F.ABLE ရဲ့ အဖွဲ့ဝင်ဟောင်း ဂျေဟွမ် သွေးကင်ဆာရောဂါနဲ့ အသက် ၂၃ နှစ်မှာ ကွယ်လွန်

281
ရောင်နီ (NP News) - ဇူလိုင် ၃
ဂျေဟွမ် လို့ လူသိများတဲ့ K-pop ယောက်ျားလေးအဖွဲ့ F.ABLE ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရှင်းဂျေဟွမ်ဟာ အသက် ၂၃ နှစ် အရွယ်မှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ရဲ့ သေဆုံးသတင်းကို ဇွန်လ ၂၉ ရက်မှာ အသိမိတ်ဆွေတွေက မျှဝေခဲ့တာဖြစ်ပြီး နောက်ပိုင်း ဇူလိုင် ၂ ရက်မှာတော့ အတည်ပြုခဲ့ပါတယ်။ ဂျေဟွမ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက သွေးကင်ဆာရောဂါကို တိတ်တဆိတ် ကုသနေခဲ့ရတာဖြစ်ပြီး သူ့ရဲ့ရောဂါကို လူသိရှင်ကြား ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ ကွယ်လွန်သွားပြီးနောက်မှသာ သူ့ရဲ့ အခြေအနေကို ပရိသတ်တော်တော်များများ သိခဲ့ရပါတယ်။ ဂျေဟွမ်ဟာ ၂၀၀၂ ခုနှစ် ဧပြီလ ၇ ရက်နေ့ ဖွား ဖြစ်ပြီး Haeirum Entertainment လက်အောက်ရှိ အမျိုးသား K Pop အဖွဲ့ F.ABLE မှာ အသက်အငယ်ဆုံး အဖွဲ့ဝင်အဖြစ် ၂၀၂၀ ခုနှစ် ဇွန်လက ပွဲဦးထွက်ခဲ့ပါတယ်။
ဂျေဟွမ်ဟာ အဖွဲ့နဲ့ "Burn It Up” , Run Run Run” အပါအဝင် သီချင်းအနည်းငယ် ထွက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေမှာ မပါဝင်တော့ပဲ ပရိသတ်ရှေ့ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version:
F.ABLE ရဲ႕ အဖြဲ႕ဝင္ေဟာင္း ေဂ်ဟြမ္ ေသြးကင္ဆာေရာဂါနဲ႔ အသက္ ၂၃ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ဇူလိုင္ ၃
ေဂ်ဟြမ္ လို႔ လူသိမ်ားတဲ့ K-pop ေယာက္်ားေလးအဖြဲ႕ F.ABLE ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရွင္းေဂ်ဟြမ္ဟာ အသက္ ၂၃ ႏွစ္ အ႐ြယ္မွာ ေသြးကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။
သူ႔ရဲ႕ ေသဆုံးသတင္းကို ဇြန္လ ၂၉ ရက္မွာ အသိမိတ္ေဆြေတြက မွ်ေဝခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း ဇူလိုင္ ၂ ရက္မွာေတာ့ အတည္ျပဳခဲ့ပါတယ္။ ေဂ်ဟြမ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ေသြးကင္ဆာေရာဂါကို တိတ္တဆိတ္ ကုသေနခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ေရာဂါကို လူသိရွင္ၾကား ထုတ္ေဖာ္ေျပာျခင္းမရွိပါဘူး။ ကြယ္လြန္သြားၿပီးေနာက္မွသာ သူ႔ရဲ႕ အေျခအေနကို ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိခဲ့ရပါတယ္။ ေဂ်ဟြမ္ဟာ ၂၀၀၂ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႔ ဖြား ျဖစ္ၿပီး Haeirum Entertainment လက္ေအာက္ရွိ အမ်ိဳးသား K Pop အဖြဲ႕ F.ABLE မွာ အသက္အငယ္ဆုံး အဖြဲ႕ဝင္အျဖစ္ ၂၀၂၀ ခုႏွစ္ ဇြန္လက ပြဲဦးထြက္ခဲ့ပါတယ္။
ေဂ်ဟြမ္ဟာ အဖြဲ႕နဲ႔ "Burn It Up” , Run Run Run” အပါအဝင္ သီခ်င္းအနည္းငယ္ ထြက္ရွိခဲ့ၿပီး ၂၀၂၃ ခုႏွစ္ေနာက္ပိုင္းမွာ အဖြဲ႕ရဲ႕လုပ္ေဆာင္ခ်က္ေတြမွာ မပါဝင္ေတာ့ပဲ ပရိသတ္ေရွ႕ ေပ်ာက္ကြယ္ေနခဲ့တာ ျဖစ္ပါတယ္။