမ်ားႀကီး၊ တစ္ကမာၻလုံးမွာရွိတယ္။ တစ္ကမာၻလုံးမွာ ကိုယ့္မွာ မိတ္ေဆြေကာင္းေတြ ရွိတယ္။ ၿပီးေတာ့ တစ္ကမာၻလုံးက ဒီျမန္မာျပည္အတြက္ အကူအညီေပးလို႔မရဘူးဆိုရင္ ကေမာၻဒီးယားအတြက္ အကူ အညီေပးလို႔ရတဲ့ Bank ေတြ ရွိတယ္။ အစ္မတို႔မွာ World Bank ရွိမယ္။ Extreme Bank ၊ ADB bank ရွိမယ္။ ဒါေတြအကုန္လုံးကလည္း အစ္မတို႔ဘယ္ႏိုင္ငံအတြက္ ေကာင္းဖို႔လုပ္ေနလဲ၊ လုပ္ေန တယ္ဆိုရင္ ႏိုင္ငံနဲ႔သင့္ေတာ္တဲ့ သူတို႔အတြက္ အေထာက္အပံ့ေတြဟာဆိုရင္ အစ္မတို႔ကို သူတို႔က ကမ္းလွမ္းမႈ ေတြ အမ်ားႀကီးေပးတာပဲ။ အဲဒီေတာ့ အစ္မတို႔အေနနဲ႔ ကိုယ့္ႏိုင္ငံထဲမွာ ျပင္ပနဲ႔ခ်ိတ္ဆက္လို႔မရတဲ့ လုပ္ငန္းရွင္ ေတြရွိမယ္။ သူတို႔ အေနနဲ႔ရပ္ထားရတဲ့အပိုင္းေတြ ရွိရင္ရွိလိမ့္မယ္၊ အရမ္းခ်မ္းသာလို႔ရပ္ထားတဲ့အပိုင္းေတြ လည္း ရွိလိမ့္မယ္ (သို႔မဟုတ္) သူတို႔မွာ အစ္မတို႔လိုမ်ိဳး သိပ္ပူစရာမလိုတဲ့စီမံကိန္းနဲ႔ပတ္သက္တဲ့ Project loan ေတြ၊ ျပန္ေပးဆပ္စရာမရွိတဲ့ လူေတြရွိတယ္။ ဒီလူေတြကေတာ့ ရပ္တန႔္လို႔ရတယ္။ အစ္မတို႔အေနနဲ႔ Project loan ေတြ ျပန္ေပး ဆပ္ရမယ္။ ကိုယ့္ရဲ Partner ေတြ ေအာင္ျမင္ဖို႔အတြက္ လုပ္ေပးရမယ္။ ကိုယ့္ရဲ႕ဝန္ထမ္းေတြ တိုးတက္ဖို႔အတြက္ လုပ္ေပးရမယ္။ ကိုယ့္မိသားစုအဆင္ေျပဖို႔အတြက္ လုပ္ေပးရမယ္။ အခုလတ္တေလာမွာ ေတာ့ အစ္မမွာ မိသားစုဆိုလို႔ သားနဲ႔အစ္မနဲ႔ ႏွစ္ေယာက္တည္းရွိတယ္။ ဒါေပမယ့္ ဒီႏွစ္ေယာက္ရဲ႕ေနာက္ကြယ္ မွာ အစ္မသားကလည္း လုပ္ငန္းေတြလုပ္ေနေတာ့ သူ႔ေနာက္မွာလည္း သူ႔ဘဝေရွ႕ကိုတိုးတက္ဖို႔အတြက္ အစ္မက ေနာက္ကေန Supporting ေတြ အမ်ားႀကီးေပးရအုံးမယ္။ အစ္မရဲ႕ေနာက္မွာရွိေနတဲ့ မိသာစုနဲ႔ ဆက္စပ္ၿပီးေတာ့ အထည္ခ်ဳပ္လုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ဟိုတယ္လုပ္ငန္း၊ က‌ေလးေတြအကုန္လုံးအတြက္ လည္း အစ္မ ႐ုန္းေပးရမယ္။ ဒါမွ အစ္မ Leader (ေခါင္းေဆာင္) ေကာင္းျဖစ္မွာ။ ဒီအခ်ိန္မွာ အစ္မ ခဏေလး ေအးေဆးေနခ်င္ရင္ အစ္မဟိုတယ္တစ္လုံးေရာင္းၿပီးေတာ့ ထိုင္ေနလို႔ရတယ္။ ဒါေပမယ့္ အဲဒါက အစ္မရဲ႕ Behavior မဟုတ္ဘူး။ ထိုင္ေနတတ္တဲ့အက်င့္ အစ္မမွာလုံးဝမရွိဘူး။ အစ္မအိမ္မွာေတာင္ ပက္လက္ကုလား ထိုင္ခံု မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ပက္လက္ကုလားထိုင္မွာ ေက်ာမွီၿပီးေတာ့ ထိုင္ၿပီးေတာ့ နားတဲ့အက်င့္ကို မရွိတာ။ အဲဒီလိုမ်ိဳး ဆင္းရဲဇာတာပါတာလားေတာ့ မသိဘူး။ အဲဒီေတာ့ အစ္မအေနနဲ႔ အၿမဲတမ္းအလုပ္လုပ္ခ်င္ တဲ့ စိတ္တစ္ခုရွိေနတဲ့အတြက္ ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ၿပီးလုပ္တယ္။ အခုက ကိုယ့္ႏိုင္ငံထဲမွာ ရပ္ေနစရာ မလိုဘူး။ ဘာလို႔လဲဆိုေတာ့ ဘယ္ႏိုင္ငံသြားသြား အစ္မရဲ႕အိမ္ပဲ။ ကိုယ့္အိမ္နည္းနားခ်င္းႏိုင္ငံပဲျဖစ္ပါေစ၊ Europe ပဲ ျဖစ္ပါေစ၊ အေမရိကပဲ ျဖစ္ပါေစ အစ္မ ဆက္လုပ္သြားလို႔ရတဲ့ Network ေတြရွိေနသ၍ Every where အစ္မရဲ႕ Home ပဲ။ အဲဒါေၾကာင့္ မလို႔ အစ္မက‌ေတာ့ ဆက္လုပ္သြားမွာပဲ။

ေမး ။ ။ ဟုတ္ကဲ့ ေက်းဇူးပါ အစ္မ အခုလိုအခ်ိန္ေတြအမ်ားႀကီးေပးၿပီး ေျဖၾကားေပးတဲ့အတြက္။
ေျဖ ။ ။ ေက်းဇူးပါ ေမာင္ေလး။

Related news

© 2021. All rights reserved.