စက်မှုဝန်ကြီးဌာနပိုင် စက်ရုံအလုပ်ရုံ ၁ဝ၇ ရုံရှိပြီး ၅၅ ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းထားကာ ကျန်ရှိသော စက်ရုံများကို နိုင်ငံပိုင်အနေဖြင့် ဆောင်ရွက်နေဟုဆို

1266

မျိုးကြီး (NP News) - ဧပြီ ၄
စက်မှုဝန်ကြီးဌာနပိုင် စက်ရုံအလုပ်ရုံ ၁ဝ၇ ရုံရှိပြီး ၅၅ ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းထားကာ ကျန်ရှိသောစက်ရုံများ ကို နိုင်ငံပိုင်အနေဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဒေါက်တာချာလီသန်းက ပြောသည်။
ဝန်ကြီးဒေါက်တာချာလီသန်းက ဧပြီ ၃ ရက်တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်း အဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် သံနှင့် သံမဏိ၊ ဘိလပ်မြေနှင့်ကြွေထည်၊ မြေထည်၊ ချည်မျှင်နှင့်အထည်၊ ဆေးဝါးနှင့် လူသုံးကုန်တို့ကို အဓိကထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနတွင် စက်ရုံအလုပ်ရုံပေါင်း ၁ဝ၇ ရုံရှိပြီး ၅၅ ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းထားကြောင်းနှင့် ကျန်ရှိ သော ၅၂ ရုံ ကို နိုင်ငံပိုင်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဒေါက်တာချာလီသန်းက ဆို သည်။
သံနှင့်သံမဏိထုတ်လုပ်မှုအပိုင်းနှင့်ပတ်သက်၍ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) တို့ကို ၂ဝဝ၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ကာ စီမံကိန်းများဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် လွှတ်တော်က ၎င်းစီမံကိန်းနှစ်ခုကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ရပြီး လက်ရှိ နစကလက်ထက်တွင် ယင်းစီမံကိန်းနှစ်ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးက ဆိုသည်။
ဆက်လက်ပြီး ဝန်ကြီးဒေါက်တာချာလီသန်းက သံနှင့်သံမဏိသည် နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် ထုတ်ကုန်ပစ္စည်းဖြစ်သည့်အတွက် စီမံကိန်းလုပ်ငန်းများအောင်မြင်ရန် ကြိုးစားဆောင်ရွက်ရန်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

Zawgyi Version;
စက္မႈဝန္ႀကီးဌာနပိုင္ စက္႐ုံအလုပ္႐ုံ ၁ဝ၇ ႐ုံရွိၿပီး ၅၅ ႐ုံကို ပုဂၢလိကသို႔ ငွားရမ္းထားကာ က်န္ရွိေသာ စက္႐ုံမ်ားကို ႏိုင္ငံပိုင္အေနျဖင့္ ေဆာင္႐ြက္ေနဟုဆို
မ်ိဳးႀကီး (NP News) - ဧၿပီ ၄
စက္မႈဝန္ႀကီးဌာနပိုင္ စက္႐ုံအလုပ္႐ုံ ၁ဝ၇ ႐ုံရွိၿပီး ၅၅ ႐ုံကို ပုဂၢလိကသို႔ ငွားရမ္းထားကာ က်န္ရွိေသာစက္႐ုံမ်ား ကို ႏိုင္ငံပိုင္အေနျဖင့္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း စက္မႈဝန္ႀကီးေဒါက္တာခ်ာလီသန္းက ေျပာသည္။
ဝန္ႀကီးေဒါက္တာခ်ာလီသန္းက ဧၿပီ ၃ ရက္တြင္ ေနျပည္ေတာ္ရွိ စက္မႈဝန္ႀကီးဌာနတြင္ ျပဳလုပ္သည့္ အစည္း အေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
စက္မႈဝန္ႀကီးဌာနအေနျဖင့္ သံႏွင့္ သံမဏိ၊ ဘိလပ္ေျမႏွင့္ေႂကြထည္၊ ေျမထည္၊ ခ်ည္မွ်င္ႏွင့္အထည္၊ ေဆးဝါးႏွင့္ လူသုံးကုန္တို႔ကို အဓိကထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
စက္မႈဝန္ႀကီးဌာနတြင္ စက္႐ုံအလုပ္႐ုံေပါင္း ၁ဝ၇ ႐ုံရွိၿပီး ၅၅ ႐ုံကို ပုဂၢလိကသို႔ ငွားရမ္းထားေၾကာင္းႏွင့္ က်န္ရွိ ေသာ ၅၂ ႐ုံ ကို ႏိုင္ငံပိုင္အေနျဖင့္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဝန္ႀကီးေဒါက္တာခ်ာလီသန္းက ဆို သည္။
သံႏွင့္သံမဏိထုတ္လုပ္မႈအပိုင္းႏွင့္ပတ္သက္၍ အမွတ္(၁) သံမဏိစက္႐ုံ(ျမင္းၿခံ)ႏွင့္ အမွတ္(၂)သံမဏိစက္႐ုံ (ပင္းပက္) တို႔ကို ၂ဝဝ၄ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ကာ စီမံကိန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး ၂ဝ၁၇ ခုႏွစ္တြင္ လႊတ္ေတာ္က ၎စီမံကိန္းႏွစ္ခုကို ဆက္လက္ေဆာင္႐ြက္ျခင္းမျပဳရန္ ဆုံးျဖတ္ခဲ့သည့္အတြက္ ရပ္ဆိုင္းခဲ့ရၿပီး လက္ရွိ နစကလက္ထက္တြင္ ယင္းစီမံကိန္းႏွစ္ခုကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း စက္မႈဝန္ႀကီးက ဆိုသည္။
ဆက္လက္ၿပီး ဝန္ႀကီးေဒါက္တာခ်ာလီသန္းက သံႏွင့္သံမဏိသည္ ႏိုင္ငံေတာ္အတြက္ မရွိမျဖစ္လိုအပ္သည့္ ထုတ္ကုန္ပစၥည္းျဖစ္သည့္အတြက္ စီမံကိန္းလုပ္ငန္းမ်ားေအာင္ျမင္ရန္ ႀကိဳးစားေဆာင္႐ြက္ရန္လည္း ထည့္သြင္း ေျပာၾကားခဲ့သည္။