တောင်ငူခရိုင် တပ်ရင်း(၄)နယ်မြေအတွင်း တပ်စွဲထားသော တပ်မတော်စစ်ခန်းများ ရုပ်သိမ်းထွက်ခွာရန် KNDO တောင်းဆို

1956

မျိုးကြီး (NP News) - ဧပြီ ၂၅
တောင်ငူခရိုင် တပ်ရင်း(၄)နယ်မြေအတွင်း တပ်စွဲထားသော တပ်မတော်စစ်ခန်းများ ရုပ်သိမ်းထွက်ခွာရန် ကရင် အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တောင်ငူခရိုင် တပ်ရင်း(၄) က ယနေ့ ဧပြီ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန် တောင်းဆိုခဲ့သည်။
တောင်ငူခရိုင်၊ KNDO တပ်ရင်း(၄) နယ်မြေများအတွင်း စစ်စခန်းများတည်ဆောက်တပ်စွဲထားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ၎င်းတပ်စွဲထားခြင်းသည် ကရင်လူထုနှင့် တိုင်းရင်းသားပြည်သူများ အတွက် အကျိုးသက်ရောက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လူထုအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင်လည်း အဟန့်အတားအခက်အခဲဖြစ်စေပြီး လူမှုစီးပွားများထိခိုက်လျက်ရှိသည်ဟုလည်း KNDO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်လက်ပြီး KNDO ၏ ထုတ်ပြန်ချက်တွင် အထူးသဖြင့် ကျီးချောင်းစစ်စခန်းနှင့် ၄၈ မိုင် ကိုးဒေးစစ်စခန်းများ ကြောင့် ၎င်း ဒေသအတွင်းရှိ လူထုမှာ ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာနေထိုင်ရာတွင် အဟန့်အတားအခက်အခဲများဖြစ်ရကြောင်း ဆိုသည်။
ထို့ကြောင့် ယနေ့မှစ၍ ၁၅ ရက်အတွင်း ၎င်းတပ်စခန်းများအား အပြီးတိုင်ရုပ်သိမ်းထွက်ခွာသွားရန်နှင့် သက်မှတ် ရက် ကျော်လွန်ကာ ဆက်လက်တပ်စွဲနေသေးပါက နောက်ဆက်တွဲကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်း KNDO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ သထုံခရိုင်၊ KNDO တပ်ရင်း(၂)နယ်မြေအတွင်းရှိ တပ်မတော် လေးကေစခန်းနှင့် ဝင်းတာပန်စခန်းတို့ တွင် တပ်စွဲကာ နေထိုင်လျက်ရှိသော တပ်ဖွဲ့ဝင်များအနေဖြင့် ဧပြီ ၂၃ ရက် နောက်ဆုံးထားကာ နယ်မြေအတွင်း မှ ဆုတ်ခွာပေးရန် လည်း KNDO က ပြီးခဲ့သောရက်ပိုင်းအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ဆုတ်ခွာခြင်းမပြုပါက စစ်ရေးအရထိရောက်စွာ အရေးယူသွားမည်ဟုလည်း KNDO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
ပြီးခဲ့သောရက်ပိုင်းများအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့များသော KNLA၊ KNDO နှင့် နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုများရှိခဲ့သည်။

Zawgyi Version;
ေတာင္ငူခ႐ိုင္ တပ္ရင္း(၄)နယ္ေျမအတြင္း တပ္စြဲထားေသာ တပ္မေတာ္စစ္ခန္းမ်ား ႐ုပ္သိမ္းထြက္ခြာရန္ KNDO ေတာင္းဆို
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၅
ေတာင္ငူခ႐ိုင္ တပ္ရင္း(၄)နယ္ေျမအတြင္း တပ္စြဲထားေသာ တပ္မေတာ္စစ္ခန္းမ်ား ႐ုပ္သိမ္းထြက္ခြာရန္ ကရင္ အမ်ိဳးသားကာကြယ္ေရးတပ္(KNDO)၊ ေတာင္ငူခ႐ိုင္ တပ္ရင္း(၄) က ယေန႔ ဧၿပီ ၂၅ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ ေတာင္းဆိုခဲ့သည္။
ေတာင္ငူခ႐ိုင္၊ KNDO တပ္ရင္း(၄) နယ္ေျမမ်ားအတြင္း စစ္စခန္းမ်ားတည္ေဆာက္တပ္စြဲထားခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ကာ ၎တပ္စြဲထားျခင္းသည္ ကရင္လူထုႏွင့္ တိုင္းရင္းသားျပည္သူမ်ား အတြက္ အက်ိဳးသက္ေရာက္မႈ မရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ လူထုအေနျဖင့္ ဥယ်ာဥ္ၿခံလုပ္ငန္း၊ ေတာင္ယာလုပ္ငန္းႏွင့္ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ ေဆာင္႐ြက္ရာတြင္လည္း အဟန႔္အတားအခက္အခဲျဖစ္ေစၿပီး လူမႈစီးပြားမ်ားထိခိုက္လ်က္ရွိသည္ဟုလည္း KNDO ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ဆက္လက္ၿပီး KNDO ၏ ထုတ္ျပန္ခ်က္တြင္ အထူးသျဖင့္ က်ီးေခ်ာင္းစစ္စခန္းႏွင့္ ၄၈ မိုင္ ကိုးေဒးစစ္စခန္းမ်ား ေၾကာင့္ ၎ ေဒသအတြင္းရွိ လူထုမွာ ေၾကာက္႐ြံ႕ေနရျခင္း၊ မိုင္းကြင္းမ်ားေၾကာင့္ ေန႔စဥ္သြားလာေနထိုင္ရာတြင္ အဟန႔္အတားအခက္အခဲမ်ားျဖစ္ရေၾကာင္း ဆိုသည္။
ထို႔ေၾကာင့္ ယေန႔မွစ၍ ၁၅ ရက္အတြင္း ၎တပ္စခန္းမ်ားအား အၿပီးတိုင္႐ုပ္သိမ္းထြက္ခြာသြားရန္ႏွင့္ သက္မွတ္ ရက္ ေက်ာ္လြန္ကာ ဆက္လက္တပ္စြဲေနေသးပါက ေနာက္ဆက္တြဲကိစၥမ်ားအား တာဝန္ယူမည္မဟုတ္ေၾကာင္း KNDO ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အတူ သထုံခ႐ိုင္၊ KNDO တပ္ရင္း(၂)နယ္ေျမအတြင္းရွိ တပ္မေတာ္ ေလးေကစခန္းႏွင့္ ဝင္းတာပန္စခန္းတို႔ တြင္ တပ္စြဲကာ ေနထိုင္လ်က္ရွိေသာ တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဧၿပီ ၂၃ ရက္ ေနာက္ဆုံးထားကာ နယ္ေျမအတြင္း မွ ဆုတ္ခြာေပးရန္ လည္း KNDO က ၿပီးခဲ့ေသာရက္ပိုင္းအတြင္းက ထုတ္ျပန္ေၾကညာခဲ့သည္။
ဆုတ္ခြာျခင္းမျပဳပါက စစ္ေရးအရထိေရာက္စြာ အေရးယူသြားမည္ဟုလည္း KNDO ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ပါရွိသည္။
ၿပီးခဲ့ေသာရက္ပိုင္းမ်ားအတြင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ လက္နက္ကိုင္အဖြဲ႕မ်ားေသာ KNLA၊ KNDO ႏွင့္ နစက၏ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအၾကား ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားမႈမ်ားရွိခဲ့သည္။