လာမည့် (၂)လအတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပွဲများ၏ လုံခြုံရေးကို ပိုမိုဂရုစိုက်ပေးရန်ပြောကြား

 629

သန့်ဇင် (NP News) - စက်တင်ဘာ ၂၆
လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပွဲများ၏ လုံခြုံရေးကို ပိုမိုဂရုစိုက်ပေးရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(စက်တင်ဘာ ၂၅ ရက်)၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပသော အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် (AFC) U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ လည်းကောင်း၊ (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင်လည်းကောင်း၊ Asian Women’s Cham-pions League (AWCL) 2025 Group Stage ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိနှင့် AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၃ဝ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက် ပိုမိုဂရုစိုက်ဆောင်ရွက်ပေးစေလိုကြောင်း အားကစားနှင့်လူငယ်ရေးရာဒုတိယဝန်ကြီးက ဆိုသည်။
ထို့ပြင် သွားလာ/နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်းလည်း အားကစားနှင့်လူငယ်ရေးရာ ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း အားကစားနှင့်လူငယ်ရေးရာ ဒုတိယဝန်ကြီးက ဆိုသည်။

Zawgyi Version:
လာမည့္ (၂)လအတြင္း အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ ေဘာလုံးပြဲမ်ား၏ လုံၿခဳံေရးကို ပိုမိုဂ႐ုစိုက္ေပးရန္ေျပာၾကား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၆
လာမည့္ ေအာက္တိုဘာလႏွင့္ ႏိုဝင္ဘာလအတြင္း ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ ေဘာလုံးပြဲမ်ား၏ လုံၿခဳံေရးကို ပိုမိုဂ႐ုစိုက္ေပးရန္ ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီ ဒုတိယဥကၠ႒ အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးထိန္လင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(စက္တင္ဘာ ၂၅ ရက္)၊ နံနက္ ၉ နာရီက ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းရွိ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)၊ သုဝဏၰပတၱျမားခန္းမ၌ က်င္းပေသာ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္(AFC) မွ ႀကီးမႉးက်င္းပမည့္ ႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲမ်ား၏ပြဲစဥ္မ်ားကို အိမ္ရွင္အျဖစ္ ေအာင္ျမင္စြာ လက္ခံက်င္းပႏိုင္ေရး ေပါင္းစပ္ညႇိႏႈိင္းအစည္းအေဝးကို အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ေအာက္တိုဘာလႏွင့္ ႏိုဝင္ဘာလအတြင္း အာရွေဘာလုံးအဖြဲ႕ခ်ဳပ္(AFC)မွ ႀကီးမႉးက်င္းပမည့္ ေဘာလုံးၿပိဳင္ပြဲမ်ားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္ေၾကာင္း သိရသည္။
ထိုသို႔က်င္းပရာတြင္ (AFC) U-17 Women’s Asian Cup China 2026 Qualifiers ၿပိဳင္ပြဲကို ေအာက္တိုဘာ ၁၃ ရက္မွ ၁၇ ရက္အထိ လည္းေကာင္း၊ (AFC) Asian Cup Saudi Arabia 2027 Qualifiers ၿပိဳင္ပြဲကို ေအာက္တိုဘာ ၁၄ ရက္တြင္လည္းေကာင္း၊ Asian Women’s Cham-pions League (AWCL) 2025 Group Stage ၿပိဳင္ပြဲကို ႏိုဝင္ဘာ ၉ ရက္မွ ၁၅ ရက္ အထိႏွင့္ AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ၿပိဳင္ပြဲကို ႏိုဝင္ဘာ ၂၂ ရက္မွ ၃ဝ ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲမ်ား ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ ေဘာလုံးၿပိဳင္ပြဲမ်ား၏ လုံၿခဳံေရးကို ယခင္ေဆာင္႐ြက္ေပးသည္ထက္ ပိုမိုဂ႐ုစိုက္ေဆာင္႐ြက္ေပးေစလိုေၾကာင္း အားကစားႏွင့္လူငယ္ေရးရာဒုတိယဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ သြားလာ/ေနထိုင္စားေသာက္ေရးကိစၥရပ္မ်ား၊ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာကိစၥရပ္မ်ား၊ ယာဥ္စည္းကမ္း/ လမ္းစည္းကမ္းထိန္းသိမ္းေရးကိစၥရပ္မ်ား၊ ယာဥ္လမ္းေၾကာင္းပိတ္ဆို႔မႈမျဖစ္ေပၚေစေရးတို႔ကို သက္ဆိုင္ရာဌာနမ်ားမွ က႑အလိုက္ အေလးထားေဆာင္႐ြက္ေပးေစလိုေၾကာင္းလည္း အားကစားႏွင့္လူငယ္ေရးရာ ဒုတိယဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ၿပိဳင္ပြဲမ်ားေအာင္ျမင္စြာ လက္ခံက်င္းပႏိုင္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ အားကစား ႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္တို႔မွ ဝိုင္းဝန္းကူညီပူးေပါင္းညႇိႏႈိင္းေဆာင္႐ြက္ေပးေစလိုေၾကာင္းလည္း အားကစားႏွင့္လူငယ္ေရးရာ ဒုတိယဝန္ႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.