လျှပ်စစ်အားကို ခွဲဝေပေးနေရသဖြင့် လိုအပ်သည့်နေရာများတွင်သာ ချင့်ချိန်သုံးစွဲကြရန် YESC ၏ အမှုဆောင်အရာရှိချုပ် တိုက်တွန်း

 1045

ဟိန်း (NP News) - ဧပြီ ၂
ပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အားကို လိုအပ်သည့်နေရာများတွင်သာ သုံးစွဲကြရန်နှင့် မလိုအပ်သည့် မီးလုံး၊ မီးချောင်းများအပါအဝင် လျှပ်စစ်သုံးပစ္စည်းများအား ပိတ်ထားခြင်းအားဖြင့် ပူးပေါင်း ကူညီပေးကြရန် (YESC) မှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူက မေတ္တာရပ်ခံလိုက်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များကို အချိန်ပိုင်း အလိုက် လျှပ်စစ်ဓါတ်အားခွဲပေးနေရသည့်အတွက် ပြည်သူူများအနေဖြင့် လျှပ်စစ်ဓါတ်အားကို လိုအပ်သည့် နေရာများတွင်သာ သုံးစွဲကြရန်နှင့် မလိုအပ်သည့်နေရာများတွင် လျှပ်စစ်မီးများ ဖွင့်ထားခြင်း မပြုလုပ်ခြင်းဖြင့် ပြည်သူများ လျှပ်စစ်ဓါတ်အားမျှတစွာ ရရှိစေရန်အတွက် လျှပ်စစ်မီးသုံးစွဲသူပြည်သူတိုင်း ပါဝင်ကူညီပေးကြရန် တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။


ယင်းတို့အနက်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့လည်ပိုင်း၌ လျှပ်စစ်ဓါတ်အား (၁၂၅ဝ) မဂ္ဂါဝပ်အထိ အများဆုံး သုံးစွဲနေခြင်းဖြစ်ပြီး ညပိုင်းတွင် (၇၅ဝ) မဂ္ဂါဝပ်ထိ ဓာတ်အားသုံးစွဲလျက်ရှိနေကြောင်း ရန်ကုန်လျှပ်စစ်
ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူ၏ပြောကြားချက်အရ သိရသည်။
“လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ နေ့လယ်ပိုင်းမှာတော့ အများဆုံးဝန်အားသုံးစွဲမှုက အခုဓာတ်အားဖြတ် တောက်ပေးတာကြောင့် (၁၂၅ဝ) မဂ္ဂါဝပ်အထိ သုံးပြီး၊ ညပိုင်းမှာတော့ အနိမ့်ဆုံး (၇၅ဝ) မဂ္ဂါဝပ်လောက်ထိ ဓာတ်အားသုံးစွဲလျက်ရှိ‌ပါတယ်” ဟု အမှုဆောင်အရာရှိချုပ် ဦးကျော်သူ က နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် သည်းခံ၍ ဓာတ်အားသုံးစွဲပေးနေသည့် ဓာတ်အားသုံးစွဲသူပြည်သူများနှင့် ဓာတ်အားခများ အကြေအလည်ပေးဆောင်ကြသည့် ပြည်သူများအား အထူးပင်ကျေးဇူးတင်အသိအမှတ်ပြု ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အလှည့်ကျ လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုများအား မေလအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မေလတွင် လက်ရှိ ထက် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟု နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၂၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အသိပေးပြောကြားခဲ့သည်။

Zawgyi Version;
လွ်ပ္စစ္အားကို ခြဲေဝေပးေနရသျဖင့္ လိုအပ္သည့္ေနရာမ်ားတြင္သာ ခ်င့္ခ်ိန္သုံးစြဲၾကရန္ YESC ၏ အမႈေဆာင္အရာရွိခ်ဳပ္ တိုက္တြန္း
ဟိန္း (NP News) - ဧၿပီ ၂
ျပည္သူမ်ားအေနျဖင့္ လွ်ပ္စစ္ဓါတ္အားကို လိုအပ္သည့္ေနရာမ်ားတြင္သာ သုံးစြဲၾကရန္ႏွင့္ မလိုအပ္သည့္ မီးလုံး၊ မီးေခ်ာင္းမ်ားအပါအဝင္ လွ်ပ္စစ္သုံးပစၥည္းမ်ားအား ပိတ္ထားျခင္းအားျဖင့္ ပူးေပါင္း ကူညီေပးၾကရန္ (YESC) မွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေက်ာ္သူက ေမတၱာရပ္ခံလိုက္သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံရွိ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအသီးသီးရွိ ၿမိဳ႕နယ္၊ ေက်း႐ြာ၊ ရပ္ကြက္မ်ားကို အခ်ိန္ပိုင္း အလိုက္ လွ်ပ္စစ္ဓါတ္အားခြဲေပးေနရသည့္အတြက္ ျပည္သူူမ်ားအေနျဖင့္ လွ်ပ္စစ္ဓါတ္အားကို လိုအပ္သည့္ ေနရာမ်ားတြင္သာ သုံးစြဲၾကရန္ႏွင့္ မလိုအပ္သည့္ေနရာမ်ားတြင္ လွ်ပ္စစ္မီးမ်ား ဖြင့္ထားျခင္း မျပဳလုပ္ျခင္းျဖင့္ ျပည္သူမ်ား လွ်ပ္စစ္ဓါတ္အားမွ်တစြာ ရရွိေစရန္အတြက္ လွ်ပ္စစ္မီးသုံးစြဲသူျပည္သူတိုင္း ပါဝင္ကူညီေပးၾကရန္ တိုက္တြန္းေျပာၾကားလိုက္ျခင္းျဖစ္သည္။


ယင္းတို႔အနက္မွ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေန႔လည္ပိုင္း၌ လွ်ပ္စစ္ဓါတ္အား (၁၂၅ဝ) မဂၢါဝပ္အထိ အမ်ားဆုံး သုံးစြဲေနျခင္းျဖစ္ၿပီး ညပိုင္းတြင္ (၇၅ဝ) မဂၢါဝပ္ထိ ဓာတ္အားသုံးစြဲလ်က္ရွိေနေၾကာင္း ရန္ကုန္လွ်ပ္စစ္
ဓါတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) မွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေက်ာ္သူ၏ေျပာၾကားခ်က္အရ သိရသည္။
“လက္ရွိရန္ကုန္တိုင္းေဒသႀကီးမွာ ေန႔လယ္ပိုင္းမွာေတာ့ အမ်ားဆုံးဝန္အားသုံးစြဲမႈက အခုဓာတ္အားျဖတ္ ေတာက္ေပးတာေၾကာင့္ (၁၂၅ဝ) မဂၢါဝပ္အထိ သုံးၿပီး၊ ညပိုင္းမွာေတာ့ အနိမ့္ဆုံး (၇၅ဝ) မဂၢါဝပ္ေလာက္ထိ ဓာတ္အားသုံးစြဲလ်က္ရွိ‌ပါတယ္” ဟု အမႈေဆာင္အရာရွိခ်ဳပ္ ဦးေက်ာ္သူ က ႏိုင္ငံပိုင္႐ုပ္သံသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ လက္ရွိအခ်ိန္တြင္ သည္းခံ၍ ဓာတ္အားသုံးစြဲေပးေနသည့္ ဓာတ္အားသုံးစြဲသူျပည္သူမ်ားႏွင့္ ဓာတ္အားခမ်ား အေၾကအလည္ေပးေဆာင္ၾကသည့္ ျပည္သူမ်ားအား အထူးပင္ေက်းဇူးတင္အသိအမွတ္ျပဳ ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

အလွည့္က် လွ်စ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးမႈမ်ားအား ေမလအထိ ျပဳလုပ္သြားမည္ျဖစ္ၿပီး ေမလတြင္ လက္ရွိ ထက္ လွ်ပ္စစ္ဓာတ္အားပိုမိုျဖန႔္ျဖဴးေပးႏိုင္မည္ဟု နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက မတ္လ ၂၄ ရက္က ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ အသိေပးေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.