MAI က စတုတ္ထအကြိမ်မြောက် Chairman's Cup ဂေါက်ရိုက်ပြိုင်ပွဲကျင်းပ

231

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၄
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) တွင် စတုတ္ထအကြိမ်မြောက် Chairman's Cup ဂေါက်သီးရိုက်ပြိုင်ပွဲကို အင်းစိန်မြို့နယ်ရှိ City Golf Resort - Silvery Course ၌ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ပြည်တွင်းလေကြောင်းလုပ်ငန်းကဏ္ဍမှ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းများ၊ Airport Operator များနှင့် အခြားဆက်စပ်လျက်ရှိသည့် ကုမ္ပဏီ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ဖော်ကိုင်ဖက် အသင်းအဖွဲ့များမှ ဂေါက်သီးရိုက်အားကစားသမား ၁၀၀ ကျော် ပါဝင်ခဲ့ကြကာ ပြိုင်ပွဲကို Stroke Play Format ဖြင့် Scratch Play နှင့် Handicap Play ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အတွဲ ၂၃ တွဲက Tee နံပါတ် ၁ နှင့် ၁၀ မှ စတင်ကစားခဲ့ပါသည်။
"MAI အနေနဲ့ Chairman's Cup ဂေါက်သီးရိုက်ပြိုင်ပွဲကို အခုလို ၄ နှစ်ဆက်တိုက် ကျင်းပနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဒီပြိုင်ပွဲက ပြည်တွင်းလေကြောင်းသယ်ယူပို့ဆောင်ရေး နယ်ပယ်အတွင်းရှိ Aviator များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များကို လုပ်ငန်းပြင်ပမှာ စုစည်းတွေ့ဆုံစေပြီး အချင်းချင်း ပိုမိုရင်းနှီးစေဖို့အပြင် ဝါသနာရှင် ကစားသမားများကိုလည်း အတူတကွ စုစည်းစေကာ အားကစားစိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းလည်း ဖြစ်ပါတယ်" ဟု MAI ၏ CEO Mr. Tanes Kumar မှ ပြောကြားခဲ့သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် Scratch Play နှင့် Handicap Playအမျိုးအစားများအလိုက် 10000 ဒုတိယ၊ တတိယ ဆုများရရှိသည့် အသင်းတစ်သင်းချင်းစီနှင့် တစ်ဦးချင်းဆုများဖြစ်သော Longest Drive: Nearest Pini Nearest Liner Most Birdie & Most Par ဆုများ ပေးအပ်မည် ဖြစ်သည်။

Zawgyi version:
အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္း (MAI) မွ ယေန႔ (ေဖေဖာ္ဝါရီလ ၁၄ ရက္) တြင္ စတုတၳအႀကိမ္ေျမာက္ Chairman's Cup ေဂါက္သီး႐ိုက္ၿပိဳင္ပြဲကို အင္းစိန္ၿမိဳ႕နယ္ရွိ City Golf Resort - Silvery Course ၌က်င္းပျပဳလုပ္ခဲ့သည္။
ၿပိဳင္ပြဲတြင္ ျပည္တြင္းေလေၾကာင္းလုပ္ငန္းက႑မွ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၏ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ျပည္တြင္းႏွင့္ ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ား၊ Airport Operator မ်ားႏွင့္ အျခားဆက္စပ္လ်က္ရွိသည့္ ကုမၸဏီ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္ အသင္းအဖြဲ႕မ်ားမွ ေဂါက္သီး႐ိုက္အားကစားသမား ၁၀၀ ေက်ာ္ ပါဝင္ခဲ့ၾကကာ ၿပိဳင္ပြဲကို Stroke Play Format ျဖင့္ Scratch Play ႏွင့္ Handicap Play ဟူ၍ အမ်ိဳးအစားႏွစ္မ်ိဳးျဖင့္ က်င္းပခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း အတြဲ ၂၃ တြဲက Tee နံပါတ္ ၁ ႏွင့္ ၁၀ မွ စတင္ကစားခဲ့ပါသည္။
"MAI အေနနဲ႔ Chairman's Cup ေဂါက္သီး႐ိုက္ၿပိဳင္ပြဲကို အခုလို ၄ ႏွစ္ဆက္တိုက္ က်င္းပႏိုင္ခဲ့တဲ့အတြက္ အလြန္ပဲ ဝမ္းေျမာက္မိပါတယ္။ ဒီၿပိဳင္ပြဲက ျပည္တြင္းေလေၾကာင္းသယ္ယူပို႔ေဆာင္ေရး နယ္ပယ္အတြင္းရွိ Aviator မ်ားႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ လုပ္ေဖာ္ကိုင္ဖက္မ်ားကို လုပ္ငန္းျပင္ပမွာ စုစည္းေတြ႕ဆုံေစၿပီး အခ်င္းခ်င္း ပိုမိုရင္းႏွီးေစဖို႔အျပင္ ဝါသနာရွင္ ကစားသမားမ်ားကိုလည္း အတူတကြ စုစည္းေစကာ အားကစားစိတ္ဓာတ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္တင္ႏိုင္ရန္ ရည္႐ြယ္က်င္းပျခင္းလည္း ျဖစ္ပါတယ္" ဟု MAI ၏ CEO Mr. Tanes Kumar မွ ေျပာၾကားခဲ့သည္။
ဆုခ်ီးျမႇင့္ပြဲအခမ္းအနားတြင္ Scratch Play ႏွင့္ Handicap Playအမ်ိဳးအစားမ်ားအလိုက္ 10000 ဒုတိယ၊ တတိယ ဆုမ်ားရရွိသည့္ အသင္းတစ္သင္းခ်င္းစီႏွင့္ တစ္ဦးခ်င္းဆုမ်ားျဖစ္ေသာ Longest Drive: Nearest Pini Nearest Liner Most Birdie & Most Par ဆုမ်ား ေပးအပ္မည္ ျဖစ္သည္။