မလေးရှားရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းသည့် မြန်မာနိုင်ငံသားတွေကို မလေးရှားဖမ်ဆီး

803

ဂျန်ဇက် (NP News) - ဧပြီ ၁၄
မလေးရှားနိုင်ငံ ဆီလန်ဂေါ်ဒေသရှိ ရေကြောင်းတပ်ဖွဲ့(APMM)သည် မလေးရှား Kuala Selangor ရေပိုက်နက်အတွင်း တရားမဝင်ဝင်ရောက်ကာ ငါးဖမ်းရန်ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းတွေကဆိုသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား လေးဦးသည် အသက် ၂၄ နှစ်နှင့် ၄၅ နှစ်အရွယ်ရှိသူများဖြစ်ပြီး မလေးရှား ငါးဖမ်းသင်္ဘောတစ်စီးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအာဏာပိုင်တွေကဆိုသည်။ မလေးရှားမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မိုဟာမက် ရိုစလီကက်ဆင်က" Kuala Selangor ရေပြင်မှ ၂၇ မိုင်အကွာမှာ မြန်မာနိုင်ငံသားတွေနဲ့အတူ ငါးဖမ်းလှေတစ်စီးကို ဖမ်းမိခဲ့တာပါ၊မြန်မာနိုင်ငံသား ၄ဦးဟာ မလေးရှားရေကြောင်းပိုင်နက် စည်းကမ်းတွေ ချိူးဖောက်ခဲ့တယ်။ လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်တယ်။ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံအတွင်း ငါးဖမ်းခွင့်နဲ့ပတ်သက်ပြီး တရား ဝင်စာရွက်စာတမ်းများနဲ့ ဥပဒေအရခွင့်ပြုချက်တွေလည်းမရထားဘူး" ဟုဆိုသည်။
မလေးရှားရေကြောင်းတပ်ဖွဲ့သည် မြန်မာနိုင်ငံသား လေးဦးနှင့်အတူ ၎င်းတို့ ဖမ်းဆီးထားသည့် ၄ဝဝ ကီလိုဂရမ်ရှိ ငါးများကိုလည်း သိမ်း ဆည်းရမိကြောင်းသိရသည်။ မလေးရှားရေကြောင်း တပ်ဖွဲ့သည် မြန် မာနိုင်ငံသား လေးဦးနှင့်အတူ ငါဖးမ်းလှေကိုထပ်မံစုံစမ်းစစ်ဆေးနိုင်ရန်အတွက် Pulau Pulau ရေကြောင်းရဲတပ်ဖွဲ့ထံ ခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။

zawgyi version
မေလးရွားေရပိုင္နက္အတြင္း တရားမဝင္ငါးဖမ္းသည့္ ျမန္မာႏိုင္ငံသားေတြကို မေလးရွားဖမ္ဆီး
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၄
မေလးရွားႏိုင္ငံ ဆီလန္ေဂၚေဒသရွိ ေရေၾကာင္းတပ္ဖြဲ႕(APMM)သည္ မေလးရွား Kuala Selangor ေရပိုက္နက္အတြင္း တရားမဝင္ဝင္ေရာက္ကာ ငါးဖမ္းရန္ႀကိဳးပမ္းခဲ့သည့္ ျမန္မာႏိုင္ငံသား ၄ ဦးကို ဖမ္းဆီးခဲ့ေၾကာင္း မေလးရွားသတင္းေတြကဆိုသည္။
ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား ေလးဦးသည္ အသက္ ၂၄ ႏွစ္ႏွင့္ ၄၅ ႏွစ္အ႐ြယ္ရွိသူမ်ားျဖစ္ၿပီး မေလးရွား ငါးဖမ္းသေဘၤာတစ္စီးႏွင့္အတူ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း မေလးရွားအာဏာပိုင္ေတြကဆိုသည္။ မေလးရွားမွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ မိုဟာမက္ ႐ိုစလီကက္ဆင္က" Kuala Selangor ေရျပင္မွ ၂၇ မိုင္အကြာမွာ ျမန္မာႏိုင္ငံသားေတြနဲ႔အတူ ငါးဖမ္းေလွတစ္စီးကို ဖမ္းမိခဲ့တာပါ၊ျမန္မာႏိုင္ငံသား ၄ဦးဟာ မေလးရွားေရေၾကာင္းပိုင္နက္ စည္းကမ္းေတြ ခ်ိဴးေဖာက္ခဲ့တယ္။ လက္ရွိအခ်ိန္မွာ စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနဆဲျဖစ္တယ္။ ျမန္မာႏိုင္ငံသားေတြဟာ မေလးရွားႏိုင္ငံအတြင္း ငါးဖမ္းခြင့္နဲ႔ပတ္သက္ၿပီး တရား ဝင္စာ႐ြက္စာတမ္းမ်ားနဲ႔ ဥပေဒအရခြင့္ျပဳခ်က္ေတြလည္းမရထားဘူး" ဟုဆိုသည္။
မေလးရွားေရေၾကာင္းတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသား ေလးဦးႏွင့္အတူ ၎တို႔ ဖမ္းဆီးထားသည့္ ၄ဝဝ ကီလိုဂရမ္ရွိ ငါးမ်ားကိုလည္း သိမ္း ဆည္းရမိေၾကာင္းသိရသည္။ မေလးရွားေရေၾကာင္း တပ္ဖြဲ႕သည္ ျမန္ မာႏိုင္ငံသား ေလးဦးႏွင့္အတူ ငါဖးမ္းေလွကိုထပ္မံစုံစမ္းစစ္ေဆးႏိုင္ရန္အတြက္ Pulau Pulau ေရေၾကာင္းရဲတပ္ဖြဲ႕ထံ ေခၚေဆာင္လာခဲ့ေၾကာင္းသိရသည္။