(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈)အတွက် ပွဲကြိုသုံးသပ်ချက်များ

 208

ရဲထက်(NPNews) - အောက်တိုဘာလ ၁၆

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် အသင်းကြီးတွေအတွက် ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တွေကို ပြန်လည် ကြည့်ရှုခံစားနိုင်တော့မှာပဲဖြစ်ပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပြန်လာတဲ့ပွဲစဉ်တွေဖြစ်တဲ့အတွက် လည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာဖို့ရှိနေပြီး အသင်း ကြီးတွေကြားက ရမှတ်ကွာဟမှုရှိမနေတာကလည်း စောင့်ကြည့်ချင်စရာကောင်းတဲ့ပွဲစဉ်တွေ ဖြစ်လာဖို့ရှိ နေပါတယ်။ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာတော့ အာ ဆင်နယ်အသင်းက ရမှတ်(၁)မှတ်အကွာနဲ့ လီဗာ ပူးလ်အသင်းကိုဦးဆောင်ထားပြီး စပါးစ်အသင်းရဲ့စွမ်း ဆောင်ရည်တွေကို စောင့်ကြည့်ရဖို့ရှိနေသလို ချဲလ် ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်တွေက လည်း ဒီတစ်ပတ်မှာအနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ချန် ပီယံဆုကို ပြန်လည်စိန်ခေါ်လာနိုင်ဖို့ရှိနေပါတယ်။ ဒါကြောင့် NP News ကနေ နိုင်ငံတ ကာပွဲစဉ်တွေအပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အ ကောင်းဆုံးပွဲစဉ်တွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

လီဗာပူးလ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၂ - ၂ မန်ယူ (၅ - ၁ -၂၀၂၅)
မန်ယူ ဝ - ၃ လီဗာပူးလ် (၁-၉-၂၀၂၄)
မန်ယူ ၂ - ၂ လီဗာပူးလ် (၇-၄-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ဝ မန်ယူ
လီဗာပူးလ် ၂ - ၁ မန်ယူ
လီဗာပူးလ်အသင်းဟာ နောက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲ ဆက်တိုက်ရှုံးပွဲတွေ့ကြုံ ထားပြီး ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရှုံးပွဲတွေ့ထားတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို အာဆင်နယ်အသင်းဆီပေးလိုက် ရသလို ချန်ပီယံလိဂ်မှာလည်း ရလဒ်ပိုင်းအတွက် နိုင်ပွဲတွေပြန်ရှာဖို့လိုအပ်နေတဲ့အနေအထားဖြစ် ပါတယ်။ တကယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ လူစာ ရင်းဟာ မနှစ်ကထက် ပိုပြီးတောင့်တင်းလာသလို ကစားသမားတစ်ယောက်ချင်းစီ ယှဉ်လိုက်ရင်လည်း ဘယ်အသင်းထက်မဆို သာလွန်နေတဲ့အခြေအနေ မျိုးမှာရှိနေပါတယ်။ ဒါပေမဲ့လည်း ဆာလက်ရဲ့ခြေစွမ်း ပိုင်းကျဆင်းလာမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ လာရပြီဖြစ်သလို ကွင်းလယ်ပိုင်းက မက်အလစ္စတာ ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေအပြင် လေဗာကူဆင်က နေခေါ်ယူထားတဲ့ ဖလော်ဒီရန်ဗစ်ရဲ့ ပရီးမီးယားလိဂ်နဲ့ အသားမကျမှုတွေကို မြင်တွေ့လာရတာကြောင့် လီဗာပူးလ်အသင်းအတွက် ခက်ခဲနေတာဖြစ်ပါတယ်။ ရာသီအစပိုင်းမှာ လီဗာပူးလ်အသင်းအနိုင်ရခဲ့တဲ့ပွဲစဉ် တွေကိုပြန်ကြည့်ရင်လည်း နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲကို ပြတ်ပြတ်သားသားနိုင်ပွဲ ရထားတဲ့ပွဲစဉ်ကရှားပါတယ်။ သင်္ချာနည်းအရကြည့် ရင် မနှစ်ကရာသီက အရမ်းကောင်းခဲ့ပြီး ပရီးမီးယား လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားကောင်းတွေ ရောက်လာတာက အသင်းကို ပိုကောင်းစေမှာဖြစ် တယ်လို့ထင်ရပါ တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ နည်းပြ အာနဲစလော့အနေနဲ့ အသင်းရဲ့ဟန်ချက်ကို အချိန်မီ ပြန်လည်ပြင်ဆင်နိုင်ဖို့လိုအပ်နေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ မန်ယူအသင်းက တော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဆန်းဒါးလန်းအသင်းကို အနိုင် ရထားပြီး ယုံကြည်မှုတစ်ခု ပြန်ရနေတဲ့အနေအထား မျိုးကို မြင်တွေ့လာရပါတယ်။ ဒါပေမဲ့လည်း နည်းပြ အမ်မိုရင်ရဲ့ကစားကွက်ဟာ ကစားသမားတွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် လိုအပ်ချက်များစွာရှိနေ သေးတာကိုမြင်တွေ့ရပါတယ်။ ဒါပေမဲ့ မန်ယူအသင်း ဟာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရချိန်မှာတော့ ခြေစွမ်း ပိုင်းက ပိုကောင်းလာတယ်လို့ပြောလို့ရနေပြီး ချဲလ် ဆီးအသင်းကိုအနိုင်ရချိန်မှာလည်း ခြေစွမ်းပိုင်း မကောင်းပေမယ့်လည်း နိုင်ပွဲတစ်ပွဲကိုရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းကိုရင်ဆိုင်ရာမှာလည်း နိုင်ပွဲရဖို့ ကြိုးစားအားထုတ်လာဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ ဆုံမှုတွေကိုပြန်ကြည့်ရင် မန်ယူအသင်းက လီဗာပူးလ် အသင်းကို နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၄)ဆက် နိုင် ပွဲမရသေးတာကိုတွေ့ရပြီး လီဗာပူးလ်အသင်းက (၂)ပွဲနိုင်ပြီး (၂)ပွဲသရေကျထားတာကြောင့် ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်းကိုခန့်မှန်းရရင် လီဗာပူးလ်အသင်းရဲ့ အိမ် ကွင်းဖြစ်တာကြောင့် ရမှတ်လိုနေတဲ့အနေအထားမှာ လီဗာပူလ်အသင်းကပဲ အိမ်ကွင်းမှာ (၁)ဂိုးလောက် အကွာနဲ့ကပ်နိုင်ပါမယ်။ အပြန်အလှန်သွင်းဂိုးတွေကို အများကြီး မြင်တွေ့ရဖို့မရှိပါဘူး။

ဖောရက်စ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် ဝ - ၁ ချဲလ်ဆီး (၂၅ - ၅ -၂၀၂၅)
ချဲလ်ဆီး ၁ - ၁ ဖောရက်စ် (၆-၁၀-၂၀၂၄)
ဖောရက်စ် ၂ - ၃ ချဲလ်ဆီး (၁၁-၅-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖောရက်စ် ဝ - ၂ ချဲလ်ဆီး
ဖောရက်စ် ဝ - ၁ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၇)မှာ လီဗာပူးလ်အသင်းကို အချိန်ပိုမှာ ရရှိခဲ့တဲ့သွင်းဂိုးနဲ့ အနိုင်ရရှိပြီးတဲ့နောက် ယုံကြည် မှုတစ်ခုကို ပြန်လည်ရရှိသွားနိုင်တဲ့ အနေအထား မျိုးပါ။ အထူးသဖြင့် ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ် ပိုင်းမှာ ကိုင်စီဒိုနဲ့ အန်ဇိုဖာနန်ဒက်စ်တို့ရဲ့ အတွဲအ ဖက်ဟာ လီဗာပူးလ်အသင်းကို ကောင်းကောင်းစိုးမိုး နိုင်ခဲ့တာကိုတွေ့ရပြီး ခြေစွမ်းလည်းပြခဲ့ကြပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ နောက်တန်း ဗဟိုခံစစ်ပိုင်း က ကစားသမားတွေအကုန်လုံးနီးပါး ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရသလို နည်းပြအန်ဇိုမာရက်စကာအနေနဲ့ လည်း အနီကတ်ပြခံထားရပါတယ်။ ဒါဟာ ချဲလ်ဆီး အသင်းနောက်ဆုံးကန်ခဲ့တဲ့ ပွဲစဉ်(၅)ပွဲမှာ အနီကတ် (၅)ကတ်ပြခံခဲ့ရတာဖြစ်ပြီး စိုးရိမ်စရာအနေအထား ဖြစ်လာပါတယ်။ အခုဆိုရင် ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာရလူစာရင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းက အဓိကကစားသမားတွေဖြစ်တဲ့ ကိုးလ်ပါးမား၊ လီယန် ဒီလက်တို့ ဒဏ်ရာရနေပြီး နောက်တန်းခံစစ်မှာဆိုရင် လပိုင်းကိုးလ်ဝဲ ၊ အာချင်ပေါင်၊ ဘာသရာရှိုင်းနဲ့ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်တို့ ဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့အပြင် နည်းပြမာရက်စကာပါ အနီ ကတ်ကြောင့် ဒီပွဲစဉ်ကို ကိုင်တွယ်နိုင်ဖို့မရှိတာ ကြောင့် ချဲလ်ဆီးအသင်းအတွက် နောက်ပိုင်းပွဲစဉ် တွေဟာ နိုင်ပွဲရဖို့ခက်ခဲလာနိုင်တဲ့အနေအထားမျိုး ဖြစ်ပါတယ်။ နောတင်ဟမ်ဖောရက်စ်အသင်းကတော့ ဒီရာသီနည်းပြသစ်လက်ထက်မှာ အဆိုးရွားဆုံးရာ သီတစ်ခုကိုရင်ဆိုင်နေရပြီး ဒီရာသီမှာ တန်ဆင်းဇုန် နားကိုရောက်နေတဲ့အထိ အခြေအနေဆိုးရွားနေတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်ကို ခန့်မှန်းရရင် ချဲလ်ဆီးအသင်းက ဒဏ်ရာပြဿနာတွေ ကြောင့် အဓိက ကစားသမားတွေပါဝင်လာဖို့ မသေ ချာတဲ့အနေအထားမှာရှိနေပေမယ့် နောတင်ဟမ်ဖော ရက်စ်အသင်းရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုနဲ့ ရလဒ်ပိုင်း တွေကြောင့် ချဲလ်ဆီးအသင်းက နိုင်ပွဲရဖို့များပါတယ်။ ဒါပေမဲ့ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရဖို့မရှိဘဲ (၁)ဂိုးလောက်အကွာနဲ့သာကပ်နိုင်ပါမယ်။

မန်စီးတီး Vs အဲဗာတန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အဲဗာတန် ၂ - ၁ မန်စီးတီး (၁၉ - ၄ -၂၀၂၅)
မန်စီးတီး ၁ - ၂ အဲဗာတန် (၂၆-၁၂-၂၀၂၄)
မန်စီးတီး ၂ - ဝ အဲဗာတန် (၁၀-၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ အဲဗာတန်
မန်စီးတီး ၃ - ၂ အဲဗာတန်

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန် ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ကို ပြန်လည်ရောက်ရှိလာပြီလို့ပြောလို့ရနေပြီး ထိပ် ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်(၃)မှတ် သာကွာဟတော့တာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့ တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာလည်း (၃)ပွဲနိုင် တစ် ပွဲသရေကျထားပြီး ခြေစွမ်းပိုင်းမှာလည်းသိသိသာသာ တိုးတက်လာတာကိုတွေ့ရပါတယ်။ မန်စီးတီးအသင်း နိုင်ပွဲတွေ ပြန်လည်ရရှိလာခြင်းရဲ့ အဓိကအချက်ကတော့ ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ခြေစွမ်းတွေ ပြန်လည်ကောင်းမွန်လာတာကြောင့်ဖြစ်ပြီး ရိုဒရီ ပြန်လည်ပါဝင်လာနိုင် မှုကလည်း မန်စီးတီးအသင်းရဲ့ အားသာချက်တစ်ခုဖြစ် ပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ မန်စီးတီးအသင်းဟာ ပုံစံကောင်းတွေပြန်ရနေပြီး နိုင် ပွဲတွေဆက်နေတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ကို ပြန်လည်စိန်ခေါ်နိုင်ဖို့ရှိနေပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတွေက ချန်ပီယံဖြစ်မယ်လို့ ထင်ကြေးပေးမှုတွေဖြစ်နေပေ မယ့် နောက်ဆုံး(၈)နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၆)ကြိမ်ရရှိထားတဲ့ မန်စီးတီးအသင်း ကို မေ့ထားလို့မရတဲ့ အနေအထားမျိုးလည်းဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဗာတန်အသင်းနဲ့ ထိပ်တိုက်တွေ့ ဆုံမှုက မန်စီးတီးအသင်းရဲ့ခြေစွမ်းကိုစစ်ဆေးဖို့ အ ဖြေတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိမှာ အဲဗာတန်အသင်းဟာ နည်းပြမိုယက်ဇ် လက်ထက်မှာ ခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ထား သလို မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်း ဂရီး လစ်ရဲ့ခြေစွမ်းကလည်း အဲဗာတန်အသင်းမှာ ခြေစွမ်း ပြကစားနေတာကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ ဆုံမှုက စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှုမှာတော့ မန်စီး တီးအသင်းက(၂)ပွဲရှုံးထားသလို အဲဗာတန်အသင်းရဲ့ ဒီရာသီခြေစွမ်းတိုးတက်လာမှုတွေကြောင့် မန်စီးတီး အသင်းက အိမ်ကွင်းမှာ နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး နိုင်မယ် ဆိုရင်တောင် အပြန်အလှန်သွင်းဂိုးတွေနဲ့ (၁)ဂိုး လောက်အကွာနဲ့သာကပ်နိုင်ပါမယ်။

ဖူဟမ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂ - ၁ ဖူဟမ် (၂ - ၄ -၂၀၂၅)
ဖူဟမ် ၁ - ၁ အာဆင်နယ် (၈-၁၂-၂၀၂၄)
အာဆင်နယ် ၂ - ၁ ဖူဟမ် (၃၁-၁၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖူဟမ် ဝ - ၂ အာဆင်နယ်
ဖူဟမ် ၁ - ၃ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရာသီအစပိုင်းမှာ ပွဲကျပ်ကာလတွေဖြစ်တဲ့ ပွဲစဉ်(၇)ပွဲကို ကျော်ဖြတ် လာခဲ့ပြီးတဲ့အချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နေပြီး လီဗာပူးလ်အသင်း နဲ့ ရမှတ်(၁)မှတ်အကွာမှာရပ်တည်နေပါတယ်။ နောက်ဆုံးကန်ခဲ့တဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲနဲ့ ဥရောပ ပွဲစဉ်(၇)ပွဲကိုပြန်ကြည့်ရင်(၁)ပွဲပဲ သရေကျထားသ လို (၆)ပွဲအထိအနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်း ရဲ့ခြေစွမ်းကို မဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ်။ ပြော ရရင် အာဆင်နယ်အသင်းဟာ နိုင်ပွဲတစ်ပွဲရရှိဖို့ လုံ လောက်တဲ့ခြေစွမ်းခြေစတွေကို မြင်တွေ့ရပေမယ့် လည်း ပွဲတစ်ပွဲလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခြေစွမ်းမျိုး ကိုတော့ မြင်တွေ့ရခြင်းမရှိသေးတာကိုတွေ့ရပါ တယ်။ အဓိကအချက်ကတော့ တိုက်စစ်ပိုင်းက ယော ဂရက်စ်ရဲ့ခြေစွမ်းကို အပြည့်အဝမြင်တွေ့ရခြင်းမရှိ သေးတာဖြစ်ပြီး ကွင်းလယ်ပိုင်းက ကောင်းမွန်တယ် ဆိုပေမယ့် မန်စီးတီးနဲ့ချဲလ်ဆီးအသင်းတို့ရဲ့ ကွင်း လယ်ပိုင်းနဲ့ယှဉ်ရင် လွယ်ကူပါ့မလားဆိုတဲ့ မေးခွန်း ကလည်းရှိနေပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်း ဟာ ဒီပွဲစဉ်ကိုသာအနိုင်ရခဲ့ရင် လီဗာပူးလ်အသင်းကို ဖိအားထပ်ပေးထားနိုင်ဖို့ရှိနေတဲ့အပြင် မန်ယူအ သင်းနဲ့ ပွဲကျပ်ကစားရဖို့ရှိနေတဲ့ လီဗာပူးလ်အသင်း ဟာ နိုင်ပွဲမရခဲ့ရင် အာဆင်နယ်အသင်းအနေနဲ့ ရမှတ်(၄)မှတ်ဖြတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။ ဖူဟမ်အသင်းကတော့ ပုံမှန်ခြေစွမ်းလောက်သာရှိတဲ့ အသင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အာ ဆင်နယ်အသင်းကသာ နိုင်ပွဲပိုရထားတာကြောင့် ဒီပွဲစဉ်က အဝေးကွင်းဖြစ်ပေမယ့် အာဆင်နယ်အ သင်းကပဲ ဂိုးပြတ်ရလဒ်နဲ့ နိုင်ပွဲတစ်ပွဲရယူသွားနိုင်ပါတယ်။

၁၈ - ၁၀ - ၂၀၂၅ (စနေနေ့ ညပိုင်း)
ည(၆းဝဝ) ဖောရက်စ် Vs ချဲလ်ဆီး
ည(၈း၃၀) မန်စီးတီး Vs အဲဗာတန်
ည(၁၁းဝဝ) ဖူဟမ် Vs အာဆင်နယ်
၁၉ - ၁၀ - ၂၀၂၅ (တနင်္ဂနွေနေ့ ညပိုင်း)
ည(၁၀းဝဝ) လီဗာပူးလ် Vs မန်ယူ

Zawgyi Version:
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၈)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား

ရဲထက္(NPNews) - ေအာက္တိုဘာလ ၁၆

ပရီးမီးယားလိဂ္ပြဲစဥ္(၈)ကို ေရာက္ရွိလာခဲ့ၿပီျဖစ္တဲ့အတြက္ အသင္းႀကီးေတြအတြက္ ရင္ခုန္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ပြဲစဥ္ေတြကို ျပန္လည္ ၾကည့္ရႈခံစားႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။ ႏိုင္ငံတကာ ပြဲစဥ္ေတြအၿပီးမွာ ျပန္လာတဲ့ပြဲစဥ္ေတြျဖစ္တဲ့အတြက္ လည္း ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လာဖို႔ရွိေနၿပီး အသင္း ႀကီးေတြၾကားက ရမွတ္ကြာဟမႈရွိမေနတာကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ပြဲစဥ္ေတြ ျဖစ္လာဖို႔ရွိ ေနပါတယ္။ အမွတ္ေပးဇယားရဲ႕ထိပ္ဆုံးမွာေတာ့ အာ ဆင္နယ္အသင္းက ရမွတ္(၁)မွတ္အကြာနဲ႔ လီဗာ ပူးလ္အသင္းကိုဦးေဆာင္ထားၿပီး စပါးစ္အသင္းရဲ႕စြမ္း ေဆာင္ရည္ေတြကို ေစာင့္ၾကည့္ရဖို႔ရွိေနသလို ခ်ဲလ္ ဆီးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ရဲ႕ပြဲစဥ္ေတြက လည္း ဒီတစ္ပတ္မွာအႏိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္ခ်န္ ပီယံဆုကို ျပန္လည္စိန္ေခၚလာႏိုင္ဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန ႏိုင္ငံတ ကာပြဲစဥ္ေတြအၿပီး ပရီးမီးယားလိဂ္ပြဲစဥ္(၈)ရဲ႕ အ ေကာင္းဆုံးပြဲစဥ္ေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။

လီဗာပူးလ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၂ - ၂ မန္ယူ (၅ - ၁ -၂၀၂၅)
မန္ယူ ဝ - ၃ လီဗာပူးလ္ (၁-၉-၂၀၂၄)
မန္ယူ ၂ - ၂ လီဗာပူးလ္ (၇-၄-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ဝ မန္ယူ
လီဗာပူးလ္ ၂ - ၁ မန္ယူ
လီဗာပူးလ္အသင္းဟာ ေနာက္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၂)ပြဲ ဆက္တိုက္ရႈံးပြဲေတြ႕ႀကဳံ ထားၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ရႈံးပြဲေတြ႕ထားတဲ့ အသင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အဆင့္(၁)ေနရာကို အာဆင္နယ္အသင္းဆီေပးလိုက္ ရသလို ခ်န္ပီယံလိဂ္မွာလည္း ရလဒ္ပိုင္းအတြက္ ႏိုင္ပြဲေတြျပန္ရွာဖို႔လိုအပ္ေနတဲ့အေနအထားျဖစ္ ပါတယ္။ တကယ္ဆိုရင္ လီဗာပူးလ္အသင္းရဲ႕ လူစာ ရင္းဟာ မႏွစ္ကထက္ ပိုၿပီးေတာင့္တင္းလာသလို ကစားသမားတစ္ေယာက္ခ်င္းစီ ယွဥ္လိုက္ရင္လည္း ဘယ္အသင္းထက္မဆို သာလြန္ေနတဲ့အေျခအေန မ်ိဳးမွာရွိေနပါတယ္။ ဒါေပမဲ့လည္း ဆာလက္ရဲ႕ေျခစြမ္း ပိုင္းက်ဆင္းလာမႈေတြကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ လာရၿပီျဖစ္သလို ကြင္းလယ္ပိုင္းက မက္အလစၥတာ ရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈေတြအျပင္ ေလဗာကူဆင္က ေနေခၚယူထားတဲ့ ဖေလာ္ဒီရန္ဗစ္ရဲ႕ ပရီးမီးယားလိဂ္နဲ႔ အသားမက်မႈေတြကို ျမင္ေတြ႕လာရတာေၾကာင့္ လီဗာပူးလ္အသင္းအတြက္ ခက္ခဲေနတာျဖစ္ပါတယ္။ ရာသီအစပိုင္းမွာ လီဗာပူးလ္အသင္းအႏိုင္ရခဲ့တဲ့ပြဲစဥ္ ေတြကိုျပန္ၾကည့္ရင္လည္း ေနာက္က်သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပြဲကို ျပတ္ျပတ္သားသားႏိုင္ပြဲ ရထားတဲ့ပြဲစဥ္ကရွားပါတယ္။ သခ်ၤာနည္းအရၾကည့္ ရင္ မႏွစ္ကရာသီက အရမ္းေကာင္းခဲ့ၿပီး ပရီးမီးယား လိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးလ္အသင္းကို စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ကစားသမားေကာင္းေတြ ေရာက္လာတာက အသင္းကို ပိုေကာင္းေစမွာျဖစ္ တယ္လို႔ထင္ရပါ တယ္။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ နည္းျပ အာနဲစေလာ့အေနနဲ႔ အသင္းရဲ႕ဟန္ခ်က္ကို အခ်ိန္မီ ျပန္လည္ျပင္ဆင္ႏိုင္ဖို႔လိုအပ္ေနတာကို ျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။ မန္ယူအသင္းက ေတာ့ ၿပီးခဲ့တဲ့ပြဲစဥ္မွာ ဆန္းဒါးလန္းအသင္းကို အႏိုင္ ရထားၿပီး ယုံၾကည္မႈတစ္ခု ျပန္ရေနတဲ့အေနအထား မ်ိဳးကို ျမင္ေတြ႕လာရပါတယ္။ ဒါေပမဲ့လည္း နည္းျပ အမ္မိုရင္ရဲ႕ကစားကြက္ဟာ ကစားသမားေတြနဲ႔ အံဝင္ခြင္က်ျဖစ္ဖို႔အတြက္ လိုအပ္ခ်က္မ်ားစြာရွိေန ေသးတာကိုျမင္ေတြ႕ရပါတယ္။ ဒါေပမဲ့ မန္ယူအသင္း ဟာ အသင္းႀကီးေတြနဲ႔ရင္ဆိုင္ရခ်ိန္မွာေတာ့ ေျခစြမ္း ပိုင္းက ပိုေကာင္းလာတယ္လို႔ေျပာလို႔ရေနၿပီး ခ်ဲလ္ ဆီးအသင္းကိုအႏိုင္ရခ်ိန္မွာလည္း ေျခစြမ္းပိုင္း မေကာင္းေပမယ့္လည္း ႏိုင္ပြဲတစ္ပြဲကိုရရွိခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းကိုရင္ဆိုင္ရာမွာလည္း ႏိုင္ပြဲရဖို႔ ႀကိဳးစားအားထုတ္လာဖို႔ရွိေနပါတယ္။ ထိပ္တိုက္ေတြ႕ ဆုံမႈေတြကိုျပန္ၾကည့္ရင္ မန္ယူအသင္းက လီဗာပူးလ္ အသင္းကို ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္(၄)ဆက္ ႏိုင္ ပြဲမရေသးတာကိုေတြ႕ရၿပီး လီဗာပူးလ္အသင္းက (၂)ပြဲႏိုင္ၿပီး (၂)ပြဲသေရက်ထားတာေၾကာင့္ ဒီႏွစ္သင္းရဲ႕ ရလဒ္ပိုင္းကိုခန႔္မွန္းရရင္ လီဗာပူးလ္အသင္းရဲ႕ အိမ္ ကြင္းျဖစ္တာေၾကာင့္ ရမွတ္လိုေနတဲ့အေနအထားမွာ လီဗာပူလ္အသင္းကပဲ အိမ္ကြင္းမွာ (၁)ဂိုးေလာက္ အကြာနဲ႔ကပ္ႏိုင္ပါမယ္။ အျပန္အလွန္သြင္းဂိုးေတြကို အမ်ားႀကီး ျမင္ေတြ႕ရဖို႔မရွိပါဘူး။

ေဖာရက္စ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္ ဝ - ၁ ခ်ဲလ္ဆီး (၂၅ - ၅ -၂၀၂၅)
ခ်ဲလ္ဆီး ၁ - ၁ ေဖာရက္စ္ (၆-၁၀-၂၀၂၄)
ေဖာရက္စ္ ၂ - ၃ ခ်ဲလ္ဆီး (၁၁-၅-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဖာရက္စ္ ဝ - ၂ ခ်ဲလ္ဆီး
ေဖာရက္စ္ ဝ - ၁ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ပရီးမီးယား လိဂ္ပြဲစဥ္(၇)မွာ လီဗာပူးလ္အသင္းကို အခ်ိန္ပိုမွာ ရရွိခဲ့တဲ့သြင္းဂိုးနဲ႔ အႏိုင္ရရွိၿပီးတဲ့ေနာက္ ယုံၾကည္ မႈတစ္ခုကို ျပန္လည္ရရွိသြားႏိုင္တဲ့ အေနအထား မ်ိဳးပါ။ အထူးသျဖင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ ပိုင္းမွာ ကိုင္စီဒိုနဲ႔ အန္ဇိုဖာနန္ဒက္စ္တို႔ရဲ႕ အတြဲအ ဖက္ဟာ လီဗာပူးလ္အသင္းကို ေကာင္းေကာင္းစိုးမိုး ႏိုင္ခဲ့တာကိုေတြ႕ရၿပီး ေျခစြမ္းလည္းျပခဲ့ၾကပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းဟာ လီဗာပူးလ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ ေနာက္တန္း ဗဟိုခံစစ္ပိုင္း က ကစားသမားေတြအကုန္လုံးနီးပါး ဒဏ္ရာျပႆနာ ႀကဳံေတြ႕ခဲ့ရသလို နည္းျပအန္ဇိုမာရက္စကာအေနနဲ႔ လည္း အနီကတ္ျပခံထားရပါတယ္။ ဒါဟာ ခ်ဲလ္ဆီး အသင္းေနာက္ဆုံးကန္ခဲ့တဲ့ ပြဲစဥ္(၅)ပြဲမွာ အနီကတ္ (၅)ကတ္ျပခံခဲ့ရတာျဖစ္ၿပီး စိုးရိမ္စရာအေနအထား ျဖစ္လာပါတယ္။ အခုဆိုရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ဒဏ္ရာရလူစာရင္းဟာ အသင္းရဲ႕တိုက္စစ္ပိုင္းက အဓိကကစားသမားေတြျဖစ္တဲ့ ကိုးလ္ပါးမား၊ လီယန္ ဒီလက္တို႔ ဒဏ္ရာရေနၿပီး ေနာက္တန္းခံစစ္မွာဆိုရင္ လပိုင္းကိုးလ္ဝဲ ၊ အာခ်င္ေပါင္၊ ဘာသရာရႈိင္းနဲ႔ အသင္းေခါင္းေဆာင္ ရီစီဂ်ိမ္းစ္တို႔ ဒဏ္ရာျပႆနာ ႀကဳံေတြ႕ေနရတဲ့အျပင္ နည္းျပမာရက္စကာပါ အနီ ကတ္ေၾကာင့္ ဒီပြဲစဥ္ကို ကိုင္တြယ္ႏိုင္ဖို႔မရွိတာ ေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ပိုင္းပြဲစဥ္ ေတြဟာ ႏိုင္ပြဲရဖို႔ခက္ခဲလာႏိုင္တဲ့အေနအထားမ်ိဳး ျဖစ္ပါတယ္။ ေနာတင္ဟမ္ေဖာရက္စ္အသင္းကေတာ့ ဒီရာသီနည္းျပသစ္လက္ထက္မွာ အဆိုး႐ြားဆုံးရာ သီတစ္ခုကိုရင္ဆိုင္ေနရၿပီး ဒီရာသီမွာ တန္ဆင္းဇုန္ နားကိုေရာက္ေနတဲ့အထိ အေျခအေနဆိုး႐ြားေနတာ ကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္ကို ခန႔္မွန္းရရင္ ခ်ဲလ္ဆီးအသင္းက ဒဏ္ရာျပႆနာေတြ ေၾကာင့္ အဓိက ကစားသမားေတြပါဝင္လာဖို႔ မေသ ခ်ာတဲ့အေနအထားမွာရွိေနေပမယ့္ ေနာတင္ဟမ္ေဖာ ရက္စ္အသင္းရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈနဲ႔ ရလဒ္ပိုင္း ေတြေၾကာင့္ ခ်ဲလ္ဆီးအသင္းက ႏိုင္ပြဲရဖို႔မ်ားပါတယ္။ ဒါေပမဲ့ အျပန္အလွန္သြင္းဂိုးေတြျမင္ေတြ႕ရဖို႔မရွိဘဲ (၁)ဂိုးေလာက္အကြာနဲ႔သာကပ္ႏိုင္ပါမယ္။

မန္စီးတီး Vs အဲဗာတန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အဲဗာတန္ ၂ - ၁ မန္စီးတီး (၁၉ - ၄ -၂၀၂၅)
မန္စီးတီး ၁ - ၂ အဲဗာတန္ (၂၆-၁၂-၂၀၂၄)
မန္စီးတီး ၂ - ဝ အဲဗာတန္ (၁၀-၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ အဲဗာတန္
မန္စီးတီး ၃ - ၂ အဲဗာတန္

မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ ပီယံဆုကို ျပန္လည္စိန္ေခၚႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ကို ျပန္လည္ေရာက္ရွိလာၿပီလို႔ေျပာလို႔ရေနၿပီး ထိပ္ ဆုံးေနရာက အာဆင္နယ္အသင္းနဲ႔ ရမွတ္(၃)မွတ္ သာကြာဟေတာ့တာျဖစ္ပါတယ္။ ေနာက္ဆုံးကစားခဲ့ တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၄)ပြဲမွာလည္း (၃)ပြဲႏိုင္ တစ္ ပြဲသေရက်ထားၿပီး ေျခစြမ္းပိုင္းမွာလည္းသိသိသာသာ တိုးတက္လာတာကိုေတြ႕ရပါတယ္။ မန္စီးတီးအသင္း ႏိုင္ပြဲေတြ ျပန္လည္ရရွိလာျခင္းရဲ႕ အဓိကအခ်က္ကေတာ့ ဟာလန္းနဲ႔ ဖိုဒန္တို႔ရဲ႕ေျခစြမ္းေတြ ျပန္လည္ေကာင္းမြန္လာတာေၾကာင့္ျဖစ္ၿပီး ႐ိုဒရီ ျပန္လည္ပါဝင္လာႏိုင္ မႈကလည္း မန္စီးတီးအသင္းရဲ႕ အားသာခ်က္တစ္ခုျဖစ္ ပါတယ္။ ၿပီးခဲ့တဲ့ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ မန္စီးတီးအသင္းဟာ ပုံစံေကာင္းေတြျပန္ရေနၿပီး ႏိုင္ ပြဲေတြဆက္ေနတာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ကို ျပန္လည္စိန္ေခၚႏိုင္ဖို႔ရွိေနပါတယ္။ လက္ရွိမွာ အာဆင္နယ္အသင္းနဲ႔ လီဗာပူးလ္အသင္းေတြက ခ်န္ပီယံျဖစ္မယ္လို႔ ထင္ေၾကးေပးမႈေတြျဖစ္ေနေပ မယ့္ ေနာက္ဆုံး(၈)ႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို (၆)ႀကိမ္ရရွိထားတဲ့ မန္စီးတီးအသင္း ကို ေမ့ထားလို႔မရတဲ့ အေနအထားမ်ိဳးလည္းျဖစ္ပါ တယ္။ ဒါေပမဲ့ အဲဗာတန္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ ဆုံမႈက မန္စီးတီးအသင္းရဲ႕ေျခစြမ္းကိုစစ္ေဆးဖို႔ အ ေျဖတစ္ခုျဖစ္လာဖို႔ရွိေနပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ လက္ရွိမွာ အဲဗာတန္အသင္းဟာ နည္းျပမိုယက္ဇ္ လက္ထက္မွာ ေျခစြမ္းေကာင္းေတြကိုပိုင္ဆိုင္ထား သလို မန္စီးတီးအသင္းရဲ႕ ကစားသမားေဟာင္း ဂရီး လစ္ရဲ႕ေျခစြမ္းကလည္း အဲဗာတန္အသင္းမွာ ေျခစြမ္း ျပကစားေနတာေၾကာင့္ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ ဆုံမႈက ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက ထိပ္တိုက္ေတြ႕ဆုံမႈမွာေတာ့ မန္စီး တီးအသင္းက(၂)ပြဲရႈံးထားသလို အဲဗာတန္အသင္းရဲ႕ ဒီရာသီေျခစြမ္းတိုးတက္လာမႈေတြေၾကာင့္ မန္စီးတီး အသင္းက အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး ႏိုင္မယ္ ဆိုရင္ေတာင္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ (၁)ဂိုး ေလာက္အကြာနဲ႔သာကပ္ႏိုင္ပါမယ္။

ဖူဟမ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၂ - ၁ ဖူဟမ္ (၂ - ၄ -၂၀၂၅)
ဖူဟမ္ ၁ - ၁ အာဆင္နယ္ (၈-၁၂-၂၀၂၄)
အာဆင္နယ္ ၂ - ၁ ဖူဟမ္ (၃၁-၁၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဖူဟမ္ ဝ - ၂ အာဆင္နယ္
ဖူဟမ္ ၁ - ၃ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ရာသီအစပိုင္းမွာ ပြဲက်ပ္ကာလေတြျဖစ္တဲ့ ပြဲစဥ္(၇)ပြဲကို ေက်ာ္ျဖတ္ လာခဲ့ၿပီးတဲ့အခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ရဲ႕ ထိပ္ဆုံးေနရာမွာရပ္တည္ေနၿပီး လီဗာပူးလ္အသင္း နဲ႔ ရမွတ္(၁)မွတ္အကြာမွာရပ္တည္ေနပါတယ္။ ေနာက္ဆုံးကန္ခဲ့တဲ့ ျပည္တြင္းလိဂ္ၿပိဳင္ပြဲနဲ႔ ဥေရာပ ပြဲစဥ္(၇)ပြဲကိုျပန္ၾကည့္ရင္(၁)ပြဲပဲ သေရက်ထားသ လို (၆)ပြဲအထိအႏိုင္ရရွိထားတဲ့ အာဆင္နယ္အသင္း ရဲ႕ေျခစြမ္းကို မျဖစ္မေနခ်ီးက်ဴးရမွာျဖစ္ပါတယ္။ ေျပာ ရရင္ အာဆင္နယ္အသင္းဟာ ႏိုင္ပြဲတစ္ပြဲရရွိဖို႔ လုံ ေလာက္တဲ့ေျခစြမ္းေျခစေတြကို ျမင္ေတြ႕ရေပမယ့္ လည္း ပြဲတစ္ပြဲလုံးကိုလႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ေျခစြမ္းမ်ိဳး ကိုေတာ့ ျမင္ေတြ႕ရျခင္းမရွိေသးတာကိုေတြ႕ရပါ တယ္။ အဓိကအခ်က္ကေတာ့ တိုက္စစ္ပိုင္းက ေယာ ဂရက္စ္ရဲ႕ေျခစြမ္းကို အျပည့္အဝျမင္ေတြ႕ရျခင္းမရွိ ေသးတာျဖစ္ၿပီး ကြင္းလယ္ပိုင္းက ေကာင္းမြန္တယ္ ဆိုေပမယ့္ မန္စီးတီးနဲ႔ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ ကြင္း လယ္ပိုင္းနဲ႔ယွဥ္ရင္ လြယ္ကူပါ့မလားဆိုတဲ့ ေမးခြန္း ကလည္းရွိေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္း ဟာ ဒီပြဲစဥ္ကိုသာအႏိုင္ရခဲ့ရင္ လီဗာပူးလ္အသင္းကို ဖိအားထပ္ေပးထားႏိုင္ဖို႔ရွိေနတဲ့အျပင္ မန္ယူအ သင္းနဲ႔ ပြဲက်ပ္ကစားရဖို႔ရွိေနတဲ့ လီဗာပူးလ္အသင္း ဟာ ႏိုင္ပြဲမရခဲ့ရင္ အာဆင္နယ္အသင္းအေနနဲ႔ ရမွတ္(၄)မွတ္ျဖတ္ထားႏိုင္မွာလည္းျဖစ္ပါတယ္။ ဖူဟမ္အသင္းကေတာ့ ပုံမွန္ေျခစြမ္းေလာက္သာရွိတဲ့ အသင္းျဖစ္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာလည္း အာ ဆင္နယ္အသင္းကသာ ႏိုင္ပြဲပိုရထားတာေၾကာင့္ ဒီပြဲစဥ္က အေဝးကြင္းျဖစ္ေပမယ့္ အာဆင္နယ္အ သင္းကပဲ ဂိုးျပတ္ရလဒ္နဲ႔ ႏိုင္ပြဲတစ္ပြဲရယူသြားႏိုင္ပါတယ္။

၁၈ - ၁၀ - ၂၀၂၅ (စေနေန႔ ညပိုင္း)
ည(၆းဝဝ) ေဖာရက္စ္ Vs ခ်ဲလ္ဆီး
ည(၈း၃၀) မန္စီးတီး Vs အဲဗာတန္
ည(၁၁းဝဝ) ဖူဟမ္ Vs အာဆင္နယ္
၁၉ - ၁၀ - ၂၀၂၅ (တနဂၤေႏြေန႔ ညပိုင္း)
ည(၁၀းဝဝ) လီဗာပူးလ္ Vs မန္ယူ

Related news

© 2021. All rights reserved.