(၂၀၂၅-၂၀၂၆) ဘောလုံးရာသီပရီးမီးယားလိဂ်ပွဲစဉ်(၃၂)အတွက် ပွဲကြိုသုံးသပ်ချက်များ

 183

ရဲထက် (NP News)
(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာဆိုရင် လာမယ့် မေလထဲ မှာ ချန်ပီယံဖြစ်မယ့်အသင်းကို မြင်တွေ့ရဖို့ရှိနေပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းတွေဖြစ် တဲ့ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ပြိုငဆိုင်မှုတွေကို ရာသီကုန်အထိ မြင်တွေ့ရဖို့ရှိနေပါ တယ်။ ဒါ့ပြင် ထိပ်ဆုံး(၄)နေရာဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် မန်ယူ၊ ချဲလ်ဆီးနဲ့ အက်စ တွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပြိုင်ဆိုင်မှုတွေကလည်း ရာသီကုန်အထိ ယှဉ်ပြိုင်သွားရဖို့ရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင် ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက်လည်း ပြိုင်ဆိုင်မှုတွေရှိနေ သလို ပိုပြီးစိတ်ဝင်တစားစောင့်ကြည့်ချင်စရာကောင်းတာကတော့ တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး လန်ဒန် အင်အားကြီးကလပ် စပါးစ်အသင်းရဲ့ တန်းမဆင်းရရေးရုန်းကန်ရမှုကို ဆယ်စုနှစ်တစ်ခုအတွင်း မြင်တွေ့ ရဖို့ရှိနေပြီး နောတင်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့လိုအသင်းတွေ ရဲ့တန်းဆင်းဇုန်က တိုက်ပွဲတွေကို မြိုင် မြိုင်ဆိုင်ဆိုင် မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။

ဘုန်းမောက်စ် Vs မန်ယူ

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၄ - ၄ ဘုန်းမောက်စ် (၁၆ - ၁၂ -၂၀၂၅)
မန်ယူ ၄ - ၁ ဘုန်းမောက်စ် (၃၁ - ၆ -၂၀၂၅)
ဘုန်းမောက်စ် ၁ - ၁ မန်ယူ (၂၇ -၄ -၂၀၂၅)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘုန်းမောက်စ် ၁ - ၂ မန်ယူ
ဘုန်းမောက်စ် ၂ - ၂ မန်ယူ

မန်ယူအသင်းဟာ ရာသီအစပိုင်းမှာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ စွမ်းဆောင်ရည်တွေနဲ့ အတူ နည်းပြအမ်မိုရင်လက်ထက် အဆိုးရွား ဆုံးအခြေအနေတစ်ခုကနေ ချန်ပီယံလိဂ်ဝင်ခွင့်တစ် နေရာ ကိုရောက်ရှိနေတာဟာ မယုံနိုင်စရာခြေစွမ်းမျိုးဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တိုးတက်လာတဲ့အချက် တွေကိုပြောပါဆိုရင် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ပြန်လည်ရရှိဖို့ အစွမ်းကုန်ကြိုးစားသွားဖွယ်ရှိနေပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းနဲ့ အက်စ တွန်ဗီလာအသင်းတို့နဲ့ ရမှတ်ကွာဟမှုနည်းပါးနေတာကြောင့်လည်း တစ်ပွဲမှ ရှုံးလို့မရတဲ့အနေအထားမှာ မန်ယူအသင်းအတွက် ဒီပွဲအပါအဝင် လက်ကျန်ပွဲစဉ်(၉)ပွဲလုံးကို အနိုင်ယူထားနိုင်ဖို့လိုအပ်မှာဖြစ်ပါ တယ်။ ဒီအရာတွေကိုကျော်ဖြတ်နိုင်ဖို့ မန်ယူအသင်းအတွက် အားသားချက်တွေကလည်းရှိနေပြီး ချန်ပီယံလိဂ်မကန်ရတာနဲ့ ပြည်တွင်းဖလားတွေမှာ ယှဉ်ပြိုင်မှုရှိနေမနေတာက မန်ယူအသင်းကို အခြား အသင်းတွေထက် ခြေစွမ်းပိုကောင်းစေပါတယ်။ ဒါ့ပြင် ဒဏ်ရာရ ကစားသမားတွေလည်း နည်းလာဖို့ရှိ နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်နိုင်တာကြောင့်လည်း ရာသီကုန် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို သေချာပေါက်ရယူနိုင်ဖို့အလားအလာရှိနေပါ တယ်။ မန်ယူအသင်းရဲ့ နိုင်ပွဲတွေနဲ့ ခြေစွမ်းပိုင်းတိုး တက်လာမှုတွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ နည်းပြမိုက်ကယ် ကားရစ်ကိုလည်း မဖြစ်မနေလက်ခံ ပေးဖို့လိုအပ်နေပြီး ရာသီကုန်မှာ နည်းပြသစ်ခန့်အပ်မှာလား ဒါမှမဟုတ် ကားရစ်ကိုပဲ နည်းပြအဖြစ်ခန့် အပ်သွားမလားဆိုတာကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဘုန်းမောက်စ်အသင်းက‌တော့ အမှတ် ပေးဇယားရဲ့ ထိပ်ဆုံး(၁၀)သင်းထဲမှာပါဝင်နေတာကြောင့် ခြေစွမ်းပိုင်းအရ မန်ယူအသင်းကို ဒုက္ခပေးလာ နိုင်ဖို့ရှိနေပါတယ်။ ဒါ့ပြင် ဘုန်းမောက်စ်အသင်းက လက်ကျန်(၉)ပွဲမှာ နိုင်ပွဲတွေကိုပိုရခဲ့ရင် ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာကိုမျှော်လင့်နိုင်တာကြောင့် မန်ယူအသင်းအတွက် ဒီပွဲစဉ်က ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာဖို့ရှိ နေပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းကိုခန့်မှန်းရရင် မန်ယူအသင်းက ဘုန်းမောက်စ်အသင်းရဲ့အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် အနည်းငယ်ခက်ခဲနိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ မန်ယူအသင်းက (၁)ဂိုးလောက်အကွာနဲ့ ကပ်နိုင်ပါမယ်။

အဲဗာတန် Vs ချဲလ်ဆီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၂ - ဝ အဲဗာတန် (၁၃ - ၁၂ -၂၀၂၅)
ချဲလ်ဆီး ၁ - ဝ အဲဗာတန် (၂၆ -၄ -၂၀၂၅)
အဲဗာတန် ဝ - ဝ ချဲလ်ဆီး (၂၂ - ၁၂ -၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အဲဗာတန် ၁ - ၂ ချဲလ်ဆီး
အဲဗာတန် ၂ - ၃ ချဲလ်ဆီး

ချဲလ်ဆီးအသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်က မနှစ်ကရာသီထက်ပိုကောင်းလာတဲ့ကစားပုံမျိုး ကိုမြင်တွေ့လာရပေမယ့် မပြောင်းလဲတာကတော့ ရလဒ်ပိုင်းဖြစ်ပြီး မနှစ်ကရာသီထက် မခြားနားတဲ့ ရလဒ်တစ်ခုကိုသာ ရရှိထားပါတယ်။ ပြောရရင် မနှစ်ကရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ အတွက် ခက်က်ခက်ခဲခဲဝင်ရောက်ခဲ့ရသလို ဒီရာသီမှာ ရာသီကုန်တဲ့အထိ တိုက်ပွဲဝင်သွားရဖို့ရှိနေပါ တယ်။ ချဲလ်ဆီးအသင်းမှာ လူငယ်ခြေတက်ကစားသမားကောင်းတွေနဲ့ အသင်းရဲ့ကစားသမားတော် တော်များများဟာ ပိုကောင်းတဲ့ Level တစ်ခုကို ရောက်ရှိနေပြီးဖြစ်ပေမယ့် အမှတ်ပေးဇယားကိုစိန်ခေါ် နိုင်လောက် တဲ့တည်ငြိမ်မှုမျိုးကိုတော့ လက်ရှိအချိန်အထိ မြင်တွေ့ရတာမျိုးမရှိသေးတာဖြစ်ပါတယ်။ နည်းပြအပြောင်းအလဲတွေကို မကြာခဏလုပ်ဆောင်တတ်သလို အသင်းရဲ့အဓိကကစားသမားတွေ အများစုဟာ ဒဏ်ရာရနေတဲ့ပုံစံမျိုးတွေမှာ အနားမပေးဘဲ ကစားနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ပိုကောင်းလာတဲ့အချက်ကတော့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်ဖြစ်ပြီး လက်ရှိမှာ ဘယ်အသင်းကိုမဆို ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာ အသားစီးရယူကစားနိုင် တဲ့အနေအထားမျိုးဖြစ်ပါ တယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းရဲ့ တစ်ပွဲတိုးခြေစွမ်းက ပြိုင်ဘက်အသင်းအတွက် အိပ်မက်ဆိုးဖြစ်ပြီး ပြီးခဲ့ တဲ့ရာသီမှာ ကွန်းဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တာကိုကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ ချန်ပီယံခြေစွမ်းမျိုးဆို တာထက် အသင်းနဲ့ကစားသမားတွေအသားကျဖို့ ကြိုးစားရုန်းကန်နေရတဲ့အနေအထားမျိုးမှာရှိနေပါ တယ်။ အဲဗာတန်အသင်းကတော့ ဒီရာသီမှာ အခြားသောအသင်းတွေထက်ပိုကောင်းတဲ့ ရာသီတစ်ခုဖြစ် ခဲ့သလို လက်ခံနိုင်‌လောက်တဲ့ ခြေစွမ်းမျိုးတွေပြသထားနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာ ချဲလ်ဆီးအသင်းက အသားစီးရယူထားနိုင်သလို နိုင်ပွဲလည်း ရယူထားနိုင်တာ ကြောင့် ချဲလ်ဆီးအသင်းက ပိုကောင်းတဲ့အနေအထားမျိုးမှာရှိနေပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ အတွက်လည်း မဖြစ်မနေနိုင်ပွဲရဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းအတွက် ဒီပွဲစဉ်က မဖြစ်မနေနိုင် ပွဲရဖို့လိုအပ်နေတာကြောင့် ချဲလ်ဆီးအသင်းကပဲ (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပွဲရယူနိုင်ပါတယ်။


စပါးစ် Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် ၃-ဝ စပါးစ် (၁၄ - ၁၂ -၂၀၂၅)
စပါးစ် ၁ - ၂ ဖောရက်စ် (၂၂ - ၄ -၂၀၂၅)
ဖောရက်စ် ၁-ဝ စပါးစ် (၂၆ - ၁၂-၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၃ - ၂ ဖောရက်စ်
စပါးစ် ၂ - ၂ ဖောရက်စ်

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ချန်ပီယံဆုကိုစိန်ခေါ်နေတဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုထက်တောင် ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေပြီး တန်းဆင်းဇုန် တိုက်ပွဲကို အပြည့်အဝခံစားရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စပါးစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ရရှိထားမှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုရရှိခဲ့တာကြောင့် လူအင် အားဖြည့်တင်းမှုတွေနဲ့ နည်းပြအပြောင်းအလဲတွေ ပြုလုပ်ထားခဲ့ပေမယ့်လည်း ရလဒ်ပိုင်းကတော့ ကျေ နပ်စရာ မကောင်းခဲ့တာပါ။ ဒီပွဲစဉ်ကို စပါးစ်အသင်းအနေနဲ့ ရှုံးခဲ့မယ်ဆိုရင် တန်းဆင်းရဖို့ ပိုနီးကပ်သွား ပြီလို့ဆို နိုင်သလို လန်ဒန်ရဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့နည်းတူ အင်အားကြီးကလပ်အသင်းသာ တန်း ဆင်းသွားရရင် ပရိသတ်တွေအတွက် တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်လာဖို့ရှိနေပါတယ်။ ပိုဆိုးတာက လက်ရှိ စပါးစ်အသင်းမှာ နိုင်ပွဲရဖို့ဆိုတာက ခက်ခဲနေသလို အသင်း ကြီးတွေရော အသင်းငယ်လေးတွေကိုပါ နိုင်ပွဲရရှိဖို့ရုန်းကန်နေရတာကိုတွေ့ရပါတယ်။ နော်တင်ဖောရက်စ်အသင်းကလည်း ပြီးခဲ့တဲ့ (၂)နှစ်အတွက် ခြေစွမ်းကောင်းတွေနဲ့အတူ အသင်းကြီး တော်တော်များများကို အနိုင်ယူကျော်ဖြတ်ပြခဲ့တဲ့ အသင်းကောင်းတစ်သင်းဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ တော့ တန်းမဆင်းရရေးကိုသာ ဦးစားပေး ကစားရဖို့ရှိနေပြီး ဒီပွဲစဉ်ကိုသာရှုံးခဲ့ရင် တန်းဆင်းရဖို့ အလား အလာရှိနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ကြားက တူညီတဲ့အချက်အလက်တွေနဲ့ နှစ် သင်းလုံးက ရှုံးပွဲတွေ့လို့မရတဲ့အနေအထားမှာ အိမ်ကွင်းနဲ့အဝေးကွင်းဆိုပြီးရွေးမနေဘဲ အပြန်အလှန် နိုင်ပွဲရဖို့ကိုပါ တိုက်ပွဲဝင်ကြဖို့ရှိနေပါတယ်။ ဒီရာသီပထမဆုံးထိပ်တိုက်တွေ့ဆုံမှုမှာတော့ နော်တင် ဖောရက်စ်အသင်းက (၃)ဂိုးပြတ်နဲ့ နိုင်ပွဲရယူထားခဲ့တာကြောင့် ဒီတစ်ကြိမ် စပါးစ်အိမ်ကွင်းမှာတော့ စပါးစ် အသင်းဘာလုပ်ပြနိုင်မလဲဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ဒါကြောင့် အပြန်အလှန်သွင်း ဂိုးတွေကိုမြင်တွေ့ရဖို့ရှိနေပြီး (၁)ဂိုးလောက်အကွာနဲ့စပါးစ် အသင်းကနိုင်ပါမယ်။

အက်စတွန်ဗီလာ Vs ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဟမ်း ၂ - ၃ ဗီလာ (၁၄ - ၁၂ -၂၀၂၅)
ဗီလာ ဝ - ၂ ဝက်စ်ဟမ်း (၂၆ - ၁ -၂၀၂၅)
ဝက်စ်ဟမ်း ၁ - ၂ ဗီလာ (၁၇ - ၈ -၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်စတွန်ဗီလာ ၂ - ဝ ဝက်စ်ဟမ်း
အက်စတွန်ဗီလာ ၃ - ၁ ဝက်စ်ဟမ်း
အက်စတွန်ဗီလာအသင်းက ဒီရာသီမှာ အကောင်းဆုံးသောရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့တယ် လို့ဆိုနိုင်ပြီး နည်းပြ အူနှိုင်းအမ်မရီလက်ထက်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်လောက်တဲ့အထိ ခြေစွမ်းပြသ နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါက နည်းပြကောင်းတစ်ယောက်သာရှိရင် အသင်းရဲ့ ကစားသမားတွေ မကောင်းခဲ့ရင်တောင် နိုင်ပွဲတွေဆီကို ဘယ်လိုဖော်ဆောင်ရမလဲဆိုတဲ့ နည်းပြတစ်ယောက်ရဲ့ နည်းစနစ် ပိုင်းတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသနေပါတယ်။ နည်းပြ အူနှိုင်းအမ်မရီဟာ လာလီ ဂါမြေမှာ ဗီလာရီးရဲလ်အသင်းကို ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်သလို ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ လက်ခံနိုင်လောက်တဲ့ ချန်ပီယံခြေစွမ်းမျိုး ပြသထားနိုင်ခဲ့ပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းကို ကိုင် တွယ်ချိန်မှာလည်း အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲဆီကို အရောက်ပို့ထားပေးနိုင်ခဲ့တဲ့အပြင် အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ်မှာလည်း ကစားပုံပိုကောင်းစေခဲ့တဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။ ဝက်စ် ဟမ်းအသင်းကလည်း ဒီရာသီ နည်းပြမိုယက်နဲ့အတူ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းတွေထဲမှာ ပါဝင်နေပြီး ဒီပွဲစဉ်ကိုသာရှုံးခဲ့ရင် အသင်းအတွက် ဖိအားဝင်သွားနိုင်ပြီး နိုင်ပွဲရဖို့လည်း ပိုခက်ခဲလာဖို့ရှိ နေပါတယ်။ ဒါပေမဲ့ နိုင်ပွဲရဖို့ထက် သရေတစ်မှတ်ကစားရဖို့ရှိနေတာကြောင့် အက်စတွန်ဗီလာအသင်းရဲ့ အိမ်ကွင်းမှာမရှုံးဖို့ကိုသာ ဦးစားပေးကစားရဖို့ရှိနေပြီး နိုင်ပွဲအနေနဲ့ကတော့ အက်စတွန်ဗီလာအသင်းက (၂) ဂိုး ပြတ်လောက်နဲ့နိုင်ပါမယ်။

Zawgyi Version:
(၂၀၂၅-၂၀၂၆) ေဘာလုံးရာသီပရီးမီးယားလိဂ္ပြဲစဥ္(၃၂)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News)
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာဆိုရင္ လာမယ့္ ေမလထဲ မွာ ခ်န္ပီယံျဖစ္မယ့္အသင္းကို ျမင္ေတြ႕ရဖို႔ရွိေနၿပီး ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ေနတဲ့အသင္းေတြျဖစ္ တဲ့ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ရဲ႕ၿပိဳငဆိုင္မႈေတြကို ရာသီကုန္အထိ ျမင္ေတြ႕ရဖို႔ရွိေနပါ တယ္။ ဒါ့ျပင္ ထိပ္ဆုံး(၄)ေနရာျဖစ္တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ မန္ယူ၊ ခ်ဲလ္ဆီးနဲ႔ အက္စ တြန္ဗီလာနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ၿပိဳင္ဆိုင္မႈေတြကလည္း ရာသီကုန္အထိ ယွဥ္ၿပိဳင္သြားရဖို႔ရွိေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါ့ျပင္ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာအတြက္လည္း ၿပိဳင္ဆိုင္မႈေတြရွိေန သလို ပိုၿပီးစိတ္ဝင္တစားေစာင့္ၾကည့္ခ်င္စရာေကာင္းတာကေတာ့ တန္းဆင္းဇုန္တိုက္ပြဲျဖစ္ၿပီး လန္ဒန္ အင္အားႀကီးကလပ္ စပါးစ္အသင္းရဲ႕ တန္းမဆင္းရေရး႐ုန္းကန္ရမႈကို ဆယ္စုႏွစ္တစ္ခုအတြင္း ျမင္ေတြ႕ ရဖို႔ရွိေနၿပီး ေနာတင္ေဖာရက္စ္နဲ႔ ဝက္စ္ဟမ္းတို႔လိုအသင္းေတြ ရဲ႕တန္းဆင္းဇုန္က တိုက္ပြဲေတြကို ၿမိဳင္ ၿမိဳင္ဆိုင္ဆိုင္ ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္ပြဲစဥ္(၂၅)ရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြကို ေ႐ြးခ်ယ္သုံးသပ္ေပးသြားခ်င္ပါတယ္။

ဘုန္းေမာက္စ္ Vs မန္ယူ

ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၄ - ၄ ဘုန္းေမာက္စ္ (၁၆ - ၁၂ -၂၀၂၅)
မန္ယူ ၄ - ၁ ဘုန္းေမာက္စ္ (၃၁ - ၆ -၂၀၂၅)
ဘုန္းေမာက္စ္ ၁ - ၁ မန္ယူ (၂၇ -၄ -၂၀၂၅)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘုန္းေမာက္စ္ ၁ - ၂ မန္ယူ
ဘုန္းေမာက္စ္ ၂ - ၂ မန္ယူ

မန္ယူအသင္းဟာ ရာသီအစပိုင္းမွာ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ေတြနဲ႔ အတူ နည္းျပအမ္မိုရင္လက္ထက္ အဆိုး႐ြား ဆုံးအေျခအေနတစ္ခုကေန ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ ေနရာ ကိုေရာက္ရွိေနတာဟာ မယုံႏိုင္စရာေျခစြမ္းမ်ိဳးျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕ တိုးတက္လာတဲ့အခ်က္ ေတြကိုေျပာပါဆိုရင္ ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာျဖစ္ၿပီး ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ျပန္လည္ရရွိဖို႔ အစြမ္းကုန္ႀကိဳးစားသြားဖြယ္ရွိေနပါတယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအသင္းနဲ႔ အက္စ တြန္ဗီလာအသင္းတို႔နဲ႔ ရမွတ္ကြာဟမႈနည္းပါးေနတာေၾကာင့္လည္း တစ္ပြဲမွ ရႈံးလို႔မရတဲ့အေနအထားမွာ မန္ယူအသင္းအတြက္ ဒီပြဲအပါအဝင္ လက္က်န္ပြဲစဥ္(၉)ပြဲလုံးကို အႏိုင္ယူထားႏိုင္ဖို႔လိုအပ္မွာျဖစ္ပါ တယ္။ ဒီအရာေတြကိုေက်ာ္ျဖတ္ႏိုင္ဖို႔ မန္ယူအသင္းအတြက္ အားသားခ်က္ေတြကလည္းရွိေနၿပီး ခ်န္ပီယံလိဂ္မကန္ရတာနဲ႔ ျပည္တြင္းဖလားေတြမွာ ယွဥ္ၿပိဳင္မႈရွိေနမေနတာက မန္ယူအသင္းကို အျခား အသင္းေတြထက္ ေျခစြမ္းပိုေကာင္းေစပါတယ္။ ဒါ့ျပင္ ဒဏ္ရာရ ကစားသမားေတြလည္း နည္းလာဖို႔ရွိ ေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုတည္းကိုသာ အာ႐ုံစိုက္ႏိုင္တာေၾကာင့္လည္း ရာသီကုန္ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာကို ေသခ်ာေပါက္ရယူႏိုင္ဖို႔အလားအလာရွိေနပါ တယ္။ မန္ယူအသင္းရဲ႕ ႏိုင္ပြဲေတြနဲ႔ ေျခစြမ္းပိုင္းတိုး တက္လာမႈေတြရဲ႕ပဲ့ကိုင္ရွင္ျဖစ္တဲ့ နည္းျပမိုက္ကယ္ ကားရစ္ကိုလည္း မျဖစ္မေနလက္ခံ ေပးဖို႔လိုအပ္ေနၿပီး ရာသီကုန္မွာ နည္းျပသစ္ခန႔္အပ္မွာလား ဒါမွမဟုတ္ ကားရစ္ကိုပဲ နည္းျပအျဖစ္ခန႔္ အပ္သြားမလားဆိုတာကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဘုန္းေမာက္စ္အသင္းက‌ေတာ့ အမွတ္ ေပးဇယားရဲ႕ ထိပ္ဆုံး(၁၀)သင္းထဲမွာပါဝင္ေနတာေၾကာင့္ ေျခစြမ္းပိုင္းအရ မန္ယူအသင္းကို ဒုကၡေပးလာ ႏိုင္ဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ဘုန္းေမာက္စ္အသင္းက လက္က်န္(၉)ပြဲမွာ ႏိုင္ပြဲေတြကိုပိုရခဲ့ရင္ ယူ႐ိုပါလိဂ္ ဝင္ခြင့္တစ္ေနရာကိုေမွ်ာ္လင့္ႏိုင္တာေၾကာင့္ မန္ယူအသင္းအတြက္ ဒီပြဲစဥ္က ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာဖို႔ရွိ ေနပါတယ္။ ဒါေၾကာင့္ ရလဒ္ပိုင္းကိုခန႔္မွန္းရရင္ မန္ယူအသင္းက ဘုန္းေမာက္စ္အသင္းရဲ႕အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ အနည္းငယ္ခက္ခဲႏိုင္ၿပီး အျပန္အလွန္ သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ မန္ယူအသင္းက (၁)ဂိုးေလာက္အကြာနဲ႔ ကပ္ႏိုင္ပါမယ္။

အဲဗာတန္ Vs ခ်ဲလ္ဆီး

ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၂ - ဝ အဲဗာတန္ (၁၃ - ၁၂ -၂၀၂၅)
ခ်ဲလ္ဆီး ၁ - ဝ အဲဗာတန္ (၂၆ -၄ -၂၀၂၅)
အဲဗာတန္ ဝ - ဝ ခ်ဲလ္ဆီး (၂၂ - ၁၂ -၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အဲဗာတန္ ၁ - ၂ ခ်ဲလ္ဆီး
အဲဗာတန္ ၂ - ၃ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္က မႏွစ္ကရာသီထက္ပိုေကာင္းလာတဲ့ကစားပုံမ်ိဳး ကိုျမင္ေတြ႕လာရေပမယ့္ မေျပာင္းလဲတာကေတာ့ ရလဒ္ပိုင္းျဖစ္ၿပီး မႏွစ္ကရာသီထက္ မျခားနားတဲ့ ရလဒ္တစ္ခုကိုသာ ရရွိထားပါတယ္။ ေျပာရရင္ မႏွစ္ကရာသီမွာလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာ အတြက္ ခက္က္ခက္ခဲခဲဝင္ေရာက္ခဲ့ရသလို ဒီရာသီမွာ ရာသီကုန္တဲ့အထိ တိုက္ပြဲဝင္သြားရဖို႔ရွိေနပါ တယ္။ ခ်ဲလ္ဆီးအသင္းမွာ လူငယ္ေျခတက္ကစားသမားေကာင္းေတြနဲ႔ အသင္းရဲ႕ကစားသမားေတာ္ ေတာ္မ်ားမ်ားဟာ ပိုေကာင္းတဲ့ Level တစ္ခုကို ေရာက္ရွိေနၿပီးျဖစ္ေပမယ့္ အမွတ္ေပးဇယားကိုစိန္ေခၚ ႏိုင္ေလာက္ တဲ့တည္ၿငိမ္မႈမ်ိဳးကိုေတာ့ လက္ရွိအခ်ိန္အထိ ျမင္ေတြ႕ရတာမ်ိဳးမရွိေသးတာျဖစ္ပါတယ္။ နည္းျပအေျပာင္းအလဲေတြကို မၾကာခဏလုပ္ေဆာင္တတ္သလို အသင္းရဲ႕အဓိကကစားသမားေတြ အမ်ားစုဟာ ဒဏ္ရာရေနတဲ့ပုံစံမ်ိဳးေတြမွာ အနားမေပးဘဲ ကစားေနရတဲ့အေျခအေနမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ ပိုေကာင္းလာတဲ့အခ်က္ကေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္နဲ႔တိုက္စစ္ျဖစ္ၿပီး လက္ရွိမွာ ဘယ္အသင္းကိုမဆို ကြင္းလယ္နဲ႔တိုက္စစ္ပိုင္းမွာ အသားစီးရယူကစားႏိုင္ တဲ့အေနအထားမ်ိဳးျဖစ္ပါ တယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအသင္းရဲ႕ တစ္ပြဲတိုးေျခစြမ္းက ၿပိဳင္ဘက္အသင္းအတြက္ အိပ္မက္ဆိုးျဖစ္ၿပီး ၿပီးခဲ့ တဲ့ရာသီမွာ ကြန္းဖရန႔္လိဂ္နဲ႔ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ခဲ့တာကိုၾကည့္ရင္ သိႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံေျခစြမ္းမ်ိဳးဆို တာထက္ အသင္းနဲ႔ကစားသမားေတြအသားက်ဖို႔ ႀကိဳးစား႐ုန္းကန္ေနရတဲ့အေနအထားမ်ိဳးမွာရွိေနပါ တယ္။ အဲဗာတန္အသင္းကေတာ့ ဒီရာသီမွာ အျခားေသာအသင္းေတြထက္ပိုေကာင္းတဲ့ ရာသီတစ္ခုျဖစ္ ခဲ့သလို လက္ခံႏိုင္‌ေလာက္တဲ့ ေျခစြမ္းမ်ိဳးေတြျပသထားႏိုင္တာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီရာသီ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ခ်ဲလ္ဆီးအသင္းက အသားစီးရယူထားႏိုင္သလို ႏိုင္ပြဲလည္း ရယူထားႏိုင္တာ ေၾကာင့္ ခ်ဲလ္ဆီးအသင္းက ပိုေကာင္းတဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာ အတြက္လည္း မျဖစ္မေနႏိုင္ပြဲရဖို႔ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ဒီပြဲစဥ္က မျဖစ္မေနႏိုင္ ပြဲရဖို႔လိုအပ္ေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းကပဲ (၂)ဂိုးျပတ္ေလာက္နဲ႔ ႏိုင္ပြဲရယူႏိုင္ပါတယ္။


စပါးစ္ Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္ ၃-ဝ စပါးစ္ (၁၄ - ၁၂ -၂၀၂၅)
စပါးစ္ ၁ - ၂ ေဖာရက္စ္ (၂၂ - ၄ -၂၀၂၅)
ေဖာရက္စ္ ၁-ဝ စပါးစ္ (၂၆ - ၁၂-၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၃ - ၂ ေဖာရက္စ္
စပါးစ္ ၂ - ၂ ေဖာရက္စ္

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ခ်န္ပီယံဆုကိုစိန္ေခၚေနတဲ့ မန္စီးတီးအသင္းနဲ႔ အာဆင္နယ္ အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈထက္ေတာင္ ပိုၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္လာဖို႔ရွိေနၿပီး တန္းဆင္းဇုန္ တိုက္ပြဲကို အျပည့္အဝခံစားရမယ့္ ပြဲေကာင္းတစ္ပြဲ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ စပါးစ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုပါလိဂ္ရရွိထားမႈနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကိုရရွိခဲ့တာေၾကာင့္ လူအင္ အားျဖည့္တင္းမႈေတြနဲ႔ နည္းျပအေျပာင္းအလဲေတြ ျပဳလုပ္ထားခဲ့ေပမယ့္လည္း ရလဒ္ပိုင္းကေတာ့ ေက် နပ္စရာ မေကာင္းခဲ့တာပါ။ ဒီပြဲစဥ္ကို စပါးစ္အသင္းအေနနဲ႔ ရႈံးခဲ့မယ္ဆိုရင္ တန္းဆင္းရဖို႔ ပိုနီးကပ္သြား ၿပီလို႔ဆို ႏိုင္သလို လန္ဒန္ရဲ႕ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔နည္းတူ အင္အားႀကီးကလပ္အသင္းသာ တန္း ဆင္းသြားရရင္ ပရိသတ္ေတြအတြက္ တကယ္ကို ဝမ္းနည္းစရာေကာင္းတဲ့ အခိုက္အတန႔္တစ္ခုလည္း ျဖစ္လာဖို႔ရွိေနပါတယ္။ ပိုဆိုးတာက လက္ရွိ စပါးစ္အသင္းမွာ ႏိုင္ပြဲရဖို႔ဆိုတာက ခက္ခဲေနသလို အသင္း ႀကီးေတြေရာ အသင္းငယ္ေလးေတြကိုပါ ႏိုင္ပြဲရရွိဖို႔႐ုန္းကန္ေနရတာကိုေတြ႕ရပါတယ္။ ေနာ္တင္ေဖာရက္စ္အသင္းကလည္း ၿပီးခဲ့တဲ့ (၂)ႏွစ္အတြက္ ေျခစြမ္းေကာင္းေတြနဲ႔အတူ အသင္းႀကီး ေတာ္ေတာ္မ်ားမ်ားကို အႏိုင္ယူေက်ာ္ျဖတ္ျပခဲ့တဲ့ အသင္းေကာင္းတစ္သင္းျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ ေတာ့ တန္းမဆင္းရေရးကိုသာ ဦးစားေပး ကစားရဖို႔ရွိေနၿပီး ဒီပြဲစဥ္ကိုသာရႈံးခဲ့ရင္ တန္းဆင္းရဖို႔ အလား အလာရွိေနတဲ့အေျခအေနမ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ၾကားက တူညီတဲ့အခ်က္အလက္ေတြနဲ႔ ႏွစ္ သင္းလုံးက ရႈံးပြဲေတြ႕လို႔မရတဲ့အေနအထားမွာ အိမ္ကြင္းနဲ႔အေဝးကြင္းဆိုၿပီးေ႐ြးမေနဘဲ အျပန္အလွန္ ႏိုင္ပြဲရဖို႔ကိုပါ တိုက္ပြဲဝင္ၾကဖို႔ရွိေနပါတယ္။ ဒီရာသီပထမဆုံးထိပ္တိုက္ေတြ႕ဆုံမႈမွာေတာ့ ေနာ္တင္ ေဖာရက္စ္အသင္းက (၃)ဂိုးျပတ္နဲ႔ ႏိုင္ပြဲရယူထားခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္ စပါးစ္အိမ္ကြင္းမွာေတာ့ စပါးစ္ အသင္းဘာလုပ္ျပႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ အျပန္အလွန္သြင္း ဂိုးေတြကိုျမင္ေတြ႕ရဖို႔ရွိေနၿပီး (၁)ဂိုးေလာက္အကြာနဲ႔စပါးစ္ အသင္းကႏိုင္ပါမယ္။

အက္စတြန္ဗီလာ Vs ဝက္စ္ဟမ္း

ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝက္စ္ဟမ္း ၂ - ၃ ဗီလာ (၁၄ - ၁၂ -၂၀၂၅)
ဗီလာ ဝ - ၂ ဝက္စ္ဟမ္း (၂၆ - ၁ -၂၀၂၅)
ဝက္စ္ဟမ္း ၁ - ၂ ဗီလာ (၁၇ - ၈ -၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္စတြန္ဗီလာ ၂ - ဝ ဝက္စ္ဟမ္း
အက္စတြန္ဗီလာ ၃ - ၁ ဝက္စ္ဟမ္း
အက္စတြန္ဗီလာအသင္းက ဒီရာသီမွာ အေကာင္းဆုံးေသာရာသီတစ္ခုကို ျဖတ္သန္းႏိုင္ခဲ့တယ္ လို႔ဆိုႏိုင္ၿပီး နည္းျပ အူႏႈိင္းအမ္မရီလက္ထက္မွာ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ေလာက္တဲ့အထိ ေျခစြမ္းျပသ ႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ ဒါက နည္းျပေကာင္းတစ္ေယာက္သာရွိရင္ အသင္းရဲ႕ ကစားသမားေတြ မေကာင္းခဲ့ရင္ေတာင္ ႏိုင္ပြဲေတြဆီကို ဘယ္လိုေဖာ္ေဆာင္ရမလဲဆိုတဲ့ နည္းျပတစ္ေယာက္ရဲ႕ နည္းစနစ္ ပိုင္းေတြက ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို ျပသေနပါတယ္။ နည္းျပ အူႏႈိင္းအမ္မရီဟာ လာလီ ဂါေျမမွာ ဗီလာရီးရဲလ္အသင္းကို ယူ႐ိုပါလိဂ္ဖလားကို ရယူေပးႏိုင္သလို ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာ လက္ခံႏိုင္ေလာက္တဲ့ ခ်န္ပီယံေျခစြမ္းမ်ိဳး ျပသထားႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းကို ကိုင္ တြယ္ခ်ိန္မွာလည္း အသင္းကို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲဆီကို အေရာက္ပို႔ထားေပးႏိုင္ခဲ့တဲ့အျပင္ အာဆင္နယ္ အသင္းကို ပရီးမီးယားလိဂ္မွာလည္း ကစားပုံပိုေကာင္းေစခဲ့တဲ့နည္းျပတစ္ေယာက္ျဖစ္ပါတယ္။ ဝက္စ္ ဟမ္းအသင္းကလည္း ဒီရာသီ နည္းျပမိုယက္နဲ႔အတူ တန္းမဆင္းရဖို႔ ႐ုန္းကန္ေနရတဲ့အသင္းေတြထဲမွာ ပါဝင္ေနၿပီး ဒီပြဲစဥ္ကိုသာရႈံးခဲ့ရင္ အသင္းအတြက္ ဖိအားဝင္သြားႏိုင္ၿပီး ႏိုင္ပြဲရဖို႔လည္း ပိုခက္ခဲလာဖို႔ရွိ ေနပါတယ္။ ဒါေပမဲ့ ႏိုင္ပြဲရဖို႔ထက္ သေရတစ္မွတ္ကစားရဖို႔ရွိေနတာေၾကာင့္ အက္စတြန္ဗီလာအသင္းရဲ႕ အိမ္ကြင္းမွာမရႈံးဖို႔ကိုသာ ဦးစားေပးကစားရဖို႔ရွိေနၿပီး ႏိုင္ပြဲအေနနဲ႔ကေတာ့ အက္စတြန္ဗီလာအသင္းက (၂) ဂိုး ျပတ္ေလာက္နဲ႔ႏိုင္ပါမယ္။

Related news

© 2021. All rights reserved.