ဘရာဇီး ဂန္တဝင်ကစားသမားကြီး ပီလီ ကင်ဆာရောဂါကြောင့် ဆေးရုံထပ်မံတက်ရောက်ခဲ့ရ

553

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ
ဘရာဇီး ဂန္တဝင် ကစားသမား ပီလီဟာ ကင်ဆာရောဂါကို ကုသနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဘရာဇီးနိုင်ငံ ဆော်အိုပေါ်လိုမြို့ရှိ အယ်ဘတ်အင်စတိန်းဆေးရုံကို ထပ်မံတက်ရောက်ကုသနေခဲ့ရကြောင်းသိရပါတယ်။အ သက် ၈၁ နှစ်အရွယ်ရှိ ရာစုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမားအဖြစ်သတ်မှတ်ခံထားရတဲ့ ပီလီဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလက အူမကြီးရှိ အဖုအကြိတ်ကိုခွဲစိတ်နိုင်ဖို့ နောက်ဆုံးဆေးရုံတက်ခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက ဆေးရုံတက်လိုက်၊ ဆင်းလိုက်ဖြစ်နေခဲ့ပါတယ်။
ပီလီဟာအသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ကျန်း မာရေးပြဿနာများ ဆက်တိုက်တွေ့ကြုံခဲ့ရသူဖြစ်ပါတယ်။ ပီလီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဆီးပိုးဝင်တဲ့အတွက် ဓါတုဗေဒကုထုံးနဲ့ကုသနိုင်ဖို့ ဆေးရုံတက်ခဲ့ရဖူးပါတယ်။ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဘရာဇီးကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့ဖူးတဲ့ ပီလီဟာ ဆေးရုံတက်ရောက်နေကြောင်း၊ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအ နေ တည်ငြိမ်ကောင်းမွန်နေရာ လာမယ့်ရက်ပိုင်းအတွင်းဆေးရုံက ပြန်ဆင်းရဖွယ်ရှိနေကြောင်း ဆိုပါတယ်။
ပီလီဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမိုင်းတစ်လျှောက်မှာ တစ်ခေတ်တစ်ယောက်လို့ တင်စားခံရတဲ့အကောင်းဆုံးဘောလုံးသမားဖြစ်ပြီး ကစားသမားဘဝအတွင်း ဘရာဇီးအသင်းနဲ့ ကလပ်အသင်းများအတွက် ပွဲပေါင်း ၇၉၂ ပွဲပါဝင်ကစားခဲ့ကာ ဂိုးပေါင်း ၇၂ဝ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

zawgyi version
ဘရာဇီး ဂႏၲဝင္ကစားသမားႀကီး ပီလီ ကင္ဆာေရာဂါေၾကာင့္ ေဆး႐ုံထပ္မံတက္ေရာက္ခဲ့ရ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ
ဘရာဇီး ဂႏၲဝင္ ကစားသမား ပီလီဟာ ကင္ဆာေရာဂါကို ကုသႏိုင္ဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဘရာဇီးႏိုင္ငံ ေဆာ္အိုေပၚလိုၿမိဳ႕ရွိ အယ္ဘတ္အင္စတိန္းေဆး႐ုံကို ထပ္မံတက္ေရာက္ကုသေနခဲ့ရေၾကာင္းသိရပါတယ္။အ သက္ ၈၁ ႏွစ္အ႐ြယ္ရွိ ရာစုႏွစ္ရဲ႕အေကာင္းဆုံးေဘာလုံးသမားအျဖစ္သတ္မွတ္ခံထားရတဲ့ ပီလီဟာ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလက အူမႀကီးရွိ အဖုအႀကိတ္ကိုခြဲစိတ္ႏိုင္ဖို႔ ေနာက္ဆုံးေဆး႐ုံတက္ခဲ့ၿပီး အဲဒီေနာက္ပိုင္းကတည္းက ေဆး႐ုံတက္လိုက္၊ ဆင္းလိုက္ျဖစ္ေနခဲ့ပါတယ္။
ပီလီဟာအသက္အ႐ြယ္ရလာၿပီျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ က်န္း မာေရးျပႆနာမ်ား ဆက္တိုက္ေတြ႕ႀကဳံခဲ့ရသူျဖစ္ပါတယ္။ ပီလီဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းကလည္း ဆီးပိုးဝင္တဲ့အတြက္ ဓါတုေဗဒကုထုံးနဲ႔ကုသႏိုင္ဖို႔ ေဆး႐ုံတက္ခဲ့ရဖူးပါတယ္။ ေဆး႐ုံတာဝန္ရွိသူတစ္ဦးက ဘရာဇီးကို ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ေပးခဲ့ဖူးတဲ့ ပီလီဟာ ေဆး႐ုံတက္ေရာက္ေနေၾကာင္း၊ လက္ရွိအခ်ိန္မွာ က်န္းမာေရးအေျခအ ေန တည္ၿငိမ္ေကာင္းမြန္ေနရာ လာမယ့္ရက္ပိုင္းအတြင္းေဆး႐ုံက ျပန္ဆင္းရဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။
ပီလီဟာ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမိုင္းတစ္ေလွ်ာက္မွာ တစ္ေခတ္တစ္ေယာက္လို႔ တင္စားခံရတဲ့အေကာင္းဆုံးေဘာလုံးသမားျဖစ္ၿပီး ကစားသမားဘဝအတြင္း ဘရာဇီးအသင္းနဲ႔ ကလပ္အသင္းမ်ားအတြက္ ပြဲေပါင္း ၇၉၂ ပြဲပါဝင္ကစားခဲ့ကာ ဂိုးေပါင္း ၇၂ဝ သြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။