လူရွှင်တော်ကောင်းကျော် ဖမ်းဆီးခံရကြောင်း ဇနီးဖြစ်သူ အတည်ပြု

 1832

အိဖြူ (NP News) – ဧပြီ ၂ဝ
လူရွှင်တော်ကောင်းကျော်ကို နစကလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဧပြီလ ၁၉ ရက်၊ အင်္ဂါနေ့ ည ၁ဝ နာရီဝန်းကျင်ခန့် က ၎င်းတို့နေထိုင်သော ရန်ကုန်တိုင်းဒေသကြီး အမှတ်(၅၇)၊ ပိတောက်ရွှေဝါလမ်း၊ (၈) ရပ်ကွက်၊ သာကေတ မြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဦးကောင်းကျော်၏ ဇနီးဖြစ်သူ မယဉ်ယဉ်ဦး မှ NP News ကို အတည်ပြုပြောသည်။

နစကတပ်ဖွဲ့ဝင်များမှ ဦးကောင်းကျော်အား စစ်ဆေးမေးမြန်းစရာရှိ၍ ခေတ္တလိုက်ခဲ့ ပေးပါရန်ပြောဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ယခုကဲ့သို့ ပြောသည်။
“ဦးကောင်း ဖမ်းခေါ်ခံရတဲ့သတင်းက မှန်ပါတယ်။ ညက လာခေါ်သွားတာပါ။ အဲဒီအချိန်က မီးလည်း ပျက်နေ တော့ သူတို့လာတာကို အစ်မက သိတယ်။ သူတို့က အိမ်ထဲရှာတာ၊ အိမ်ထဲဝင်တာတွေ၊ အိမ်ပေါ်တက်တာ တွေ၊ ရိုက်နှက်တာတွေတော့ မရှိပါဘူး။ အိမ်အပေါက်ဝကနေပဲ ဦးကောင်းကျော် ကို မေးမြန်းစရာရှိလို့ ခဏ လိုက်ခဲ့ပါဦး၊ ဖုန်းကိုတော့ ယူသိမ်းလိုက်တယ်” ဟု မယဉ်ယဉ်ဦးက ပြောသည်။

ဦးကောင်းကျော် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ လွန်ခဲ့သည့်ရက်ပိုင်းက ဟန်ငြိမ်းဦးအကောင့်ပိုင်ရှင်မှ ဖော်ပြခဲ့ သည့် ဟားငါးကောင်အဖွဲ့နှင့်ဆက်သွယ်နေသော၊ ကူညီထောက်ပံ့နေသော လူရွှင်တော်ကောင်းကျော်ကို ဖမ်းဆီးရန် ရေးသားဖော်ပြမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

“ဟားငါးကောင်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ဦးကောင်းကျော်ကလည်း လူရွှင် တော်ဖြစ်တဲ့အတွက် သူက ဘယ်သူ့ကိုမှ Block တာမျိုးလည်း မဟုတ်တဲ့အတွက် ဖေ့ဘွတ်စ်မှာကတော့ အားလုံးနဲ့က အဆက်အသွယ်ရှိနေတဲ့သဘောမျိုးပေါ့။ ပြီးတော့ အစ်မတို့က လင်မယားနှစ်ယောက် တည်းနေတာ။ ဦးကောင်းကျော်ကလည်း ကိုဗစ်ကာလရော၊ နိုင်ငံရေးအခင်းအကျင်းကာလမှာပါ ဘာပွဲမှ မရှိ တော့ ဝင်ငွေလည်း မရှိဘူးလေ၊ ထောက်ပံ့တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဟု ဦးကောင်းကျော်၏ ဇနီးဖြစ်သူ မယဉ်ယဉ်ဦးက ဆက်လက်ပြောခဲ့သည်။

ဟန်ငြိမ်းဦး အကောင့်ပိုင်ရှင်သည် လူရွှင်တော်ကောင်းကျော်က နစကမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့်အဖွဲ့အတွင်း အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေသော ဟားငါးကောင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေကြောင်း၊ ထောက်ပံ့ကူညီမှုများလုပ်ဆောင်နေကြောင်း ရေးသားဖော်ပြခဲ့ပြီး ၎င်းအား ဖမ်းဆီးအရေးယူရန် တိုက်တွန်းရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းများ ထွက်ပေါ်လာပြီးနောက် လူရွှင်တော်ကောင်းကျော်ကိုယ်တိုင်က ၎င်း မကြာမီအဖမ်းခံရ တော့ မည်ဖြစ်ကြောင်းနှင့် ကိုယ်တိုင်က မဟုတ်မမှန်သည့်ကိစ္စများအား လုပ်ဆောင်ထားခြင်း မရှိသည့်အတွက် မည်သည့်နေရာကိုမျှ ထွက်ပြေးတိမ်းရှောင်းမည်မဟုတ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ရေးသားခဲ့သည်။

ဦးကောင်းကျော်အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မသိရသေးသည့်အပြင် လက်ရှိ အချိန်ထိလည်း အဆက်အသွယ်မရသေးကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရချိန်က ဦးကောင်းကျော်သည် ဇနီးဖြစ်သူအား စိတ်မပူရန် မှာကြားခဲ့ကြောင်း ဦးကောင်းကျော်၏ ဇနီးဖြစ်သူက NP News ကို ပြောသည်။

Zawgyi Version;
လူ႐ႊင္ေတာ္ေကာင္းေက်ာ္ ဖမ္းဆီးခံရေၾကာင္း ဇနီးျဖစ္သူ အတည္ျပဳ
အိျဖဴ (NP News) – ဧၿပီ ၂ဝ
လူ႐ႊင္ေတာ္ေကာင္းေက်ာ္ကို နစကလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ဧၿပီလ ၁၉ ရက္၊ အဂၤါေန႔ ည ၁ဝ နာရီဝန္းက်င္ခန႔္ က ၎တို႔ေနထိုင္ေသာ ရန္ကုန္တိုင္းေဒသႀကီး အမွတ္(၅၇)၊ ပိေတာက္ေ႐ႊဝါလမ္း၊ (၈) ရပ္ကြက္၊ သာေကတ ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ဦးေကာင္းေက်ာ္၏ ဇနီးျဖစ္သူ မယဥ္ယဥ္ဦး မွ NP News ကို အတည္ျပဳေျပာသည္။

နစကတပ္ဖြဲ႕ဝင္မ်ားမွ ဦးေကာင္းေက်ာ္အား စစ္ေဆးေမးျမန္းစရာရွိ၍ ေခတၱလိုက္ခဲ့ ေပးပါရန္ေျပာဆိုကာ ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ဇနီးျဖစ္သူက ယခုကဲ့သို႔ ေျပာသည္။
“ဦးေကာင္း ဖမ္းေခၚခံရတဲ့သတင္းက မွန္ပါတယ္။ ညက လာေခၚသြားတာပါ။ အဲဒီအခ်ိန္က မီးလည္း ပ်က္ေန ေတာ့ သူတို႔လာတာကို အစ္မက သိတယ္။ သူတို႔က အိမ္ထဲရွာတာ၊ အိမ္ထဲဝင္တာေတြ၊ အိမ္ေပၚတက္တာ ေတြ၊ ရိုက္ႏွက္တာေတြေတာ့ မရွိပါဘူး။ အိမ္အေပါက္ဝကေနပဲ ဦးေကာင္းေက်ာ္ ကို ေမးျမန္းစရာရွိလို႔ ခဏ လိုက္ခဲ့ပါဦး၊ ဖုန္းကိုေတာ့ ယူသိမ္းလိုက္တယ္” ဟု မယဥ္ယဥ္ဦးက ေျပာသည္။

ဦးေကာင္းေက်ာ္ ယခုကဲ့သို႔ ဖမ္းဆီးခံရျခင္းမွာ လြန္ခဲ့သည့္ရက္ပိုင္းက ဟန္ၿငိမ္းဦးအေကာင့္ပိုင္ရွင္မွ ေဖာ္ျပခဲ့ သည့္ ဟားငါးေကာင္အဖြဲ႕ႏွင့္ဆက္သြယ္ေနေသာ၊ ကူညီေထာက္ပံ့ေနေသာ လူ႐ႊင္ေတာ္ေကာင္းေက်ာ္ကို ဖမ္းဆီးရန္ ေရးသားေဖာ္ျပမႈေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။

“ဟားငါးေကာင္နဲ႔ အဆက္အသြယ္ရွိတယ္ဆိုတာကလည္း မဟုတ္ပါဘူး။ ဦးေကာင္းေက်ာ္ကလည္း လူ႐ႊင္ ေတာ္ျဖစ္တဲ့အတြက္ သူက ဘယ္သူ႔ကိုမွ Block တာမ်ိဳးလည္း မဟုတ္တဲ့အတြက္ ေဖ့ဘြတ္စ္မွာကေတာ့ အားလုံးနဲ႔က အဆက္အသြယ္ရွိေနတဲ့သေဘာမ်ိဳးေပါ့။ ၿပီးေတာ့ အစ္မတို႔က လင္မယားႏွစ္ေယာက္ တည္းေနတာ။ ဦးေကာင္းေက်ာ္ကလည္း ကိုဗစ္ကာလေရာ၊ ႏိုင္ငံေရးအခင္းအက်င္းကာလမွာပါ ဘာပြဲမွ မရွိ ေတာ့ ဝင္ေငြလည္း မရွိဘူးေလ၊ ေထာက္ပံ့တယ္ဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ” ဟု ဦးေကာင္းေက်ာ္၏ ဇနီးျဖစ္သူ မယဥ္ယဥ္ဦးက ဆက္လက္ေျပာခဲ့သည္။

ဟန္ၿငိမ္းဦး အေကာင့္ပိုင္ရွင္သည္ လူ႐ႊင္ေတာ္ေကာင္းေက်ာ္က နစကမွ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားသည့္အဖြဲ႕အတြင္း အၾကမ္းဖက္လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနေသာ ဟားငါးေကာင္အဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏြယ္ေနေၾကာင္း၊ ေထာက္ပံ့ကူညီမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေရးသားေဖာ္ျပခဲ့ၿပီး ၎အား ဖမ္းဆီးအေရးယူရန္ တိုက္တြန္းေရးသားခဲ့ျခင္းျဖစ္သည္။

အဆိုပါသတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ လူ႐ႊင္ေတာ္ေကာင္းေက်ာ္ကိုယ္တိုင္က ၎ မၾကာမီအဖမ္းခံရ ေတာ့ မည္ျဖစ္ေၾကာင္းႏွင့္ ကိုယ္တိုင္က မဟုတ္မမွန္သည့္ကိစၥမ်ားအား လုပ္ေဆာင္ထားျခင္း မရွိသည့္အတြက္ မည္သည့္ေနရာကိုမွ် ထြက္ေျပးတိမ္းေရွာင္းမည္မဟုတ္ေၾကာင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျပန္လည္ေရးသားခဲ့သည္။

ဦးေကာင္းေက်ာ္အား မည္သည့္ေနရာသို႔ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း မသိရေသးသည့္အျပင္ လက္ရွိ အခ်ိန္ထိလည္း အဆက္အသြယ္မရေသးေၾကာင္း၊ ဖမ္းဆီးေခၚေဆာင္ခံရခ်ိန္က ဦးေကာင္းေက်ာ္သည္ ဇနီးျဖစ္သူအား စိတ္မပူရန္ မွာၾကားခဲ့ေၾကာင္း ဦးေကာင္းေက်ာ္၏ ဇနီးျဖစ္သူက NP News ကို ေျပာသည္။

Related news

© 2021. All rights reserved.