ဆိုင်ကယ်လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ ပေ (၁၀ဝ) ခန့်အထိရောက်အောင် မောင်းပြခြင်း ဂင်းနစ်စံချိန်ကို ရရှိခဲ့သည့် ဆော်ဒီအမျိုးသား

421

Pika (NP News) - စက်တင်ဘာ ၂၂
ဆော်ဒီအာရေးဗျနိုင်ငံမှ မော်တော်ဆိုင်ကယ်စီးကျွမ်းကျင်သူအမျိုးသားတစ်ဦးသည် ဆိုင်ကယ် ၏လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ အကွာအဝေး(၁၀ဝဝ)ပေနီးပါးအထိရောက်အောင် မောင်းပြခဲ့ ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Ahmed Othman ဆိုသည့်အမျိုးသား သည် ဆိုင်ကယ်ရှေ့ဘီးကိုထောင်ပြီး လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ မောင်းပြခဲ့ပြီးနောက် ယင်း ကဲ့သို့ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Ahmed Othman သည် Jeddah မြို့ရှိ လမ်းမပေါ်တွင် လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ထား သည့်အနေအထားဖြင့် အကွာအဝေး(၉၈၄)ပေ နှင့်(၃)လက်မအထိရောက်အောင် မောင်းပြခဲ့ပြီးနောက် ဆိုင်ကယ်လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ အကွာအဝေး အဝေးဆုံးအထိရောက်အောင် မောင်းပြ ခြင်းအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် Ahmed Othman သည် ဆိုင်ကယ်လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ အကွာ အဝေးအဝေးဆုံးအထိရောက်အောင် မောင်းပြခြင်း ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန် ကြိုးပမ်းမှုအတွင်း ဆိုင်ကယ်ကိုဟန်ချက်ညီစေရန်အတွက် ၎င်း၏လက်နှစ်ဖက်ကို ဘေးဘက်သို့ဆန့်ထုတ်ထားသည်ကို ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသည့် ဗီဒီယိုဖိုင်များတွင် တွေ့မြင်ခဲ့ရသည်။ Ahmed Othman က “ဒီလို မျိုး ကမ္ဘာ့ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ ကမ္ဘာ့ဂင်းနစ် စံချိန် မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်နိုင်ဖို့က ကျွန်တော့်ရဲ့အိပ်မက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ဆိုင္ကယ္လီဗာလက္ကိုင္ကို ပါးစပ္ျဖင့္ကိုက္ကာ ေပ (၁၀ဝ) ခန႔္အထိေရာက္ေအာင္ ေမာင္းျပျခင္း ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့သည့္ ေဆာ္ဒီအမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၂၂
ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွ ေမာ္ေတာ္ဆိုင္ကယ္စီးကြၽမ္းက်င္သူအမ်ိဳးသားတစ္ဦးသည္ ဆိုင္ကယ္ ၏လီဗာလက္ကိုင္ကို ပါးစပ္ျဖင့္ကိုက္ကာ အကြာအေဝး(၁၀ဝဝ)ေပနီးပါးအထိေရာက္ေအာင္ ေမာင္းျပခဲ့ ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Ahmed Othman ဆိုသည့္အမ်ိဳးသား သည္ ဆိုင္ကယ္ေရွ႕ဘီးကိုေထာင္ၿပီး လီဗာလက္ကိုင္ကို ပါးစပ္ျဖင့္ကိုက္ကာ ေမာင္းျပခဲ့ၿပီးေနာက္ ယင္း ကဲ့သို႔ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
Ahmed Othman သည္ Jeddah ၿမိဳ႕ရွိ လမ္းမေပၚတြင္ လီဗာလက္ကိုင္ကို ပါးစပ္ျဖင့္ကိုက္ထား သည့္အေနအထားျဖင့္ အကြာအေဝး(၉၈၄)ေပ ႏွင့္(၃)လက္မအထိေရာက္ေအာင္ ေမာင္းျပခဲ့ၿပီးေနာက္ ဆိုင္ကယ္လီဗာလက္ကိုင္ကို ပါးစပ္ျဖင့္ကိုက္ကာ အကြာအေဝး အေဝးဆုံးအထိေရာက္ေအာင္ ေမာင္းျပ ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ Ahmed Othman သည္ ဆိုင္ကယ္လီဗာလက္ကိုင္ကို ပါးစပ္ျဖင့္ကိုက္ကာ အကြာ အေဝးအေဝးဆုံးအထိေရာက္ေအာင္ ေမာင္းျပျခင္း ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္ ႀကိဳးပမ္းမႈအတြင္း ဆိုင္ကယ္ကိုဟန္ခ်က္ညီေစရန္အတြက္ ၎၏လက္ႏွစ္ဖက္ကို ေဘးဘက္သို႔ဆန႔္ထုတ္ထားသည္ကို ဆိုရွယ္မီဒီယာေပၚတြင္တင္ထားသည့္ ဗီဒီယိုဖိုင္မ်ားတြင္ ေတြ႕ျမင္ခဲ့ရသည္။ Ahmed Othman က “ဒီလို မ်ိဳး ကမာၻ႔ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္။ ကမာၻ႔ဂင္းနစ္ စံခ်ိန္ မွတ္တမ္းစာအုပ္မွာ မွတ္တမ္းတင္ႏိုင္ဖို႔က ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြထဲက တစ္ခုပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။