အမေရိကန်တွင် ကမ္ဘာ့အကြီးဆုံး ဘေ့စ်ဘောပစ်ခြင်းနှင့်ဖမ်းခြင်း ဂိမ်းအတွက် ဂင်းနစ်စံချိန်ကို တရားဝင်ချိုးဖျက်

 254

Pika (NP News) - အောက်တိုဘာ ၆

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ့ Yogi Berra ပြတိုက်နှင့် သင်ယူရေးစင်တာသည် လူပေါင်း(၂၃၅၈)ဦးကို စုစည်းကာ ဘေ့စ်ဘောပစ်ခြင်း နှင့်ဖမ်းခြင်း အားကစားကို ကစားခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန် ကြိုးပမ်းခဲ့ ကြောင်းသိရသည်။ Little Falls မြို့ရှိ့ Yogi Berra အားကစားကွင်းတွင် ကျင်းပသော ပွဲစဉ်သည် လူပေါင်း(၂၃၅၈)ဦးကို စုစည်းကာ ဘေ့စ်ဘောပစ်ခြင်းနှင့်ဖမ်းခြင်း အားကစားကို ကစားရန်အတွက် တစ်တွဲစီခွဲခဲ့ပြီးနောက် ဘေ့စ်ဘောပစ် ခြင်းနှင့်ဖမ်းခြင်း အကြီးဆုံးဂိမ်း အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို တရားဝင်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါဂင်းနစ်စံချိန်ကိုချိုးဖျက်ရန်အတွက် ကြိုးပမ်းမှုအတွင်း အရည်အချင်းမပြည့်မီမှုမှာ အနည်းငယ်သာရှိခဲ့ ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့ စစ်ဆေးရေးမှူး Michael Empric က ထုတ်ပြန်ပြော ကြားခဲ့သည်။ Michael Empric က ‘‘ဒီဂင်းနစ်စံ ချိန်ကို ချိုးဖျက်ဖို့အတွက် ကြိုးပမ်းမှုအတွင်းမှာ အရည်အချင်းမပြည့်မီတာက အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ တချို့က ဘေ့စ်ဘော ဘောလုံးကို လှိမ့်ပြီး ပစ်ခဲ့ကြပါတယ်။ ဘောလုံးကို ပစ်တာ၊ ဖမ်းတာတွေ ကို အစွမ်းကုန်ကစားစေ ချင်တာပါ။ ဘောလုံးကို ပစ်ပေးတာတို့၊ လှိမ့်ပေးတာတို့တော့ မပါဝင်ပါဘူး။ ဒီကြိုးပမ်းမှုအတွင်းမှာ အတွဲ(၈)တွဲလောက် ကပဲ အရည်အချင်းမပြည့်မီခဲ့တာပါ”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း Yogi Berra အား ကစားကွင်းတွင် ကျင်းပသော ပွဲစဉ်သည် ကမ္ဘာ့အကြီးဆုံး ဘေ့စ်ဘောပစ်ခြင်းနှင့်ဖမ်းခြင်းဂိမ်း အတွက် ဂင်းနစ်စံချိန်ကို တရားဝင် ချိုးဖျက် နိုင်ခဲ့ကြောင်း Michael Empric က ထုတ်ပြန်ပြောဆိုခဲ့သည်။ Michael Empric က ‘‘အရည်အချင်း မပြည့်မီတဲ့ အတွဲတချို့ရှိခဲ့ပေမယ့်လည်း ဒီပွဲစဉ်ဟာ ကမ္ဘာ့အကြီးဆုံး ဘေ့စ်ဘောပစ်ခြင်းနှင့်ဖမ်းခြင်းဂိမ်းဂင်းနစ်စံချိန်ကို တရားဝင် ချိုးဖျက်နိုင်ခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
အေမရိကန္တြင္ ကမာၻ႔အႀကီးဆုံး ေဘ့စ္ေဘာပစ္ျခင္းႏွင့္ဖမ္းျခင္း ဂိမ္းအတြက္ ဂင္းနစ္စံခ်ိန္ကို တရားဝင္ခ်ိဳးဖ်က္
Pika (NP News) - ေအာက္တိုဘာ ၆
အေမရိကန္ႏိုင္ငံ နယူးဂ်ာစီျပည္နယ္ရွိ႕ Yogi Berra ျပတိုက္ႏွင့္ သင္ယူေရးစင္တာသည္ လူေပါင္း(၂၃၅၈)ဦးကို စုစည္းကာ ေဘ့စ္ေဘာပစ္ျခင္း ႏွင့္ဖမ္းျခင္း အားကစားကို ကစားခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ ေၾကာင္းသိရသည္။ Little Falls ၿမိဳ႕ရွိ႕ Yogi Berra အားကစားကြင္းတြင္ က်င္းပေသာ ပြဲစဥ္သည္ လူေပါင္း(၂၃၅၈)ဦးကို စုစည္းကာ ေဘ့စ္ေဘာပစ္ျခင္းႏွင့္ဖမ္းျခင္း အားကစားကို ကစားရန္အတြက္ တစ္တြဲစီခြဲခဲ့ၿပီးေနာက္ ေဘ့စ္ေဘာပစ္ ျခင္းႏွင့္ဖမ္းျခင္း အႀကီးဆုံးဂိမ္း အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို တရားဝင္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းမႈအတြင္း အရည္အခ်င္းမျပည့္မီမႈမွာ အနည္းငယ္သာရွိခဲ့ ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္အဖြဲ႕ စစ္ေဆးေရးမႉး Michael Empric က ထုတ္ျပန္ေျပာ ၾကားခဲ့သည္။ Michael Empric က ‘‘ဒီဂင္းနစ္စံ ခ်ိန္ကို ခ်ိဳးဖ်က္ဖို႔အတြက္ ႀကိဳးပမ္းမႈအတြင္းမွာ အရည္အခ်င္းမျပည့္မီတာက အနည္းငယ္ပဲ ရွိခဲ့ပါတယ္။ တခ်ိဳ႕က ေဘ့စ္ေဘာ ေဘာလုံးကို လွိမ့္ၿပီး ပစ္ခဲ့ၾကပါတယ္။ ေဘာလုံးကို ပစ္တာ၊ ဖမ္းတာေတြ ကို အစြမ္းကုန္ကစားေစ ခ်င္တာပါ။ ေဘာလုံးကို ပစ္ေပးတာတို႔၊ လွိမ့္ေပးတာတို႔ေတာ့ မပါဝင္ပါဘူး။ ဒီႀကိဳးပမ္းမႈအတြင္းမွာ အတြဲ(၈)တြဲေလာက္ ကပဲ အရည္အခ်င္းမျပည့္မီခဲ့တာပါ”ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း Yogi Berra အား ကစားကြင္းတြင္ က်င္းပေသာ ပြဲစဥ္သည္ ကမာၻ႔အႀကီးဆုံး ေဘ့စ္ေဘာပစ္ျခင္းႏွင့္ဖမ္းျခင္းဂိမ္း အတြက္ ဂင္းနစ္စံခ်ိန္ကို တရားဝင္ ခ်ိဳးဖ်က္ ႏိုင္ခဲ့ေၾကာင္း Michael Empric က ထုတ္ျပန္ေျပာဆိုခဲ့သည္။ Michael Empric က ‘‘အရည္အခ်င္း မျပည့္မီတဲ့ အတြဲတခ်ိဳ႕ရွိခဲ့ေပမယ့္လည္း ဒီပြဲစဥ္ဟာ ကမာၻ႔အႀကီးဆုံး ေဘ့စ္ေဘာပစ္ျခင္းႏွင့္ဖမ္းျခင္းဂိမ္းဂင္းနစ္စံခ်ိန္ကို တရားဝင္ ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.