ဒလတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ၉ ရက်တာ လမ်းပိတ်ထားမည်

1363

ဟိန်း (NP News) - ဧပြီ ၆
ဒလတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၉ ရက်တာ လမ်းပိတ်ထားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနစီမံကိန်းစီမံခန့်ခွဲ ရေးအဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဧပြီလ ၉ ရက်(စနေနေ့) နံနက် ၄ နာရီမှစတင်၍ ဧပြီလ ၁၈ ရက် (တနင်္လာနေ့) နံနက် ၄ နာရီထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား) အပိုင်းအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူကြီးကြပ်၍ ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည့်အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် (၉) ရပ်တာ ယာယီလမ်းပိတ်ထားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါကာလ အတွင်း ပြည်လမ်းနှင့် ဘုန်းကြီးလမ်း (အောက်ဘလောက်)မှ လာသည့် မော်တော်ယာဉ်များသည် ဗိုလ်ချုပ်လမ်း နှင့်အနော်ရထာလမ်းတို့မှ လမ်းလွှဲမောင်းနှင်ပေးကြပါရန် တံတားဦးစီးဌာနစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့က အသိ ပေးနှိုးဆော်ထားသည်။
တံတားစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း အကုန်ကျခံကာ ကိုရီးယားနိုင်ငံမှ EDCS ချေးငွေ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်း ဖြင့် ရယူ၍ နှစ် ၄ဝ ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အဓိက ကန်ထရိုက်တာအဖြစ် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရှိရသည်။
တံတားကြီး၏ ရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်၏ အကွာအဝေးသည် မီတာ ၃၇ဝ ခန်းဖွင့်အကျယ်ရှိကြောင်း သိရသည်။ တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားအရှည်သည် ၆ဝ၁ မီတာရှိကာ ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉ဝ ရှိပြီး စုစုပေါင်း တံတားရှည်သည် ၆၁၄၄ ပေရှိသည်။ ရေလမ်းကင်းလွတ်ခွင့်အမြင့်သည် ၄၉ မီတာ (၁၆ဝ ပေ) ရှိသည်။ တံတား တွင် တစ်ဖက်လျှင် ၄ မီတာအကျယ် လူသွားပလက်ဖောင်းပါရှိကြောင်း သိရသည်။

Zawgyi Version;
ဒလတံတားစီမံကိန္း ရန္ကုန္ဘက္ျခမ္းတြင္ ခ်ဥ္းကပ္တံတားယက္မႀကီးမ်ား တပ္ဆင္ျခင္းလုပ္ငန္း ေဆာင္႐ြက္ရန္ ၉ ရက္တာ လမ္းပိတ္ထားမည္
ဟိန္း (NP News) - ဧၿပီ ၆
ဒလတံတားစီမံကိန္း ရန္ကုန္ဘက္ျခမ္းတြင္ ခ်ဥ္းကပ္တံတားယက္မႀကီးမ်ား တပ္ဆင္ျခင္းလုပ္ငန္း ေဆာင္႐ြက္သြားမည္ျဖစ္သျဖင့္ ၉ ရက္တာ လမ္းပိတ္ထားမည္ျဖစ္ေၾကာင္း တံတားဦးစီးဌာနစီမံကိန္းစီမံခန႔္ခြဲ ေရးအဖြဲ႕မွ သတင္းရရွိသည္။
ရန္ကုန္ဘက္ျခမ္း ခ်ဥ္းကပ္တံတားယက္မႀကီးမ်ား တပ္ဆင္ျခင္းလုပ္ငန္းမ်ားကို ဧၿပီလ ၉ ရက္(စေနေန႔) နံနက္ ၄ နာရီမွစတင္၍ ဧၿပီလ ၁၈ ရက္ (တနလၤာေန႔) နံနက္ ၄ နာရီထိ ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ဘုန္းႀကီးလမ္း (ဗိုလ္ခ်ဳပ္လမ္းႏွင့္ အေနာ္ရထာလမ္းၾကား) အပိုင္းအား ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း ဆိုသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ တာဝန္ယူႀကီးၾကပ္၍ ကိုရီးယားသမၼတႏိုင္ငံ EDCF ေခ်းေငြျဖင့္ ေဆာင္႐ြက္လ်က္ရွိေသာ ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး(ဒလ)တံတားစီမံကိန္း၏ ရန္ကုန္ဘက္ျခမ္းတြင္ ခ်ဥ္းကပ္တံတားယက္မႀကီးမ်ား တပ္ဆင္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္သည့္အတြက္ လုပ္ငန္းခြင္ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ (၉) ရပ္တာ ယာယီလမ္းပိတ္ထားမည္ျဖစ္ပါေၾကာင္းႏွင့္ အဆိုပါကာလ အတြင္း ျပည္လမ္းႏွင့္ ဘုန္းႀကီးလမ္း (ေအာက္ဘေလာက္)မွ လာသည့္ ေမာ္ေတာ္ယာဥ္မ်ားသည္ ဗိုလ္ခ်ဳပ္လမ္း ႏွင့္အေနာ္ရထာလမ္းတို႔မွ လမ္းလႊဲေမာင္းႏွင္ေပးၾကပါရန္ တံတားဦးစီးဌာနစီမံကိန္းစီမံခန႔္ခြဲေရးအဖြဲ႕က အသိ ေပးႏႈိးေဆာ္ထားသည္။
တံတားစီမံကိန္းကို အေမရိကန္ေဒၚလာ ၁၅၇ ဒသမ ၈၃၃ သန္း အကုန္က်ခံကာ ကိုရီးယားႏိုင္ငံမွ EDCS ေခ်းေငြ အတိုးႏႈန္း ဝ ဒသမ ဝ၁ ရာခိုင္ႏႈန္း ျဖင့္ ရယူ၍ ႏွစ္ ၄ဝ ေခ်းေငြျဖင့္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး အဓိက ကန္ထ႐ိုက္တာအျဖစ္ ကိုရီးယားႏိုင္ငံ၏ GS Engineering Group မွ တာဝန္ယူတည္ေဆာက္ျခင္းျဖစ္ေၾကာင္း တံတားဦးစီးဌာနမွ သိရွိရသည္။
တံတားႀကီး၏ ေရလယ္ပိုင္း တာဝါတိုင္ႏွစ္တိုင္၏ အကြာအေဝးသည္ မီတာ ၃၇ဝ ခန္းဖြင့္အက်ယ္ရွိေၾကာင္း သိရသည္။ တံတား၏ ဒလဘက္ျခမ္း ခ်ဥ္းကပ္တံတားအရွည္သည္ ၅၇၇ မီတာရွိၿပီး ရန္ကုန္ဘက္ျခမ္း ခ်ဥ္းကပ္ တံတားအရွည္သည္ ၆ဝ၁ မီတာရွိကာ ေရလယ္ပိုင္း ပင္မတံတားအရွည္သည္ မီတာ ၆၉ဝ ရွိၿပီး စုစုေပါင္း တံတားရွည္သည္ ၆၁၄၄ ေပရွိသည္။ ေရလမ္းကင္းလြတ္ခြင့္အျမင့္သည္ ၄၉ မီတာ (၁၆ဝ ေပ) ရွိသည္။ တံတား တြင္ တစ္ဖက္လွ်င္ ၄ မီတာအက်ယ္ လူသြားပလက္ေဖာင္းပါရွိေၾကာင္း သိရသည္။
#NPNews