အေဂျက်ဇ်အသင်းနည်းပြ အီရစ်တန်ဟတ်ကို မန်ယူအသင်း နည်းပြသစ်အဖြစ် ခန့်အပ်

 591

ဂျန်ဇက် (NP News) - ဧပြီ ၂၁
မန်ယူအသင်းဟာ အေဂျက်ဇ်နည်းပြ အီရစ်တန်ဟတ်ကို သုံးနှစ်စာချုပ်နဲ့ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလက နည်းပြဟောင်း ဆိုးရှားလ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နောက် လစ်လပ်နေတဲ့ နည်းပြနေရာမှာ အစားထိုးခန့်အပ်ဖို့ နယ်သာလန်နည်းပြ အီရစ်တန်ဟတ်ကို ချိတ်ဆက်ခဲ့ဖူးပြီး အီရစ်တန်ဟတ်ဟာ မန်ယူအသင်းကို ရာသီကုန်ချိန်မှာ နည်းပြသစ်အဖြစ် စတင်တာဝန်ယူ သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အီရစ်တန်ဟတ်ဟာ ၂ဝ၁၇ ခုနှစ်မှာ အေဂျက်ဇ်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး အသင်းကို ၂ဝ၁၉ ခုနှစ်နဲ့ ၂ဝ၂၁ ခုနှစ်တို့မှာ နယ်သာလန်အမှတ်ပေးဖလား ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ၂ဝ၁၉ ခုနှစ်မှာ ချန်ပီယံ လိဂ်ဗိုလ်လုပွဲ တက်ရောက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
အီရစ်တန်ဟတ်က "မန်ယူအသင်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့အတွက် အလွန်အမင်း ဂုဏ်ယူမိပါတယ်။ တွေ့ကြုံရမယ့် စိန်ခေါ်မှုများအတွက်လည်း စိတ်လှုပ်ရှားရတယ်။ ကျွန်တော်ဟာ မန်ယူအသင်းသမိုင်းနဲ့ ပရိသတ်တွေရဲ့ အနိုင်ရလိုစိတ်ပြင်းထန်ပုံတွေကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်အနေနဲ့ မန်ယူအသင်း ကို ထိုက်တန်တဲ့အောင်မြင်မှုတွေ ရယူနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းဖြစ်အောင် လုပ်ဆောင်သွားမှာပါ" လို့ပြော ပါတယ်။

မန်ယူအသင်း အားကစားဒါရိုက်တာက "ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ အီရစ်တန်ဟတ်ဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်အောင် သက်သေပြနိုင်ခဲ့တယ်။ ဥရောပရဲ့အအောင်မြင်ဆုံးနည်းပြတစ်ဦးဆိုတာကိုလည်း သက်သေပြနိုင်ခဲ့တယ်။ အီရတ်တန်ဟာ လူငယ်တွေကို ဦးစားပေးပြီး တိုက်စစ်အသာပေး ကစားဟန့်တွေနဲ့ အသင်းကို ဆွဲဆောင်မှုရှိအောင်လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော်ဟာ အီရစ်တန်ဟတ်နဲ့ဆွေးနွေးပြီးနောက် နည်းပြအဖြစ်ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ေအဂ်က္ဇ္အသင္းနည္းျပ အီရစ္တန္ဟတ္ကို မန္ယူအသင္း နည္းျပသစ္အျဖစ္ ခန႔္အပ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၁
မန္ယူအသင္းဟာ ေအဂ်က္ဇ္နည္းျပ အီရစ္တန္ဟတ္ကို သုံးႏွစ္စာခ်ဳပ္နဲ႔ အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္လိုက္တယ္လို႔ သိရပါတယ္။

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလက နည္းျပေဟာင္း ဆိုးရွားလ္ကို ရာထူးမွ ထုတ္ပယ္ခဲ့ၿပီး ေနာက္ လစ္လပ္ေနတဲ့ နည္းျပေနရာမွာ အစားထိုးခန႔္အပ္ဖို႔ နယ္သာလန္နည္းျပ အီရစ္တန္ဟတ္ကို ခ်ိတ္ဆက္ခဲ့ဖူးၿပီး အီရစ္တန္ဟတ္ဟာ မန္ယူအသင္းကို ရာသီကုန္ခ်ိန္မွာ နည္းျပသစ္အျဖစ္ စတင္တာဝန္ယူ သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

အီရစ္တန္ဟတ္ဟာ ၂ဝ၁၇ ခုႏွစ္မွာ ေအဂ်က္ဇ္နည္းျပအျဖစ္ စတင္တာဝန္ယူခဲ့ၿပီး အသင္းကို ၂ဝ၁၉ ခုႏွစ္နဲ႔ ၂ဝ၂၁ ခုႏွစ္တို႔မွာ နယ္သာလန္အမွတ္ေပးဖလား ရေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ၂ဝ၁၉ ခုႏွစ္မွာ ခ်န္ပီယံ လိဂ္ဗိုလ္လုပြဲ တက္ေရာက္ခြင့္ရေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။
အီရစ္တန္ဟတ္က "မန္ယူအသင္းနည္းျပအျဖစ္ ခန႔္အပ္ခံရတဲ့အတြက္ အလြန္အမင္း ဂုဏ္ယူမိပါတယ္။ ေတြ႕ႀကဳံရမယ့္ စိန္ေခၚမႈမ်ားအတြက္လည္း စိတ္လႈပ္ရွားရတယ္။ ကြၽန္ေတာ္ဟာ မန္ယူအသင္းသမိုင္းနဲ႔ ပရိသတ္ေတြရဲ႕ အႏိုင္ရလိုစိတ္ျပင္းထန္ပုံေတြကို ေကာင္းေကာင္းသိပါတယ္။ ကြၽန္ေတာ္အေနနဲ႔ မန္ယူအသင္း ကို ထိုက္တန္တဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္စြမ္းရွိတဲ့ အသင္းတစ္သင္းျဖစ္ေအာင္ လုပ္ေဆာင္သြားမွာပါ" လို႔ေျပာ ပါတယ္။

မန္ယူအသင္း အားကစားဒါ႐ိုက္တာက "ၿပီးခဲ့တဲ့ေလးႏွစ္အတြင္းမွာ အီရစ္တန္ဟတ္ဟာ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးျဖစ္ေအာင္ သက္ေသျပႏိုင္ခဲ့တယ္။ ဥေရာပရဲ႕အေအာင္ျမင္ဆုံးနည္းျပတစ္ဦးဆိုတာကိုလည္း သက္ေသျပႏိုင္ခဲ့တယ္။ အီရတ္တန္ဟာ လူငယ္ေတြကို ဦးစားေပးၿပီး တိုက္စစ္အသာေပး ကစားဟန႔္ေတြနဲ႔ အသင္းကို ဆြဲေဆာင္မႈရွိေအာင္လုပ္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ အီရစ္တန္ဟတ္နဲ႔ေဆြးေႏြးၿပီးေနာက္ နည္းျပအျဖစ္ခန႔္အပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္" လို႔ေျပာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.