၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်

363

အောင်နိုင်သူ (ဇွဲကပင်) (NP News) - စက်တင်ဘာ ၂၆
ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာတော့ လီဗာ ပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ အားပြိုင်မှုတွေအပြင် မထင်မှတ်ထားတဲ့အသင်းတွေဖြစ်တဲ့ စပါးစ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ကလည်း စွမ်းဆောင်ရည် ကောင်းတွေ ပြသထားတာကိုတွေ့ရပါတယ်။ ချဲလ် ဆီးအသင်းကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား ကို စိန်ခေါ်နိုင်ဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကို အားစိုက်ထုတ်ရဖို့ရှိနေပြီး မန်စီးတီးအသင်းက
တော့ အနည်းငယ် ခြေစွမ်းပိုင်း ပိုကောင်းလာပါတယ်။ မန်ယူအသင်းကတော့ ဒီရာသီမှာ နိုင်ပွဲရရှိမှု နည်းပါးတဲ့အပြင် ရှုံးပွဲတွေပိုများနေတာကိုတွေ့ရပြီး ဒီပုံစံအတိုင်းသာဆက်သွားရင် နည်းပြ အမ်မိုရင်ရဲ့ နည်းပြရာထူးအတွက်စိုးရိမ်လာရနိုင်တဲ့အပြင် တန်းဆင်းဇုန်နားကိုပါ ရောက်သွားနိုင်ပါတယ်။ ဒါ့ပြင် ဒီရာသီမှာ မနှစ်က ခြေစွမ်းပိုင်းညံ့ခဲ့တဲ့ အဲဗာတန်အသင်းရဲ့ ခြေစွမ်းပိုင်းတိုးတက်လာသလို ဒီရာသီမှာ တန်းတက်လာတဲ့ ဆန်းဒါးလန်းအသင်းရဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်နေတာကြောင့် သတိ ထားရမယ့်အသင်းထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယား လိဂ်ပွဲစဉ်(၆)ရဲ့ အ ကောင်း ဆုံးသောပွဲစဉ်တွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။
ပဲလေ့စ် Vs လီဗာပူးလ်
ပရီးမီးယားနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပဲလေ့စ် ၂ - ၂ လီဗာပူးလ် (၁၀ - ၈ -၂၀ ၂၅)
လီဗာပူးလ် ၁ - ၁ ပဲလေ့စ် (၂၅-၅-၂၀၂၅)
ပဲလေ့စ် ဝ - ၁ လီဗာပူးလ် (၁၄-၁၀-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ် ၂ - ၂ လီဗာပူးလ်
ပဲလေ့စ် ၁ - ၂ လီဗာပူးလ်
လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ ခက်ခဲတဲ့ပွဲစဉ်လို့ ပြောလို့ရနေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံတိုင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရသလို နိုင်ပွဲရရင်တောင် ဂိုးပြတ်နိုင်ပွဲရဖို့ ခက်ခဲတာကြောင့် ဒီပွဲ စဉ်က လီဗာပူးလ်အသင်းအတွက် အဝေးကွင်းမှာ နိုင်ပွဲရဖို့ လွယ်ကူနေမှာမဟုတ်ပါဘူး။ ဒါ့ပြင် ပြီးခဲ့တဲ့ နှစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လီဗာပူးလ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ယူကျော်ဖြတ်ပြပြီး ကွန်မြူနတီဒိုင်းကို ရယူခဲ့ဖူးတဲ့အပြင် မန်စီးတီး အသင်းကိုပါ အနိုင်ယူကျော်ဖြတ်ပြီး FA ဖလားကိုပါ ရရှိ ထားတဲ့အသင်းဖြစ်တာကြောင့် ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ဒီရာသီမှာအသင်းကြီးတွေ သတိထား ယှဉ်ပြိုင်ရဖို့ရှိနေတဲ့ အသင်းလည်းဖြစ်ပါတယ်။ ဒီရာ သီမှာ အသင်းကြီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ချဲလ်ဆီးအသင်းကို ရင်ဆိုင်ရချိန်မှာလည်း ချဲလ်ဆီးအသင်းကို ပေးဂိုးမရှိ သရေကျထားသလို အက်စတွန်ဗီလာအသင်းကိုလည်း (၃)ဂိုးပြတ်နဲ့ နိုင်ပွဲရယူထားတာကြောင့် ခရစ္စ တယ်ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းဟာ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ကောင်းမွန်တဲ့အနေအထား တစ်ခုမှာရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာဆိုရင် လည်း မနှစ်ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံ ဟောင်းဖြစ်တဲ့အပြင် ဒီရာသီမှာ စံချိန်တင်ပြောင်း ရွှေ့ကြေးနဲ့ ကစားသမားသစ်တွေ ဖြည့်တင်းထားတဲ့ အသင်းဖြစ်တာကြောင့် မနှစ်ကနဲ့မတူတဲ့ လီဗာ ပူးလ်အသင်းဖြစ်တဲ့အတွက်လည်း စောင့်ကြည့်ရဦး မယ့် ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုတွေအရပြန်ကြည့်ရင် လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို နောက်ဆုံးကစားခဲ့ တဲ့ ပြိုင်ပွဲစုံ(၆)ပွဲမှာ (၂)ပွဲသာ အနိုင်ရထားတဲ့အပြင် ရှုံးပွဲ (၂) ပွဲလည်းတွေ့ထားပါတယ်။ ဒါ့ပြင် ဒီနှစ်သင်း တွေ့ဆုံခဲ့တဲ့ပွဲစဉ်တိုင်းမှာ အပြန်အလှန်သွင်းဂိုးတွေရှိခဲ့ ပေမယ့် ဂိုးပြတ်ရလဒ်မထွက်ခဲ့တာကြောင့် ဒီပွဲစဉ်ကလည်း သွင်းဂိုးအရေအတွက်နည်းနိုင်ပြီး လီဗာပူးလ် အသင်းမှာ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး သရေကျဖို့များပါတယ်။ နိုင်ပွဲအနေနဲ့ကတော့ လီဗာ ပူးလ် အသင်းက (၁) ဂိုး အကွာလောက်နဲ့သာ နိုင်ပွဲရယူနိုင်ပါမယ်။
ချဲလ်ဆီး Vs ဘရိုက်တန်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရိုက်တန် ၃ - ဝ ချဲလ်ဆီး (၁၅ - ၂ -၂၀၂၅)
ချဲလ်ဆီး ၂ - ၂ ဘရိုက်တန် (၂၈-၉-၂၀၂၄)
ဘရိုက်တန် ၁ - ၂ ချဲလ်ဆီး (၁၆-၅-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ဝ ဘရိုက်တန်
ချဲလ်ဆီး ၂ - ၁ ဘရိုက်တန်
ချဲလ်ဆီးအသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်က မေးခွန်းထုတ်စရာများစွာရှိခဲ့ပြီး နည်းပြ မာရက် စကာ အနေနဲ့ အသင်းကို အရင်ထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံဖြစ်လောက် စရာ ခြေစွမ်းမျိုးကိုတော့ ပြသထားနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာ ပြဿနာများစွာရှိနေပြီး ဗဟိုခံစစ်မှူး လပိုင်းကိုးဝဲလ် ဒဏ်ရာရရှိချိန်မှာတော့ ဒီပြဿနာကို ပိုကြီးသွားခဲ့ ပြီး နိုင်ပွဲတစ်ပွဲရဖို့ သွင်းဂိုးတွေ ရရှိနိုင်ပေမယ့် ခံစစ်ပိုင်းက အမှားများစွာကြောင့်ပဲ ဂိုးတွေ ပြန်ပေးလိုက် တာကြောင့် နိုင်သင့်တဲ့ ပွဲစဉ်တွေမှာ အနိုင်မရခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် နည်းပြ မာရက်စကာရဲ့ လူ ထုတ်ပုံကလည်း ချဲလ်ဆီးပရိသတ်တွေအတွက် မေးခွန်းထုတ် ချင်စရာကောင်းလောက်အောင် ကစား သမားကောင်းတွေကို ချန်ပီယံလိဂ်ကန်ဖို့အတွက် ချန်လှပ်ထားခဲ့တာတွေကလည်း အသင်းကို ပရီးမီး ယားလိဂ်မှာ နိုင်ပွဲတွေနဲ့ ဝေးကွာစေခဲ့တယ်လို့ ဝေဖန်မှု တွေရှိနေတာဖြစ်ပါတယ်။ ဒီအချက်တွေကို မပြင် နိုင်ခဲ့ရင်တော့ ချဲလ်ဆီးအသင်းဟာ ဥရောပပြိုင်ပွဲတွေနဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ မျှမျှတတကစားဖို့ လွယ် ကူနေမှာမဟုတ်တာသေချာပါတယ်။ ဘရိုက်တန် အသင်းကတော့ ချဲလ်ဆီးအသင်းကို ဒုက္ခပေးနေကျ အသင်းတစ်သင်းဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့တွေ့ဆုံချိန်မှာ နိုင်ပွဲရဖို့ ခက်ခဲတတ် သလို သွင်းဂိုးရရှိဖို့လည်း ခက်ခဲပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုတွေအရ ချဲလ်ဆီးအသင်းဟာ ဘရိုက် တန်အသင်းကို နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၃)ပွဲမှာ (၂)ပွဲရှုံးနိမ့်ထားပြီး (၃)ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ် လည်းရှိခဲ့တာကြောင့် သတိထားရင်ဆိုင်ရမယ့် ပွဲစဉ်လည်းဖြစ်ပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်ကိုသာ အနိုင်မရခဲ့ရင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အားနည်း သွားနိုင်တာကြောင့် ဒီပွဲစဉ်ကနိုင်ပွဲရဖို့ အားစိုက်လာဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကို ခန့်မှန်းရရင် ချဲလ်ဆီးအသင်းက အိမ်ကွင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ အခြေအနေပိုကောင်းနိုင်ပြီး ချန်ပီယံလိဂ် ကန် ပြီးတဲ့ ရက်သတ္တပတ်လည်းဖြစ်တာကြောင့် လူစုံပါဝင်လာနိုင်ဖို့ရှိတာကြောင့် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ နိုင်ပွဲရယူသွားနိုင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။
စပါးစ် Vs ဝုဗ်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝုဗ် ၄ - ၂ စပါးစ် (၁၃ - ၄ -၂၀၂၅)
စပါးစ် ၂ - ၂ ဝုဗ် (၂၉-၁၂-၂၀၂၄)
စပါးစ် ၁ - ၂ ဝုဗ် (၁၇-၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ဝ ဝုဗ်
စပါးစ် ၃ - ဝ ဝုဗ်
ဒီနှစ်ဘောလုံးရာသီမှာ မထင်မှတ်ထားတာတွေကို လုပ်ပြနိုင်တဲ့အသင်းဖြစ်တဲ့အပြင် နည်းပြ အသစ် သောမတ်ဖရန့်ရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ စပါးစ်အသင်းဟာ စောင့်ကြည့်ချင်စရာ ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ စပါးစ် အသင်းရဲ့ ဒီရာသီလူခေါ်ယူမှုတွေဟာ နာမည်ကြီးတဲ့ ကစားသမားတွေမဟုတ်တာကြောင့် လူတွေသတိ မထားမိခဲ့ကြပေမယ့် စပါးစ်အသင်းရဲ့ စုဖွဲ့မှုတွေပြန် ကြည့်ရင် အရည်အသွေးရှိတဲ့ နည်းပြတစ်ယောက် ဖြစ်တဲ့ သောမတ်ဖရန့်ကို ခန့်ထားနိုင်လိုက်တာပဲ ဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘရန်းဖို့ဒ်လိုအသင်း လေးကို လူတွေသတိထားစရာအသင်းဖြစ်လာအောင် စွမ်းဆောင်ပြနိုင်ခဲ့တဲ့အပြင် သာမန်ကစားသမားတွေ ကို ထိပ်တန်းအဆင့်မျိုးခြေစွမ်းရောက်အောင် လုပ် ပေးနိုင်တဲ့ အရည်အချင်းတွေဟာ သောမတ်ဖရန့်ရဲ့ ကောင်းမွန်တဲ့အရာတွေပဲဖြစ်ပါတယ်။
စပါးစ်အသင်းကို ကိုင်တွယ်ချိန်မှာလည်း အကောင်းဆုံးပုံစံတစ်ရပ်ကို ပြသထားသလို လန်ဒန် ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေနဲ့ Level တူ ခြေစွမ်းမျိုးပြထားနိုင်တာ ကိုတွေ့ရပါတယ်။ ဒါကြောင့် စပါးစ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ တစ်ခုခု လုပ်ပြနိုင်ဖို့ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဝုဗ် အသင်းကတော့ ကစားသမားကောင်းတွေကို မွေးထုတ်ပေး နိုင်ပေမယ့် ထိန်းသိမ်းထားနိုင်မှုမရှိတဲ့အနေအထားမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း ကျဆင်းနေ ပြီး ဒီရာသီမှာတန်းဆင်းရဖို့ ရာခိုင်နှုန်း များနေတာကြောင့် ဒီပွဲစဉ်က စပါးစ်အသင်းက ဂိုးပြတ်ရလဒ်နဲ့ အိမ်ကွင်းမှာ အနိုင်(၃)မှတ် ရယူသွားနိုင်ပါတယ်။
နယူးကာဆယ် Vs အာဆင်နယ်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၁ - ဝ နယူးကာဆယ်(၁၈-၅-၂၀၂၅)နယူးကာဆယ် ၁ - ဝ အာဆင်နယ်(၂-၁၁-၂၀၂၄)
အာဆင်နယ်၄ - ၁ နယူးကာဆယ်(၂၅-၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် ၂ - ၃ အာဆင်နယ်
နယူးကာဆယ် ၁ - ၂ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဒီရာသီမှာလည်း လီဗာပူးလ်အသင်းကို အကောင်းဆုံးဖိအားပေးနိုင် မယ့်အသင်း အဖြစ်ရှိနေပြီး လူစားရင်အရရော ခြေစွမ်းပိုင်းမှာပါ အကောင်းဆုံးလူစာရင်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ မနှစ်ကနဲ့ မတူတဲ့အချက်က အာဆင်နယ်အသင်းရဲ့ ဒီရာသီတိုး တက်လာတဲ့အချက်က အရန်လူစာရင်ဖြစ်ပြီး မနှစ်က လို ကဓိက ကစားသမားတွေဖြစ်တဲ့ ဆလီဗာ၊ ဆာ ကာ၊ ဒီကလန်ရိုက်တို့ ပါမလာခဲ့ရင် နိုင်ပွဲရဖို့ ရုန်းကန် ရတတ်တဲ့ အာဆင်နယ်အသင်းရဲ့ ပုံစံမျိုးကို လက် ရှိ ဘောလုံးရာသီမှာ မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့ပြင် အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ စွမ်း ဆောင်ရည်ကောင်းမွန်မှုတွေကလည်း အာဆင်နယ် အသင်းအတွက် အားရစရာဖြစ်ပြီး မနှစ်ကနဲ့မတူတဲ့ တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကျစ်လျစ်မှုတွေက အာဆင်နယ်အသင်းကို ဒီရာသီမှာ ဆုဖလားတွေကို သိမ်းပိုက်ဖို့ အခွင့်အရေးပေးမှုတွေရှိလာနေပြီပဲဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကလည်း ဒီရာသီမှာ အသင်းရဲ့ တိုက်စစ်မှူး အီဆက်ကို လက်လွှတ်ထားရတာကြောင့် ခြေစွမ်းပိုင်းအရ သွင်းဂိုးတွေအတွက် စိတ်ပူရပေမယ့် ကစားပုံကတော့ အရင်အတိုင်း ကောင်းမွန်နေဆဲဖြစ်တာကြောင့် အာဆင်နယ်အသင်း အတွက် နိုင်ပွဲရဖို့ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်။ ဒါ ကြောင့် ဒီပွဲစဥ်က အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျ သွားနိုင်ပြီး နယူးကာဆယ်အိမ်ကွင်းမှာ အာဆင်နယ်အသင်းနိုင်ပွဲရခဲ့မယ်ဆိုရင်တောင် ဂိုးမပြတ်ဘဲ (၁) ဂိုးအကွာနဲ့သာ ကပ်နိုင်ပါမယ်။
၂၇-၉-၂၀၂၅ (စနေနေ့ ညပိုင်း)
ည (၈း၃၀) လီဗာပူးလ် Vs ခရစ္စတယ်ပဲလေ့စ်
ည (၈း၃၀) ချဲလ်ဆီး Vs ဘရိုက်တန်
ည (၁း၃၀) စပါးစ် Vs ဝုဗ်
၂၈.၉.၂၀၂၅ (တနင်္ဂနွေ ညပိုင်း)
ည(၁၀းဝဝ) နယူးကာဆယ် Vs အာဆင်နယ်

Zawgyi Version:
၂၀၂၅-၂၀၂၆ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၆) ပြဲႀကိဳသုံးသပ္ခ်က္ ပြဲစဥ္(၆) ပြဲႀကိဳသုံးသပ္ခ်က္
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - စက္တင္ဘာ ၂၆
ပရီးမီးယားလိဂ္ပြဲစဥ္(၆)မွာေတာ့ လီဗာ ပူးလ္နဲ႔ အာဆင္နယ္တို႔ရဲ႕ အားၿပိဳင္မႈေတြအျပင္ မထင္မွတ္ထားတဲ့အသင္းေတြျဖစ္တဲ့ စပါးစ္အသင္းနဲ႔ ဘုန္းေမာက္အသင္းတို႔ကလည္း စြမ္းေဆာင္ရည္ ေကာင္းေတြ ျပသထားတာကိုေတြ႕ရပါတယ္။ ခ်ဲလ္ ဆီးအသင္းကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား ကို စိန္ေခၚႏိုင္ဖို႔ထက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးကို အားစိုက္ထုတ္ရဖို႔ရွိေနၿပီး မန္စီးတီးအသင္းက
ေတာ့ အနည္းငယ္ ေျခစြမ္းပိုင္း ပိုေကာင္းလာပါတယ္။ မန္ယူအသင္းကေတာ့ ဒီရာသီမွာ ႏိုင္ပြဲရရွိမႈ နည္းပါးတဲ့အျပင္ ရႈံးပြဲေတြပိုမ်ားေနတာကိုေတြ႕ရၿပီး ဒီပုံစံအတိုင္းသာဆက္သြားရင္ နည္းျပ အမ္မိုရင္ရဲ႕ နည္းျပရာထူးအတြက္စိုးရိမ္လာရႏိုင္တဲ့အျပင္ တန္းဆင္းဇုန္နားကိုပါ ေရာက္သြားႏိုင္ပါတယ္။ ဒါ့ျပင္ ဒီရာသီမွာ မႏွစ္က ေျခစြမ္းပိုင္းညံ့ခဲ့တဲ့ အဲဗာတန္အသင္းရဲ႕ ေျခစြမ္းပိုင္းတိုးတက္လာသလို ဒီရာသီမွာ တန္းတက္လာတဲ့ ဆန္းဒါးလန္းအသင္းရဲ႕ စြမ္းေဆာင္ရည္ကလည္း ေကာင္းမြန္ေနတာေၾကာင့္ သတိ ထားရမယ့္အသင္းထဲမွာ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယား လိဂ္ပြဲစဥ္(၆)ရဲ႕ အ ေကာင္း ဆုံးေသာပြဲစဥ္ေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။
ပဲေလ့စ္ Vs လီဗာပူးလ္
ပရီးမီးယားေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ပဲေလ့စ္ ၂ - ၂ လီဗာပူးလ္ (၁၀ - ၈ -၂၀ ၂၅)
လီဗာပူးလ္ ၁ - ၁ ပဲေလ့စ္ (၂၅-၅-၂၀၂၅)
ပဲေလ့စ္ ဝ - ၁ လီဗာပူးလ္ (၁၄-၁၀-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ပဲေလ့စ္ ၂ - ၂ လီဗာပူးလ္
ပဲေလ့စ္ ၁ - ၂ လီဗာပူးလ္
လီဗာပူးလ္အသင္းအတြက္ ဒီရာသီမွာ ခက္ခဲတဲ့ပြဲစဥ္လို႔ ေျပာလို႔ရေနၿပီး ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ေတြ႕ဆုံတိုင္းမွာ ခက္ခက္ခဲခဲ ကစားခဲ့ရသလို ႏိုင္ပြဲရရင္ေတာင္ ဂိုးျပတ္ႏိုင္ပြဲရဖို႔ ခက္ခဲတာေၾကာင့္ ဒီပြဲ စဥ္က လီဗာပူးလ္အသင္းအတြက္ အေဝးကြင္းမွာ ႏိုင္ပြဲရဖို႔ လြယ္ကူေနမွာမဟုတ္ပါဘူး။ ဒါ့ျပင္ ၿပီးခဲ့တဲ့ ႏွစ္မွာ ခရစၥတယ္ပဲေလ့စ္အသင္းဟာ လီဗာပူးလ္အသင္းကို ပင္နယ္တီနဲ႔ အႏိုင္ယူေက်ာ္ျဖတ္ျပၿပီး ကြန္ျမဴနတီဒိုင္းကို ရယူခဲ့ဖူးတဲ့အျပင္ မန္စီးတီး အသင္းကိုပါ အႏိုင္ယူေက်ာ္ျဖတ္ၿပီး FA ဖလားကိုပါ ရရွိ ထားတဲ့အသင္းျဖစ္တာေၾကာင့္ ခရစၥတယ္ပဲေလ့စ္ အသင္းဟာ ဒီရာသီမွာအသင္းႀကီးေတြ သတိထား ယွဥ္ၿပိဳင္ရဖို႔ရွိေနတဲ့ အသင္းလည္းျဖစ္ပါတယ္။ ဒီရာ သီမွာ အသင္းႀကီးနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ခရစၥတယ္ပဲေလ့စ္ အသင္းဟာ ခ်ဲလ္ဆီးအသင္းကို ရင္ဆိုင္ရခ်ိန္မွာလည္း ခ်ဲလ္ဆီးအသင္းကို ေပးဂိုးမရွိ သေရက်ထားသလို အက္စတြန္ဗီလာအသင္းကိုလည္း (၃)ဂိုးျပတ္နဲ႔ ႏိုင္ပြဲရယူထားတာေၾကာင့္ ခရစၥ တယ္ပဲေလ့စ္အသင္းရဲ႕ ေျခစြမ္းဟာ အသင္းႀကီးေတြကို ရင္ဆိုင္ရာမွာ ေကာင္းမြန္တဲ့အေနအထား တစ္ခုမွာရွိေနပါတယ္။ လီဗာပူးလ္အသင္းဟာဆိုရင္ လည္း မႏွစ္ကတည္းက ပရီးမီးယားလိဂ္ ခ်န္ပီယံ ေဟာင္းျဖစ္တဲ့အျပင္ ဒီရာသီမွာ စံခ်ိန္တင္ေျပာင္း ေ႐ႊ႕ေၾကးနဲ႔ ကစားသမားသစ္ေတြ ျဖည့္တင္းထားတဲ့ အသင္းျဖစ္တာေၾကာင့္ မႏွစ္ကနဲ႔မတူတဲ့ လီဗာ ပူးလ္အသင္းျဖစ္တဲ့အတြက္လည္း ေစာင့္ၾကည့္ရဦး မယ့္ ပြဲေကာင္းတစ္ပြဲလည္းျဖစ္ပါတယ္။ ထိပ္တိုက္ ေတြ႕ဆုံမႈေတြအရျပန္ၾကည့္ရင္ လီဗာပူးလ္အသင္းဟာ ခရစၥတယ္ပဲေလ့စ္အသင္းကို ေနာက္ဆုံးကစားခဲ့ တဲ့ ၿပိဳင္ပြဲစုံ(၆)ပြဲမွာ (၂)ပြဲသာ အႏိုင္ရထားတဲ့အျပင္ ရႈံးပြဲ (၂) ပြဲလည္းေတြ႕ထားပါတယ္။ ဒါ့ျပင္ ဒီႏွစ္သင္း ေတြ႕ဆုံခဲ့တဲ့ပြဲစဥ္တိုင္းမွာ အျပန္အလွန္သြင္းဂိုးေတြရွိခဲ့ ေပမယ့္ ဂိုးျပတ္ရလဒ္မထြက္ခဲ့တာေၾကာင့္ ဒီပြဲစဥ္ကလည္း သြင္းဂိုးအေရအတြက္နည္းႏိုင္ၿပီး လီဗာပူးလ္ အသင္းမွာ အေဝးကြင္းမွာ ခက္ခက္ခဲခဲ ကစားၿပီး သေရက်ဖို႔မ်ားပါတယ္။ ႏိုင္ပြဲအေနနဲ႔ကေတာ့ လီဗာ ပူးလ္ အသင္းက (၁) ဂိုး အကြာေလာက္နဲ႔သာ ႏိုင္ပြဲရယူႏိုင္ပါမယ္။
ခ်ဲလ္ဆီး Vs ဘ႐ိုက္တန္
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘ႐ိုက္တန္ ၃ - ဝ ခ်ဲလ္ဆီး (၁၅ - ၂ -၂၀၂၅)
ခ်ဲလ္ဆီး ၂ - ၂ ဘ႐ိုက္တန္ (၂၈-၉-၂၀၂၄)
ဘ႐ိုက္တန္ ၁ - ၂ ခ်ဲလ္ဆီး (၁၆-၅-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၂ - ဝ ဘ႐ိုက္တန္
ခ်ဲလ္ဆီး ၂ - ၁ ဘ႐ိုက္တန္
ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္က ေမးခြန္းထုတ္စရာမ်ားစြာရွိခဲ့ၿပီး နည္းျပ မာရက္ စကာ အေနနဲ႔ အသင္းကို အရင္ထက္ပိုေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံျဖစ္ေလာက္ စရာ ေျခစြမ္းမ်ိဳးကိုေတာ့ ျပသထားႏိုင္ျခင္းမရွိေသးတာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ ခံစစ္ပိုင္းမွာ ျပႆနာမ်ားစြာရွိေနၿပီး ဗဟိုခံစစ္မႉး လပိုင္းကိုးဝဲလ္ ဒဏ္ရာရရွိခ်ိန္မွာေတာ့ ဒီျပႆနာကို ပိုႀကီးသြားခဲ့ ၿပီး ႏိုင္ပြဲတစ္ပြဲရဖို႔ သြင္းဂိုးေတြ ရရွိႏိုင္ေပမယ့္ ခံစစ္ပိုင္းက အမွားမ်ားစြာေၾကာင့္ပဲ ဂိုးေတြ ျပန္ေပးလိုက္ တာေၾကာင့္ ႏိုင္သင့္တဲ့ ပြဲစဥ္ေတြမွာ အႏိုင္မရခဲ့တာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ နည္းျပ မာရက္စကာရဲ႕ လူ ထုတ္ပုံကလည္း ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ေမးခြန္းထုတ္ ခ်င္စရာေကာင္းေလာက္ေအာင္ ကစား သမားေကာင္းေတြကို ခ်န္ပီယံလိဂ္ကန္ဖို႔အတြက္ ခ်န္လွပ္ထားခဲ့တာေတြကလည္း အသင္းကို ပရီးမီး ယားလိဂ္မွာ ႏိုင္ပြဲေတြနဲ႔ ေဝးကြာေစခဲ့တယ္လို႔ ေဝဖန္မႈ ေတြရွိေနတာျဖစ္ပါတယ္။ ဒီအခ်က္ေတြကို မျပင္ ႏိုင္ခဲ့ရင္ေတာ့ ခ်ဲလ္ဆီးအသင္းဟာ ဥေရာပၿပိဳင္ပြဲေတြနဲ႔ ျပည္တြင္းၿပိဳင္ပြဲေတြမွာ မွ်မွ်တတကစားဖို႔ လြယ္ ကူေနမွာမဟုတ္တာေသခ်ာပါတယ္။ ဘ႐ိုက္တန္ အသင္းကေတာ့ ခ်ဲလ္ဆီးအသင္းကို ဒုကၡေပးေနက် အသင္းတစ္သင္းျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္တန္အသင္းနဲ႔ေတြ႕ဆုံခ်ိန္မွာ ႏိုင္ပြဲရဖို႔ ခက္ခဲတတ္ သလို သြင္းဂိုးရရွိဖို႔လည္း ခက္ခဲပါတယ္။ ထိပ္တိုက္ ေတြ႕ဆုံမႈေတြအရ ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္ တန္အသင္းကို ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ (၃)ပြဲမွာ (၂)ပြဲရႈံးနိမ့္ထားၿပီး (၃)ဂိုးျပတ္နဲ႔ ရႈံးခဲ့တဲ့ ပြဲစဥ္ လည္းရွိခဲ့တာေၾကာင့္ သတိထားရင္ဆိုင္ရမယ့္ ပြဲစဥ္လည္းျဖစ္ပါတယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအသင္းဟာ ဒီပြဲစဥ္ကိုသာ အႏိုင္မရခဲ့ရင္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ဖို႔ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ အားနည္း သြားႏိုင္တာေၾကာင့္ ဒီပြဲစဥ္ကႏိုင္ပြဲရဖို႔ အားစိုက္လာဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကို ခန႔္မွန္းရရင္ ခ်ဲလ္ဆီးအသင္းက အိမ္ကြင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ အေျခအေနပိုေကာင္းႏိုင္ၿပီး ခ်န္ပီယံလိဂ္ ကန္ ၿပီးတဲ့ ရက္သတၱပတ္လည္းျဖစ္တာေၾကာင့္ လူစုံပါဝင္လာႏိုင္ဖို႔ရွိတာေၾကာင့္ ဘ႐ိုက္တန္အသင္းကို အိမ္ကြင္းမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။
စပါးစ္ Vs ဝုဗ္
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝုဗ္ ၄ - ၂ စပါးစ္ (၁၃ - ၄ -၂၀၂၅)
စပါးစ္ ၂ - ၂ ဝုဗ္ (၂၉-၁၂-၂၀၂၄)
စပါးစ္ ၁ - ၂ ဝုဗ္ (၁၇-၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ဝ ဝုဗ္
စပါးစ္ ၃ - ဝ ဝုဗ္
ဒီႏွစ္ေဘာလုံးရာသီမွာ မထင္မွတ္ထားတာေတြကို လုပ္ျပႏိုင္တဲ့အသင္းျဖစ္တဲ့အျပင္ နည္းျပ အသစ္ ေသာမတ္ဖရန႔္ရဲ႕ ကစားကြက္နဲ႔ အံဝင္ခြင္က်ျဖစ္ေနတဲ့ စပါးစ္အသင္းဟာ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ စပါးစ္ အသင္းရဲ႕ ဒီရာသီလူေခၚယူမႈေတြဟာ နာမည္ႀကီးတဲ့ ကစားသမားေတြမဟုတ္တာေၾကာင့္ လူေတြသတိ မထားမိခဲ့ၾကေပမယ့္ စပါးစ္အသင္းရဲ႕ စုဖြဲ႕မႈေတြျပန္ ၾကည့္ရင္ အရည္အေသြးရွိတဲ့ နည္းျပတစ္ေယာက္ ျဖစ္တဲ့ ေသာမတ္ဖရန႔္ကို ခန႔္ထားႏိုင္လိုက္တာပဲ ျဖစ္ ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဘရန္းဖို႔ဒ္လိုအသင္း ေလးကို လူေတြသတိထားစရာအသင္းျဖစ္လာေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့တဲ့အျပင္ သာမန္ကစားသမားေတြ ကို ထိပ္တန္းအဆင့္မ်ိဳးေျခစြမ္းေရာက္ေအာင္ လုပ္ ေပးႏိုင္တဲ့ အရည္အခ်င္းေတြဟာ ေသာမတ္ဖရန႔္ရဲ႕ ေကာင္းမြန္တဲ့အရာေတြပဲျဖစ္ပါတယ္။
စပါးစ္အသင္းကို ကိုင္တြယ္ခ်ိန္မွာလည္း အေကာင္းဆုံးပုံစံတစ္ရပ္ကို ျပသထားသလို လန္ဒန္ ၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြနဲ႔ Level တူ ေျခစြမ္းမ်ိဳးျပထားႏိုင္တာ ကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ စပါးစ္အသင္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္မွာ တစ္ခုခု လုပ္ျပႏိုင္ဖို႔ရွိေနတဲ့အသင္းျဖစ္ပါတယ္။ ဝုဗ္ အသင္းကေတာ့ ကစားသမားေကာင္းေတြကို ေမြးထုတ္ေပး ႏိုင္ေပမယ့္ ထိန္းသိမ္းထားႏိုင္မႈမရွိတဲ့အေနအထားမွာ အသင္းရဲ႕ စြမ္းေဆာင္ရည္ကလည္း က်ဆင္းေန ၿပီး ဒီရာသီမွာတန္းဆင္းရဖို႔ ရာခိုင္ႏႈန္း မ်ားေနတာေၾကာင့္ ဒီပြဲစဥ္က စပါးစ္အသင္းက ဂိုးျပတ္ရလဒ္နဲ႔ အိမ္ကြင္းမွာ အႏိုင္(၃)မွတ္ ရယူသြားႏိုင္ပါတယ္။
နယူးကာဆယ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၁ - ဝ နယူးကာဆယ္(၁၈-၅-၂၀၂၅)နယူးကာဆယ္ ၁ - ဝ အာဆင္နယ္(၂-၁၁-၂၀၂၄)
အာဆင္နယ္၄ - ၁ နယူးကာဆယ္(၂၅-၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယူးကာဆယ္ ၂ - ၃ အာဆင္နယ္
နယူးကာဆယ္ ၁ - ၂ အာဆင္နယ္
အာဆင္နယ္အသင္းဟာ ဒီရာသီမွာလည္း လီဗာပူးလ္အသင္းကို အေကာင္းဆုံးဖိအားေပးႏိုင္ မယ့္အသင္း အျဖစ္ရွိေနၿပီး လူစားရင္အရေရာ ေျခစြမ္းပိုင္းမွာပါ အေကာင္းဆုံးလူစာရင္းတစ္ခုကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာလို႔ရပါတယ္။ မႏွစ္ကနဲ႔ မတူတဲ့အခ်က္က အာဆင္နယ္အသင္းရဲ႕ ဒီရာသီတိုး တက္လာတဲ့အခ်က္က အရန္လူစာရင္ျဖစ္ၿပီး မႏွစ္က လို ကဓိက ကစားသမားေတြျဖစ္တဲ့ ဆလီဗာ၊ ဆာ ကာ၊ ဒီကလန္႐ိုက္တို႔ ပါမလာခဲ့ရင္ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ ရတတ္တဲ့ အာဆင္နယ္အသင္းရဲ႕ ပုံစံမ်ိဳးကို လက္ ရွိ ေဘာလုံးရာသီမွာ မရွိခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ အသစ္ေခၚယူထားတဲ့ ကစားသမားေတြရဲ႕ စြမ္း ေဆာင္ရည္ေကာင္းမြန္မႈေတြကလည္း အာဆင္နယ္ အသင္းအတြက္ အားရစရာျဖစ္ၿပီး မႏွစ္ကနဲ႔မတူတဲ့ တိုက္စစ္၊ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းက်စ္လ်စ္မႈေတြက အာဆင္နယ္အသင္းကို ဒီရာသီမွာ ဆုဖလားေတြကို သိမ္းပိုက္ဖို႔ အခြင့္အေရးေပးမႈေတြရွိလာေနၿပီပဲျဖစ္ပါတယ္။ နယူးကာဆယ္အသင္းကလည္း ဒီရာသီမွာ အသင္းရဲ႕ တိုက္စစ္မႉး အီဆက္ကို လက္လႊတ္ထားရတာေၾကာင့္ ေျခစြမ္းပိုင္းအရ သြင္းဂိုးေတြအတြက္ စိတ္ပူရေပမယ့္ ကစားပုံကေတာ့ အရင္အတိုင္း ေကာင္းမြန္ေနဆဲျဖစ္တာေၾကာင့္ အာဆင္နယ္အသင္း အတြက္ ႏိုင္ပြဲရဖို႔ခက္ခဲေနဦးမွာပဲျဖစ္ပါတယ္။ ဒါ ေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက် သြားႏိုင္ၿပီး နယူးကာဆယ္အိမ္ကြင္းမွာ အာဆင္နယ္အသင္းႏိုင္ပြဲရခဲ့မယ္ဆိုရင္ေတာင္ ဂိုးမျပတ္ဘဲ (၁) ဂိုးအကြာနဲ႔သာ ကပ္ႏိုင္ပါမယ္။
၂၇-၉-၂၀၂၅ (စေနေန႔ ညပိုင္း)
ည (၈း၃၀) လီဗာပူးလ္ Vs ခရစၥတယ္ပဲေလ့စ္
ည (၈း၃၀) ခ်ဲလ္ဆီး Vs ဘ႐ိုက္တန္
ည (၁း၃၀) စပါးစ္ Vs ဝုဗ္
၂၈.၉.၂၀၂၅ (တနဂၤေႏြ ညပိုင္း)
ည(၁၀းဝဝ) နယူးကာဆယ္ Vs အာဆင္နယ္