လူသတ်မှုကျူးလွန်တဲ့ အမေရိကန်နိုင်ငံသားကို တရုတ်တရားရုံး သေဒဏ် အပြစ်ပေး

 1345

ဂျန်ဇက် (NP News) - ဧပြီ ၂၂
တရုတ်နိုင်ငံ တရားရုံးဟာ တရုတ်အမျိုးသမီးတစ်ဦးကို လူသတ်မှုကျူးလွန်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို သေဒဏ်အပြစ်ပေးလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသား အဒူလ်မာတင်ဟာ ပြီးခဲ့တဲ့နှစ်က သူရဲ့ချစ်သူဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ်ရှိ တရုတ်အမျိုးသမီးနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်တဲ့အတွက် မျက်နှာနဲ့ လည်ပင်းတို့ကို ဓါးနဲ့အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဟာ ချန်အမည်ရှိ တရုတ်အမျိုးသမီးနဲ့ ၂ဝ၁၉ ခုနှစ်က တွေ့ဆုံ ချစ်ကြိုက်ခဲ့ပြီးနောက် လမ်းခွဲဖို့ ကိစ္စနဲ့ပတ်သက်ပြီး စကားများရာမှ သတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ နင်ဘိုမြို့တရားရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

တရုတ်တရားရုံးက "၂ဝ၂၁ခုနှစ် နှစ်လယ်ပိုင်းမှာ ချန်ဟာ အမေရိကန်နိုင်ငံသား အဒူလ်မာတင်နဲ့ လမ်းခွဲဖို့ အကြိမ်များစွာ ပြောဆိုခဲ့တယ်။ ဒါပေမယ့် အဒူလ်မာတင်က လက်မခံဘဲ ချန်ကို ခြိမ်းခြောက်ခဲ့တယ်" လို့ပြောပါ တယ်။ အဲဒီနောက် ၎င်းတို့နှစ်ဦးဟာ ၂ဝ၂၁ ခုနှစ် ဇွန်လက နင်ဘိုမြို့ရှိ ကားမှတ်တိုင်အနီးမှာ တွေ့ဆုံခဲ့ရာ အဒူလ်မာတင်က ကိုင်ထားတဲ့ဓါးနဲ့ ချန်ကို အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ကြောင်း၊ နင်ဘိုမြို့တရားရုံးက ဆိုပါ တယ်။

နင်ဘိုမြို့တရားရုံးက "အဒူလ်မာတင်ဟာ ချန်ကို သတ်ဖြတ်ဖို့ ကြိုတင်ကြံစည်ခဲ့တယ်။ ဒါကြောင့် အသင့်ယူလာတဲ့ဓါးနဲ့ ချန်ရဲ့မျက်နှာနဲ့ လည်ပင်းတို့ကို အချက်ပေါင်းများစွာ ထိုးခဲ့တာဖြစ်တယ်" လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi Version;
လူသတ္မႈက်ဴးလြန္တဲ့ အေမရိကန္ႏိုင္ငံသားကို တ႐ုတ္တရား႐ုံး ေသဒဏ္ အျပစ္ေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၂
တ႐ုတ္ႏိုင္ငံ တရား႐ုံးဟာ တ႐ုတ္အမ်ိဳးသမီးတစ္ဦးကို လူသတ္မႈက်ဴးလြန္ခဲ့တဲ့ အေမရိကန္ႏိုင္ငံသားတစ္ဦးကို ေသဒဏ္အျပစ္ေပးလိုက္တယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံသား အဒူလ္မာတင္ဟာ ၿပီးခဲ့တဲ့ႏွစ္က သူရဲ႕ခ်စ္သူျဖစ္တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ရွိ တ႐ုတ္အမ်ိဳးသမီးနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္တဲ့အတြက္ မ်က္ႏွာနဲ႔ လည္ပင္းတို႔ကို ဓါးနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးသတ္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံသားဟာ ခ်န္အမည္ရွိ တ႐ုတ္အမ်ိဳးသမီးနဲ႔ ၂ဝ၁၉ ခုႏွစ္က ေတြ႕ဆုံ ခ်စ္ႀကိဳက္ခဲ့ၿပီးေနာက္ လမ္းခြဲဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး စကားမ်ားရာမွ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ နင္ဘိုၿမိဳ႕တရား႐ုံးက သတင္း ထုတ္ျပန္ထားပါတယ္။

တ႐ုတ္တရား႐ုံးက "၂ဝ၂၁ခုႏွစ္ ႏွစ္လယ္ပိုင္းမွာ ခ်န္ဟာ အေမရိကန္ႏိုင္ငံသား အဒူလ္မာတင္နဲ႔ လမ္းခြဲဖို႔ အႀကိမ္မ်ားစြာ ေျပာဆိုခဲ့တယ္။ ဒါေပမယ့္ အဒူလ္မာတင္က လက္မခံဘဲ ခ်န္ကို ၿခိမ္းေျခာက္ခဲ့တယ္" လို႔ေျပာပါ တယ္။ အဲဒီေနာက္ ၄င္းတို႔ႏွစ္ဦးဟာ ၂ဝ၂၁ ခုႏွစ္ ဇြန္လက နင္ဘိုၿမိဳ႕ရွိ ကားမွတ္တိုင္အနီးမွာ ေတြ႕ဆုံခဲ့ရာ အဒူလ္မာတင္က ကိုင္ထားတဲ့ဓါးနဲ႔ ခ်န္ကို အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့ေၾကာင္း၊ နင္ဘိုၿမိဳ႕တရား႐ုံးက ဆိုပါ တယ္။

နင္ဘိုၿမိဳ႕တရား႐ုံးက "အဒူလ္မာတင္ဟာ ခ်န္ကို သတ္ျဖတ္ဖို႔ ႀကိဳတင္ႀကံစည္ခဲ့တယ္။ ဒါေၾကာင့္ အသင့္ယူလာတဲ့ဓါးနဲ႔ ခ်န္ရဲ႕မ်က္ႏွာနဲ႔ လည္ပင္းတို႔ကို အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့တာျဖစ္တယ္" လို႔ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.