၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၇) သုံးသပ်ချက် (ဘောလုံးပွဲ သုံးသပ်ဆောင်းပါး)

 176

ရဲထက် (NP News)
(၂၀၂၅-၂၀၂၆) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ အခုဆိုရင် ပွဲစဉ်(၇)ကိုရောက်ရှိ လာပြီဖြစ်ပြီး ပြိုင်ဆိုင်မှုအနေအထားအရကြည့်ရင် လီဗာပူးလ်အသင်းက ထိပ်ဆုံးမှာ ရမှတ်ဖြတ်ပြီး ဦး ဆောင်နေသလို အာဆင်နယ်အသင်းနဲ့စပါးအသင်းတို့ကလည်း အနီးကပ်ဖိအားပေးနေတာကိုတွေ့ရပါ တယ်။ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ စွမ်းဆောင်ရည်တွေ ဟာ သိသိသာသာကျဆင်းနေတာကိုတွေ့ရပြီး အသင်းငယ်လေးတွေဖြစ်တဲ့ ဘုန်းမောက်စ်အသင်းနဲ့ ခရစ္စ တယ်ပဲလေ့စ်အသင်းတွေက ခြေစွမ်းကောင်း တွေပြနေတာကိုတွေ့ရပါတယ်။ ပွဲစဉ်(၇)ပဲ ရှိသေးတာ ကြောင့် အသင်းတစ်သင်းချင်းစီရဲ့ ခြေစွမ်းပိုင်းကို သုံးသပ်ရခက်ပေမယ့်လည်း ပွဲစဉ်တွေအလိုက်ပြန် ကြည့်ရင်တော့ ဒီရာသီမှာ ထိပ်ဆုံးနေရာက အသင်း တွေရဲ့ပြိုင်ဆိုင်မှုတွေမှာ လီဗာပူးလ်အသင်းကပဲ ဦး ဆောင်နေဖို့ရှိနေတာကိုတွေ့ရပါတယ်။ ဒီတစ်ပတ်မှာလည်း ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ထိပ် တိုက်တွေ့ဆုံမှုတွေရှိနေတာကြောင့် စောင့်ကြည့်ချင်စရာ ကောင်းတဲ့ရက်သတ္တပတ်လည်း ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ်(၇)မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ အသင်း တွေရဲ့ ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ချဲလ်ဆီး Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၃ - ၁ လီဗာပူးလ် (၄ - ၅ -၂၀၂၅)
လီဗာပူးလ် ၂ - ၁ ချဲလ်ဆီး (၂၀-၁၀-၂၀၂၄)
လီဗာပူးလ် ၄ - ၁ ချဲလ်ဆီး (၁-၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၁ - ၁ လီဗာပူးလ်
ချဲလ်ဆီး ၁ - ၂ လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာလည်း ချန်ပီယံခြေစွမ်းကို ပြသထားနိုင်တဲ့အသင်းဖြစ်ပြီး နည်းပြ အာနဲ့စလော့လက်ထက်မှာ ကစားသမားအသစ်တွေနဲ့ ကစားသမားဟောင်းတွေ ပုံမှန်ခြေစွမ်းပြ ထားနိုင်တဲ့ ကစားကွက်အခင်းအကျင်းနဲ့အတူ ခြေစွမ်းပိုင်းအပြင် စွမ်းဆောင်ရည်ပိုင်းမှာပါ ကောင်းမွန် ပြည့်စုံနေဆဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ အဓိကအားသာချက်ကတော့ စိတ်ဓာတ်ပိုင်းလို့ပြောနိုင် ပြီး တစ်ပွဲချင်းကိုအနိုင်ရရှိအောင် တစ်ပွဲချင်းစီကိုအနိုင်ရဖို့ ရေကုန်ရေခန်း အားထုတ်ကြိုးပမ်းတတ်တာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် လီဗာပူးလ်အသင်းဟာ ခြေစွမ်းမကောင်းရင်တောင် နိုင်ပွဲရအောင်ကစားတတ်သလို ကစားသမားတစ်ယောက်ချင်းစီမှာလည်း နိုင်လိုစိတ် တွေပြည့်ဝနေတာကို မြင်ရမှာဖြစ်ပါတယ်။ နည်းပြ အာနဲ့စလော့လက်ထက်မှာ ကစားသမားတွေကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တဲ့ လီဗာ ပူးလ်အသင်းအနေနဲ့ ဒီရာသီ ဥရောပပြိုင်ပွဲတွေနဲ့ ပြည်တွင်းလိဂ်တွေမှာ အောင်မြင်မှုဆုဖလားတွေရရှိ အောင် စွမ်းဆောင်ပြနိုင်မလားဆိုတာကို စောင့်ကြည့် ရမှာဖြစ်သလို ကစားသမားသစ်တွေရဲ့စွမ်းဆောင် ရည်တွေကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းကတော့ ရာသီအစပိုင်းမှာ ခြေစွမ်း ကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း ကျဆင်းသွားသလို ကစားသမားတွေရဲ့ ကြံ့ခိုင်မှု မပြည့်ဝတာတွေဟာလည်း နိုင်ပွဲပျောက်ဆုံးမှုတွေရဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအ သင်းရဲ့နောက်တန်းခံစစ်ဟာ လိုအပ်ချက်တွေ၊ အမှားတွေများစွာနဲ့ ပုံစံပျက်နေတဲ့အနေအထားမှာ တခြား အသင်းတွေကိုအနိုင်ရဖို့ထက် ကိုယ့်အသင်းက ဂိုး မပေးရရေးကိုသာ ဦးစားပေးကာကွယ်သွား ရဖို့ရှိနေပါတယ်။ တိုက်စစ်ပိုင်းလည်း ပတ်ထရိုနက်တိုရဲ့ ခြေ စွမ်းပိုင်းကျဆင်းမှုတွေအပြင် လီယန်ဒီလပ် ရဲ့ ဒဏ်ရာ ပြဿနာနဲ့ ကိုးလ်ပါးမားရဲ့ဒဏ်ရာပြဿနာတွေ ကြားမှာ ချဲလ်ဆီးအသင်းဟာ ‌နောက်ပိုင်း ပွဲစဉ်တွေမှာ အနိုင်ရဖို့ ရုန်းကန်လာရနိုင်ပါတယ်။ အဆိုးဆုံးကတော့ အရန်ကစားသမားတွေရဲ့ ပြဿနာ ဖြစ်ပြီး အရန်လူစာရင်းကိုကြည့်ရင် တောင့်တင်းတယ်လို့ထင်ရပေမယ့် အရန်ကစားသမားတွေရဲ့ စွမ်း ဆောင်ရည်ပိုင်းကတော့ အတော်ကို ဆိုးရွားတာကိုတွေ့ရပါတယ်။ ဒါကြောင့် နည်းပြမာရက်စကာအနေ နဲ့ နောက်တန်း ခံစစ်ပိုင်းနဲ့ ဂိုးသမားနေရာတွေကို ပြင်ဆင်နိုင်မှုမရှိရင်တော့ မနှစ်ကရာသီကထက် ပိုဆိုး ဖို့ပဲရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်ရင် ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာ တစ်ပွဲစီအနိုင်ရထားတာကိုတွေ့ရပြီး ချဲလ်ဆီးအသင်းအနိုင်ရရှိခဲ့တာက ရာသီအကုန်မှာ လီဗာပူးလ် အ သင်းချန်ပီယံဖြစ်ပြီးနေချိန်ဖြစ်တာကြောင့် ဒီရှုံးပွဲက လီဗာပူးလ်အသင်းအတွက် အရေးမကြီးတော့တဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တွေ့ဆုံမှုကတော့ နှစ်သင်းလုံးအတွက် ရမှတ်လိုနေတဲ့ အနေအထားမှာ ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေပြီး ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာဖြစ်တာကြောင့် လီဗာ ပူးလ်အသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်တယ်ဆိုပေမယ့် နောက်တန်း ခံစစ်ပိုင်းကွာဟချက်တွေကြောင့် လီဗာပူးလ်အသင်းက နိုင်ဖို့အခွင့်အရေးပိုရှိနေနိုင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိ နေသလို သရေလည်း ကျသွားနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။

အာဆင်နယ် Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ဝ - ၁ ဝက်စ်ဟမ်း ( ၂၂- ၂-၂၀၂၅)
ဝက်စ်ဟမ်း ၂ - ၅ အာဆင်နယ် (၁-၁၂-၂၀၂၄)
ဝက်စ်ဟမ်း ဝ - ၆ အာဆင်နယ် (၁၁-၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၃ - ဝ ဝက်စ်ဟမ်း
အာဆင်နယ် ၂ - ဝ ဝက်စ်ဟမ်း
အာဆင်နယ်အသင်းရဲ့ခြေစွမ်းဟာ ဒီရာသီမှာ မျှော်လင့်ချင်စရာကောင်းတဲ့ခြေစွမ်းမျိုးဖြစ်ပေ မယ့် လီဗာပူးလ်အသင်းနဲ့ ရမှတ်ကွာဟနေတာက နောက်ထပ်ပွဲစဉ်တွေမှာ အမှားလုပ်လို့မရတော့ဘူးလို့ သတိပေးနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်ရင် အာဆင်နယ်အသင်းဟာ အသင်းကြီး တွေဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတွေကို ရင်ဆိုင်ခဲ့ရာမှာ နှစ်ပွဲလုံးအနိုင်မရခဲ့တဲ့အပြင် လီဗာ ပူးလ်အသင်းကိုရှုံးနိမ့်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းအတွက် ရလဒ် ကောင်းလို့ပြောလို့ရတဲ့အနေအထားမျိုးမဟုတ်သလိုလို အပ်ချက်တွေရှိနေတယ်ဆိုတဲ့ သဘော မျိုးလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိကလိုအပ်ချက်ကတော့ ခံစစ်အားသန်တဲ့ကစား သမားတွေကို ပိုသုံးပြီး အသင်းရဲ့ဖန်တီးမှုပိုင်းမှာ အားနည်းချက်တွေဖြစ်လာတာကိုတွေ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ပြီးခဲ့တဲ့ ရာသီမှာ ဂိုးအများဆုံးသွင်းထားတဲ့ ယောဂရက်လို တိုက်စစ်မှူးအတွက် သွင်းဂိုးတွေဖန်တီးပေးမှုအပိုင်းမှာလိုအပ်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီအချက်ကြောင့်ပဲ အာဆင် နယ်အသင်းရဲ့တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းချိတ်ဆက်နိုင်မှုတွေမှာ လိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ နည်းပြ အာတီတာအနေနဲ့လည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဒီအချက်တွေကို ပြင်ဆင်နိုင်မှသာ အာဆင် နယ်အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ လိုအပ်နေတဲ့နိုင်ပွဲတွေကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဝက်စ် ဟမ်းအသင်းကတော့ ဒီရာသီမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားတဲ့အသင်းဖြစ်တဲ့အပြင် တန်းမဆင်းရဖို့ ရုန်း ကန်နေရတဲ့အနေအထားမျိုး ဖြစ်တာကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် သေချာပေါက် နိုင်ပွဲရမယ့်ပွဲစဉ်ဖြစ်ပြီး အိမ်ကွင်းမှာ အနိုင်(၃)မှတ်ကို ဂိုးပြတ်ခြေစွမ်းနဲ့ အနိုင်ရနိုင်ပါတယ်။

လိဒ်ယူနိုက်တက် Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လိဒ်ယူနိုက်တက် ၁ - ၄ စပါးစ် ( ၂၈- ၅-၂၀၂၃)
စပါးစ် ၄ - ၃ လိဒ်ယူနိုက်တက် (၁၂-၁၁-၂၀၂၂)
လိဒ်ယူနိုက်တက် ဝ - ၄ စပါးစ် (၂၆-၂-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လိဒ်ယူနိုက်တက် ၂ - ဝ စပါးစ်
လိဒ်ယူနိုက်တက် ၂ - ဝ စပါးစ်
စပါးစ်အသင်းဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းကို အနီးကပ်ဖိအားပေးဖို့ရှိနေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်နဲ့အပြိုင် ချန်ပီယံဆုကို စိန်ခေါ် နိုင်ဖို့အတွက် အလားအလာရှိတဲ့အသင်းလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် စပါးစ်အသင်းဟာ နည်းပြ သောမတ် ဖရန့်လက်ထက်မှာ မနှစ်ကနဲ့ဘာမှမဆိုင်တဲ့ ကစားကွက် အခင်းအကျင်းတစ်ခုကို ပြသထားနိုင်တဲ့အသင်း ဖြစ်သလို တစ်ပွဲလုံးကို အတက်အဆင်းမြန်မြန်ဆန် ဆန်ကစားပြီး အခွင့်အရေးကိုအသုံးချတတ်တဲ့အသင်းလည်းဖြစ်ပါတယ်။ စပါးစ်အသင်းရဲ့ အဓိက လိုအပ် ချက်ကတော့ နောက်တန်းခံစစ်ကစားသမားတွေရဲ့ တိုက်စစ်လိုက်ပါမှုတွေကြောင့် တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ပြန်စချိန်မှာ နောက်တန်းမှာ ကစားသမားတစ်ယောက်လောက်သာ ကျန်ရှိနေတတ် တာကြောင့် သွင်းဂိုးတွေပြန်မပေးရဖို့ ရုန်းကန်ရတတ်ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းက တော့ အားရစရာဖြစ်ပြီး ရီချာလီဆန်နဲ့ ကူဒူး တို့ရဲ့ ခြေစွမ်းပိုင်းကောင်းလာမှုတွေကလည်း စပါးစ် အသင်းအတွက် အထောက်အကူဖြစ်နေတာကို တွေ့ ရပါတယ်။ လိဒ်ယူနိုက်တက်ကတော့ ဒီရာသီမှာ တန်း တက်လာတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းအရလည်း စပါးစ်အသင်းကို ဒုက္ခပေးနိုင်လောက်တဲ့ ခြေ စွမ်းမျိုး ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် လိဒ်ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို အားသန်တဲ့ အသင်းဖြစ်တာကြောင့် စပါးစ်အသင်းအတွက် ခက်ခဲတဲ့ပွဲစဉ် တစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ ဒါပေမဲ့ စပါးစ်အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေအရ လိဒ် ယူနိုက်တက်အသင်းထက် ပိုကောင်း တဲ့ အနေအထားတစ်ခုမှာရှိနေတာကြောင့် ဒီပွဲစဉ်က စပါးစ်အသင်းအတွက် ခက်ခက်ခဲခဲကစားပြီး နိုင်ပွဲရယူသွားနိုင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

ဘရန်းဖို့ဒ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရန်းဖို့ဒ် ၂ - ၂ မန်စီးတီး (၁၅ - ၁ -၂၀၂၅)
မန်စီးတီး ၂ - ၁ ဘရန်းဖို့ဒ် (၁၄ - ၉ -၂၀၂၄)
မန်စီးတီး ၁ - ဝ ဘရန်းဖို့ဒ် (၂၁-၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘရန်းဖို့ဒ် ၂ - ၄ မန်စီးတီး
ဘရန်းဖို့ဒ် ၁ - ၃ မန်စီးတီး
မန်စီးတီးအသင်းအတွက် ဒီပွဲစဉ်က မဖြစ်မနေနိုင်ပွဲရယူဖို့လိုအပ်နေတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီပွဲစဉ်ကိုသာအနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်အမှတ်ပေးဖယားထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ဖို့ အလားအလာကောင်းတွေကိုရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မန်စီးတီး အသင်းဆီက အမှတ်ပေးဖလားချန်ပီယံဆုကို လီဗာပူးလ် တစ်သင်းတည်းကသာ မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ဖူးပြီး လီဗာပူးလ်အသင်းကိုကျော်ဖြတ်ပြီး ချန်ပီယံဆု ကို ကျော်ဖြတ်ပြခဲ့တာဟာလည်း မန်စီးတီးအသင်းသာရှိခဲ့တာကြောင့် ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ ချန်ပီ ယံဆုကာကွယ်မှုကို အကောင်းဆုံးကျော်ဖြတ်ပြဖို့ မန်စီးတီးအသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်၊ စပါးစ်၊ ချဲလ်ဆီးသင်းတွေနဲ့အပြိုင် ချန်ပီယံဆု လမ်းကြောင်းပေါ်ကို အကောင်းဆုံးပြန်လည် ရောက် ရှိလာနိုင်ဖို့ရှိနေပါတယ်။ ဘရန်းဖို့ဒ်အသင်းကတော့ အသင်းကြီးတွေနဲ့တွေ့ရင် ခြေစွမ်းကောင်း တတ်ပေမယ့် နည်းပြ သောမတ်ဖရန့်ကို စပါးစ်အသင်းထံ လက်လွှတ်ထားရသလို ကစားသမားကောင်း တွေ ထွက်ခွာသွားမှုတွေကြောင့်လည်း အသင်းရဲ့ခြေစွမ်းက ပုံမှန်အောက်ကိုရောက်ရှိနေတဲ့ အနေအ ထားမှာ ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် နိုင်ပွဲရရှိဖို့ သေချာသလောက်ရှိတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ အဝေးကွင်းဖြစ်တာကြောင့် ခက်ခက်ခဲခဲကစားပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တစ်ဂိုးလောက် အကွာနဲ့သာ ကပ်နိုင်ပါမယ်။

၄ - ၁၀ -၂၀၂၅ (စနေနေ့ညပိုင်း)
ည(၆းဝဝ) လိဒ်ယူနိုက်တက် Vs စပါးစ်
ည(၈း၃၀) အာဆင်နယ် Vs ဝက်စ်ဟမ်း
ည(၁၁းဝ ဝ) ချဲလ်ဆီး Vs လီဗာပူးလ်
၅- ၁၀ -၂၀၂၅ (တနင်္ဂနွေနေ့ညပိုင်း)
ည(၁၀း ဝဝ) ဘရန်းဖို့ဒ် Vs မန်စီးတီး

Zawgyi Version:
၂၀၂၅-၂၀၂၆ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၇) သုံးသပ္ခ်က္
(ေဘာလုံးပြဲ သုံးသပ္ေဆာင္းပါး)
ရဲထက္ (NP News)
(၂၀၂၅-၂၀၂၆) ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ အခုဆိုရင္ ပြဲစဥ္(၇)ကိုေရာက္ရွိ လာၿပီျဖစ္ၿပီး ၿပိဳင္ဆိုင္မႈအေနအထားအရၾကည့္ရင္ လီဗာပူးလ္အသင္းက ထိပ္ဆုံးမွာ ရမွတ္ျဖတ္ၿပီး ဦး ေဆာင္ေနသလို အာဆင္နယ္အသင္းနဲ႔စပါးအသင္းတို႔ကလည္း အနီးကပ္ဖိအားေပးေနတာကိုေတြ႕ရပါ တယ္။ ဒီရာသီမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ မန္ယူအသင္းတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြ ဟာ သိသိသာသာက်ဆင္းေနတာကိုေတြ႕ရၿပီး အသင္းငယ္ေလးေတြျဖစ္တဲ့ ဘုန္းေမာက္စ္အသင္းနဲ႔ ခရစၥ တယ္ပဲေလ့စ္အသင္းေတြက ေျခစြမ္းေကာင္း ေတြျပေနတာကိုေတြ႕ရပါတယ္။ ပြဲစဥ္(၇)ပဲ ရွိေသးတာ ေၾကာင့္ အသင္းတစ္သင္းခ်င္းစီရဲ႕ ေျခစြမ္းပိုင္းကို သုံးသပ္ရခက္ေပမယ့္လည္း ပြဲစဥ္ေတြအလိုက္ျပန္ ၾကည့္ရင္ေတာ့ ဒီရာသီမွာ ထိပ္ဆုံးေနရာက အသင္း ေတြရဲ႕ၿပိဳင္ဆိုင္မႈေတြမွာ လီဗာပူးလ္အသင္းကပဲ ဦး ေဆာင္ေနဖို႔ရွိေနတာကိုေတြ႕ရပါတယ္။ ဒီတစ္ပတ္မွာလည္း ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ထိပ္ တိုက္ေတြ႕ဆုံမႈေတြရွိေနတာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းတဲ့ရက္သတၱပတ္လည္း ျဖစ္လာဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္ပြဲစဥ္(၇)မွာ ထိပ္တိုက္ေတြ႕ဆုံေနတဲ့ အသင္း ေတြရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ခ်ဲလ္ဆီး Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၃ - ၁ လီဗာပူးလ္ (၄ - ၅ -၂၀၂၅)
လီဗာပူးလ္ ၂ - ၁ ခ်ဲလ္ဆီး (၂၀-၁၀-၂၀၂၄)
လီဗာပူးလ္ ၄ - ၁ ခ်ဲလ္ဆီး (၁-၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၁ - ၁ လီဗာပူးလ္
ခ်ဲလ္ဆီး ၁ - ၂ လီဗာပူးလ္
လီဗာပူးလ္အသင္းဟာ ဒီရာသီမွာလည္း ခ်န္ပီယံေျခစြမ္းကို ျပသထားႏိုင္တဲ့အသင္းျဖစ္ၿပီး နည္းျပ အာနဲ႔စေလာ့လက္ထက္မွာ ကစားသမားအသစ္ေတြနဲ႔ ကစားသမားေဟာင္းေတြ ပုံမွန္ေျခစြမ္းျပ ထားႏိုင္တဲ့ ကစားကြက္အခင္းအက်င္းနဲ႔အတူ ေျခစြမ္းပိုင္းအျပင္ စြမ္းေဆာင္ရည္ပိုင္းမွာပါ ေကာင္းမြန္ ျပည့္စုံေနဆဲျဖစ္ပါတယ္။ လီဗာပူးလ္အသင္းရဲ႕ အဓိကအားသာခ်က္ကေတာ့ စိတ္ဓာတ္ပိုင္းလို႔ေျပာႏိုင္ ၿပီး တစ္ပြဲခ်င္းကိုအႏိုင္ရရွိေအာင္ တစ္ပြဲခ်င္းစီကိုအႏိုင္ရဖို႔ ေရကုန္ေရခန္း အားထုတ္ႀကိဳးပမ္းတတ္တာပဲ ျဖစ္ပါတယ္။ ဒါ့ျပင္ လီဗာပူးလ္အသင္းဟာ ေျခစြမ္းမေကာင္းရင္ေတာင္ ႏိုင္ပြဲရေအာင္ကစားတတ္သလို ကစားသမားတစ္ေယာက္ခ်င္းစီမွာလည္း ႏိုင္လိုစိတ္ ေတြျပည့္ဝေနတာကို ျမင္ရမွာျဖစ္ပါတယ္။ နည္းျပ အာနဲ႔စေလာ့လက္ထက္မွာ ကစားသမားေတြကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေခၚယူထားခဲ့တဲ့ လီဗာ ပူးလ္အသင္းအေနနဲ႔ ဒီရာသီ ဥေရာပၿပိဳင္ပြဲေတြနဲ႔ ျပည္တြင္းလိဂ္ေတြမွာ ေအာင္ျမင္မႈဆုဖလားေတြရရွိ ေအာင္ စြမ္းေဆာင္ျပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ ရမွာျဖစ္သလို ကစားသမားသစ္ေတြရဲ႕စြမ္းေဆာင္ ရည္ေတြကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ ရာသီအစပိုင္းမွာ ေျခစြမ္း ေကာင္းခဲ့ေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေျခစြမ္းပိုင္း က်ဆင္းသြားသလို ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈ မျပည့္ဝတာေတြဟာလည္း ႏိုင္ပြဲေပ်ာက္ဆုံးမႈေတြရဲ႕ အဓိကအခ်က္ေတြပဲျဖစ္ပါတယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအ သင္းရဲ႕ေနာက္တန္းခံစစ္ဟာ လိုအပ္ခ်က္ေတြ၊ အမွားေတြမ်ားစြာနဲ႔ ပုံစံပ်က္ေနတဲ့အေနအထားမွာ တျခား အသင္းေတြကိုအႏိုင္ရဖို႔ထက္ ကိုယ့္အသင္းက ဂိုး မေပးရေရးကိုသာ ဦးစားေပးကာကြယ္သြား ရဖို႔ရွိေနပါတယ္။ တိုက္စစ္ပိုင္းလည္း ပတ္ထ႐ိုနက္တိုရဲ႕ ေျခ စြမ္းပိုင္းက်ဆင္းမႈေတြအျပင္ လီယန္ဒီလပ္ ရဲ႕ ဒဏ္ရာ ျပႆနာနဲ႔ ကိုးလ္ပါးမားရဲ႕ဒဏ္ရာျပႆနာေတြ ၾကားမွာ ခ်ဲလ္ဆီးအသင္းဟာ ‌ေနာက္ပိုင္း ပြဲစဥ္ေတြမွာ အႏိုင္ရဖို႔ ႐ုန္းကန္လာရႏိုင္ပါတယ္။ အဆိုးဆုံးကေတာ့ အရန္ကစားသမားေတြရဲ႕ ျပႆနာ ျဖစ္ၿပီး အရန္လူစာရင္းကိုၾကည့္ရင္ ေတာင့္တင္းတယ္လို႔ထင္ရေပမယ့္ အရန္ကစားသမားေတြရဲ႕ စြမ္း ေဆာင္ရည္ပိုင္းကေတာ့ အေတာ္ကို ဆိုး႐ြားတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ နည္းျပမာရက္စကာအေန နဲ႔ ေနာက္တန္း ခံစစ္ပိုင္းနဲ႔ ဂိုးသမားေနရာေတြကို ျပင္ဆင္ႏိုင္မႈမရွိရင္ေတာ့ မႏွစ္ကရာသီကထက္ ပိုဆိုး ဖို႔ပဲရွိေနပါတယ္။ ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈကိုျပန္ၾကည့္ရင္ ၿပီးခဲ့တဲ့ရာသီ ထိပ္တိုက္ေတြ႕ဆုံမႈမွာ တစ္ပြဲစီအႏိုင္ရထားတာကိုေတြ႕ရၿပီး ခ်ဲလ္ဆီးအသင္းအႏိုင္ရရွိခဲ့တာက ရာသီအကုန္မွာ လီဗာပူးလ္ အ သင္းခ်န္ပီယံျဖစ္ၿပီးေနခ်ိန္ျဖစ္တာေၾကာင့္ ဒီရႈံးပြဲက လီဗာပူးလ္အသင္းအတြက္ အေရးမႀကီးေတာ့တဲ့ ၿပိဳင္ပြဲလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတြ႕ဆုံမႈကေတာ့ ႏွစ္သင္းလုံးအတြက္ ရမွတ္လိုေနတဲ့ အေနအထားမွာ ၿပိဳင္ဆိုင္မႈျပင္းထန္လာဖို႔ရွိေနၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ အိမ္ကြင္းမွာျဖစ္တာေၾကာင့္ လီဗာ ပူးလ္အသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္တယ္ဆိုေပမယ့္ ေနာက္တန္း ခံစစ္ပိုင္းကြာဟခ်က္ေတြေၾကာင့္ လီဗာပူးလ္အသင္းက ႏိုင္ဖို႔အခြင့္အေရးပိုရွိေနႏိုင္ပါတယ္။ အျပန္အလွန္ သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိ ေနသလို သေရလည္း က်သြားႏိုင္တဲ့ပြဲစဥ္ျဖစ္ပါတယ္။

အာဆင္နယ္ Vs ဝက္စ္ဟမ္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ဝ - ၁ ဝက္စ္ဟမ္း ( ၂၂- ၂-၂၀၂၅)
ဝက္စ္ဟမ္း ၂ - ၅ အာဆင္နယ္ (၁-၁၂-၂၀၂၄)
ဝက္စ္ဟမ္း ဝ - ၆ အာဆင္နယ္ (၁၁-၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၃ - ဝ ဝက္စ္ဟမ္း
အာဆင္နယ္ ၂ - ဝ ဝက္စ္ဟမ္း
အာဆင္နယ္အသင္းရဲ႕ေျခစြမ္းဟာ ဒီရာသီမွာ ေမွ်ာ္လင့္ခ်င္စရာေကာင္းတဲ့ေျခစြမ္းမ်ိဳးျဖစ္ေပ မယ့္ လီဗာပူးလ္အသင္းနဲ႔ ရမွတ္ကြာဟေနတာက ေနာက္ထပ္ပြဲစဥ္ေတြမွာ အမွားလုပ္လို႔မရေတာ့ဘူးလို႔ သတိေပးေနၿပီပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ပြဲစဥ္ေတြကိုျပန္ၾကည့္ရင္ အာဆင္နယ္အသင္းဟာ အသင္းႀကီး ေတြျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ မန္စီးတီးအသင္းေတြကို ရင္ဆိုင္ခဲ့ရာမွာ ႏွစ္ပြဲလုံးအႏိုင္မရခဲ့တဲ့အျပင္ လီဗာ ပူးလ္အသင္းကိုရႈံးနိမ့္ထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါဟာ အာဆင္နယ္အသင္းအတြက္ ရလဒ္ ေကာင္းလို႔ေျပာလို႔ရတဲ့အေနအထားမ်ိဳးမဟုတ္သလိုလို အပ္ခ်က္ေတြရွိေနတယ္ဆိုတဲ့ သေဘာ မ်ိဳးလည္းျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ အဓိကလိုအပ္ခ်က္ကေတာ့ ခံစစ္အားသန္တဲ့ကစား သမားေတြကို ပိုသုံးၿပီး အသင္းရဲ႕ဖန္တီးမႈပိုင္းမွာ အားနည္းခ်က္ေတြျဖစ္လာတာကိုေတြ႕ရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ ၿပီးခဲ့တဲ့ ရာသီမွာ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ေယာဂရက္လို တိုက္စစ္မႉးအတြက္ သြင္းဂိုးေတြဖန္တီးေပးမႈအပိုင္းမွာလိုအပ္ခ်က္ေတြကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ဒီအခ်က္ေၾကာင့္ပဲ အာဆင္ နယ္အသင္းရဲ႕တိုက္စစ္နဲ႔ ကြင္းလယ္ပိုင္းခ်ိတ္ဆက္ႏိုင္မႈေတြမွာ လိုအပ္ခ်က္ေတြရွိေနတာျဖစ္ပါတယ္။ နည္းျပ အာတီတာအေနနဲ႔လည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဒီအခ်က္ေတြကို ျပင္ဆင္ႏိုင္မွသာ အာဆင္ နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ လိုအပ္ေနတဲ့ႏိုင္ပြဲေတြကို ေဖာ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ဝက္စ္ ဟမ္းအသင္းကေတာ့ ဒီရာသီမွာ ႏိုင္ပြဲတစ္ပြဲသာ ရရွိထားတဲ့အသင္းျဖစ္တဲ့အျပင္ တန္းမဆင္းရဖို႔ ႐ုန္း ကန္ေနရတဲ့အေနအထားမ်ိဳး ျဖစ္တာေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းအတြက္ ေသခ်ာေပါက္ ႏိုင္ပြဲရမယ့္ပြဲစဥ္ျဖစ္ၿပီး အိမ္ကြင္းမွာ အႏိုင္(၃)မွတ္ကို ဂိုးျပတ္ေျခစြမ္းနဲ႔ အႏိုင္ရႏိုင္ပါတယ္။

လိဒ္ယူႏိုက္တက္ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လိဒ္ယူႏိုက္တက္ ၁ - ၄ စပါးစ္ ( ၂၈- ၅-၂၀၂၃)
စပါးစ္ ၄ - ၃ လိဒ္ယူႏိုက္တက္ (၁၂-၁၁-၂၀၂၂)
လိဒ္ယူႏိုက္တက္ ဝ - ၄ စပါးစ္ (၂၆-၂-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လိဒ္ယူႏိုက္တက္ ၂ - ဝ စပါးစ္
လိဒ္ယူႏိုက္တက္ ၂ - ဝ စပါးစ္
စပါးစ္အသင္းဟာ ဒီရာသီမွာ လီဗာပူးလ္အသင္းကို အနီးကပ္ဖိအားေပးဖို႔ရွိေနတဲ့အသင္းျဖစ္ၿပီး အာဆင္နယ္နဲ႔အၿပိဳင္ ခ်န္ပီယံဆုကို စိန္ေခၚ ႏိုင္ဖို႔အတြက္ အလားအလာရွိတဲ့အသင္းလို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ စပါးစ္အသင္းဟာ နည္းျပ ေသာမတ္ ဖရန႔္လက္ထက္မွာ မႏွစ္ကနဲ႔ဘာမွမဆိုင္တဲ့ ကစားကြက္ အခင္းအက်င္းတစ္ခုကို ျပသထားႏိုင္တဲ့အသင္း ျဖစ္သလို တစ္ပြဲလုံးကို အတက္အဆင္းျမန္ျမန္ဆန္ ဆန္ကစားၿပီး အခြင့္အေရးကိုအသုံးခ်တတ္တဲ့အသင္းလည္းျဖစ္ပါတယ္။ စပါးစ္အသင္းရဲ႕ အဓိက လိုအပ္ ခ်က္ကေတာ့ ေနာက္တန္းခံစစ္ကစားသမားေတြရဲ႕ တိုက္စစ္လိုက္ပါမႈေတြေၾကာင့္ တစ္ဖက္အသင္းရဲ႕ တန္ျပန္တိုက္စစ္ျပန္စခ်ိန္မွာ ေနာက္တန္းမွာ ကစားသမားတစ္ေယာက္ေလာက္သာ က်န္ရွိေနတတ္ တာေၾကာင့္ သြင္းဂိုးေတြျပန္မေပးရဖို႔ ႐ုန္းကန္ရတတ္ပါတယ္။ ဒါေပမဲ့ ကြင္းလယ္ပိုင္းနဲ႔ တိုက္စစ္ပိုင္းက ေတာ့ အားရစရာျဖစ္ၿပီး ရီခ်ာလီဆန္နဲ႔ ကူဒူး တို႔ရဲ႕ ေျခစြမ္းပိုင္းေကာင္းလာမႈေတြကလည္း စပါးစ္ အသင္းအတြက္ အေထာက္အကူျဖစ္ေနတာကို ေတြ႕ ရပါတယ္။ လိဒ္ယူႏိုက္တက္ကေတာ့ ဒီရာသီမွာ တန္း တက္လာတဲ့အသင္းျဖစ္ၿပီး ေျခစြမ္းပိုင္းအရလည္း စပါးစ္အသင္းကို ဒုကၡေပးႏိုင္ေလာက္တဲ့ ေျခ စြမ္းမ်ိဳး ရွိေနတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ လိဒ္ယူႏိုက္တက္အသင္းဟာ တိုက္စစ္ပိုင္းကို အားသန္တဲ့ အသင္းျဖစ္တာေၾကာင့္ စပါးစ္အသင္းအတြက္ ခက္ခဲတဲ့ပြဲစဥ္ တစ္ပြဲျဖစ္လာဖို႔ရွိေနပါတယ္။ ဒါေပမဲ့ စပါးစ္အသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္နဲ႔ ရလဒ္ပိုင္းေတြအရ လိဒ္ ယူႏိုက္တက္အသင္းထက္ ပိုေကာင္း တဲ့ အေနအထားတစ္ခုမွာရွိေနတာေၾကာင့္ ဒီပြဲစဥ္က စပါးစ္အသင္းအတြက္ ခက္ခက္ခဲခဲကစားၿပီး ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။

ဘရန္းဖို႔ဒ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘရန္းဖို႔ဒ္ ၂ - ၂ မန္စီးတီး (၁၅ - ၁ -၂၀၂၅)
မန္စီးတီး ၂ - ၁ ဘရန္းဖို႔ဒ္ (၁၄ - ၉ -၂၀၂၄)
မန္စီးတီး ၁ - ဝ ဘရန္းဖို႔ဒ္ (၂၁-၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘရန္းဖို႔ဒ္ ၂ - ၄ မန္စီးတီး
ဘရန္းဖို႔ဒ္ ၁ - ၃ မန္စီးတီး
မန္စီးတီးအသင္းအတြက္ ဒီပြဲစဥ္က မျဖစ္မေနႏိုင္ပြဲရယူဖို႔လိုအပ္ေနတဲ့ပြဲစဥ္ျဖစ္ပါတယ္။ ဘာ ျဖစ္လို႔လဲဆိုေတာ့ ဒီပြဲစဥ္ကိုသာအႏိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္အမွတ္ေပးဖယားထိပ္ပိုင္းကို ျပန္လည္ တက္လွမ္းႏိုင္ဖို႔ အလားအလာေကာင္းေတြကိုရရွိမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ မန္စီးတီး အသင္းဆီက အမွတ္ေပးဖလားခ်န္ပီယံဆုကို လီဗာပူးလ္ တစ္သင္းတည္းကသာ မန္စီးတီးအသင္းကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ခဲ့ဖူးၿပီး လီဗာပူးလ္အသင္းကိုေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆု ကို ေက်ာ္ျဖတ္ျပခဲ့တာဟာလည္း မန္စီးတီးအသင္းသာရွိခဲ့တာေၾကာင့္ ဒီရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီ ယံဆုကာကြယ္မႈကို အေကာင္းဆုံးေက်ာ္ျဖတ္ျပဖို႔ မန္စီးတီးအသင္းက ေနာက္ပိုင္းပြဲစဥ္ေတြမွာ အာဆင္နယ္၊ စပါးစ္၊ ခ်ဲလ္ဆီးသင္းေတြနဲ႔အၿပိဳင္ ခ်န္ပီယံဆု လမ္းေၾကာင္းေပၚကို အေကာင္းဆုံးျပန္လည္ ေရာက္ ရွိလာႏိုင္ဖို႔ရွိေနပါတယ္။ ဘရန္းဖို႔ဒ္အသင္းကေတာ့ အသင္းႀကီးေတြနဲ႔ေတြ႕ရင္ ေျခစြမ္းေကာင္း တတ္ေပမယ့္ နည္းျပ ေသာမတ္ဖရန႔္ကို စပါးစ္အသင္းထံ လက္လႊတ္ထားရသလို ကစားသမားေကာင္း ေတြ ထြက္ခြာသြားမႈေတြေၾကာင့္လည္း အသင္းရဲ႕ေျခစြမ္းက ပုံမွန္ေအာက္ကိုေရာက္ရွိေနတဲ့ အေနအ ထားမွာ ဒီပြဲစဥ္က မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲရရွိဖို႔ ေသခ်ာသေလာက္ရွိတဲ့ပြဲစဥ္ျဖစ္ပါတယ္။ ဒါေပမဲ့ အေဝးကြင္းျဖစ္တာေၾကာင့္ ခက္ခက္ခဲခဲကစားၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ တစ္ဂိုးေလာက္ အကြာနဲ႔သာ ကပ္ႏိုင္ပါမယ္။

၄ - ၁၀ -၂၀၂၅ (စေနေန႔ညပိုင္း)
ည(၆းဝဝ) လိဒ္ယူႏိုက္တက္ Vs စပါးစ္
ည(၈း၃၀) အာဆင္နယ္ Vs ဝက္စ္ဟမ္း
ည(၁၁းဝ ဝ) ခ်ဲလ္ဆီး Vs လီဗာပူးလ္
၅- ၁၀ -၂၀၂၅ (တနဂၤေႏြေန႔ညပိုင္း)
ည(၁၀း ဝဝ) ဘရန္းဖို႔ဒ္ Vs မန္စီးတီး

Related news

© 2021. All rights reserved.