ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်အဖြစ် MFF ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခံရ

2316

သက်ပိုင်(NP News) - အောက်တိုဘာ ၉
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီ (FIFA Youth Boy's Competitions Committee ) အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင် မြင့်ဝေ ရွေးချယ်ခံရကြောင်း MFF ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် ရွေးချယ်ခံခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီတွင် ဖီဖာကောင်စီဝင် အဖြစ် ဆိုက်ပရပ်စ်နိုင်ငံ မှ ဂျော်ဂျီယိုစ့် ခူးမက်စ် ၊ ကော်မတီ ဥက္ကဌအဖြစ် ဘီနင်နိုင်ငံ မှ မက်သရူး ဒီချားစ်ကပ်နှင့် နိုင်ငံတကာ အဖွဲ့ဝင် (၂၃) ဦးပါဝင်ကာ ဦးထိပ်ခွန်နောင်မြင့်မှာ အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ် မှ ၂၀၂၉ ခုနှစ်အထိတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီ အဖွဲ့ဝင် ၊ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ကလျာဇော်ကိုလည်း ဖီဖာ အမျိုးသမီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (FIFA Women's Football Development Committee) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ဖီဖာ၏ အမျိုးသမီး ဘောလုံးတိုးတက်ရေး ကော်မတီတွင် နိုင်ငံတကာ အဖွဲ့ဝင် (၂၅) ဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပြင်သစ်နိုင်ငံမှ Laura Georges ၊ ဒုဥက္ကဌအဖြစ် ဗဟိုအာဖရိကနိုင်ငံမှ Olive Dol-Somse တို့ပါဝင်ကြကြောင်းနှင့် ဒေါ်ကလျာဇော်အနေဖြင့် ၂၀၂၅ မှ ၂၀၂၉ခုနှစ်အထိ အဖွဲ့အဝင်အဖြစ် တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ လူငယ္ေဘာလုံးၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီအဖြဲ႕ဝင္အျဖစ္ MFF ဒုတိယ ဥကၠ႒ ေ႐ြးခ်ယ္ခံရ
သက္ပိုင္(NP News) - ေအာက္တိုဘာ ၉
ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ လူငယ္ေဘာလုံးၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီ (FIFA Youth Boy's Competitions Committee ) အဖြဲ႕ဝင္အျဖစ္ ျမန္မာႏိုင္ငံ ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) ၏ ဒုတိယ ဥကၠ႒ ဦးထိပ္ခြန္ေနာင္ ျမင့္ေဝ ေ႐ြးခ်ယ္ခံရေၾကာင္း MFF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၂၀၂၅ခုႏွစ္ ေအာက္တိုဘာလတြင္ က်င္းပေသာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာေကာင္စီ အစည္းအေဝးတြင္ ေ႐ြးခ်ယ္ခံခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေကာ္မတီတြင္ ဖီဖာေကာင္စီဝင္ အျဖစ္ ဆိုက္ပရပ္စ္ႏိုင္ငံ မွ ေဂ်ာ္ဂ်ီယိုစ့္ ခူးမက္စ္ ၊ ေကာ္မတီ ဥကၠဌအျဖစ္ ဘီနင္ႏိုင္ငံ မွ မက္သ႐ူး ဒီခ်ားစ္ကပ္ႏွင့္ ႏိုင္ငံတကာ အဖြဲ႕ဝင္ (၂၃) ဦးပါဝင္ကာ ဦးထိပ္ခြန္ေနာင္ျမင့္မွာ အဖြဲ႕ဝင္အျဖစ္ ၂၀၂၅ ခုႏွစ္ မွ ၂၀၂၉ ခုႏွစ္အထိတာဝန္ယူ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ၂၀၂၅ခုႏွစ္ ေအာက္တိုဘာလတြင္ က်င္းပေသာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာေကာင္စီ အစည္းအေဝးတြင္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အမ်ိဳးသမီး ေဘာလုံးေကာ္မတီ အဖြဲ႕ဝင္ ၊ရန္ကုန္ယူႏိုက္တက္ အမ်ိဳးသမီးအသင္း ဥကၠ႒ ေဒၚကလ်ာေဇာ္ကိုလည္း ဖီဖာ အမ်ိဳးသမီး ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ (FIFA Women's Football Development Committee) အဖြဲ႕ဝင္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ျခင္းခံခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
အဆိုပါ ဖီဖာ၏ အမ်ိဳးသမီး ေဘာလုံးတိုးတက္ေရး ေကာ္မတီတြင္ ႏိုင္ငံတကာ အဖြဲ႕ဝင္ (၂၅) ဦးပါဝင္ၿပီး ဥကၠဌအျဖစ္ ျပင္သစ္ႏိုင္ငံမွ Laura Georges ၊ ဒုဥကၠဌအျဖစ္ ဗဟိုအာဖရိကႏိုင္ငံမွ Olive Dol-Somse တို႔ပါဝင္ၾကေၾကာင္းႏွင့္ ေဒၚကလ်ာေဇာ္အေနျဖင့္ ၂၀၂၅ မွ ၂၀၂၉ခုႏွစ္အထိ အဖြဲ႕အဝင္အျဖစ္ တာဝန္ယူေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း သိရသည္။